YouVersion Logo
Search Icon

တမန်တော် 6

6
လူ​ခု​နစ်​ယောက်​ကို​ရွေး​ချယ်​ခြင်း
1ထို​ကာ​လ၌ တ​ပည့်​တော်​တို့​သည် များ​ပြား​သည်​ရှိ​သော်၊ နေ့​ရက် အ​စဉ်​အ​တိုင်း လုပ်​ကျွေး​သော​အ​ခါ၊ ဟေ​လေ​နစ်​အ​မျိုး မု​ဆိုး​မ​တို့​ကို မ​လုပ်​မ​ကျွေး​ဟု ထို​အ​မျိုး​သား​တို့​သည် မြည်​တမ်း၍ ဟေ​ဗြဲ​လူ​တို့​ကို အ​ပြစ်​တင်​ကြ၏။- 2ထို​အ​ခါ တစ်​ကျိပ်​နှစ်​ပါး​သော တ​မန်​တော်​တို့​သည် တ​ပည့်​တော်​အ​ပေါင်း​တို့​ကို ခေါ်​ပြီး​လျှင်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ် တ​ရား​တော်​ကို​ထား၍ စား​ပွဲ၌​လုပ်​ကျွေး​မှု​ကို မ​ဆောင်​သင့်။- 3ထို​ကြောင့် ညီ​အစ်​ကို​တို့၊ ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ပ​ညာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက်၊ အ​သ​ရေ​ရှိ​သော လူ​ခု​နစ်​ယောက်​တို့​ကို သင်​တို့​တွင် ရှာ​ကြ​လော့။ ဤ​အ​မှု​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ ထို​သူ​တို့​ကို ငါ​တို့​သည် ခန့်​ထား​ကြ​မည်။- 4ငါ​တို့​မူ​ကား၊ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ခြင်း​အ​မှု​တို့​ကို အ​မြဲ​ပြု၍ နေ​မည်​ဟု​ဆို​ကြ၏။- 5ထို​စ​ကား​ကို လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် နှစ်​သက်​ကြ​သ​ဖြင့်၊ ယုံ​ကြည်​ခြင်း​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော သ​တေ​ဖန်​မှ​စ၍ ဖိ​လိ​ပ္ပု၊ ပြော​ခေါ်၊ နိ​က​နော်၊ တိ​မုန်၊ ပါ​မေ​န၊ ယု​ဒ​ဘာ​သာ​ဝင်​သော အ​န္တိ​အုတ်​မြို့​သား နိ​ကော​လ​တို့​ကို ရွေး​ကောက်၍၊- 6တ​မန်​တော်​တို့​ရှေ့၌ ထား​ကြ၏။ တ​မန်​တော်​တို့​သည်​လည်း ဆု​တောင်း​ပြီး​လျှင် ထို​သူ​တို့၏ ခေါင်း​ပေါ်၌ လက်​ကို​တင်​ကြ၏။
7ဘု​ရား​သ​ခင်၏ သာ​သ​နာ​တော်​သည် တိုး​ပွား​သ​ဖြင့် ယေ​ရု​ရှ​လင်​မြို့၌ တ​ပည့်​တော်​တို့​သည် အ​လွန်​ပွား​များ၍၊ ယဇ်​ပု​ရော​ဟိတ် အ​ပေါင်း​တို့​သည် ယုံ​ကြည်​ခြင်း​တ​ရား​ကို နား​ထောင်​ကြ၏။
သ​တေ​ဖန်​ကို​ဖမ်း​ဆီး​ခြင်း
8သ​တေ​ဖန်​သည် ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​သ​ဖြင့်၊ ကြီး​စွာ​သော​နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို လူ​များ​ရှေ့​မှာ​ပြု​လေ၏။- 9ထို​အ​ခါ လိ​ဗေ​ရ​တိန် အ​ပေါင်း​အ​သင်း​ဝင်​သော သူ​မှ​စ၍၊ ကု​ရေ​နေ​ပြည်​သား၊ အာ​လေ​ဇ​န္ဒြိ​ပြည်​သား၊ ကိ​လိ​ကိ​ပြည်​သား၊ အာ​ရှိ​ပြည်​သား အ​ချို့​တို့​သည် ထ၍ သ​တေ​ဖန်​နှင့်​ငြင်း​ခုံ​ခြင်း​ကို ပြု​စဉ်​တွင်၊- 10သူ​ဟော​ပြော၍ သုံး​စွဲ​သော​ပ​ညာ​နှင့် ဝိ​ညာဉ်​တော်​ကို မ​ခံ​မ​ဆီး​နိုင်​ကြ။- 11ထို​အ​ခါ ဤ​သူ​သည် မော​ရှေ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း လွန်​ကျူး၍ ပြော​သည်​ကို ငါ​တို့​ကြား​ရ​ပါ​ပြီ​ဟု သက်​သေ​ခံ​မည့်​သူ​တို့​ကို တိတ်​ဆိတ်​စွာ​ခေါ်၍ ထား​ကြ​ပြီး​လျှင်၊- 12လူ​များ​ကို​လည်း​ကောင်း၊ အ​ကြီး​အ​ကဲ၊ ကျမ်း​ပြု​ဆ​ရာ​တို့​ကို​လည်း​ကောင်း နှိုး​ဆော်၍၊ သ​တေ​ဖန်​ထံ​သို့​လာ​သ​ဖြင့် ဖမ်း​ဆီး၍ လွှတ်​တော်​သို့​ပို့​ကြ၏။- 13မ​မှန်​သော သက်​သေ​ခံ​တို့​ကို​ခေါ်၍၊ ဤ​သူ​သည် သန့်​ရှင်း​သော​အ​ရပ် ဌာ​န​တော်​နှင့် ပ​ညတ်​တ​ရား​တော်​ကို လွန်​ကျူး၍ အ​စဉ်​မ​ပြတ် ပြော​ဆို​လျက်​နေ​ပါ၏။- 14ထို​နာ​ဇ​ရက်​မြို့​သား ယေ​ရှု​သည် ဤ​အ​ရပ်​ဌာ​န​တော်​ကို ဖျက်​ဆီး၍၊ ငါ​တို့​အား မော​ရှေ​အပ်​ပေး​သော ထုံး​နည်း​ဥ​ပ​ဒေ​ကို ပြောင်း​လဲ​စေ​မည်​ဟု ဤ​သူ​ဆို​သည်​ကို အ​ကျွန်ုပ်​တို့​သည် ကြား​ရ​ပါ​ပြီ​ဟု သက်​သေ​ခံ​ကြ၏။- 15လွှတ်​တော်၌ ထိုင်​လျက်​ရှိ​သော​သူ အ​ပေါင်း​တို့​သည် သ​တေ​ဖန်​ကို​စေ့​စေ့​ကြည့်​ရှု​လျှင်၊ သူ၏​မျက်​နှာ​သည် ကောင်း​ကင်​တ​မန်၏​မျက်​နှာ​ကဲ့​သို့ ဖြစ်​သည်​ဟု ထင်​မှတ်​ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in