YouVersion Logo
Search Icon

ထွက်မြောက်ရာ 15

15
မော​ရှေ​၏​အောင်​ပွဲ​ရ​သီ​ချင်း
1ထို​အ​ခါ မော​ရှေ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​သော စ​ကား​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည်​ဘုန်း​ပွင့်​လျက် အောင်​ပွဲ​ခံ​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​အား​သီ​ချင်း​ဆို​ပါ​အံ့။ မြင်း​နှင့် မြင်း​စီး​သူ​ရဲ​ကို ပင်​လယ်​ထဲ​သို့​လှဲ​ချ​တော်​မူ​ပြီ။#ဗျာ၊ ၁၅:၃။ 2ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အ​စွမ်း​သ​တ္တိ၊ ငါ​သီ​ချင်း​ဆို​ကြောင်း၊ ငါ့​ကို​ကယ်​တင်​သော အ​ရှင်​ဖြစ်​တော်​မူ၏။ ထို​ဘု​ရား​သည် ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၍၊ ထော​မ​နာ​ပြု​ပါ​မည်။ ငါ့​ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၍၊ ငါ​ချီး​မြှောက်​ပါ​မည်။#ဆာ၊ ၁၁၈:၁၄၊ ဟေရှာ၊ ၁၂:၂။ 3ထာ​ဝ​ရ​ဘု​ရား​သည် စစ်​သူ​ရဲ​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော နာ​မ​တော်​ရှိ​တော်​မူ၏။ 4ဖာ​ရော​ဘု​ရင်၏​ရ​ထား​နှင့် ဗိုလ်​ခြေ​တို့​ကို ပင်​လယ်​ထဲ​သို့​လှဲ​ချ​တော်​မူ​ပြီ။ ရွေး​သော​ဗိုလ်​မင်း​တို့​သည်၊ ဧ​ဒုံ​ပင်​လယ်​ထဲ၌ မြုပ်​လျက်​ရှိ​ကြ​၏။ 5နက်​စွာ​သော​အ​ရပ်၌ လွှမ်း​မိုး​လျက်​ရှိ​ကြ၏။ ကျောက်​ကဲ့​သို့ အောက်​သို့​ဆင်း​ကြ၏။ 6အို​ထာ​ဝ​ရ​ဘု​ရား၊ လက်​ယာ​လက်​တော်​သည် တန်​ခိုး​အား​ဖြင့်​ဘုန်း​ကြီး​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ လက်​ယာ​လက်​တော်​သည် ရန်​သူ​တို့​ကို ချိုး​ဖဲ့​ဖျက်​ဆီး​တော်​မူ​၏။ 7ကိုယ်​တော် တစ်​ဖက်၌​ထ​သော​သူ​တို့​ကို၊ ဘုန်း​တန်​ခိုး​အာ​နု​ဘော်​တော်​တို့​နှင့် လှဲ​တော်​မူ၏။ အ​မျက်​တော်​ကို​လွှတ်၍၊ သူ​တို့​ကို​အ​မှိုက်​ကဲ့​သို့ မီး​လောင်​စေ​တော်​မူ​၏။ 8နှာ​ခေါင်း​တော်​လေ​အား​ဖြင့် ရေ​သည်​စု​ဝေး၍၊ စီး​သော​ရေ​သည်​ပုံ့​ပုံ့​ကြွ၍၊ ပင်​လယ်၏​အ​ထဲ၌​ပင် နက်​သော​ရေ​သည်​တောင့်​မာ​လျက်​နေ​ရ၏။ 9ရန်​သူ​က၊ ငါ​လိုက်​မည်။ သူ​တို့​ကို​မီ​လိမ့်​မည်။ လု​ယူ​သော​ဥ​စ္စာ​ကို​ဝေ၍ သူ​တို့၌ ငါ​ချင်​ရဲ​ပြေ​လိမ့်​မည်။ ဓား​ကို​အိမ်​မှ​ထုတ်၍ သူ​တို့​ကို ငါ့​လက်​နှင့်​ဖျက်​ဆီး​မည်​ဟု ဆို​သ​တည်း။ 10ကိုယ်​တော်​သည် လေ​ကို​မှုတ်​တော်​မူ​သ​ဖြင့်၊ ပင်​လယ်​သည် သူ​တို့​ကို လွှမ်း​မိုး၍ သူ​တို့​သည်​အား​ကြီး​သော​ရေ​ထဲ​မှာ ခဲ​ကဲ့​သို့​ဆင်း​ကြ​လေ​၏။ 11အို​ထာ​ဝ​ရ​ဘု​ရား၊ ဘု​ရား​များ​တို့​တွင် အ​ဘယ်​မည်​သော​ဘု​ရား​သည် ကိုယ်​တော်​နှင့်​တူ​ပါ​သ​နည်း။ သန့်​ရှင်း​ခြင်း​အား​ဖြင့် ဘုန်း​ကြီး​တော်​မူ​ထ​သော၊ ချီး​မွမ်း​ခြင်း​ကို​ခံ​စဉ်​တွင်၊ ကြောက်​မက်​ဖွယ်​ဖြစ်​တော်​မူ​ထ​သော၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြု​တော်​မူ​သော၊ ကိုယ်​တော်​နှင့် အ​ဘယ်​ဘု​ရား​တူ​ပါ​သ​နည်း။ 12လက်​ယာ​လက်​တော်​ကို​ဆန့်​တော်​မူ​သ​ဖြင့်၊ သူ​တို့​ကို​မြေ​မျို​လေ၏။ 13ရွေး​တော်​မူ​သော​လူ​မျိုး​ကို က​ရု​ဏာ​တော်​အား​ဖြင့် ပို့​ဆောင်​တော်​မူ၏။ သန့်​ရှင်း​သော​နေ​တော်​မူ​ရာ​သို့ တန်​ခိုး​တော်​အား​ဖြင့် လမ်း​ပြ​တော်​မူ​၏။ 14လူ​မျိုး​တို့​သည်​သ​တင်း​ကြား​၍ ကြောက်​လန့်​ကြ​လိမ့်​မည်။ ပါ​လေ​တ္တိ​န​ပြည်​သူ​ပြည်​သား​တို့​သည် ပူ​ပန်​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။ 15ဧ​ဒုံ​ဗိုလ်​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း၊ မော​ဘ​သူ​ရဲ​တို့​သည် တုန်​လှုပ်​ခြင်း၊ ခါ​နာန်​ပြည်​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ 16အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လူ​တို့​သည်​လွန်​သွား​သော​အ​ခါ၊ ရွေး​တော်​မူ​သော​ကိုယ်​တော်၏​လူ​တို့​သည် လွန်​သွား​သော​အ​ခါ၊ ထို​လူ​အ​မျိုး​မျိုး​တို့​သည် ကြောက်​သော​စိတ်၊ ထိတ်​လန့်​သော​စိတ်​အား​ကြီး၍ လက်​ရုံး​တော်​တန်​ခိုး​ကြောင့်၊ သူ​တို့​သည်​ကျောက်​ကဲ့​သို့ ငြိမ်​ငြိမ်​နေ​ကြ​လိမ့်​မည်။ 17အို​ထာ​ဝ​ရ​ဘု​ရား၊ အ​မွေ​ခံ​တော်​မူ​ရာ​တောင်​တည်း​ဟူ​သော ကျိန်း​ဝပ်​တော်​မူ​ရာ​ဖို့ ဖန်​ဆင်း​တော်​မူ​သော​အ​ရပ်​ထဲ​သို့ ကိုယ်​တော်၏​လူ​တို့​ကို သွင်း​တော်​မူ​လိမ့်​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ လက်​တော်​နှင့်​တည်​တော်​မူ​သော သန့်​ရှင်း​ရာ​ဌာ​န​တော်၌ နေ​ရာ​ချ​တော်​မူ​လိမ့်​မည်။ 18ထာ​ဝ​ရ​ဘု​ရား​သည် ကာ​လ​အ​စဉ်​အ​မြဲ​စိုး​စံ​တော်​မူ​စေ​သ​တည်း​ဟု သီ​ချင်း​ဆို​ကြ​လေ​၏။ 19အ​ကြောင်း​မူ​ကား၊ ဖာ​ရော​ဘု​ရင်၏​မြင်း​များ၊ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​တို့​သည် ပင်​လယ်​ထဲ​သို့​ဝင်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​ပေါ်​မှာ ပင်​လယ်​ရေ​ကို​လွှမ်း​မိုး​စေ​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား၊ ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ​လျှောက်​သွား​ကြ၏။
