YouVersion Logo
Search Icon

၂ တိမောသေ 4

4
1ကိုယ်​တော်​တိုင်​ပေါ်​ထွန်း၍ နိုင်​ငံ​တော်​ထင်​ရှား​သော​ကာ​လ၊ အ​သက်​ရှင်​သော​သူ၊ သေ​သော​သူ​တို့​ကို စစ်​ကြော​စီ​ရင်​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ် ရှေ့​မှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင် ရှေ့​မှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို သ​စ္စာ​ပေး​သည်​ကား၊- 2နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟောပြော​လော့။ အ​ချိန်​ရှိ​သည်​ဖြစ်​စေ၊ မ​ရှိ​သည်​ဖြစ်​စေ၊ ကြိုး​စား​အား​ထုတ်​လော့။ အ​ပြစ်​ကို ဖော်​ပြ​လော့။ ဆုံး​မ​ခြင်း​ကို​ပြု​လော့။ အ​လွန်​ရှည်​သော​စိတ်​နှင့် ဩ​ဝါ​ဒ​မျိုး​ကို​ပေး၍ တိုက်​တွန်း​သွေး​ဆောင်​လော့။- 3အ​ကြောင်း​မူ​ကား၊ နောင်​ကာ​လ၌ လူ​တို့​သည် စင်​ကြယ်​သော​ဩ​ဝါ​ဒ​ကို နား​မ​ခံ​နိုင်​ဘဲ၊ ယား​တတ်​သော နား​ရှိ​လျှင်၊ မိ​မိ​တပ်​မက်​ခြင်း​အ​တိုင်း များ​ပြား​သော ဆ​ရာ​တို့​နောက်​သို့ လိုက်​ကြ​လိမ့်​မည်။- 4သ​မ္မာ​တ​ရား​ကို နား​မ​ထောင်​ဘဲ၊ ဒ​ဏ္ဏာ​ရီ​စ​ကား​ကို နား​ထောင်၍ လွဲ​သွား​ကြ​လိမ့်​မည်။- 5သင်​မူ​ကား၊ အ​ရာ​ရာ၌ သ​မ္မာ​သ​တိ​ရှိ​စေ​လော့။ ဆင်း​ရဲ​ဒု​က္ခ​ကို သည်း​ခံ​လော့။ သာ​သ​နာ​ပြု​ဆ​ရာ ဆောင်​ရွက်​ရ​သော​အ​မှု​ကို ဆောင်​ရွက်​လော့။ ဓ​မ္မ​ဆ​ရာ​အ​ရာ၌ ခန့်​ထား၍ ပြု​ရ​သော​ဝတ်​များ​ကို အ​ကုန်​အ​စင်​ပြု​လော့။- 6အ​ကြောင်း​မူ​ကား၊ ငါ့​ကို​ယဇ်​ပေါ်​မှာ လောင်း​ရ​သော အ​ချိန်​ရှိ​ပြီ။ စု​တေရ​သော​အ​ချိန် ရောက်​လေ​ပြီ။- 7ကောင်း​စွာ​သော တိုက်​လှန်​ခြင်း​ကို ငါ​ပြု​ပြီ။ ပြေး​ရ​သော​လမ်း​ကို အ​ဆုံး​တိုင်​အောင်​ပြေး​ပြီ။ ယုံ​ကြည် ခြင်း​တ​ရား​ကို စောင့်​ရှောက်​ပြီ။- 8ယ​ခု​မှ​စ၍ ဓ​မ္မ​သ​ရ​ဖူ​သည် ငါ့​အ​ဖို့ သို​ထား​လျက်​ရှိ၏။ ထို​နေ့​ရက်၌ တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ​တည်း​ဟူ​သော သ​ခင်​ဘု​ရား​သည် ထို​သ​ရ​ဖူ​ကို ငါ၌​အပ်​ပေး​တော်​မူ​မည်။ ထို​မျှ​မ​က၊ ပေါ်​ထွန်း​တော်​မူ​ခြင်း​ကို တောင့်​တ​သော​သူ​အ​ပေါင်း​တို့၌​လည်း အပ်​ပေး​တော်​မူ​မည်။
ကိုယ်​ရေး​ကိုယ်​တာ​အ​မှာ​စ​ကား
