YouVersion Logo
Search Icon

တမန်တော် 23

23
1ပေါ​လု​သည် လွှတ်​အ​ရာ​ရှိ​တို့​ကို စေ့​စေ့​ကြည့်​ရှု၍၊ ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည် ယ​နေ့​တိုင်​အောင် ဘု​ရား​ဝတ်​ကို ပြု​ခြင်း​အ​မှု​မှာ၊ ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်၌ အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​လျက် ပြု​ပါ​သည်​ဟု ပြော​ဆို​သော်၊- 2ယဇ်​ပု​ရော​ဟိတ်​မင်း အာ​န​နိ​က၊ သူ၏​နှုတ်​ကို​ရိုက်​လော့​ဟု အ​နား၌ ရပ်​နေ​သော​သူ​တို့​အား အ​မိန့်​ရှိ၏။- 3ထို​အ​ခါ​ပေါ​လု​က၊ အ​ဖြူ​သုတ်​သော​အုတ်​ရိုး၊ ဘု​ရား​သ​ခင်​သည် သင့်​ကို​ရိုက်​တော်​မူ​မည်။ သင်​သည် အ​ကျွန်ုပ်​ကို တ​ရား​နှင့်​အ​ညီ စီ​ရင်​ခြင်း​ငှာ ထိုင်​နေ​လျက်​ပင်၊ သူ့​ကို​ရိုက်​လော့​ဟု မ​တ​ရား​သ​ဖြင့် စီ​ရင်​ရ​မည်​လော ဟု​ဆို၏။-#မ၊ ၂၃:၂၇-၂၈။ 4အ​နား၌​ရပ်​နေ​သော​သူ​တို့​က​လည်း၊ သင်​သည် ဘု​ရား​သ​ခင်၏ ယဇ်​ပု​ရော​ဟိတ်​မင်း​ကို ဆဲ​သ​လော​ဟု မေး​လျှင်၊- 5ပေါ​လု​က၊ ညီ​အစ်​ကို​တို့၊ သူ​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သည်​ကို အ​ကျွန်ုပ်​မ​သိ။ သင်၏​အ​မျိုး​ကို အုပ်​စိုး​သော​မင်း​ကို သင်​သည် မ​ကဲ့​ရဲ့​ရ​ဟု ကျမ်း​စာ၌ လာ​သည်​ဟု​ဆို၏။#ထွ၊ ၂၂:၂၈။
6ထို​အ​ရာ​ရှိ​တို့​တွင် အ​ချို့​တို့​သည် ဇ​ဒ္ဒု​ကဲ​ဖြစ်​ကြ​သည်၊ အ​ချို့​တို့​သည် ဖာ​ရိ​ရှဲ​ဖြစ်​ကြ​သည်​ကို ပေါ​လု​သိ​မြင်​လျှင်၊ ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည် ဖာ​ရိ​ရှဲ​ဖြစ်၏။ ဖာ​ရိ​ရှဲ၏​သား​လည်း​ဖြစ်၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​မည်​ဟု မျှော်​လင့်​ခြင်း​အ​ကြောင်း​ကြောင့်၊ အ​ကျွန်ုပ်​သည် စစ်​ကြော​စီ​ရင်​ခြင်း​ကို​ခံ​ရ၏​ဟု လွှတ်​တော်​ပေါ်​မှာ ကြွေး​ကြော်​လေ၏။-#တ၊ ၂၆:၅။ ဖိ၊ ၃:၅။ 7ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​နှင့် ဇ​ဒ္ဒု​ကဲ​တို့​သည် အ​ချင်း​ချင်း​ငြင်း​ခုံ၍ အ​စု​အ​ဝေး​သည် ကွဲ​ပြား​ခြင်း​သို့ ရောက်​လေ၏။- 8ကွဲ​ပြား​သည်​အ​ကြောင်း​ကား၊ ဇ​ဒ္ဒု​ကဲ​တို့​က၊ ထ​မြောက်​ခြင်း​မ​ရှိ၊ ကောင်း​ကင်​တ​မန် မ​ရှိ၊ နာမ်​ဝိ​ညာဉ် မ​ရှိ​ဟု​ယူ​ကြ၏။ ဖာ​ရိ​ရှဲ​တို့​က၊ နှစ်​ပါး​စ​လုံး​ရှိ​သည်​ဟု ဝန်​ခံ​ကြ၏။-#မ၊ ၂၂:၂၃။ မာ၊ ၁၂:၁၈။ လု၊ ၂:၂၇ 9အော်​ဟစ်​သံ​များ၍၊ ဖာ​ရိ​ရှဲ​တို့​ဘက်၌​နေ​သော ကျမ်း​ဆ​ရာ​တို့​သည် ထ​လျက် ပြင်း​စွာ​ငြင်း​ခုံ၍၊ ဤ​သူ၌ အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​တို့​မ​တွေ့။ နာမ်​ဝိ​ညာဉ်​သော်​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​သော်​လည်း​ကောင်း သူ့​ကို​ပြော​လျှင်၊ ဘု​ရား​သ​ခင်၏ အာ​ဏာ​တော်​ကို မ​ဆန်​ကြ​နှင့်​ဟု ဆို​ကြ၏။- 10အ​ချင်း​ချင်း ငြင်း​ခုံ​ခြင်း​များ​သော​အ​ခါ၊ ထို​သူ​တို့​သည် ပေါ​လု​ကို ဆွဲ​ငင်၍ အ​ပိုင်း​ပိုင်း​ဆုတ်​ဖြတ်​မည်​ကို စစ်​သူ​ကြီး စိုး​ရိမ်​သော​ကြောင့်၊ စစ်​သူ​ရဲ​များ၊ ဆင်း​ကြ၊ ပေါ​လု​ကို အ​ရာ​ရှိ​မင်း​တို့​အ​ထဲ​မှ အ​နိုင်​အ​ထက်​ယူ၍ ရဲ​တိုက်​ထဲ​သို့ ပို့​ဆောင်​ကြ​ဟု အ​မိန့်​ရှိ၏။
11နက်​ဖြန့်​နေ့​ည​တွင် သ​ခင်​ဘု​ရား​သည် ပေါ​လု​အ​နား၌ ပေါ်​လာ​တော်​မူ​လျက်၊ ပေါ​လု မ​စိုး​ရိမ်​နှင့်။ ငါ၏​အ​ကြောင်း​အ​ရာ​ကို သင်​သည် ယေ​ရု​ရှ​လင်​မြို့၌ သက်​သေ​ခံ​ပြီး​သည်​နည်း​တူ၊ ရော​မ​မြို့၌​လည်း ခံ​ရ​လေ​ဦး​မည်​ဟု မိန့်​တော်​မူ၏။
ပေါ​လု​ကို​လုပ်​ကြံ​ရန်​ကြံ​စည်​ခြင်း
12မိုး​လင်း​သော​အ​ခါ ယု​ဒ​လူ​တို့​သည် သင်း​ဖွဲ့၍၊ ငါ​တို့​သည် ပေါ​လု​ကို မ​သတ်​မီ​တိုင်​အောင် အ​လျှင်း​မ​စား​မ​သောက်​ရ​ဟု ကိုယ်​ကို​ကျိန်​ဆို၍ ဓိ​ဋ္ဌာန်​ပြု​ကြ၏။- 13ထို​သို့​သင်း​ဖွဲ့​သော သူ​တို့​သည် လေး​ကျိပ်​မ​က ရှိ​ကြ၏။- 14ထို​သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ​တို့​ထံ​သို့​သွား၍၊ အ​ကျွန်ုပ်​တို့​သည် ပေါ​လု​ကို မ​သတ်​မီ​တိုင်​အောင် အ​လျှင်း​မ​စား​မ​သောက်​ရ​ဟု ကိုယ်​ကို​ကျိန်​ဆို၍ ဓိ​ဋ္ဌာန်​ပြု​ကြ​ပါ​ပြီ။- 15ထို​ကြောင့်၊ နက်​ဖြန်​နေ့၌ စစ်​သူ​ကြီး​သည် ပေါ​လု​ကို ကိုယ်​တော်​တို့​ထံ​သို့ ပို့​ဆောင်​စေ​ခြင်း​ငှာ၊ သူ့​ကို​သာ၍ စေ့​စေ့​စစ်​ကြော​မည် အ​ဟန်​ပြု၍၊ လွှတ်​အ​ရာ​ရှိ​များ​နှင့်​အ​တူ ကိုယ်​တော်​တို့​သည် စစ်​သူ​ကြီး​ကို လျှောက်​ကြ​ပါ​လော့။ ပေါ​လု​သည် ကိုယ်​တော်​တို့​ထံ​သို့ မ​ရောက်​မီ​အ​ကြား​တွင် အ​ကျွန်ုပ်​တို့​သည် သူ့​ကို​သတ်​ခြင်း​ငှာ အ​သင့်​ရှိ​နှင့်​ပါ​ပြီ​ဟု လျှောက်​ကြ၏။
