YouVersion Logo
Search Icon

တမန်တော် 12

12
ညှဉ်း​ဆဲ​ခြင်း
1ထို​အ​ခါ ဟေ​ရုဒ်​မင်း​ကြီး​သည် သင်း​ဝင်​သူ​အ​ချို့​တို့​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ​စီ​ရင်၍၊- 2ယော​ဟန်၏​အစ်​ကို​ဖြစ်​သော ယာ​ကုပ်​ကို ဓား​နှင့် ကွပ်​မျက်​လေ၏။- 3ယု​ဒ​လူ​တို့​သည် အား​ရ​ဝမ်း​မြောက်​ခြင်း ရှိ​သည်​ကို​မြင်​လျှင်၊ အ​ဇု​မ​ပွဲ​နေ့​ရက်​တို့၌ တစ်​ဖန်​ထပ်၍၊- 4ပေ​တ​ရု​ကို​လည်း ဖမ်း​ဆီး​ပြီး​မှ၊ ပ​သ​ခါ​ပွဲ​လွန်​လျှင် လူ​များ​တို့​အား ထုတ်​ပေး​မည်​အ​ကြံ​နှင့် အ​စောင့်​အ​ရှောက်​စစ်​သူ​ရဲ တစ်​ကျိပ်​ခြောက်​ယောက်​တို့၌​အပ်၍ ထောင်​ထဲ​မှာ လှောင်​ထား​လေ၏။-#ထွ၊ ၁၂:၁-၂၇။ 5ပေ​တ​ရု​သည် ထောင်​ထဲ၌ အ​ကျဉ်း​နေ​ရ​စဉ်၊ သင်း​ဝင်​သူ​တို့​သည် သူ့​အ​ဖို့​ကြိုး​စား၍ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ၏။
ပေ​တ​ရု​လွတ်​လာ​ခြင်း
6ပေ​တ​ရု​သည် ဟေ​ရုဒ်​မင်း​ထုတ်​ခါ​နီး၊ ည​အ​ချိန်​တွင် သံ​ကြိုး​နှစ်​စင်း​နှင့် ချည်​နှောင်​ခြင်း​ကို​ခံ​ရ​လျက်၊ စစ်​သူ​ရဲ​နှစ်​ယောက်​တို့​အ​လယ်၌ အိပ်​ပျော်၍၊ အ​စောင့်​များ​တို့​သည် ထောင်​တံ​ခါး​ရှေ့​မှာ စောင့်​နေ​ကြ၏။- 7ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ပေါ်​လာ​လျှင် ထောင်​အိမ်၌ အ​လင်း​ထွန်း​တောက်​လေ၏။ ကောင်း​ကင်​တ​မန်​သည် ပေ​တ​ရု၏ နံ​ဘေး​ကို​ပုတ်​ခတ်၍၊ အ​လျင်​အ​မြန်​ထ​လော့​ဟု ဆို​လျက်​ထ​စေ၏။ သံ​ကြိုး​သည်​လည်း ပေ​တ​ရု​လက်​မှ ကျွတ်​လေ၏။- 8ကောင်း​ကင်​တ​မန်​က​လည်း၊ သင်၏ ခါး​ပန်း​ကို​စည်း​လော့။ ခြေ​နင်း​ကို​လည်း​စည်း​လော့​ဟု ဆို​လျှင်၊ ဆို​သည်​အ​တိုင်း ပေ​တ​ရု​ပြု၏။ ဝတ်​လုံ​ကို​ခြုံ၍ ငါ့​နောက်​သို့​လိုက်​လော့​ဟု ဆို​ပြန်၏။- 9ပေ​တ​ရု​သည် ထွက်၍​လိုက်​သော်​လည်း၊ ကောင်း​ကင်​တ​မန် ပြု​သ​မျှ​တို့​သည် မှန်​သော​အ​မှု​အ​ရာ​ဖြစ်​သည်​ဟု မ​သိ​မ​မှတ်​ဘဲ၊ မိ​မိ​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​သည်​ဟု​ထင်​လေ၏။- 10လူ​စောင့်​နှစ်​တန်​ကို လွန်​သွား၍ မြို့​ထဲ​သို့ ဝင်​သော​သံ​တံ​ခါး​သို့ ရောက်​လျှင်၊ ထို​တံ​ခါး​သည် အ​လို​လို​ပွင့်​သ​ဖြင့် သူ​တို့​သည်​ထွက်၍ လမ်း​တစ်​ကြောင်း၌​လျှောက်​သွား​ပြီး​မှ၊ ကောင်း​ကင်​တ​မန်​သည် ချက်​ချင်း ပေ​တ​ရု​မှ ခွာ၍ သွား​လေ၏။
11ပေ​တ​ရု​သည် သ​တိ​ရ​လျှင်၊ ယ​ခု​ပင် သ​ခင်​ဘု​ရား​သည် မိ​မိ​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍ ဟေ​ရုဒ်​မင်း​လက်​မှ​လည်း​ကောင်း၊ ယု​ဒ​လူ​တို့၏ မျှော်​လင့်​ခြင်း​မှ​လည်း​ကောင်း၊ ငါ့​ကို​ကယ်​နုတ်​တော်​မူ​သည်​ကို ငါ​အ​မှန်​သိ၏​ဟု အောက်​မေ့​စဉ်၊- 12လူ​များ​စု​ဝေး၍ ဆု​တောင်း​ရာ၊ မာ​ကု​အ​မည်​သစ်​ကို​ရ​သော ယော​ဟန်၏​အ​မိ​ဖြစ်​သော မာ​ရိ၏​အိမ်​သို့​ရောက်၍၊- 13အိမ်​ဦး​တံ​ခါး​ကို​ခေါက်​လေ​သော်၊ ရော​ဒေ​အ​မည်​ရှိ​သော မိန်း​မ​ငယ်​တစ်​ယောက်​သည် နား​ထောင်​ခြင်း​ငှာ​လာ၍၊- 14ပေ​တ​ရု၏​စ​ကား​သံ​ကို သိ​လျှင်၊ ဝမ်း​မြောက်​သော​အား​ဖြင့် တံ​ခါး​ကို​မ​ဖွင့်​ဘဲ အ​ထဲ​သို့​ပြေး​ဝင်၍၊ ပေ​တ​ရု​သည် တံ​ခါး​ရှေ့​မှာ​ရပ်​နေ​သည်​ဟု ကြား​ပြော၏။- 15ထို​သူ​တို့​က၊ သင်​သည်​အ​ရူး​ဖြစ်၏​ဟု ထို​မိန်း​မ​ငယ်​အား​ဆို​ကြ​သော်​လည်း၊ ပေ​တ​ရု​အ​မှန်​ရှိ​သည်​ဟု သူ​သည်​ခိုင်​မာ​စွာ​ဆို​လျှင်၊ ပေ​တ​ရု၏ ကောင်း​ကင်​တ​မန်​ဖြစ်​လိမ့်​မည်​ဟု ဆို​ကြ၏။- 16ပေ​တ​ရု​သည် ခေါက်၍​နေ​သော်၊ တံ​ခါး​ကို​ဖွင့်​ကြ၍ သူ့​ကို​မြင်​သ​ဖြင့် အ​လွန်​တ​ရာ​အံ့​ဩ​ကြ၏။- 17ပေ​တ​ရု​သည်​လည်း ထို​သူ​တို့​ကို​တိတ်​ဆိတ်​စွာ နေ​စေ​ခြင်း​ငှာ မိ​မိ​လက်​နှင့်​အ​မှတ်​ပေး၍ မိ​မိ​ကို ထောင်​ထဲ​က သ​ခင်​ဘု​ရား​နုတ်​တော်​မူ သော​အ​ကြောင်း​အ​ရာ​ကို ဖော်​ပြ​ပြီး​မှ၊ သင်​တို့​သွား၍ ယာ​ကုပ်​နှင့် ညီ​အစ်​ကို​တို့​အား ဤ​အ​ကြောင်း​များ​ကို ပြန်​ကြား​ကြ​လော့​ဟု ဆို​ပြီး​လျှင်၊ ထွက်၍​အ​ခြား​တစ်​ပါး​သို့ သွား​လေ၏။- 18မိုး​လင်း​သော​အ​ခါ စစ်​သူ​ရဲ​တို့​သည် ပေ​တ​ရု၌ အ​ဘယ်​သို့ ဖြစ်​သ​နည်း​ဟု ရုန်း​ရင်း​ခတ်​မျှ​ဖြစ်​ကြ၏။- 19ဟေ​ရုဒ်​မင်း​သည် ပေ​တ​ရု​ကို​ရှာ၍ မ​တွေ့​သည်​ရှိ​သော်၊ စောင့်​ရှောက်​သော​သူ​တို့​ကို စစ်​ကြော​ပြီး​မှ သတ်​မည်​အ​ကြောင်း​ကို စီ​ရင်​လေ၏။
ဟေ​ရုဒ်​မင်း​ကွယ်​လွန်​ခြင်း
20ထို​နောက်၊ ဟေ​ရုဒ်​မင်း​သည် ယု​ဒ​ပြည်​မှ ကဲ​သ​ရိ​မြို့​သို့​သွား၍ နေ​သည်​ရှိ​သော်၊ တု​ရု​မြို့​သား​နှင့် ဇိ​ဒုန်​မြို့​သား​တို့​ကို အ​မျက်​ထွက်​လေ၏။ ထို​သူ​တို့​သည် တ​ညီ​တ​ညွတ်​တည်း​လာ​ကြ၍၊ ဗ​လ​တ္တု​အ​မည်​ရှိ​သော အ​တွင်း​ဝန်​ကို ဖျောင်း​ဖျ​ပြီး​မှ၊ အ​မျက်​တော်​ပြေ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ပြည်​သည် ပြည်​တော်​ကို​မှီ၍ ကျွေး​မွေး​ခြင်း​ကို​ခံ​ရ၏။- 21ဟေ​ရုဒ်​မင်း​သည်​လည်း ချိန်း​ချက်​သော​နေ့၌ မင်း​မြောက် တန်​ဆာ​ကို​ဝတ်​ဆင်၍ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​လျက် ထို​သူ​တို့​အား မိန့်​တော်​မူ၏။- 22လူ​များ​တို့​က၊ ဤ​အ​သံ​သည် လူ၏​အ​သံ​မ​ဟုတ်။ ဘု​ရား​သ​ခင်၏ အ​သံ​ဖြစ်၏​ဟု ကြွေး​ကြော်​ကြ​သည်​ရှိ​သော်၊- 23ထို​မင်း​ကြီး​သည် ဘု​ရား​သ​ခင်၏ ဂုဏ်​အ​သ​ရေ​တော်​ကို မ​ထောက်​ထား​သော​ကြောင့်၊ ထို​ခ​ဏ​ချင်း​တွင် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဒဏ်​ခတ်၍၊ ကိုယ်​တွင်း၌ ပိုး​များ​ကိုက်​သ​ဖြင့် အ​နိ​စ္စ​ရောက်​လေ၏။- 24ဘု​ရား​သ​ခင်၏ သာ​သ​နာ​တော်​သည် တိုး​ပွား​များ​ပြား​လေ၏။- 25ဗာ​န​ဗ​နှင့် ရှော​လု​တို့​သည် လုပ်​ကျွေး​ခြင်း​အ​မှု​ကို ဆောင်​ရွက်​ပြီး​လျှင်၊ မာ​ကု​အ​မည်​သစ်​ကို​ရ​သော ယော​ဟန်​ကို​လည်း ခေါ်​ခဲ့၍ ယေ​ရု​ရှ​လင်​မြို့​မှ​ပြန်​ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in