20အာ​ရုန်၏​အစ်​မ​ဖြစ်​သော ပ​ရော​ဖက်​မ​မိ​ရိ​အံ​သည် ပတ်​သာ​ကို​ကိုင်၍၊ မိန်း​မ​အ​ပေါင်း​တို့​သည် ပတ်​သာ​တီး​လျက် က​လျက်​လိုက်​သွား​ကြ​၏။ 21မိ​ရိ​အံ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​ပွင့်​လျက် အောင်​ပွဲ​ကို ခံ​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​အား​သီ​ချင်း​ဆို​ကြ​လော့။ မြင်း​နှင့် မြင်း​စီး​သူ​ရဲ​ကို ပင်​လယ်​ထဲ​သို့​လှဲ​ချ​တော်​မူ​ပြီ​ဟု သူ​တို့​နှင့်​အ​သံ​ပြိုင်၍​ဆို​လေ​၏။
22ထို​နောက် မော​ရှေ​သည် ဣ​သ​ရေ​လ​လူ​တို့​ကို၊ ဧ​ဒုံ​ပင်​လယ်​မှ​ဆောင်​သွား၍၊ သူ​တို့​သည် ရှု​ရ​တော​သို့​ရောက်​ကြ၏။ ထို​တော​၌ သုံး​ရက်​ခ​ရီး​သွား၍ ရေ​ကို​မ​တွေ့​မ​ရ​ကြ။ 23မာ​ရ​အ​ရပ်​သို့​ရောက်​သော​အ​ခါ၊ မာ​ရ​ရေ​သည်​ခါး​သော​ကြောင့် မ​သောက်​နိုင်​ကြ။ ထို​ကြောင့် ထို​အ​ရပ်​ကို မာ​ရ​ဟု​သ​မုတ်​ကြ​သ​တည်း။ 24လူ​များ​တို့​သည် မော​ရှေ​ကို​အ​ပြစ်​တင်၍​မြည်​တမ်း​လျက်၊ အ​ဘယ်​သို့ သောက်​ရ​ပါ​မည်​နည်း​ဟု​ဆို​ကြ​၏။ 25မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် သစ်​ပင်​တစ်​ပင်​ကို​ပြ​တော်​မူ၏။ ထို​အ​ပင်​ကို​ရေ​ထဲ​သို့​ချ​ပြီး​လျှင်၊ ရေ​သည်​ချို​လေ​၏။ ထို​အ​ရပ်၌ သူ​တို့​ကို​စုံ​စမ်း၍ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​သည်​ကား၊ 26သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​ကို စေ့​စေ့​နား​ထောင်​၍ နှစ်​သက်​တော်​မူ​သော​အ​ကျင့်​ကို ကျင့်​လျှင်​လည်း​ကောင်း၊ ပ​ညတ်​တ​ရား​တော်​အ​လို​သို့​လိုက်၍ စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​လျှင်​လည်း​ကောင်း၊ ငါ​သည် အဲ​ဂု​တ္တု​လူ​တို့၌​စွဲ​စေ​သော ရော​ဂါ​တစ်​စုံ​တစ်​ခု​ကို​မျှ သင်​တို့၌​မ​စွဲ​စေ။ ငါ​သည် သင်​တို့​၏​ရော​ဂါ​ကို​ငြိမ်း​စေ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ​၏။ 27ထို​နောက်​မှ ရေ​တွင်း​ဆယ်​နှစ်​တွင်း၊ စွန်​ပ​လွံ​ပင်​ခု​နစ်​ဆယ်​နှင့် ပြည့်​စုံ​ရာ ဧ​လိမ်​ရွာ​သို့​ရောက်၍၊ ထို​အ​ရပ်​တွင် ရေ​ရှိ​ရာ​အ​နား​မှာ​တပ်​ချ​ကြ​၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in