9-10ငါ့​ထံ​သို့ မြန်​မြန်​လာ​ခြင်း​ငှာ ကြိုး​စား​လော့။ အ​ကြောင်း​မူ​ကား၊ ဒေ​မ​သည် ယ​ခု​ဘ​ဝ​ကို နှစ်​သက်​သော စိတ်​ရှိ​သည်​နှင့် ငါ့​ကို​စွန့်​ပစ်၍၊ သက်​သာ​လော​နိတ်​မြို့​သို့ သွား​ပြီ။ က​ရ​က္ကေ​သည် ဂ​လာ​တိ​ပြည်​သို့​လည်း​ကောင်း၊ တိ​တု​သည် ဒါ​လ​မာ​တိ​ပြည်​သို့​လည်း​ကောင်း သွား​ပြီ။- 11လု​ကာ​တစ်​ယောက်​တည်း​သာ ငါ့​ထံ​မှာ​ရှိ၏။ မာ​ကု​ကို သင်​နှင့်​အ​တူ​ခေါ်​ခဲ့​လော့။ သူ​သည် ဆ​ရာ​အ​မှု​ကို​ပြု​ရာ​မှာ ငါ​အ​ကျိုး​ရှိ၏။- 12တု​ခိတ်​ကို​လည်း ဧ​ဖက်​မြို့​သို့ ငါ​စေ​လွှတ်​ပြီ။- 13တ​ရော​မြို့​တွင် ကာ​ပု​လက်၌ ငါ​ထား​ခဲ့​သော ဝတ်​လုံ​ကို​လည်း​ကောင်း၊ စာ​စောင်​ကို​လည်း​ကောင်း၊ အ​ထူး​သ​ဖြင့် သား​ရေ​စာ​ကို​လည်း​ကောင်း၊ သင်​သည်​လာ​သော​အ​ခါ ယူ​ခဲ့​လော့။- 14ပန်း​တဉ်း​သ​မား​အာ​လေ​ဇ​န္ဒြု​သည် ငါ၌ မ​ကောင်း​သော အ​မှု​အ​များ​ကို ပြု​လေ​ပြီ။ ထို​သူ​ကျင့်​သော အ​ကျင့်​တို့၏ အ​ကျိုး​အ​ပြစ်​ကို သ​ခင်​ဘု​ရား ဆပ်​ပေး​တော်​မူ​ပါ​စေ​သော။- 15သူ့​ကို​သ​တိ​ပြု​လော့။ ငါ​တို့​စ​ကား​ကို အ​လွန်​ငြင်း​ပယ်​လေ​ပြီ။- 16ပ​ထ​မ​အ​ချိန်၌ အ​ပြစ်​တင်​ခွင့်​ကို​ဖြေ၍ ငါ​သည် အ​စီ​ရင်​ခံ​ရ​သော​အ​ခါ၊ ငါ့​ဘက်၌ အ​ဘယ်​သူ​မျှ​မ​နေ။ လူ​အ​ပေါင်း​တို့​သည် ငါ့​ကို စွန့်​ပစ်​ကြ၏။- 17သူ​တို့၌ အ​ပြစ်​တင်​တော်​မ​မူ​ပါ​စေ​နှင့်။ လူ​အ​ပေါင်း​တို့​သည် စွန့်​ပစ်​ကြ​သော်​လည်း၊ ဒေ​သ​နာ​တော်​ကို အ​ကုန်​အ​စင်​ဟော​ပြော၍၊ ခပ်​သိမ်း​သော​လူ​မျိုး​တို့​သည် ကြား​သိ​စေ​ခြင်း​ငှာ၊ သ​ခင်​ဘု​ရား​သည် ငါ့​ဘက်၌​နေ၍ ငါ့​ကို ခွန်​အား​နှင့် ပြည့်​စုံ​စေ​တော်​မူ​သော​ကြောင့်၊ ခြင်္သေ့​ခံ​တွင်း​မှ ကယ်​နုတ်​ခြင်း​ချမ်း​သာ​ကို ငါ​ရ၏။- 18ထို​မျှ​မ​က၊ သ​ခင်​ဘု​ရား​သည် မ​ကောင်း​သော အ​မှု​ရှိ​သ​မျှ​တို့မှ ငါ့​ကို​ကယ်​နုတ်၍၊ မိ​မိ​ကောင်း​ကင်​နိုင်​ငံ​တော်​သို့ တိုင်​အောင် မ​စ​ပို့​ဆောင်​တော်​မူ​လိမ့်​မည်။ ထို​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။
နောက်​ဆုံး​နှုတ်​ဆက်​စ​ကား
19ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​မှ​စ၍ ဩ​နေ​သိ​ဖော်၏ အိမ်​သူ​အိမ်​သား​များ​ကို နှုတ်​ဆက်​လော့။- 20ဧ​ရ​က္ကု​သည် ကော​ရိ​န္သု​မြို့၌​နေ၏။ တ​ရော​ဖိမ်​သည် နာ၍ မိ​လက်​မြို့၌​ငါ​ထား​ခဲ့၏။- 21ဆောင်း​ကာ​လ​မ​ရောက်​မီ ကြိုး​စား၍ လာ​ခဲ့​လော့။ ဥ​ဗု​လု၊ ပု​ဒေ၊ လိ​နု၊ က​လော​ဒိ​မှ​စ၍ ညီ​အစ်​ကို အ​ပေါင်း​တို့​သည် သင့်​ကို နှုတ်​ဆက်​ကြ၏။- 22သ​ခင်​ယေ​ရှု​ခ​ရစ်​သည် သင်၏​စိတ်​ဝိ​ညာဉ်​နှင့် အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။ သင်၌ ကျေး​ဇူး​တော်​ရှိ​စေ​သ​တည်း။ အာ​မင်။
တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy