YouVersion Logo
Search Icon

ဧဖက် 3

3
တစ်​ပါး​အ​မျိုး​သား​အ​တွက်​အ​မှု​တော်
1ထို​အ​ကြောင်း​ကြောင့် ငါ​ပေါ​လု​သည် ယေ​ရှု​ခ​ရစ်​နှင့်​စပ်​ဆိုင်​သော​အား​ဖြင့် အ​ကျဉ်း​ခံ​ရ၏။- 2သင်​တို့​အ​ကျိုး​ကို ထောက်၍ ငါ့​အား​အပ်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သာ​သ​နာ​ကို သင်​တို့ ကြား​သိ​ရ​သည်​နှင့်​အ​ညီ၊ တစ်​ပါး​အ​မျိုး​ဖြစ်​သော သင်​တို့​အ​တွက်​ကြောင့် ငါ​ခံ​ရ၏။- 3ကျေး​ဇူး​တော်​သာ​သ​နာ​ကို အပ်​ပေး​သည် အ​ကြောင်း​ဟူ​မူ​ကား၊ ငါ​သည်​အ​ထက်​က အ​နည်း​ငယ် ရေး​ထား​ခဲ့​သည်​အ​တိုင်း၊ ဘု​ရား​သ​ခင်​သည် ဗျာ​ဒိတ်​တော်​အား​ဖြင့် နက်​နဲ​သော​အ​ရာ​ကို ငါ့​အား​ပြ​တော်​မူ၏။- 4ထို​စ​ကား​ကို​ဖတ်​ရွတ်​လျှင်၊ ခ​ရစ်​တော်၏ နက်​နဲ​သော​အ​ရာ၌ ငါ​လေ့​ကျက်​သည်​ကို သင်​တို့​သည် သိ​ရ​ကြ​မည်။- 5ထို​နက်​နဲ​သော​အ​ရာ​ကို သန့်​ရှင်း​သော တ​မန်​တော်​တို့​နှင့် ပ​ရော​ဖက်​တို့​အား၊ ယ​ခု​ကာ​လ၌ ဝိ​ညာဉ်​တော်​အား​ဖြင့် ဖွင့်​လှစ်​တော်​မူ​သည်​နည်း​တူ၊ အ​ခြား​သော​ကာ​လ​တို့၌ လူ​မျိုး​တို့​အား ပြ​တော်​မ​မူ။- 6ထို​နက်​နဲ​သော​အ​ရာ​ဟူ​မူကား၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ယု​ဒ​လူ​မျိုး​တို့​နှင့်​အ​တူ အ​မွေ​ခံ၍၊ တစ်​လုံး​တစ်​ဝ တစ်​ကိုယ်​တည်း​ဖြစ်​လျက်၊ ခ​ရစ်​တော်​နှင့်​ဆိုင်​သော​က​တိ​တော်​ကို ဆက်​ဆံ​ရ​ကြ​သ​တည်း။- 7တန်​ခိုး​တော်​ပြု​ပြင်​သော​အား​ဖြင့် ငါ့​အား​ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ခံ​ရ​သည်​နှင့်​အ​ညီ၊ ထို​တ​ရား​ကို ဟော​ပြော​သော ဆ​ရာ၏​အ​ဖြစ်​သို့ ငါ​ရောက်​ရ​ပြီ။- 8-9စစ်၍​မ​ကုန်​နိုင်​သော ခ​ရစ်​တော်၏ ကြွယ်​ဝ​ပြည့်​စုံ​ခြင်း၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ဟော​ပြော​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လုံး​စုံ​တို့​ကို ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်၌ ရှေး​ကပ်​ကာ​လ​ပတ်​လုံး ဝှက်​ထား​လျက်​ရှိ​သော ထို​နက်​နဲ​သော​အ​ရာ​နှင့် စပ်​ဆိုင်​သော သာ​သ​နာ​သည် အ​ဘယ်​သို့ ဖြစ်​သည်​ကို လူ​အ​ပေါင်း​တို့​အား ထင်​ရှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​တွင် အ​ငယ်​ဆုံး​သော​သူ​ထက် သာ၍​ငယ်​သော ငါ​အား ထို​ကျေး​ဇူး​တော်​ကို ပေး​တော်​မူ​ပြီ။- 10-11အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို အ​ကြောင်း​ပြု၍ ထာ​ဝ​ရ​အ​ကြံ​တော် ရှိ​သည်​နှင့်​အ​ညီ၊ ကောင်း​ကင်​အ​ရပ်​တို့၌ အ​ထွဋ်​အ​မြတ် အာ​ဏာ​စက်​တို့​သည်၊ ဘု​ရား​သ​ခင်၏ ထူး​ဆန်း​သော ပ​ညတ်​တော်​ကို အ​သင်း​တော်​အား​ဖြင့် ယ​ခု​သိ​ရ​ကြ​မည် အ​ကြောင်း​တည်း။- 12ထို​သ​ခင်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ​တို့​သည် ရဲ​ရင့်​သော​စိတ်​နှင့်​တိုး​ဝင်၍ အ​သ​နား​တော်​ခံ​ရ​သော အ​ခွင့်​ကို​ရ​ကြ​ပြီ။- 13ထို​ကြောင့် သင်​တို့၏​အ​သ​ရေ​ကို ပြု​စု၍ သင်​တို့​အ​တွက်​ကြောင့် ငါ​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​ကို​မြင်​လျှင်၊ ရွေ့​လျော့​သော စိတ်​မ​ရှိ​ကြ​ပါ​စေ​နှင့်။
ခ​ရစ်​တော်၏​မေ​တ္တာ​တော်
14-15အ​ထက်​ဆို​ခဲ့​ပြီး​သော အ​ကြောင်း​ကြောင့်၊ ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော တစ်​အိမ်​ထောင်​လုံး တည်း​ဟူ​သော သား​တော်​အ​ပေါင်း​တို့၏ အ​ချုပ်​အ​ခြာ​ဖြစ်​တော်​မူ​သော၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​ရှေ့​မှာ ငါ​သည် ဒူး​ထောက်၍ ဆု​တောင်း​လေ့​ရှိ၏။- 16ဆု​တောင်း​သော​အ​ချက်​ဟူ​မူ​ကား၊ ဝိ​ညာဉ်​တော်​အား​ဖြင့် သင်​တို့၏​အ​တွင်း​လူ​ကို ခွန်​အား​နှင့် မြဲ​မြံ​ခိုင်​ခံ့​စေ၍၊- 17ယုံ​ကြည်​ခြင်း​အား​ဖြင့် ခ​ရစ်​တော်​သည် သင်​တို့၏ စိတ်​နှ​လုံး​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​မည်​အ​ကြောင်း၊ ဘုန်း​တော်​ကြွယ်​ဝ​ပြည်​စုံ​ခြင်း​နှင့် ညီ​လျော်​စွာ သင်​တို့​အား ပေး​တော်​မူ၍၊ မေ​တ္တာ၌ စိုက်​ပျိုး​ခြင်း၊ တိုက်​မြစ်​လည်း​ကျ​တည်​ခြင်း ရှိ​သ​ဖြင့်၊- 18သင်​တို့​သည် သန့်​ရှင်း​သူ​အ​ပေါင်း​တို့၏ နည်း​တူ၊ အ​နံ​အ​လျား အ​နက်​အ​မြင့်​တို့​ကို ပိုင်း​ခြား၍ သိ​ခြင်း​ငှာ​လည်း​ကောင်း၊- 19ကိုယ်​ဉာဏ်​နှင့်​မ​သိ​နိုင်​သော ခ​ရစ်​တော်၏ မေ​တ္တာ​တော်​ကို သိ​နား​လည်​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် တတ်​စွမ်း​နိုင်​သ​ဖြင့် ဘု​ရား​သ​ခင်၏ ပြည့်​စုံ​တော်​မူ​ခြင်း ရှိ​သ​မျှ​နှင့်​အ​ညီ ပြည့်​စုံ​ကြ​ပါ​မည်​အ​ကြောင်း၊ ငါ​သည် ဆု​တောင်း​လေ့​ရှိ၏။- 20ငါ​တို့၌ ပြု​ပြင်​သော​တန်​ခိုး​တော်​အ​တိုင်း၊ ငါ​တို့ တောင်း​ပန်​ကြံ​စည်​သ​မျှ​ထက် အ​လွန်​ထူး​ခြား​စွာ ပြု​ခြင်း​ငှာ တတ်​နိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊- 21ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​သင်း​တော်၌ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။

Currently Selected:

ဧဖက် 3: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy