YouVersion Logo
Search Icon

တမန်တော် 20

20
မာ​ကေ​ဒေါ​နိ​ပြည်​နှ​င့်​အ​ခါ​ယ​ပြည်​သို့
1ထို​ရုန်း​ရင်း​ခတ်​သော အ​မှု​ငြိမ်း​သော​အ​ခါ ပေါ​လု​သည်၊ တ​ပည့်​တော်​တို့​ကို​ခေါ်၍ နှုတ်​ဆက်​ပြီး​မှ မာ​ကေ​ဒေါ​နိ​ပြည်​သို့ သွား​လေ၏။- 2ထို​အ​ရပ်​များ​ကို​လျှောက်​သွား၍ တ​ပည့်​တော်​တို့​ကို စ​ကား​များ​နှင့် ဆုံး​မ​ပြီး​မှ ဟေ​လ​သ​ပြည်​သို့ ရောက်​လာ၏။- 3သုံး​လ​နေ​ပြီး​လျှင် ပင်​လယ်​ကို​ကူး၍ ရှု​ရိ​ပြည်​သို့ သွား​မည်​ပြု​သော်၊ ယု​ဒ​လူ​တို့​သည် မ​ကောင်း​သော​အ​ကြံ​ကို ကြံ​သော​ကြောင့်၊ မာ​ကေ​ဒေါ​နိ​ပြည်​လမ်း​ဖြင့် ပြန်​မည်​ဟု အ​ကြံ​ရှိ​ပြန်၏။- 4ပေါ​လု​နှင့်​အ​တူ အာ​ရှိ​ပြည်​သို့ လိုက်​သော​သူ ဟူ​မူ​ကား၊ ဗေ​ရိ​မြို့​သား​ဖြစ်​သော ပု​ရု၏​သား သော​ပ​တ​ရု၊ သက်​သာ​လော​နိတ်​မြို့​သား အာ​ရိ​တ္တာ​ခု​နှင့် သေ​ကု​န္ဒု၊ ဒေ​ရ​ဗေ​မြို့​သား​ဂါ​ယု၊ လု​တ္တ​ရ​မြို့​သား တိ​မော​သေ၊ အာ​ရှိ​ပြည်​သား​တု​ခိတ်​နှင့် တ​ရော​ဖိမ်​တည်း။- 5ဤ​သူ​တို့​သည် ငါ​တို့​အ​ရင်​သွား၍ တ​ရော​မြို့၌ ငံ့​လင့်​လျက် နေ​ကြ၏။- 6အ​ဇု​မ​ပွဲ​နေ့​ရက်​လွန်​ပြီး​မှ ငါ​တို့​သည် ဖိ​လိ​ပ္ပိ​မြို့​မှ သင်္ဘော​နှင့်​လွှင့်၍ ငါး​ရက်​အ​တွင်း​တွင် သူ​တို့​ရှိ​ရာ တ​ရော​မြို့​သို့​ရောက်၍ ခု​နစ်​ရက် နေ​ကြ၏။
တ​ရော​မြို့​သို့​နောက်​ဆုံး​အ​ကြိမ်
7ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်၌ မုန့်​ကို​ဖဲ့​ခြင်း​ငှာ စည်း​ဝေး​ကြ​သော​အ​ခါ၊ ပေါ​လု​သည် နက်​ဖြန်​နေ့၌ ထွက်​သွား​မည်​ဖြစ်၍၊ သန်း​ခေါင်​တိုင်​အောင် ဟော​ပြော​လျက် နေ​လေ၏။- 8စည်း​ဝေး​ရာ​အ​ထက်​ခန်း၌ မီး​ခွက်​များ​ရှိ၏။- 9ဥ​တု​ခု​အ​မည်​ရှိ​သော လု​လင်​တစ်​ယောက်​သည် ပြတင်း​ပေါက် နား​မှာ​ထိုင်၍ အိပ်​ပျော်​ကျူး​လွန်​လျက် နေ၏။ ပေါ​လု​သည် ကြာ​မြင့်​စွာ ဟော​ပြော​သည်​တွင်၊ ထို​သူ​သည် အိပ်​ပျော်​လျက် အိမ်​သုံး​ဆင့်​အ​ထက်​မှ အောက်​သို့​လျော့​ကျ၍ သေ​သည်​ကို သူ​တို့​သည် ချီ​ကြွ​ကြ၏။- 10ပေါ​လု​သည်​လည်း အောက်​သို့​ဆင်း၍ သူ၏​အ​ပေါ်​သို့ ကိုယ်​ကို​လှဲ​လျက် ဖက်​ယမ်း​ပြီး​မှ၊ အုတ်​အုတ်​သဲ​သဲ မ​ပြု​ကြ​နှင့်။ သူ​သည် အ​သက်​ရှိ၏​ဟု​ဆို၍ တက်​ပြန်​လေ၏။- 11မုန့်​ကို​ဖဲ့၍​စား​ကြ​သည်​နှင့် မိုး​လင်း​သည်​တိုင်​အောင် ကြာ​မြင့်​စွာ စ​ကား​ပြော​ပြီး​မှ ထွက်​သွား၏။- 12အ​သက်​ရှင်​လျက်​ရှိ​သော ထို​လု​လင်​ကို ဆောင်​ယူ​ခဲ့၍၊ အ​လွန်​သက်​သာ​ခြင်း ရှိ​ကြ၏။
