YouVersion Logo
Search Icon

တရားဟောရာ 32

32
1အို ကောင်း​ကင်၊ နား​ထောင်​လော့၊ ငါ​ပြော​မည်။ အို​မြေ​ကြီး၊ ငါ​မြွက်​ဆို​သော​စ​ကား​ကို ကြား​လော့။ 2ငါ့​ဒေ​သ​နာ​သည် မိုး​ရေ​ကဲ့​သို့​စက်​စက်​ကျ၍၊ ငါ့​စ​ကား​သည် နှင်း​ကဲ့​သို့ ဖြည်း​ညင်း​စွာ သက်​ရောက်​လိမ့်​မည်။ နု​သော​ပျိုး​ပင်​ပေါ်​မှာ ရွာ​သော​မိုး​ကဲ့​သို့​လည်း​ကောင်း၊ မြက်​ပင်​ပေါ်​မှာ များ​ပြား​သော​မိုး​ရေ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ 3ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ဖော်​ပြ​သည်​ဖြစ်၍၊ ငါ​တို့​ဘု​ရား​သ​ခင်၏ ဘုန်း​အာ​နု​ဘော်​တော်​ကို ချီး​မွမ်း​ကြ​လော့။ 4ဘု​ရား​သ​ခင်​သည် မူ​လ​အ​မြစ်​ဖြစ်၍၊ အ​မှု​တော်​သည် စုံ​လင်​ပေ၏။ စီ​ရင်​တော်​မူ​သ​မျှ​တို့​သည် တ​ရား​နှင့် ညီ​လျက်၊ သ​စ္စာ​စောင့်​သော​ဘု​ရား၊ အ​ပြစ်​ကင်း​လွတ်၍ ဟုတ်​မှန်​ဖြောင့်​မတ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။ 5သူ​တို့​သည် ယို​ယွင်း​ကြ​ပြီ။ ဘု​ရား​သ​ခင်၏​သား​မ​ဟုတ်၊ အ​ညစ်​အ​ကြေး​ကပ်​ကြ၏။ သ​ဘော​ကောက်၍ ဖောက်​ပြန်​သော​အ​မျိုး​ဖြစ်​ကြ၏။ 6အို ပ​ညာ​မဲ့​သော​လူ​မိုက်​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ဤ​သို့​ဆပ်​မည်​လော။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ဖြစ်​စေ​သော​အ​ဘ၊ သင့်​ကို​ဖန်​ဆင်း၍ နေ​ရာ​ချ​သော​သူ ဖြစ်​တော်​မူ​သည် မ​ဟုတ်​လော။ 7ရှေး​ကာ​လ​ကို အောက်​မေ့​လော့။ လွန်​လေ​ပြီး​သော​နှစ်​ပေါင်း​များ​ကို ဆင်​ခြင်​လော့။ သင့်​အ​ဘ​ကို​မေး​မြန်း​လျှင် သူ​သည်​ဖော်​ပြ​လိမ့်​မည်။ အ​သက်​ကြီး​သူ​တို့​ကို​မေး​မြန်း​လျှင် သူ​တို့​သည် ပြော​ဆို​ကြ​လိမ့်​မည်။ 8အ​မြင့်​ဆုံး​သော​ဘု​ရား​သည် အာ​ဒံ၏​အ​မျိုး​အ​နွယ်​ဖြစ်​သော လူ​မျိုး​တို့​ကို ပိုင်း​ခြား၍ အ​မွေ​မြေ​ကို​ဝေ​ပေး​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အ​ရေ​အ​တွက်​ကို ထောက်​ရှု၍၊ လူ​မျိုး​တို့​နေ​ရာ​အ​ပိုင်း​အ​ခြား​ကို စီ​ရင်​တော်​မူ၏။#တ၊ ၁၇:၂၆။ 