YouVersion Logo
Search Icon

ထွက်မြောက်ရာ 40

40
တဲ​တော်​စိုက်​ထူ​ဆက်​ကပ်​ခြင်း
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ 2သင်​သည် ပ​ထ​မ​လ၊ ပ​ထ​မ​နေ့၌ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ကို​ဆောက်​ရ​မည်။ 3တဲ​တော်​အ​ထဲ​၌၊ သက်​သေ​ခံ​ချက်​သေ​တ္တာ​ကို သွင်း​ထား၍၊ အ​တွင်း​ကု​လား​ကာ​ဖြင့် ကွယ်​ကာ​ရ​မည်။ 4စား​ပွဲ​ကို​လည်း​သွင်း​၍၊ စား​ပွဲ​ပေါ်​မှာ ပြင်​ဆင်​ရ​သ​မျှ​တို့​ကို ပြင်​ဆင်​ရ​မည်။ မီး​ခုံ​ကို​လည်း​သွင်း၍၊ မီး​ခွက်​တို့​ကို​ထွန်း​ရ​မည်။ 5နံ့​သာ​ပေါင်း​ရှို့​ရာ ရွှေ​ပ​လ္လင်​ကို သက်​သေ​ခံ​ချက် သေ​တ္တာ​ရှေ့၌​တည်​ထား၍၊ တဲ​တော်​တံ​ခါး​ဝ​ကာ​သော ကု​လား​ကာ​ကို​ဆွဲ​ကာ​ရ​မည်။ 6ယဇ်​ကောင်​ရှို့​ရာ​ပ​လ္လင်​ကို​လည်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၌ တည်​ထား​ရ​မည်။ 7အင်​တုံ​ကို​လည်း ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​နှင့် ယဇ်​ပ​လ္လင်​စပ်​ကြား​မှာ တည်​ထား​၍၊ အင်​တုံ၌​ရေ​ကို​ထည့်​ရ​မည်။ 8တဲ​တော်​ပတ်​လည်​ဝင်း​ကို​ထူ၍၊ ဝင်း​တံ​ခါး​ဝ​ကာ​သော ကု​လား​ကာ​ကို ဆွဲ​ကာ​ရ​မည်။ 9လိမ်း​ရန် ဆီ​ကို​ယူ၍၊ တဲ​တော်​နှင့် တဲ​တော်၌ ရှိ​သ​မျှ​တို့​ကို​လိမ်း​သ​ဖြင့် တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို သန့်​ရှင်း​စေ​ရ​မည်။ ထို​သို့​တဲ​တော်​သည် သန့်​ရှင်း​ရ​လိမ့်​မည်။ 10ယဇ်​ကောင်​ရှို့​ရာ​ပ​လ္လင်​နှင့် တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လိမ်း၍ သန့်​ရှင်း​စေ​သ​ဖြင့်၊ ထို​ပ​လ္လင်​သည် အ​လွန်​သန့်​ရှင်း​သော​ပ​လ္လင်​ဖြစ်​ရ​မည်။ 11အင်​တုံ​နှင့် ခြေ​ထောက်​ကို​လည်း​လိမ်း၍ သန့်​ရှင်း​စေ​ရ​မည်။ 12အာ​ရုန်​နှင့် သူ၏​သား​တို့​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တံ​ခါး​နား​သို့​ခေါ်​ခဲ့၍ ရေ​ချိုး​ရ​မည်။ 13အာ​ရုန်​သည်​ငါ့​ရှေ့၌၊ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သန့်​ရှင်း​သော​အ​ဝတ်​နှင့်​ဝတ်​စေ၍ ဆီ​လိမ်း​သ​ဖြင့် သန့်​ရှင်း​စေ​ရ​မည်။ 14သူ၏​သား​တို့​သည်​လည်း ငါ့​ရှေ့၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​ကို​ခေါ်​ခဲ့၍ အင်္ကျီ​ဝတ်​စေ​လျက်၊ သူ​တို့​အ​ဘ​ကို ဆီ​လိမ်း​သ​ကဲ့​သို့၊ သူ​တို့​ကို​ဆီ​လိမ်း​ရ​မည်။ 15အ​ကယ်​စင်​စစ် သူ​တို့​ဆီ​လိမ်း​ခြင်း​ဘိ​သိက်​သည် သား​စဉ်​မြေး​ဆက်​ပတ်​လုံး၊ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​အ​ရာ ဖြစ်​သ​တည်း​ဟု၊ 16ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း မော​ရှေ​ပြု​လေ​၏။
17သ​က္က​ရာဇ်​နှစ်​ခု၊ ပ​ထ​မ​လ၊ ပ​ထ​မ​နေ့၌ မော​ရှေ​သည် တဲ​တော်​ကို​ဆောက်​လေ​၏။ 18ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ခြေ​စွပ်​များ​ကို​နေ​ရာ​ချ၍၊ ပျဉ်​ပြား​များ​ကို​ထောင်​ပြီး​လျှင်၊ ကန့်​လန့်​ကျင်​များ​ကို​လျှို​၍၊ တိုင်​တို့​ကို​ထူ​လေ​၏။ 19တဲ​တော်​အ​ပေါ်​မှာ တဲ​ကို​ဖြန့်​မိုး၍ ထို​တဲ​အ​ပေါ်​မှာ​လည်း အ​ထပ်​ထပ် မိုး​ပြန်​လေ၏။ 20ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သက်​သေ​ခံ​ချက်​ကို သေ​တ္တာ​ထဲ​မှာ သွင်း​ထား၍၊ သေ​တ္တာ​ကွင်း​တို့၌ ထမ်း​ပိုး​ကို​လျှို၍၊ သေ​တ္တာ​ပေါ်​အ​ဖုံး​ကို​တင်​ပြီး​မှ၊ 21သေ​တ္တာ​ကို တဲ​တော်၌​သွင်း၍ ကွယ်​ကာ​ရာ​အ​တွင်း​ကု​လား​ကာ​ကို ကာ​ထား​သ​ဖြင့်၊ သက်​သေ​ခံ​ချက်​သေ​တ္တာ​ကို ကွယ်​ကာ​လေ၏။ 22ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ စား​ပွဲ​ကို​လည်း ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​တွင်း မြောက်​ဘက်​နား ကု​လား​ကာ​ပြင်​မှာ​ထား၍၊ 23စား​ပွဲ​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မုန့်​ကို​ပြင်​ဆင်​လေ၏။ 24ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မီး​ခုံ​ကို​လည်း ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​တွင်း၊ တောင်​ဘက်​နား စား​ပွဲ​ဆိုင်​ရာ​တွင်​ထား၍၊ 25ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မီး​ခွက်​များ​ကို​ထွန်း​လေ၏။ 26ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ရွှေ​ပ​လ္လင်​ကို​လည်း ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​တွင်း ကု​လား​ကာ​ပြင်​မှာ​ထား၍၊ 27ထို​ပ​လ္လင်​ပေါ်၌ မွှေး​သော​နံ့​သာ​ပေါင်း​ကို မီး​ရှို့​လေ၏။ 28တဲ​တော်​တံ​ခါး​ဝ၌​လည်း၊ ကု​လား​ကာ​ကို​ဆွဲ​ကာ​လေ၏။ 29ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ကို​လည်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့​မှာ​ထား၍၊ ထို​ပ​လ္လင်​ပေါ်၌ မီး​ရှို့​ရာ​ယဇ်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း ပူ​ဇော်​လေ၏။ 30အင်​တုံ​ကို​လည်း ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​နှင့် ယဇ်​ပ​လ္လင်​စပ်​ကြား​မှာ​ထား၍၊ ဆေး​စ​ရာ​ရေ​ကို အင်​တုံ၌​ထည့်​လေ၏။ 31ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​နှင့် အာ​ရုန်​မှ​စ၍ သူ၏​သား​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ထဲ​သို့ ဝင်​သော်​လည်း​ကောင်း၊ 32ယဇ်​ပ​လ္လင်​အ​နီး​သို့ ချဉ်း​ကပ်​သော်​လည်း​ကောင်း၊ လက်​ခြေ​တို့​ကို ဆေး​ရ​ကြ၏။ 33တဲ​တော်​နှင့် ယဇ်​ပ​လ္လင်​ပတ်​လည်​ဝင်း​ကို​ထူ၍၊ ဝင်း​တံ​ခါး​ဝ၌​ကာ​သော ကု​လား​ကာ​ကို​ဆွဲ​လေ၏။ ထို​သို့ မော​ရှေ​သည် အ​လုပ်​ကို​ပြီး​စီး​စေ​သ​တည်း။
တဲ​တော်​ပေါ်​မိုး​တိမ်​လွှမ်း​ခြင်း
(တော၊ ၉:၁၅-၂၃)
34ထို​အ​ခါ မိုး​တိမ်​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ကို​လွှမ်း​မိုး၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် တဲ​တော်​ကို​ဖြည့်​လေ၏။#တော၊ ၉:၁၅-၂၃၊ ၃ ရာ၊ ၈:၁၀-၁၁၊ ဟေရှာ၊ ၆:၄၊ ယေဇ၊ ၄၃:၄-၅၊ ဗျာ၊ ၁၅:၈။ 35ထို​သို့ မိုး​တိမ်​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ပေါ်၌ နေ​သော​ကြောင့်၊ မော​ရှေ​သည် အ​ထဲ​သို့​မ​ဝင်​ရ။ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် တဲ​တော်​ကို ဖြည့်​လျက်​နေ၏။ 36ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခ​ရီး​သွား​လေ​ရာ​ရာ​တွင်၊ မိုး​တိမ်​သည် တဲ​တော်​အ​ပေါ်​မှ ကွာ​မြောက်​သော​အ​ခါ ခ​ရီး​သွား​ကြ၏။ 37မိုး​တိမ်​မ​ကွာ​မ​မြောက်​လျှင်၊ မ​ကွာ​မ​မြောက်​မီ​နေ့​တိုင်​အောင်၊ ခ​ရီး​မ​သွား​ဘဲ နေ​ကြ၏။ 38ခ​ရီး​သွား​လေ​ရာ​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှောက်၌ ထာ​ဝ​ရ​ဘု​ရား၏​မိုး​တိမ်​သည် နေ့​အ​ခါ​တဲ​တော်​အ​ပေါ်​မှာ တည်​နေ၏။ ည​အ​ခါ မီး​လျှံ​ဖြစ်​လျက် တည်​နေ​လေ​သ​တည်း။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in