တ​ရော​မြို့​မှ​မိ​လက်​မြို့​သို့
13ငါ​တို့​သည် ပေါ​လု​အ​ရင် သင်္ဘော​သို့​သွား၍၊ အဿု​မြို့၌ သူ့​ကို​ခံ​ယူ​မည်​အ​ကြံ​နှင့် ထို​မြို့​သို့ လွှင့်​ကြ၏။ ပေါ​လု​သည်​ထို​မြို့​သို့ ကုန်း​ကြောင်း​သွား​မည်​အ​ကြံ​ရှိ၍ ထို​သို့​စီ​ရင်​လေ၏။- 14အဿု​မြို့၌ သူ​သည် ငါ​တို့​နှင့်​တွေ့​မိ​လျှင်၊ သူ့​ကို​ခံ​ယူ၍ မိ​တု​လင်​မြို့​သို့​သွား​ကြ၏။- 15ထို​မြို့​မှ​လွှင့်​ပြန်​လျှင် နက်​ဖြန်​နေ့၌ ခိ​အု​ကျွန်း​နား​မှာ လျှောက်​သွား၍ နောက်​တစ်​နေ့၌ သာ​မု​ကျွန်း​သို့ ရောက်​သ​ဖြင့်၊ တ​ရော​ဂု​လိ​အ​ငူ​စွန်း၌ နေ​ကြ၏။ နောက်​တစ်​နေ့၌​လည်း မိ​လက်​မြို့​သို့​ရောက်​ကြ၏။- 16ပေါ​လု​သည် ပင်​တေ​ကု​တ္တေ​ပွဲ​နေ့​မ​လွန်​မီ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​နိုင်​လျှင်​ရောက်​ခြင်း​ငှာ ကြိုး​စား​သည်​ဖြစ်၍ အာ​ရှိ​ပြည်၌ တာ​ရှည်​စွာ​မ​နေ​လို​သ​ဖြင့် ဧ​ဖက်​မြို့​မှာ မ​ဆိုက်​ဘဲ လွှင့်​သွား​မည်​ဟု စိတ်​ပြဋ္ဌာန်း​လျက်​ရှိ​နှင့်​သ​တည်း။
ဧ​ဖက်​အ​သင်း​တော်​လူ​ကြီး​တို့​အား နှုတ်​ဆက်​ခြင်း
17မိ​လက်​မြို့​သို့​ရောက်​မှ ပေါ​လု​သည် ဧ​ဖက်​မြို့​သို့ စေ​လွှတ်၍ သင်း​အုပ်​များ​ကို ခေါ်​လေ၏။- 18သူ​တို့​သည် ရောက်​ကြ​သော​အ​ခါ၊ ပေါ​လု​က၊ ငါ​သည် အာ​ရှိ​ပြည်​သို့​ရောက်​သော နေ့​မှ​စ၍ ယ​ခု​တိုင်​အောင် သင်​တို့​ရှေ့​မှာ အ​ဘယ်​သို့ ကျင့်​နေ​သည်​ကို သင်​တို့​သိ​ကြ၏။- 19အ​လွန်​နှိမ့်​ချ​သော​စိတ်​ရှိ​လျက်၊ မျက်​ရည်​ကျ​လျက်၊ ယု​ဒ​လူ​တို့၏ မ​ကောင်း​သော​အ​ကြံ​အား​ဖြင့် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ခံ​လျက်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ငါ​ဆောင်​ရွက်​သည် အ​ကြောင်း​အ​ရာ​ကို သင်​တို့​သိ​ကြ၏။- 20သင်​တို့​အ​ကျိုးပြုစုရာ တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​မ​ထိမ်​မ​ဝှက်။ လူ​စု​ဝေး​ရာ၌​လည်း​ကောင်း၊ အိမ်​များ၌​လည်း​ကောင်း၊ သင်​တို့​အား​ဟော​ပြော၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​သ​ဖြင့်၊- 21ဘု​ရား​သ​ခင့်​ရှေ့​တော်၌ နောင်​တ​ရ​ခြင်း​တ​ရား​ကို​လည်း​ကောင်း၊ ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းတရားကိုလည်းကောင်း၊ ယု​ဒ​လူ၊ ဟေ​လ​သ​လူ​တို့​အား သက်​သေ​ခံ​သည် အ​ကြောင်း​အ​ရာ​ကို သင်​တို့​သိ​ကြ၏။
22ယ​ခု​မှာ​ငါ​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ချည်​နှောင်​ခြင်း​ကို​ခံ၍၊ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရ၏။ ထို​မြို့၌ အ​ဘယ်​အ​မှု​ရောက်​မည်​ကို မ​သိ။- 23သို့​သော်​လည်း ချည်​နှောင်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​အ​မှု​တို့​သည် ငါ့​ကို​ဆိုင်း​လင့်​သည်​ဟု သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ခပ်​သိမ်း​သော​မြို့​တို့၌ ငါ့​အား သက်​သေ​ခံ​တော်​မူ၏။- 24သို့​ရာ​တွင် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သက်​သေ​ခံ​စေ​ခြင်း​ငှာ၊ သ​ခင်​ယေ​ရှု၏​လက်​မှ ငါ​ခံ​ခဲ့​ပြီး​သော​ဓ​မ္မ​ဆ​ရာ အ​မှု​တည်း​ဟူ​သော ငါ​ဆောင်​ရွက်​ရ​သော​အ​မှု​ကို ဝမ်း​မြောက်​စွာ ပြီး​စီး​စေ​မည်​အ​ကြောင်း၊ ထို​ညှဉ်း​ဆဲ​ခြင်း​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​သည်​ပ​မာ​ဏ​မ​ပြု၊ ကိုယ်​အ​သက်​ကို​လည်း နှ​မြော​ခြင်း​မ​ရှိ၊-#၂​တိ၊ ၄:၇။ 25ယ​ခု​မူ​ကား၊ ငါ​လှည့်​လည်၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို ဟော​ပြော​ရာ၊ သင်​တို့​ရှိ​သ​မျှ​သည် နောက်​တစ်​ဖန် ငါ့​မျက်​နှာ​ကို မ​မြင်​ရ​ကြ​ဟု​ငါ​သိ၏။- 26ထို​ကြောင့်၊ လူ​အ​ပေါင်း​တို့၏​အ​သွေး​နှင့် ငါ​ကင်း​လွတ်​သည်​ဟု ယ​နေ့၌ သင်​တို့​အား ငါ​သက်​သေ​ခံ၏။- 27ဘု​ရား​သ​ခင်၏​အ​လို​တော်​ကို သင်​တို့​အား အ​ကုန်​အ​စင် ဟော​ပြော​ပြ​သ​ခြင်း​အ​မှု​ကို ငါ​သည်​မ​လွှဲ​မ​ရှောင်​ဘဲ ပြု​ခဲ့​ပြီ။
28ထို​ကြောင့် သင်​တို့​သည် ကိုယ်​ကို သ​တိ​နှင့် ကြည့်​ရှု​ကြ​လော့။ ဘု​ရား​သ​ခင်​သည် မိ​မိ​အ​သွေး​နှင့် ဝယ်​တော်​မူ​သော​အ​သင်း​တော်​ကို လုပ်​ကျွေး​စေ​ခြင်း​ငှာ၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​ကို အ​အုပ်​အ​ချုပ် ခန့်​ထား​တော်​မူ​သော