YouVersion Logo
Search Icon

တမန်တော် 10

10
ပေ​တ​ရု​နှ​င့်​ကော်​နေ​လိ
1ကဲ​သ​ရိ​မြို့၌ ဣ​တ​လိ​တပ်​ဟု ခေါ်​ဝေါ်​သော​တပ်​တွင် လူ​တစ်​ရာ​ကို​အုပ်​ချုပ်​သော တပ်​မှူး​ကော်​နေ​လိ အ​မည်​တွင်​သော သူ​တစ်​ယောက်​ရှိ၏။- 2ထို​သူ​သည် မိ​မိ​အိမ်​တွင်​ရှိ​သ​မျှ​သော သူ​တို့​နှင့်​တ​ကွ ဘု​ရား​ဝတ်၌ မွေ့​လျော်၍ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ခြင်း​ရှိ​သ​ဖြင့် လူ​တို့​အား များ​စွာ​သော စွန့်​ကြဲ​ခြင်း​ကို​ပြု၍ ဘု​ရား​သ​ခင်​ကို အ​စဉ်​ဆု​တောင်း​လေ့​ရှိ၏။- 3တစ်​နေ့​သ၌ နေ​သုံး​ချက်​တီး​အ​ချိန်​တွင် ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​သည်၊ ကော်​နေ​လိ​ဟု ခေါ်​လျက် ရောက်​လာ​သည်​ကို ထို​သူ​သည် ထင်​ရှား​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အား​ဖြင့် မြင်​ရ၏။- 4ကောင်း​ကင်​တ​မန်​ကို စေ့​စေ့​ကြည့်​လျှင် ထိတ်​လန့်​ခြင်း​ရှိ​သည် ဖြစ်၍၊ သ​ခင်၊ အ​ဘယ်​အ​ခင်း​ရှိ​ပါ​သ​နည်း​ဟု မေး​သော်၊ ကောင်း​ကင်​တ​မန်​က၊ သင်​ပြု​သော​ဆု​တောင်း​ပ​တ္ထ​နာ​နှင့် စွန့်​ကြဲ​ပေး​ကမ်း​ခြင်း​တို့​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အောက်​မေ့​စ​ရာ​ဖို့ တက်​ကြ​ပြီ။- 5ထို​ကြောင့် ယ​ခု​ပင်​ယု​ပ္ပေ​မြို့​သို့ လူ​တို့​ကို​စေ​လွှတ်၍၊ ပေ​တ​ရု အ​မည်​သစ်​ကို​ရ​သော ရှိ​မုန်​ကို​ခေါ်​ပင့်​လော့။- 6ထို​သူ​သည် သား​ရေ​လုပ်​သ​မား​ရှိ​မုန်၏​အိမ်၌ တည်း​နေ၏။ ထို​အိမ်​သည် ပင်​လယ်​နား​မှာ​ရှိ​သည်​ဟု ပြော​ဆို၏။- 7ထို​သို့​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​သွား​ပြီး​မှ၊ ကော်​နေ​လိ​သည် မိ​မိ​ငယ်​သား​နှစ်​ယောက်​နှင့်​တ​ကွ မိ​မိ​ထံ၌ မ​ပြတ်​ခ​စား​သော​လူ​စု​အ​ဝင်၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​သော စစ်​သူ​ရဲ​တစ်​ယောက်​ကို​ခေါ်၍၊- 8ထို​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို ကြား​ပြော​ပြီး​မှ ယု​ပ္ပေ​မြို့​သို့ စေ​လွှတ်၏။
9နက်​ဖြန်​နေ့၌ ထို​သူ​တို့​သည် သွား၍ ယု​ပ္ပေ​မြို့​အ​နီး​သို့ ရောက်​ကြ​သော​အ​ခါ၊ နှစ်​ချက်​တီး​အ​ချိန်​တွင် ပေ​တ​ရု​သည် ဆု​တောင်း​ခြင်း​ငှာ အိမ်​မိုး​ပေါ်​သို့ တက်​လေ၏။- 10ဆာ​မွတ်၍ အ​စာ​အာ​ဟာ​ရ​ကို အ​လို​ရှိ​လျှင် သူ​တစ်​ပါး​တို့​သည် အ​စာ​အာ​ဟာ​ရ​ကို ပြင်​ဆင်​ကြ​စဉ်​အ​ခါ ပေ​တ​ရု​သည် ဘ​ဝင်​ဖြစ်​၍​နေ​သ​ဖြင့်၊- 11ကောင်း​ကင်​ဖွင့်​လှစ်​သည်​ကို​လည်း​ကောင်း၊ ခြုံ​ထည်​ကဲ့​သို့ လေး​ထောင့်​ချုပ်၍ မြေ​သို့​ချ​လွှတ်​သော တန်​ဆာ​သည် မိ​မိ​ဆီ​သို့ ဆင်း​သက်​လာ​သည်​ကို​လည်း​ကောင်း မြင်​လေ၏။- 12ထို​တန်​ဆာ​ထဲ၌ သား​ရဲ​မှ​စ၍ မြေ၌​ကျင်​လည် သော​သား​မျိုး၊ တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး၊ မိုး​ကောင်း​ကင်၌ ကျင်​လည်​သော ငှက်​မျိုး​တို့​သည် ရှိ​ကြ၏။- 13စ​ကား​အ​သံ​သည်​လည်း၊ ပေ​တ​ရု​ထ၍ သတ်​စား​လော့​ဟု လာ၏။- 14ပေ​တ​ရု​က​လည်း၊ မ​ဖြစ်​နိုင်​ပါ​သ​ခင်။ ညစ်​ညူး​သော​အ​ရာ​နှင့် မ​စင်​ကြယ်​သော​အ​ရာ​ကို အ​ကျွန်ုပ်​သည် တစ်​ရံ​တစ်​ခါ​မျှ မ​စား​ဖူး​ပါ​ဟု ပြော​ဆို၏။- 15နောက်​တစ်​ဖန် စ​ကား​သံ​ကား၊ ဘု​ရား​သ​ခင် စင်​ကြယ်​စေ​တော်​မူ​သော​အ​ရာ​ကို ညစ်​ညူး​သည်​မ​ထင်​နှင့်​ဟု လာ​ပြန်၏။- 16ထို​သို့ သုံး​ကြိမ်​မြောက်​အောင်​လာ​ပြီး​လျှင်၊ ထို​တန်​ဆာ​ကို ကောင်း​ကင်​ထဲ​သို့ သိမ်း​ရုပ်​ပြန်​လေ၏။
17ပေ​တ​ရု​သည် မိ​မိ​မြင်​ရ​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကား၊ အ​ဘယ်​သို့ ဆို​လို​သ​နည်း​ဟု တွေး​တော​ဆင်​ခြင်၍ နေ​စဉ်​တွင်၊ ကော်​နေ​လိ​စေ​လွှတ်​သော​သူ​တို့​သည် ရှိ​မုန်​အိမ်​ကို မေး​မြန်း​ရှာ​ဖွေ၍ တံ​ခါး​ရှေ့​မှာ​ရပ်​လျက်၊ 18ပေ​တ​ရု​အ​မည်​သစ်​ကို​ရ​သော ရှိ​မုန်​သည် ဤ​မှာ​တည်း​နေ​ပါ သ​လော​ဟု မေး​မြန်း​ဟစ်​ခေါ်​ကြ၏။ 19ပေ​တ​ရု​သည် ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို ဆင်​ခြင်၍​နေ​စဉ်​တွင် ဝိ​ညာဉ်​တော်​က၊ လူ​သုံး​ယောက်​တို့​သည် သင့်​ကို​ရှာ​ကြ၏။- 20ထ၍​ဆင်း​လော့။ တွေး​တော​ခြင်း​မ​ရှိ​ဘဲ ထို​သူ​တို့​နှင့်​အ​တူ လိုက်​သွား​လော့။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ငါ​စေ​လွှတ်​သော သူ​ဖြစ်​ကြ​သည်​ဟု မိန့်​တော်​မူ​လျှင်၊- 21ပေ​တ​ရု​သည်​ဆင်း၍၊ ငါ​ကား၊ သင်​တို့​ရှာ​သော​သူ ဖြစ်၏။ အ​ဘယ်​အ​ကြောင်း​ရှိ၍ လာ​ကြ​သ​နည်း​ဟု ထို​သူ​တို့​အား​မေး၏။- 22ထို​သူ​တို့​က​လည်း ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့၍၊ ယု​ဒ​လူ​အ​ပေါင်း​တို့​တွင် အ​သ​ရေ​ရှိ​သော သူ​တော်​ကောင်း​တည်း​ဟူ​သော တပ်​မှူး​ကော်​နေ​လိ​သည်၊ ကိုယ်​တော်​ကို မိ​မိ​အိမ်​သို့​ခေါ်​ပင့်၍ ကိုယ်​တော်၏​စ​ကား​ကို နား​ထောင်​ရ​မည်​အ​ကြောင်း၊ သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​အား​ဖြင့် ဗျာ​ဒိတ်​တော်​ကို ခံ​ရ​ပါ​သည်​ဟု ပြန်​ပြော​ကြ၏။- 23ပေ​တ​ရု​သည်​လည်း ထို​သူ​တို့​ကို အိမ်​ထဲ​သို့​ခေါ်၍ ဧည့်​သည်​ဝတ်​ကို ပြု​လေ၏။ နက်​ဖြန်​နေ့၌​ထ၍ ထို​သူ​တို့​နှင့်​အ​တူ သွား​သ​ဖြင့်၊ ယု​ပ္ပေ​မြို့​သား​ဖြစ်​သော ညီ​အစ်​ကို အ​ချို့​တို့​သည် လိုက်​ကြ၏။
24ထို​နောက်​တစ်​နေ့၌ ကဲ​သ​ရိ​မြို့​သို့​ဝင်​ကြ၍၊ ကော်​နေ​လိ​သည် မိ​မိ​အ​ဆွေ​အ​မျိုး မိတ်​ဆွေ​ခင်​ပွန်း​များ​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ထို​သူ​တို့​ကို​မျှော်​လင့်​လျက်​နေ​ကြ၏။- 25ပေ​တ​ရု​ရောက်​လာ​သော​အ​ခါ ကော်​နေ​လိ​သည် ခ​ရီး​ဦး​ကြို​ပြု၍၊ ပေ​တ​ရု၏​ခြေ​ရင်း၌ ပျပ်​ဝပ်​လျက် ကိုး​ကွယ်​လေ၏။- 26ပေ​တ​ရု​သည် သူ့​ကို​ချီ​ပင့်​လျက်၊ ထ​လော့။ ငါ​ကိုယ်​တိုင် လူ​ဖြစ်​သည်​ဟု​ဆို၏။- 27ထို​သို့​နှုတ်​ဆက်၍ ဝင်​လေ​သော် စု​ဝေး​လျက်​ရှိ​ကြ​သော လူ​များ​ကို​တွေ့​လျှင်၊- 28ပေ​တ​ရု​က၊ ယု​ဒ​လူ​ဖြစ်​သော​သူ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့် မ​ပေါင်း​ဖော် မ​ချည်း​ကပ်​အပ်​သည်​ကို သင်​တို့​သိ​ကြ၏။ သို့​သော်​လည်း ညစ်​ညူး​သည် မ​စင်​ကြယ်​ဟု အ​ဘယ်​သူ​ကို​မျှ မ​ခေါ်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည်၊ ငါ့​အား ဆုံး​မ​ပြ​သ​တော်​မူ​ပြီ။- 29ထို​ကြောင့် ငါ့​ကို​ခေါ်​ကြ​သော​အ​ခါ ငါ​သည် မ​ငြင်း​မ​ခုံ​ဘဲ​လျက် လာ၏။ သို့​ဖြစ်၍ အ​ဘယ်​အ​ကြောင်း​ကြောင့် ငါ့​ကို​ခေါ်​ကြ​သ​နည်း၊ ငါ​မေး​လို​သည်​ဟု ထို​သူ​တို့ အား​ပြော​ဆို၏။
30ကော်​နေ​လိ​က​လည်း၊ အ​ကျွန်ုပ်​သည် ယ​ခု​အ​ချိန် နာ​ရီ​တိုင်​အောင် အ​စာ​ရှောင်၍ သုံး​ချက်​တီး​အ​ချိန်​တွင် အိမ်၌​ဆု​တောင်း​လျက် နေ​သည်၊ ယ​ခု လေး​ရက်​ရှိ​ပါ​ပြီ။ ထို​အ​ချိန်၌ လူ​တစ်​ယောက်​သည် ထွန်း​တောက်​သော​အ​ဝတ်​ကို ဝတ်​လျက် အ​ကျွန်ုပ် ရှေ့​မှောက်၌​ရပ်၍၊- 31ကော်​နေ​လိ၊ သင်​ပြု​သော​ပ​တ္ထ​နာ​ကို ဘု​ရား​သ​ခင်​သည် ကြား၍၊ သင်​စွန့်​ကြဲ​ခြင်း​ကို​လည်း မှတ်​တော်​မူ​ပြီ။- 32ထို​ကြောင့် ယု​ပ္ပေ​မြို့​သို့​စေ​လွှတ်၍ ပေ​တ​ရု အ​မည်​သစ်​ကို​ရ​သော ရှိ​မုန်​ကို ခေါ်​ပင့်​လော့။ ထို​သူ​သည် ပင်​လယ်​နား​မှာ သား​ရေ​လုပ်​သ​မား ရှိ​မုန်၏​အိမ်၌ တည်း​နေ၏။ ထို​သူ​သည်​ရောက်​လာ​လျှင် သင့်​အား ဟော​ပြော​လိမ့်​မည်​ဟု ပြော​ဆို​ပါ၏။- 33ထို​ကြောင့် အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ အ​လျင်​အ​မြန်​စေ​လွှတ်၍၊ ကိုယ်​တော်​သည် ကြွ​လာ​သော​အား​ဖြင့် ကောင်း​မွန်​စွာ​ပြု​ပါ​ပြီ။ သို့​ဖြစ်၍ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်၌​မှာ​ထား​တော်​မူ​သ​မျှ​ကို နား​ထောင်​ခြင်း​ငှာ၊ ယ​ခု​အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ အ​သင့်​နေ​ကြ​ပါ​သည်​ဟု ကော်​နေ​လိ ပြော​ဆို၏။
ပေ​တ​ရု​ဟော​ပြော​ချက်
34ထို​အ​ခါ​ပေ​တ​ရု​သည် နှုတ်​ကို​ဖွင့်၍၊ အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် လူ​မျက်​နှာ​ကို မှတ်​တော်​မ​မူ။-#တ​ရား၊ ၁၀:၁၇။ 35လူ​အ​မျိုး​မျိုး​တို့​တွင် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ တ​ရား​သ​ဖြင့် ကျင့်​ဆောင်​သော​သူ​သည် အ​ထံ​တော်၌ မျက်​နှာ​ရ​သည်​ကို ငါ​သိ​မြင်၏။- 36အ​လုံး​စုံ​တို့​ကို အ​စိုး​ရ​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ရန်​ငြိမ်း​ခြင်း​တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ​လျက်၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ပေး​လိုက်​တော်​မူ​သော တ​ရား​တော်​နှင့်​အ​ညီ၊- 37ယော​ဟန်​သည် ဗ​တ္တိ​ဇံ​တ​ရား​ကို ဟော​သည်​နောက် ဂါ​လိ​လဲ​ပြည်​မှ​စ၍ ယု​ဒ​ပြည်​အ​ရပ်​ရပ်​တို့၌ နှံ့​ပြား​သော အ​ကြောင်း​အ​ရာ​ကို သင်​တို့​သည် သိ​ကြ၏။- 38ထို​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​နှင့်​လည်း​ကောင်း၊ နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ကို ဘိ​သိက်​ပေး​တော်​မူ​သ​ဖြင့်၊ ထို​သူ​သည် ဘု​ရား​သ​ခင်၏​အ​ခွင့်​တော်​နှင့် ကျေး​ဇူး​ပြု​လျက်၊ မာရ်​နတ်​ညှဉ်း​ဆဲ​သော သူ​အ​ပေါင်း​တို့​အား ချမ်း​သာ​ကို​ပေး​လျက် လှည့်​လည်​တော်​မူ၏။- 39ငါ​တို့​သည်​လည်း၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်​တွင်​ပြု​တော်​မူ​သော အ​မှု​များ​တို့၏ သက်​သေ​ခံ​ဖြစ်​ကြ၏။ ထို​သူ​ကို သစ်​တိုင်၌​ဆွဲ၍ ကွပ်​မျက်​ကြ​လေ၏။- 40သုံး​ရက်​မြောက်​သော​နေ့၌ ဘု​ရား​သ​ခင်​သည် ထ​မြောက်​စေ​တော်​မူ၍၊- 41လူ​အ​ပေါင်း​တို့​အား ထင်​ရှား​စွာ​ပြ​တော်​မ​မူ၊ ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​နှင့်​သော သက်​သေ​ခံ​တည်း​ဟူ​သော ငါ​တို့​အား ထင်​ရှား​စွာ ပြ​တော်​မူ၏။ သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နောက်၊ ထို​သ​ခင်​နှင့်​အ​တူ ငါ​တို့​သည် စား​သောက်​ရ​ကြ၏။- 42ထို​သ​ခင်​သည်​လည်း အ​သက်​ရှင်​သော​သူ​တို့​နှင့် သေ​သော​သူ​တို့​ကို တ​ရား​စီ​ရင်​သော​သ​ခင်​ဖြစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် ခန့်​ထား​တော် မူ​ကြောင်း​ကို လူ​အ​ပေါင်း​တို့​အား ဟော​ပြော​ကြ​လော့။ သက်​သေ​ခံ​ကြ​လော့​ဟု ငါ​တို့​အား ပ​ညတ်​ထား​တော်​မူ၏။- 43ထို​သ​ခင်​ကို ယုံ​ကြည်​သော​သူ​ရှိ​သ​မျှ​တို့​သည် နာ​မ​တော်​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း ကျေး​ဇူး​ကို ခံ​ရ​ကြ​လ​တ္တံ့​ဟူ၍ ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ထို​သ​ခင်၏ သက်​သေ​ခံ​ဖြစ်​ကြ​သည်​ဟု ပေ​တ​ရု​မြွက်​ဆို၏။
လူ​မျိုး​ခြား​အ​ပေါ်​သ​န့်​ရှင်း​သော ဝိ​ညာဉ်​တော်​သက်​ရောက်​ခြင်း
44ထို​စ​ကား​ကို မြွက်​ဆို​စဉ်၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို ကြား​နာ​ရ​သော သူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သက်​ရောက်​တော်​မူ၏။- 45တစ်​ပါး​အ​မျိုး​သား​တို့ အ​ပေါ်​သို့ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ ကျေး​ဇူး​ကို သွန်း​လောင်း​သော​ကြောင့်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တည်း​ဟူ​သော ပေ​တ​ရု​နှင့် ပါ​သ​မျှ​သော တ​ပည့်​တော်​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ​ကြ၏။- 46အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​အား​ဖြင့်​ပြော၍၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​သည်​ကို ကြား​ကြ​လေ၏။- 47ထို​အ​ခါ ပေ​တ​ရု​က၊ ငါ​တို့​ကဲ့​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ရ​သော ဤ​သူ​တို့​ကို ဗ​တ္တိ​ဇံ​မ​ပေး​စေ​ခြင်း​ငှာ အ​ဘယ်​သူ​သည် ရေ​ကို မြစ်​တား​နိုင်​သ​နည်း ဟု​ဆို​လျက်၊- 48သ​ခင်​ဘု​ရား၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ခံ​စေ​မည်​အ​ကြောင်း စီ​ရင်​လေ၏။ ထို​နောက်​မှ ပေ​တ​ရု​သည် ကာ​လ​အ​တန်​အ​ရာ နေ​ပါ​မည်​အ​ကြောင်း​ကို ထို​သူ​တို့​သည် တောင်း​ပန်​ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in