16ထို​သို့​လမ်း​နား၌ ချောင်း၍​နေ​ကြ​သည်​အ​မှု​ကို ပေါ​လု၏ တူ​သည်​ကြား​လျှင်၊ ရဲ​တိုက်​ထဲ​သို့​ဝင်၍ ပေါ​လု​အား ကြား​ပြော​လေ၏။- 17ပေါ​လု​သည် တပ်​မှူး​တစ်​ယောက်​ကို ခေါ်၍၊ ဤ​လု​လင်​ကို စစ်​သူ​ကြီး​ထံ​သို့​ပို့​ပါ။ လျှောက်​စ​ရာ​တစ်​စုံ​တစ်​ခု ရှိ​သည်​ဟု​ဆို​သော်၊- 18တပ်​မှူး​သည် လု​လင်​ကို စစ်​သူ​ကြီး​ထံ​သို့ ပို့​ပြီး​လျှင်၊ အ​ကျဉ်း​ခံ​ရ​သော ပေါ​လု​သည် အ​ကျွန်ုပ်​ကို ခေါ်၍၊ ကိုယ်​တော်​အား​လျှောက်​စ​ရာ တစ်​စုံ​တစ်​ခု​ရှိ​သော ဤ​လု​လင်​ကို ကိုယ်​တော်​ထံ​သို့ ပို့​စေ​ခြင်း​ငှာ တောင်း​ပန်​ပါ​သည်​ဟု​လျှောက်၏။- 19စစ်​သူ​ကြီး​သည် လု​လင်​ကို​လက်​ဆွဲ၍ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ သွား​ပြီး​လျှင်၊ သင်​သည်​အ​ဘယ်​အ​ကြောင်း​ကို ငါ့​အား​လျှောက်​ချင်​သ​နည်း​ဟု မေး​မြန်း​လေ၏။- 20လု​လင်​က​လည်း၊ ကိုယ်​တော်​သည် နက်​ဖြန်​နေ့၌ ပေါ​လု​ကို လွှတ်​တော်​သို့​ပို့​ဆောင်​စေ​ခြင်း​ငှာ၊ ယု​ဒ​လူ​တို့​သည် သူ့​ကို​သာ၍ စေ့​စေ့​မေး​မြန်း​မည်​အ​ဟန်​ပြု၍၊ ကိုယ်​တော်​ကို တောင်း​လျှောက်​မည်​ဟု တိုင်​ပင် ညှိ​ညွှတ်​ကြ​ပါ​ပြီ။- 21သို့​ရာ​တွင် သူ​တို့၏ အ​လို​သို့​မ​လိုက်​ပါ​နှင့်။ ပေါ​လု​ကို​မ​သတ်​မီ​တိုင်​အောင် အ​လျှင်း​မ​စား​မ​သောက်​ရ​ဟု ကိုယ်​ကို​ကျိန်​ဆို၍ ဓိ​ဋ္ဌာန်​ပြု​သော ယု​ဒ​လူ​လေး​ကျိပ်​မ​က၊ လမ်း​နား၌ ပေါ​လု​ကို​ချောင်း၍ နေ​ကြ​ပါ၏။ ယ​ခု​ပင် ကိုယ်​တော်​ဝန်​ခံ​မည့်​စ​ကား​ကို ထို​သူ​တို့​သည် ဆိုင်း​လင့်၍ အ​သင့်​ရှိ​နှင့်​ပါ​ပြီ​ဟု လျှောက်​လေ၏။
22စစ်​သူ​ကြီး​က​လည်း၊ သင်​သည်​ငါ့​အား ဤ​သို့​ကြား​လျှောက်​သည်​ကို အ​ဘယ်​သူ​အား​မျှ​မ​ပြော​နှင့်​ဟု ထို​လု​လင်​ကို​မှာ​ထား၍ လွှတ်​လိုက်​ပြီး​လျှင်၊
ဖေ​လဇ်​မင်း​ထံ​သို့​ပို့​ခြင်း
23တပ်​မှူး​နှစ်​ယောက်​တို့​ကို​ခေါ်၍၊ ယ​နေ့​ည သုံး​ချက်​တီး​အ​ချိန်၌ ကဲ​သ​ရိ​မြို့​သို့​သွား​စေ​ခြင်း​ငှာ စစ်​သူ​ရဲ​နှစ်​ရာ၊ မြင်း​စီး​သူ​ရဲ​ခု​နစ်​ကျိပ်၊ လှံ​ကိုင်​သူ​ရဲ​နှစ်​ရာ​တို့​ကို ပြင်​ဆင်​ကြ။- 24ပေါ​လု​စီး​စ​ရာ​ဖို့ တိ​ရ​စ္ဆာန်​တို့​ကို​ပြင်၍ ပေး​ကြ။ သူ့​ကို ဖေ​လဇ်​မင်း​ထံ​သို့​ကြပ်​မ၍ ပို့​ကြ​ဟု​အ​မိန့်​ရှိ၏။- 25စစ်​သူ​ကြီး​သည် ရေး၍​ပေး​လိုက်​သော စာ​ဟူ​မူ​ကား၊- 26က​လော​ဒိ​လု​သိ​က၊ မြတ်​တော်​မူ​သော မြို့​ဝန်​မင်း​ဖေ​လဇ်​ကို မေ​တ္တာ​နှင့် ကြား​လျှောက်​လိုက်​ပါ​သည်။- 27ယု​ဒ​လူ​တို့​သည် ဤ​သူ​ကို​ဖမ်း​ဆီး၍ သတ်​မည်​ပြု​ကြ​စဉ်၊ သူ​သည် ရော​မ​လူ​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်​သည် ကြား​သိ​သ​ဖြင့်၊ စစ်​သူ​ရဲ​တို့​နှင့်​တ​ကွ သွား၍​သူ့​ကို နုတ်​ပါ​သည်။- 28ယု​ဒ​လူ​တို့​သည် အ​ဘယ်​အ​ပြစ်​ကြောင့် သူ​နှင့် အ​မှု​လုပ်​ကြ​သည်​ကို အ​ကျွန်ုပ်​သိ​လို​သော​ကြောင့်၊ သူ့​ကို​ယူ၍ လွှတ်​တော်​သို့ ဆောင်​သွား​ပြီး​လျှင်၊- 29အ​သေ​သတ်​ခြင်း၊ အ​ကျဉ်း​ထား​ခြင်း​ကို ခံ​ထိုက်​သော အ​ပြစ်​ကြောင့် အ​မှု​လုပ်​ကြ​သည်​မ​ဟုတ်​ဘဲ၊ သူ​တို့​တ​ရား​နှင့် စပ်​ဆိုင်​သော ပု​စ္ဆာ​အ​မေး​ကို အ​ကြောင်း​ပြု၍​သာ အ​မှု​လုပ်​ကြ​သည်​ကို အ​ကျွန်ုပ်​သိ​မြင်​ပါ၏။- 30ယု​ဒ​လူ​တို့​သည် မ​ကောင်း​သော​အ​ကြံ​နှင့် သူ့​ကို​လုပ်​ကြံ​မည်​ဟု အ​ကျွန်ုပ်​ရိပ်​မိ​လျှင်၊ သူ့​ကို ကိုယ်​တော်​ထံ​သို့ ချက်​ချင်း​စေ​လွှတ်၍ အ​မှု​လုပ်​သော​သူ​တို့​ကို ရှေ့​တော်၌ လျှောက်​ထား​စေ​ခြင်း​ငှာ စီ​ရင်​ပါ၏။ ကိုယ်​တော် ကျန်း​မာ​ပါ​စေ​သော​ဟု ရေး၍​ပေး​လိုက်​သ​တည်း။
31စစ်​သူ​ကြီး​မှာ​ထား​သည်​အ​တိုင်း စစ်​သူ​ရဲ​တို့​သည် ပေါ​လု​ကို​ယူ၍၊ ည​အ​ခါ အ​န္တိ​ပ​တ​ရိ​မြို့​သို့ ပို့​လိုက်​ပြီး​မှ၊- 32နက်​ဖြန်​နေ့၌ မြင်း​စီး​သူ​ရဲ​တို့​ကို ပေါ​လု​နှင့်​တ​ကွ သွား​စေ​ခြင်း​ငှာ လွှတ်​လိုက်၍ မိ​မိ​တို့​သည် ရဲ​တိုက်​သို့ ပြန်​ကြ၏။- 33မြင်း​စီး​သူ​ရဲ​တို့​သည် ကဲ​သ​ရိ​မြို့​သို့​ရောက်​လျှင်၊ စစ်​သူ​ကြီး၏​စာ​ကို မြို့​ဝန်​မင်း​လက်​သို့​အပ်​ပေး၍၊ ပေါ​လု​ကို​လည်း ရှေ့​တော်၌ သွင်း​ထား​ကြ၏။- 34မြို့​ဝန်​မင်း​သည် စာ​ကို​ဖတ်​ပြီး​မှ၊ အ​ဘယ်​မြို့​နှင့် ဆိုင်​သ​နည်း​ဟု မေး၍၊ ကိ​လိ​ကိ​ပြည်​သား​ဖြစ်​သည်​ကို ကြား​သိ​လျှင်၊- 35သင့်​ကို​အ​မှု​လုပ်​သော​သူ​တို့​သည် ရောက်​လာ​သော​အ​ခါ ငါ​နား​ထောင်​မည်​ဟု ဆို၍၊ ပေါ​လု​သည် ဟေ​ရုဒ်​မင်း၏​အိမ်​တော်၌ အ​ချုပ်​ခံ​လျက်​နေ​စေ​ဟု စီ​ရင်​လေ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in