9ထာ​ဝ​ရ​ဘု​ရား၏​အ​ဖို့​ကား၊ လူ​မျိုး​တော်​တည်း။ ယာ​ကုပ်​အ​မျိုး​သည် အ​မွေ​ခံ​တော်​မူ​ရာ ဖြစ်​သ​တည်း။ 10လူ​ဆိတ်​ညံ​သော​အ​ရပ်၊ သား​ရဲ​မြည်၍၊ လွတ်​လပ်​သော​တော​လွင်​ပြင်၌ ယာ​ကုပ်​ကို​တွေ့​တော်​မူ​သော​အ​ခါ ဝန်း​ရံ​ဆီး​ကာ​ခြင်း၊ သွန်​သင်​ခြင်း​ကျေး​ဇူး​ကို​ပြု၍ မျက်​ဆန်​တော်​ကဲ့​သို့ စောင့်​တော်​မူ၏။ 11ရွှေ​လင်း​တ​သည် အ​သိုက်​ကို​မွှေ​လျက်၊ သား​ငယ်​တို့​အ​ပေါ်​မှာ လှုပ်​ရှား​လျက်၊ အ​တောင်​တို့​ကို​ဖြန့်​လျက်၊ သား​ငယ်​တို့​ကို​ယူ၍ မိ​မိ​အ​တောင်​တို့​ဖြင့် ဆောင်​သ​ကဲ့​သို့၊ 12ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ​လျှင်၊ ယာ​ကုပ်​ကို​ဆောင်​သွား​တော်​မူ၏။ အ​ခြား​တစ်​ပါး​သော​ဘု​ရား မည်​မျှ​မ​ရှိ။ 13မြေ​ကြီး​ပေါ်​မှာ မြင့်​မြတ်​သော​အ​ရပ်​တို့၌ နေ​ရာ​ချ​တော်​မူ​သ​ဖြင့်၊ သူ​သည် မြေ​အ​သီး​အ​နှံ​ကို​စား၍ ကျောက်​ထဲ​က​ပျား​ရည်​ကို​လည်း​ကောင်း၊ မီး​ပါ​ကျောက်​ထဲ​က​ဆီ​ကို​လည်း​ကောင်း၊ 14သိုး​သ​ငယ်​ဆီ​ဥ၊ ဗာ​ရှန်​အ​မျိုး၏​သိုး​ထီး၊ ဆိတ်​ထီး​ဆီ​ဥ၊ ဂျုံ​စ​ပါး၊ ကျောက်​ကပ်​ဆီ​ဥ​နှင့်​တ​ကွ နွား​နို့​ဓမ်း​နှင့် သိုး​နို့​ကို​လည်း​ကောင်း စို့​မည်​အ​ကြောင်း​စီ​ရင်​တော်​မူ၍၊ သင်​သည် စ​ပျစ်​သီး​အ​သွေး​စစ်​ကို သောက်​ရ၏။
15သို့​ရာ​တွင်၊ ယေ​ရှု​ရုန်​သည် ဆူ​ဝ၍ ခြေ​နှင့်​ကန်​လေ၏။ ဆူ​ဝ​လျက်၊ တုတ်​လျက်၊ ဆီ​ဥ​နှင့်​ပြည့်​စုံ​လျက်​နေ​သ​ဖြင့်၊ ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို စွန့်၍၊ ကယ်​တင်​ရာ​ကျောက်​ကို မ​ထီ​မဲ့​မြင်​ပြု​လေ၏။ 16သူ​တို့​သည် အ​ခြား​တစ်​ပါး​သော​ဘု​ရား​အား​ဖြင့် ငြူ​စူ​စေ​ကြ၏။ ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​ရာ​အား​ဖြင့် အ​မျက်​တော်​ကို နှိုး​ဆော်​ကြ၏။ 17ဘု​ရား​မ​ဟုတ်​သော နတ်​ဆိုး၊ မ​သိ​ဖူး​သော​ဘု​ရား၊ ဘိုး​ဘေး​တို့ မ​ကြောက်​ဖူး​သော ဘု​ရား​သစ်​တို့​အား ယဇ်​ပူ​ဇော်​ကြ၏။#၁​ကော၊ ၁၀:၂၀။ 18သင်​ဖြစ်​ရာ​မူ​လ​အ​မြစ်​ကို သင်​မ​မှတ်​မိ။ သင့်​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​ကို