သိုး​စု​တစ်​စု​လုံး​ကို​လည်း သ​တိ​နှင့် ကြည့်​ရှု​ကြ​လော့။- 29အ​ကြောင်း​မူ​ကား၊ ငါ​မ​ရှိ​သည်​နောက်၊ ကြမ်း​တမ်း​သော တော​ခွေး​တို့​သည် သိုး​များ​ကို မ​သ​နား​ဘဲ သင်​တို့​အ​ထဲ​သို့​ဝင်​မည်​ကို​လည်း​ကောင်း၊- 30တ​ပည့်​တော်​များ​ကို​သွေး​ဆောင်​ခြင်း​ငှာ၊ မှား​သော​စ​ကား​ကို ပြော​တတ်​သော​လူ​တို့​သည် သင်​တို့​အ​ထဲ၌​လည်း ပေါ်​လာ​မည်​ကို​လည်း​ကောင်း ငါ​သိ၏။- 31ထို​ကြောင့် စောင့်​ရှောက်၍​နေ​ကြ​လော့။ ငါ​သည်​သုံး​နှစ်​ပတ်​လုံး နေ့​ည​မ​ပြတ်​လူ​အ​ပေါင်း​တို့​ကို မျက်​ရည်​နှင့်​တ​ကွ ဆုံး​မ၍ နေ​ကြောင်း​ကို အောက်​မေ့​ကြ​လော့။
32ညီ​အစ်​ကို​တို့၊ ယ​ခု​ငါ​သည်​သင်​တို့​ကို ဘု​ရား​သ​ခင်၌ အပ်​နှံ၏။ သင်​တို့​ကို တည်​ဆောက်​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​သော​သူ​အ​ပေါင်း​တို့​နှင့် အ​တူ သင်​တို့​အား အ​မွေ​ပေး​ခြင်း​ငှာ​လည်း​ကောင်း၊ တတ်​နိုင်​သော​ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​တ​ရား၌​လည်း သင်​တို့​ကို​ငါ​အပ်​နှံ၏။- 33သူ့​ရွှေ​ငွေ အ​ဝတ်​တန်​ဆာ​တို့​ကို ငါ​သည်​တပ်​မက်​ခြင်း​မ​ရှိ​ပြီ။- 34ဤ​လက်​တို့​သည် ငါ့​ကို​လည်း​ကောင်း၊ ငါ့​အ​ပေါင်း​အ​ဖော်​တို့​ကို​လည်း​ကောင်း၊ လုပ်​ကျွေး​ပြီ​ဟု သင်​တို့​သည် ကိုယ်​တိုင်​သိ​ကြ၏။- 35ထို​သို့​သင်​တို့​သည်​လည်း အ​လုပ်​လုပ်၍ အား​နည်း​သော သူ​တို့​ကို မ​စ​ရ​မည်​ကို​လည်း​ကောင်း၊ အ​စွန့်​အ​ကြဲ​ခံ​ခြင်း​အ​ရာ​ထက် စွန့်​ကြဲ​ခြင်း အ​ရာ​သည်​သာ၍ မင်္ဂ​လာ​ရှိ​သည်​ဟု သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​သော စ​ကား​တော်​ကို အောက်​မေ့​ရ​မည်​ကို​လည်း​ကောင်း၊ အ​ရာ​ရာ၌ သင်​တို့​အား ငါ​ပြ​သ​ပြီ​ဟု၊- 36ပေါ​လု​ဆို​ပြီး​လျှင်၊ ဒူး​ထောက်၍ ထို​သူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဆု​တောင်း​လေ၏။- 37ထို​သူ​အ​ပေါင်း​တို့​သည် အ​လွန်​ငို​ကြွေး၍၊ ပေါ​လု၏​လည်​ပင်း​ကို ဖက်​ယမ်း​လျက် သူ့​ကို​နမ်း​ကြ၏။- 38နောက်​တစ်​ဖန် သူ၏​မျက်​နှာ​ကို မ​မြင်​ရ​ဟူ​သော စ​ကား​ကြောင့် သာ၍​ကြေ​ကွဲ​သော​စိတ်​နှင့် ပေါ​လု​ကို သင်္ဘော​သို့ ပို့​လိုက်​ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy