YouVersion Logo
Search Icon

တရားဟောရာ 19

19
ခို​လှုံ​ရန်​မြို့​များ
(တော၊ ၃၅:၉-၂၈၊ ယောရှု၊ ၂၀:၁-၉)
1သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ပြည်၌​နေ​သော လူ​မျိုး​တို့​ကို သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပယ်​ဖြတ်​တော်​မူ​သ​ဖြင့်၊ သင်​သည် သူ​တို့​အ​ရာ၌ ဝင်​စား၍၊ သူ​တို့​မြို့၊ သူ​တို့​အိမ်၌​နေ​သော​အ​ခါ၊#ယောရှု၊ ၂၀:၁-၉။ 2သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အ​ပိုင်​ပေး​တော်​မူ​သော ထို​ပြည်​အ​တွင်း၌ မြို့​သုံး​မြို့​တို့​ကို ခွဲ​ထား​ရ​မည်။ 3လူ​အ​သက်​ကို သတ်​မိ​သော​သူ​အ​ပေါင်း​တို့​သည် ထို​မြို့​သို့ ပြေး​နိုင်​မည်​အ​ကြောင်း၊ သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို သုံး​ပိုင်း​ပိုင်း၍ လမ်း​ခ​ရီး​ကို​လည်း ပြင်​ဆင်​ရ​မည်။ 4-5လူ​အ​သက်​ကို​သတ်​မိ၍၊ ကိုယ်​အ​သက် ချမ်း​သာ​စေ​ခြင်း​ငှာ၊ ထို​မြို့​သို့​ပြေး​ရ​သော သူ၏​အ​မှု​ဟူ​ကား၊ လူ​သည် ထင်း​ခုတ်​ခြင်း​ငှာ အ​ဖော်​နှင့်​တော​သို့​သွား၍ သစ်​ပင်​ကို ခုတ်​လှဲ​စဉ်​အ​ခါ၊ ပု​ဆိန်​သည် အ​ရိုး​ကျွတ်၍ အ​ဖော်​ကို ထိ​သော​ကြောင့်၊ မိ​မိ​အ​ဖော်​သေ​အောင် ပြု​မိ​သော​သူ​နှင့်​တူ၍၊ ရန်​ငြိုး​ဖွဲ့​ခြင်း​မ​ရှိ​ဘဲ မိ​မိ​အ​ဖော်​ကို အ​မှတ်​တ​မဲ့​သတ်​မိ​သော​သူ​သည်၊ ထို​မြို့​တစ်​စုံ​တစ်​မြို့​သို့​ပြေး၍ အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်။ 6သို့​မ​ဟုတ် သေ​စား​သေ​စေ​သော​သူ​သည် စိတ်​မာန်​ထ​စဉ်​အ​ခါ၊ လူ​သတ်​ကို​လိုက်​လျက် ခ​ရီး​ဝေး​သော​ကြောင့် မီ၍​သတ်​လိမ့်​မည်။ ထို​သို့ မ​သတ်​သင့်။ အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် မိ​မိ​အ​ဖော်​ကို ရန်​ငြိုး​ဖွဲ့​ခြင်း​မ​ရှိ​သော​ကြောင့် အ​သေ​သတ်​ခြင်း​ကို မ​ခံ​ထိုက်။ 7ထို​ကြောင့် မြို့​သုံး​မြို့​ကို ခွဲ​ထား​ရ​မည်​ဟု ငါ​မှာ​ထား၏။ 8-10ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော ဤ​ပ​ညတ်​တော်​တို့​ကို ကျင့်​စောင့်၍၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​သော​စိတ်​နှင့် အ​စဉ်​အ​မြဲ လမ်း​တော်​သို့​လိုက်​လျှင်​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၏ ဘိုး​ဘေး​တို့​အား​ပေး​ခြင်း​ငှာ က​တိ​ထား​သော ပြည်​ရှိ​သ​မျှ​ကို သင့်​အား​ပေး​တော်​မူ၍၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​သည်​အ​တိုင်း၊ သင့်​နေ​ရာ​ပြည်​ကို ကျယ်​ဝန်း​စေ​တော်​မူ​လျှင်​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ ပေး​တော်​မူ​သော​ပြည်၌ အ​သေ​မ​ခံ​ထိုက်​သော​သူ​သည် အ​သေ​ခံ၍ လူ့​အ​သက်​ကို သတ်​သော​အ​ပြစ်​သည် သင့်​အ​ပေါ်​မှာ မ​ရောက်​မည်​အ​ကြောင်း၊ ယ​ခု​ဆို​ခဲ့​ပြီး​သော မြို့​သုံး​မြို့​မှ​တစ်​ပါး၊ အ​ခြား​သော မြို့​သုံး​မြို့​ကို ထပ်၍​ခွဲ​ထား​ရ​မည်။