သင်​မေ့​လျော့​ပြီ။ 19ထို​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​မြင်​သော​အ​ခါ၊ အ​မျက်​တော်​ထွက်၍ သား​သ​မီး​တော်​တို့​ကို စွန့်​ပစ်​တော်​မူ​လျက်၊ 20ငါ​သည် ကိုယ်​မျက်​နှာ​ကို သူ​တို့​မှ​လွှဲ​မည်။ သူ​တို့​သည် အ​ဘယ်​သို့​ဆုံး​မည်​ကို ငါ​ကြည့်​မည်။ သ​ဘော​ခိုင်​မာ​သော​အ​မျိုး၊ သ​စ္စာ​မ​ရှိ​သော သား​သ​မီး​ဖြစ်​ကြ၏။ 21ဘု​ရား​မ​ဟုတ်​သော​အ​ရာ​အား​ဖြင့် ငါ​သည် ငြူ​စူ​သော​စိတ်​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​ပြီ။ အ​ချည်း​နှီး​သော​အ​ရာ​အား​ဖြင့် ငါ့​အ​မျက်​ကို နှိုး​ဆော်​ကြ​ပြီ။ သို့​ဖြစ်၍ မ​ရေ​ရာ​သော​လူ​မျိုး​အား​ဖြင့် သူ​တို့​သည် ငြူ​စူ​သော​စိတ် ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပ​ညာ​မ​ရှိ​သော​လူ​မျိုး​အား​ဖြင့် စိတ်​ဆိုး​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​ပြု​မည်။#၁ ကော၊ ၁၀:၂၂၊ ရော၊ ၁၀:၁၉။ 22ငါ​သည် အ​မျက်​ထွက်၍​မီး​ရှို့​သ​ဖြင့်၊ အ​နက်​ဆုံး​သော​မ​ရ​ဏ​နိုင်​ငံ​သို့ လောင်​လိမ့်​မည်။ မြေ​နှင့် မြေ​အ​သီး​အ​နှံ​ကို​ကျွမ်း​စေ၍ တောင်​ခြေ​ရင်း​တိုင်​အောင် လောင်​လိမ့်​မည်။ 23သူ​တို့​အ​ပေါ်​မှာ ဘေး​ဥ​ပဒ်​များ​ကို​ငါ​ပို့​မည်။ ငါ့​မြား​တို့​ကို အ​ကုန်​အ​စင်​ပစ်​မည်။ 24သူ​တို့​သည် မွတ်​သိပ်​ခြင်း​အ​ရှိန်​ကို​ခံ​ရ၍၊ ပူ​လောင်​ခြင်း​ဘေး၊ ပြင်း​စွာ​သော ဖျက်​ဆီး​ခြင်း​ဘေး​အား​ဖြင့် ဆုံး​ရှုံး​ကြ​လိမ့်​မည်။ သား​ရဲ​တို့၏​သွား​ကို​လည်း​ကောင်း၊ မြေ၌​ကျင်​လည်​သော မြွေ​အ​ဆိပ်​ကို​လည်း​ကောင်း၊ သူ​တို့၌ ငါ​စေ​လွှတ်​မည်။ 25အိမ်​ပြင်၌ ဓား​ဘေး၊ အိမ်​အ​တွင်း၌ ကြောက်​မက်​ဖွယ်​သော​ဘေး​သည် လူ​ပျို​နှင့်​အ​ပျို​ကို​လည်း​ကောင်း၊ နို့​စို့​သူ​ငယ်​နှင့် ဦး​ဆံ​ဖြူ​သော​သူ​ကို​လည်း​ကောင်း ဖျက်​ဆီး​လိမ့်​မည်။ 26ရန်​သူ၏​မာန်​မာ​န​ကို ငါ​မ​ကြောက်​လျှင်​လည်း​ကောင်း၊ 27ရန်​ဘက်​ပြု​သော​သူ​တို့​သည် ထောင်​လွှား​လျက်၊ ဤ​အ​မှု​အ​လုံး​စုံ​ကို ထာ​ဝ​ရ​ဘု​ရား​မ​ပြု၊ ဘုန်း​ကြီး​သော​ငါ​တို့​လက်​ရုံး​ပြ​ပြီ​ဟု ပြော​မည်​ကို စိုး​ရိမ်​စ​ရာ​မ​ရှိ​လျှင်​လည်း​ကောင်း၊ သူ​တို့​ကို မြေ​ကြီး​စွန်း​တိုင်​အောင် အ​ရပ်​ရပ်​သို့​ကွဲ​ပြား​စေ၍၊ အ​ဘယ်​သူ​မျှ မ​အောက်​မေ့​စေ​ခြင်း​ငှာ ပယ်​ရှင်း​မည်​ဟု ငါ​အ​ကြံ​ရှိ၏။ 28အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ပ​ညာ​သ​တိ​မ​ရှိ၊ ဉာဏ်​ကင်း​သော လူ​မျိုး​ဖြစ်​ကြ၏။ 29ပ​ညာ​ကို​ရ၍ ဤ​အ​မှု​ကို နား​လည်​ကြ​ပါ​စေ​သော။ နောက်​ဆုံး​ကာ​လ၌ အ​ဘယ်​သို့​ဖြစ်​မည်​ကို ဆင်​ခြင်​ကြ​ပါ​စေ​သော​ဟု မိန့်​တော်​မူ၏။
30သူ​တို့​ခို​လှုံ​စ​ရာ​ကျောက်​သည် သူ​တို့​ကို​မ​ရောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို အပ်​တော်​မ​မူ​လျှင်၊ လူ​တစ်​ယောက်​သည် လူ​တစ်​ထောင်​ကို အ​ဘယ်​သို့ နှင်​နိုင်​မည်​နည်း။ လူ​နှစ်​ယောက်​သည် လူ​တစ်​သောင်း​ကို အ​ဘယ်​သို့ ပြေး​စေ​နိုင်​မည်​နည်း။ 31ငါ​တို့၏​ရန်​သူ​များ စီ​ရင်​ဆုံး​ဖြတ်​သော်​လည်း၊ သူ​တို့​ကျောက်​သည် ငါ​တို့​ကျောက်​နှင့်​မ​တူ။ 32သူ​တို့​စ​ပျစ်​နွယ်​ပင်​သည် သော​ဒုံ​စ​ပျစ်​နွယ်​ပင်​မျိုး၊ ဂေါ​မော​ရ​မြေ၌​ပေါက်​သော အ​ပင်​မျိုး​ဖြစ်၏။ သူ​တို့​စ​ပျစ်​သီး​သည် ခါး​သော​အ​ပင်၏ အ​သီး​ဖြစ်၍၊ စ​ပျစ်​သီး​ပြွတ်​တို့​သည် ခါး​သော​အ​ရ​သာ​နှင့် ပြည့်​စုံ​ကြ၏။ 33သူ​တို့​စ​ပျစ်​ရည်​သည် န​ဂါး​အ​ဆိပ်၊ ပြင်း​ထန်​သော မြွေ​ဆိုး​အ​ဆိပ်​အ​တောက် ဖြစ်၏။ 34ဤ​အ​မှု​သည် ငါ့​ထံ​မှာ​သို​ထား​လျက်၊ ငါ့​ဘ​ဏ္ဍာ​တိုက်၌ တံ​ဆိပ်​ခပ်​လျက် ရှိ​သည်​မ​ဟုတ်​လော။ 35အ​ပြစ်​တ​ရား​ကို စီ​ရင်​ရ​သော​အ​ခွင့်၊ အ​ပြစ်​နှင့်​အ​လျောက် ဆပ်​ပေး​ရ​သော အ​ခွင့်​ကို​ငါ​ပိုင်၏။ အ​ချိန်​တန်​မှ သူ​တို့​ခြေ​သည် ချော်​လိမ့်​မည်။ သူ​တို့၌ ဘေး​ရောက်​သော​အ​ချိန် နီး​ပြီ။ သူ​တို့​တွေ့​ကြုံ​ရ​သော​အ​မှု​သည် အ​လျင်​အ​မြန် ရောက်​လာ​လိမ့်​မည်။#ရော၊ ၁၂:၁၉၊ ဟေဗြဲ၊ ၁၀:၃၀။ 36ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​အ​ဖို့ တ​ရား​စီ​ရင်​တော်​မူ​မည်။ ကိုယ်​တော်၏ ကျွန်​တို့​သည် တန်​ခိုး​ကုန်​ကြောင်း၊ အ​ချုပ်​ခံ​ရ​သော​သူ၊ လွတ်​သော​သူ​တစ်​ယောက်​မျှ မ​ရှိ​ကြောင်း​ကို မြင်​သော​အ​ခါ၊ သူ​တို့​အ​မှု​ကြောင့် နောင်​တ​ရ​တော်​မူ​လျက်၊#ဆာ၊ ၁၃၅:၁၄။ 37သူ​တို့​ဘု​ရား၊ သူ​တို့​ခို​လှုံ​သော​ကျောက်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ 38သူ​တို့​ပူ​ဇော်​သော ဆီ​ဥ​ကို​စား၍ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ စ​ပျစ်​ရည်​ကို သောက်​သော​သူ​တို့​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ သူ​တို့​သည်​ထ၍ သင်​တို့​ကို ကွယ်​ကာ​စောင့်​မ​ပါ​လေ​စေ။ 39ငါ​သည် ကိုယ်​တိုင်​အား​ဖြင့် ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ငါ​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း ကြည့်​ရှု​ကြ​လော့။ ငါ​သည် အ​သက်​ကို​သေ​စေ၏။ အ​သက်​ကို​လည်း ရှင်​စေ၏။ ငါ​သည် အ​နာ​ပေါ်​စေ​ခြင်း​ငှာ ဒဏ်​ခတ်၏။ အ​နာ​ကို​လည်း ပျောက်​စေ၏။ ငါ့​လက်​မှ အ​ဘယ်​သူ​မျှ မ​ကယ်​မ​နုတ်​နိုင်။ 40ငါ​သည် အ​စဉ်​အ​မြဲ​အ​သက်​ရှင်​ပေ၏​ဟု ငါ့​လက်​ကို ကောင်း​ကင်​သို့​ချီ၍ ကျိန်​ဆို၏။ 41ငါ​သည် ပြောင်​လက်​သော​ဓား​ကို​သွေး၍၊ တ​ရား​စီ​ရင်​စ​ပြု​လျက် ငါ့​ရန်​သူ​တို့၌ အ​ပြစ်​တ​ရား​ကို စီ​ရင်​မည်။ ငါ့​ကို​မုန်း​သော​သူ​တို့ ခံ​ထိုက်​သော​အ​ပြစ်​အ​လျောက် ငါ​ဆပ်​ပေး​မည်။ 42ငါ့​မြား​တို့​ကို အ​သွေး​နှင့်​ယစ်​မူး​စေ​မည်။ ငါ့​ဓား​သည် အ​သား​ကို​စား​လိမ့်​မည်။ သတ်​သော​သူ၊ လက်​ရ​သော​သူ​တို့၏ အ​သွေး၊ ရန်​သူ​အ​ကဲ​အ​မှူး​တို့၏ ဦး​ခေါင်း​ကို စား​သောက်​လိမ့်​မည်။ 43တစ်​ပါး​အ​မျိုး​သား​တို့၊ သင်​တို့​သည် ဘု​ရား​သ​ခင်၏ လူ​မျိုး​နှင့်​အ​တူ ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်၏​ကျွန်​တို့​ကို သတ်​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ပေး၍ ကိုယ်​တော်၏​ရန်​သူ​တို့၌ အ​ပြစ်​တ​ရား​ကို စီ​ရင်​တော်​မူ​မည်။ ပြည်​တော်​နှင့် မိ​မိ​လူ​မျိုး​ကို ကယ်​မ​သ​နား​တော်​မူ​မည်​ဟူ​သော၊#ရော၊ ၁၅၊၁၀။ ဗျာ၊ ၁၉:၂။ 44ဤ​သီ​ချင်း​စ​ကား​ကို မော​ရှေ​သည်​လာ၍ နုန်​သား​ယော​ရှု​နှင့်​အ​တူ လူ​များ​တို့​အား ဟော​ပြော​မြွက်​ဆို၏။
