YouVersion Logo
Search Icon

တရားဟောရာ 11

11
ထာ​ဝ​ရ​ဘု​ရား​၏​ကြီး​မြတ်​ခြင်း
1သို့​ဖြစ်၍ သင်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​ရ​မည်။ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်၊ မှာ​ထား​တော်​မူ​သော ပ​ညတ်​တော်​တို့​ကို အ​စဉ်​စောင့်​ရှောက်​ရ​မည်။ 2သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဆုံး​မ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ ဘုန်း​အာ​နု​ဘော်​တော်​ကို​လည်း​ကောင်း၊ အား​ကြီး​သော​လက်​ရုံး ဆန့်​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ 3ထူး​ဆန်း​သော​တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၌၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​နှင့် ပြည်​သူ​ပြည်​သား​များ​တို့​အား ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊#ထွ၊ ၇:၈-၁၂:၁၃။ 4အဲ​ဂု​တ္တု​စစ်​သူ​ရဲ အ​လုံး​အ​ရင်း​တည်း​ဟူ​သော မြင်း​စီး​သူ​ရဲ၊ ရ​ထား​စီး​သူ​ရဲ​တို့​အား ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊ သင်​တို့​ကို​လိုက်​သော​သူ​တို့​ကို ဧ​ဒုံ​ပင်​လယ်​ရေ​လွှမ်း​မိုး​စေ၍၊ ယ​နေ့​တိုင်​အောင် ဖျက်​ဆီး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊#ထွ၊ ၁၄:၂၈။ 5ဤ​အ​ရပ်​သို့​မ​ရောက်​မီ၊ တော၌​လှည့်​လည်​စဉ်​တွင် သင်​တို့​အား​ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊ 6ရု​ဗင်​အ​မျိုး၊ ဧ​လျာ​ဘ​သား​ဒါ​သန်​နှင့် အ​ဘိ​ရံ​တို့​အား ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊ မြေ​ကြီး​သည် မိ​မိ​ခံ​တွင်း​ကို​ဖွင့်၍ သူ​တို့​နှင့် အိမ်​သူ​အိမ်​သား​များ၊ တဲ​များ၊ သူ​တို့၌ ရ​တတ်​သ​မျှ​သော​ဥ​စ္စာ​ပ​စ္စည်း​များ​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​လယ်၌၊ မျို​ကြောင်း​ကို​လည်း​ကောင်း မ​သိ​မ​မြင်​သော သင်​တို့၏​သား​သ​မီး​တို့​အား ငါ​မ​ပြော၊ သင်​တို့​ကိုယ်​တိုင် သိ​မှတ်​ကြ​လော့။#တော၊ ၁၆:၃၁-၃၂။ 7ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​ကြီး​အ​လုံး​စုံ​တို့​ကို သင်​တို့​သည် ကိုယ်​တိုင်​မြင်​ကြ​ပြီ။
က​တိ​တော်​ပြည်​၏​ကောင်း​ချီး​များ
8ထို​ကြောင့်၊ သင်​တို့​သည်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​ကို ကြီး​စွာ​သော​ခွန်​အား​နှင့် ဝင်​စား​မည်​အ​ကြောင်း၊ 9ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၏​ဘိုး​ဘေး​တို့​နှင့် သူ​တို့​အ​မျိုး​အ​နွယ်​အား​ပေး​ခြင်း​ငှာ ကျိန်​ဆို​တော်​မူ​သော​ပြည်၊ နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်၌ သင်​တို့​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ရ​ကြ​မည်။ 10သင်​တို့​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​သည်​ကား၊ ယာ​လုပ်​သ​ကဲ့​သို့ မျိုး​စေ့​ကြဲ၍ ခြေ​ဖြင့်​ရေ​လောင်း​ရ​သော ပြည်​တည်း​ဟူ​သော သင်​တို့​ထွက်​လာ​သော အဲ​ဂု​တ္တု​ပြည်​နှင့် တူ​သည်​မ​ဟုတ်။ 11သင်​တို့​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​သည် တောင်​များ၊ ချိုင့်​များ​နှင့်​ပြည့်​စုံ၍ မိုး​ရေ​ကို​သောက်​သော​ပြည်၊ 12သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပြု​စု၍ တစ်​နှစ်​ပတ်​လုံး ကြည့်​ရှု​တော်​မူ​သော​ပြည် ဖြစ်၏။
13သင်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့​ချစ်၍ အ​မှု​တော်​ကို​ဆောင်​ရွက်​မည်​အ​ကြောင်း၊ ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော ပ​ညတ်​တို့​ကို စေ့​စေ့​နား​ထောင်​လျှင်၊#ဝတ်၊ ၂၆:၃-၅၊ တရား၊ ၇:၁၂-၁၆၊ ၂၈:၁-၁၄။ 14သင်​တို့​သည် စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​တို့​ကို​စု​သိမ်း​စေ​ခြင်း​ငှာ အ​ရင်​မိုး၊ နောက်​မိုး​တည်း​ဟူ​သော သင်​တို့​ပြည်​နှင့်​ဆိုင်​သော​မိုး​ရေ​ကို ငါ​ပေး​မည်။ 15သင်​တို့​သည် ဝ​စွာ​စား​ရ​မည်​အ​ကြောင်း၊ သင်​တို့​တိ​ရ​စ္ဆာန်​များ​အ​ဖို့ လွင်​ပြင်၌​မြက်​ပင်​ကို ငါ​ပေါက်​စေ​မည်။ 16သင်​တို့​သည် မိ​စ္ဆာ​ဒိ​ဌိ​အ​ယူ​ကို​စွဲ၍​လမ်း​မ​လွဲ၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဝတ်​ပြု၊ ကိုး​ကွယ်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​ကြ​လော့။ 17သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ထွက်၍ မိုး​မ​ရွာ၊ မြေ၏​အ​သီး​အ​နှံ​ကို မ​ဖြစ်​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​ကို ပိတ်​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ကောင်း​မွန်​သော​ပြည်၌ သင်​တို့​သည် အ​လျင်​အ​မြန် ပျောက်​ပျက်​ကြ​လိမ့်​မည်။ 18သို့​ဖြစ်၍ ငါ​ဟော​ပြော​သော ဤ​စ​ကား​ကို စိတ်၊ နှ​လုံး၌​သွင်း​ထား၍၊ လက်၌ လ​က္ခ​ဏာ​သက်​သေ​ဖို့​ရာ​လည်း​ကောင်း၊ မျက်​စိ​ကြား​မှာ သင်း​ကျစ်​ကဲ့​သို့​လည်း​ကောင်း ချည်​ထား​ရ​ကြ​မည်။ 19ထို​စ​ကား​ကို သင်​တို့​သည် အိမ်၌​ထိုင်​လျက်​နေ​သည်​ဖြစ်​စေ၊ ခ​ရီး​သွား​သည်​ဖြစ်​စေ၊ အိပ်​လျက်​ထ​လျက်​ရှိ​သည်​ဖြစ်​စေ ဟော​ပြော၍၊ သား​သ​မီး​တို့​အား သွန်​သင်​ရ​ကြ​မည်။ 20အိမ်​တံ​ခါး​မြို့​တံ​ခါး၌​လည်း ရေး​ထား​ရ​ကြ​မည်။#တရား၊ ၆:၆-၉။ 21သို့​ပြု​လျှင် ထာ​ဝ​ရ​ဘု​ရား​သည် ဘိုး​ဘေး​တို့​အား​ပေး​ခြင်း​ငှာ ကျိန်​ဆို​တော်​မူ​သော​ပြည်၌ သင်​တို့​အ​သက်၊ သား​သ​မီး​များ​အ​သက်​တာ​သည်၊ ကောင်း​ကင်၌ အ​သက်​တာ​ရှည်​သ​ကဲ့​သို့၊ မြေ​ကြီး​ပေါ်​မှာ တာ​ရှည်​ရ​လိမ့်​မည်။ 22သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​သော​စိတ်​နှင့် လမ်း​တော်​သို့​လိုက်၍၊ ကိုယ်​တော်၌ ဆည်း​ကပ်​မှီ​ဝဲ​မည်​အ​ကြောင်း၊ ငါ​မှာ​ထား​သ​မျှ​သော ဤ​ပ​ညတ်​တို့​ကို ကျင့်​အံ့​သော​ငှာ သ​တိ​နှင့်​စောင့်​ရှောက်​လျှင်၊ 23ထာ​ဝ​ရ​ဘု​ရား​သည် ဤ​လူ​မျိုး​ခပ်​သိမ်း​တို့​ကို သင်​တို့​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သ​ဖြင့်၊ သင်​တို့​သည် ကိုယ်​ထက်​အား​ကြီး၍ များ​ပြား​သော​လူ​မျိုး​တို့​ကို အ​စိုး​ရ​ကြ​လိမ့်​မည်။ 24သင်​တို့​သည် ခြေ​နှင့်​နင်း​သ​မျှ​သော​အ​ရပ်​ကို ပိုင်​သ​ဖြင့်၊ တော​မှ​စ၍ လေ​ဗ​နုန်​တောင်​တိုင်​အောင်​လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ်​ကြီး​မှ​စ၍ ပင်​လယ်​ကမ်း​နား​တိုင်​အောင်​လည်း​ကောင်း၊ မြေ​တစ်​လျှောက်​လုံး​သည် သင်​တို့၏​နိုင်​ငံ​အ​ဝင် ဖြစ်​လိမ့်​မည်။#ယောရှု၊ ၁:၃-၅။ 25သင်​တို့​ရှေ့​မှာ အ​ဘယ်​သူ​မျှ မ​ရပ်​မ​နေ​နိုင်​အောင်၊ သင်​တို့​နင်း​သော​မြေ​အ​ရပ်၌ ရှိ​သော​သူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို ကြောက်​ရွံ့​ထိတ်​လန့်​မည်​အ​ကြောင်း၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ က​တိ​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​မည်။
26ယ​နေ့​ကောင်း​ချီး​ပေး​ခြင်း​နှင့် ကျိန်​ခြင်း​တည်း​ဟူ​သော ဤ​နှစ်​ပါး​ကို သင်​တို့​ရှေ့​မှာ​ငါ​ထား၏။ 27ယ​နေ့​ငါ​ဆင့်​ဆို​သော သင်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​တို့​ကို နား​ထောင်​လျှင်​မူ​ကား၊ ကောင်း​ချီး​ပေး​ခြင်း၊ 28သင်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​တို့​ကို နား​မ​ထောင်၊ ယ​နေ့ ငါ​မှာ​ထား​သော​လမ်း​မှ လွှဲ​ရှောင်၍၊ မ​သိ​ဖူး​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား​ကို မှီ​ဝဲ​ဆည်း​ကပ်​လျှင်​မူ​ကား ကျိန်​ခြင်း​ကို​ငါ​ထား၏။ 29သင်​တို့​သည်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​သို့ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​ဆောင်​သွင်း​တော်​မူ​ပြီး​မှ၊ ကောင်း​ချီး​မင်္ဂ​လာ​ကို ဂေ​ရ​ဇိမ်​တောင်​ပေါ်၌​လည်း​ကောင်း၊ ကျိန်​ခြင်း​ကို ဧ​ဗ​လ​တောင်​ပေါ်၌​လည်း​ကောင်း တင်​ထား​ရ​ကြ​မည်။#တရား၊ ၂၇:၁၁-၁၄၊ ယောရှု၊ ၈:၃၃-၃၅။ 30ထို​တောင်​တို့​သည် ယော်​ဒန်​မြစ်​အ​နောက်၊ နေ​ဝင်​ရာ​ဘက်​မှာ ခါ​န​နိ​လူ​တို့​နေ​ရာ အ​ရပ်​တည်း​ဟူ​သော၊ မော​ရေ​သ​ပိတ်​တော​အ​နား၊ ဂိ​လ​ဂါ​လ​မြို့​နှင့်​ဆိုင်​သော လွင်​ပြင်၌ ရှိ​သည်​မ​ဟုတ်​လော။ 31သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို ဝင်​စား​ခြင်း​ငှာ၊ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့​ကူး​သွား၍၊ ထို​ပြည်​ကို ဝင်​စား​လျက်​နေ​ရ​ကြ​မည်။ 32ယ​နေ့ ငါ​ထား​သ​မျှ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​ရ​ကြ​မည်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in