11တစ်​နည်း​ကား၊ မိ​မိ​အ​ဖော်​ကို​ရန်​ငြိုး​ဖွဲ့​သ​ဖြင့် ချောင်း​မြောင်း၍ သေ​အောင်​တိုက်​သော​သူ​သည် ထို​မြို့ တစ်​စုံ​တစ်​မြို့​သို့​ပြေး၍ ရောက်​သော်​လည်း၊ 12သူ့​နေ​ရာ​မြို့၌ အ​သက်​ကြီး​သူ​တို့​သည် လူ​ကို​စေ​လွှတ်၍ ထို​သူ​ကို​ဆောင်​ခဲ့​သ​ဖြင့်၊ သေ​စေ​ခြင်း​ငှာ သေ​စား​သေ​စေ​သော​သူ၏​လက်၌ အပ်​လိုက်​ရ​ကြ​မည်။ 13သင်၏​မျက်​စိ​သည် သူ့​ကို​မ​သ​နား​ရ၊ သင်​သည် ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ လူ​အ​သက်​သတ်​ခြင်း​အ​ပြစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှင်း​ရ​မည်။
ရှေး​မြေ​မှတ်​တိုင်​များ
14သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား အ​ပိုင်​ပေး​တော်​မူ​သော​ပြည်​မှာ အ​မွေ​ခံ​ရာ​မြေ၌ ရှေး​လူ​ဟောင်း​တို့​သည် စိုက်​ထား​နှင့်​သော အိမ်​နီး​ချင်း၏ မြေ​မှတ်​တိုင်​ကို​မ​ရွှေ့​ရ။#တရား၊ ၂၇:၁၇။
သက်​သေ​ဆိုင်​ရာ​ပ​ညတ်
15လူ​သည် ပြု​မိ​သော​ဒု​စ​ရိုက်၊ ပြစ်​မှား​မိ​သော​အ​ပြစ်​ကို စစ်​ကြော​သော​အ​ခါ၊ သက်​သေ​ခံ​တစ်​ဦး​တည်း​ရှိ​လျှင် သူ၏​စ​ကား​မ​တည်​ရ။ သက်​သေ​ခံ​နှစ်​ဦး၊ သုံး​ဦး​အား​ဖြင့် စ​ကား​ရှိ​သ​မျှ​တို့​သည် တည်​ရ​လိမ့်​မည်။#တော၊ ၃၅:၃၀၊ တရား၊ ၁၇:၆၊ မ၊ ၁၈:၁၆၊ ယော၊ ၁၉:၃၁၊ ၂ ကော၊ ၁၃:၁၊ ၁ တိ၊ ၅:၁၉၊ ဟေဗြဲ၊ ၁၀:၂၈။ 16မ​မှန်​သော သက်​သေ​ခံ​တစ်​ယောက်​သည်၊ သူ​တစ်​ပါး​တစ်​ဖက်၌ မ​မှန်​သော​သက်​သေ​ကို​ခံ​လျှင်၊ 17တ​ရား​တွေ့​သော​သူ​နှစ်​ယောက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်​သို့​လည်း​ကောင်း၊ ထို​ကာ​လ၌​ရှိ​သော ယဇ်​ပု​ရော​ဟိတ်၊ တ​ရား​သူ​ကြီး​ရှေ့​သို့​လည်း​ကောင်း​လာ​သ​ဖြင့်၊ 18တ​ရား​သူ​ကြီး​တို့​သည် စေ့​စေ့​စစ်​ကြော၍ ထို​သက်​သေ​ခံ​သော​သူ​သည် မိ​မိ​အ​ဖော်​တစ်​ဖက်၌ မ​မှန်​သော​သက်​သေ​ကို​ခံ​ပြီး​လျှင်၊ 19မိ​မိ​အ​ဖော်၌​ပြု​မည်​ဟု အ​ကြံ​ရှိ​သည်​အ​တိုင်း သူ၌​ပြု​ရ​မည်။ ဒု​စ​ရိုက်​အ​ပြစ်​ကို သင်​တို့​အ​ထဲ​က ထို​သို့​ပယ်​ရှား​ရ​မည်။ 20ကြွင်း​သော​သူ​တို့​သည်​လည်း ထို​သ​တင်း​ကို​ကြား၍ ကြောက်​သော​ကြောင့်၊ နောက်​တစ်​ဖန် ထို​သို့​သော ဒု​စ​ရိုက်​ကို မ​ပြု​ဘဲ​နေ​ကြ​လိမ့်​မည်။ 21သင်၏​မျက်​စိ​သည် မ​သ​နား​ရ။ အ​သက်​အ​တွက် အ​သက်​ကို​လည်း​ကောင်း၊ မျက်​စိ​အ​တွက် မျက်​စိ​ကို​လည်း​ကောင်း၊ သွား​အ​တွက် သွား​ကို​လည်း​ကောင်း၊ လက်​အ​တွက် လက်​ကို​လည်း​ကောင်း၊ ခြေ​အ​တွက် ခြေ​ကို​လည်း​ကောင်း ဒဏ်​ပေး​ရ​မည်။#ထွ၊ ၂၁:၂၃-၂၅၊ ဝတ်၊ ၂၄:၁၉-၂၀၊ မ၊ ၅:၃၈။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in