မော​ရှေ​၏​နောက်​ဆုံး​ညွှန်​ကြား​ချက်
45ထို​သို့ မော​ရှေ​သည် ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား အ​ကုန်​အ​စင်​ဟော​ပြော​မြွက်​ဆို​ပြီး​လျှင်၊ 46သင်​တို့​အား ယ​နေ့​ငါ​သက်​သေ​ခံ​သ​မျှ​သော စ​ကား​တို့​ကို နှ​လုံး​သွင်း​ကြ​လော့။ သင်​တို့​သား​သ​မီး​တို့​သည် ဤ​ပ​ညတ်​တ​ရား စ​ကား​တော်​အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ၊ သူ​တို့​အား ထပ်​ဆင့်၍ မှာ​ထား​ရ​ကြ​မည်။ 47ဤ​အ​မှု​သည် သာ​မ​ည​အ​မှု​မ​ဟုတ်။ သင်​တို့ အ​သက်​နှင့်​ဆိုင်​သော အ​မှု​ဖြစ်၏။ ယော်​ဒန်​မြစ်​ကို​ကူး၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌ ဤ​အ​မှု​ကို​စောင့်​ရှောက်​လျှင်၊ ကိုယ်​အ​သက်​တာ ရှည်​ကြ​လိမ့်​မည်​ဟု ပြော​ဆို၏။
48ထို​နေ့​ချင်း​တွင် ထာ​ဝ​ရ​ဘု​ရား​က၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၊ မော​ဘ​ပြည် အာ​ဗ​ရိမ်​တောင်​ရိုး၊ နေ​ဗော​တောင်​ထိပ်​ပေါ်​သို့ တက်၍၊ 49ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​အ​ပိုင်​ပေး​သော ခါ​နာန်​ပြည်​ကို ကြည့်​ရှု​လော့။ 50သင့်​အစ်​ကို​အာ​ရုန်​သည် ဟော​ရ​တောင်​ပေါ်​မှာ​သေ၍ မိ​မိ​လူ​မျိုး​စည်း​ဝေး​ရာ​သို့ ရောက်​သ​ကဲ့​သို့၊ သင်​သည်​လည်း တက်​သွား​သော ဤ​တောင်​ပေါ်​မှာ​သေ၍၊ သင်၏​လူ​မျိုး​စည်း​ဝေး​ရာ​သို့​ရောက်​လော့။ 51အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ဇိ​န​တော၊ ကာ​ဒေ​ရှ​ရွာ၊ မေ​ရိ​ဘ​စမ်း​ရေ​အ​နား၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ငါ့​ကို​မ​ရို​မ​သေ​ပြု၍ ပြစ်​မှား​ကြ​ပြီ။ 52ထို​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ပြည်​ကို သင်​သည် ကိုယ်​မျက်​စိ​နှင့်​မြင်​ရ​သော်​လည်း၊ ထို​ပြည်​သို့ မ​ဝင်​စား​ရ​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။#တော၊ ၂၇:၁၂-၁၄၊ တရား၊ ၃:၂၃-၂၇။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in