YouVersion Logo
Search Icon

၂ ဓမ္မရာဇဝင် 18

18
အ​ဗ​ရှ​လုံ​ကျ​ဆုံး​ခြင်း
1ဒါ​ဝိဒ်​သည် မိ​မိ၌​ပါ​သော လူ​တို့​ကို​ရေ​တွက်၍ တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​တို့​ကို ခန့်​ထား၏။ 2လူ​သုံး​စု​တစ်​စု​ကို ယွာ​ဘ၌​လည်း​ကောင်း၊ တစ်​စု​ကို ဇေ​ရု​ယာ​သား ယွာ​ဘ​ညီ အ​ဘိ​ရှဲ၌​လည်း​ကောင်း၊ တစ်​စု​ကို​ဂိ​တ္တိ​လူ အိ​တ္တဲ၌​လည်း​ကောင်း​အပ်၍၊ ငါ့​ကိုယ်​တိုင်​ချီ​သွား​မည်​ဟု လူ​များ​တို့​အား​မိန့်​တော်​မူ၏။ 3လူ​များ​တို့​က​လည်း၊ ကိုယ်​တိုင်​ကြွ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​တို့​ပြေး​သော်​လည်း သူ​တို့​သည် အ​မှု​မ​ထား​ကြ​ပါ။ ကျွန်​တော်​တို့ တစ်​ဝက်​သေ​သော်​လည်း သူ​တို့​သည် အ​မှု​မ​ထား​ကြ​ပါ။ ကိုယ်​တော်​မူ​ကား၊ ကျွန်​တော်​တို့ တစ်​သောင်း​ထက် မြတ်​တော်​မူ၏။ သို့​ဖြစ်၍ ကျွန်​တော်​တို့​ကို မြို့​ထဲ​က​မ​စ​တော်​မူ​လျှင် သာ၍​ကောင်း​ပါ​လိမ့်​မည်​ဟု လျှောက်​ကြ၏။ 4ရှင်​ဘု​ရင်​က​လည်း၊ ငါ​သည်​သင်​တို့​အ​လို​သို့​လိုက်​မည်​ဟု မိန့်​တော်​မူ၍ တံ​ခါး​ဝ​နား​မှာ​ရပ်​တော်​မူ​လျှင်၊ လူ​အ​ပေါင်း​တို့​သည် တစ်​ရာ​တပ်၊ တစ်​ထောင်​တပ်​အား​ဖြင့် ချီ​သွား​ကြ၏။ 5ရှင်​ဘု​ရင်​က​လည်း၊ ငါ့​မျက်​နှာ​ကို​ထောက်၍ ငါ့​သား​အ​ဗ​ရှ​လုံ​ကို ဖြည်း​ညင်း​စွာ​ပြု​ကြ​လော့​ဟု ယွာ​ဘ၊ အ​ဘိ​ရှဲ၊ အိ​တ္တဲ​တို့​ကို မှာ​ထား​တော်​မူ၏။ ထို​သို့ ရှင်​ဘု​ရင်​သည် အ​ဗ​ရှ​လုံ​အ​တွက် ဗိုလ်​မင်း​အ​ပေါင်း​တို့​ကို မှာ​ထား​တော်​မူ​သော​အ​ခါ၊ လူ​အ​ပေါင်း​တို့​သည် ကြား​ကြ၏။ 6ထို​သို့ လူ​များ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ကို စစ်​တိုက်​အံ့​သော​ငှာ မြို့​ပြင်​သို့​ထွက်၍ ဧ​ဖ​ရိမ်​တော၌ စစ်​ပြိုင်​ကြ၏။ 7ဣ​သ​ရေ​လ​လူ​တို့​သည် ဒါ​ဝိဒ်၏​ကျွန်​တို့​ရှေ့​မှာ​ရှုံး၍ ထို​နေ့​ချင်း​တွင် ကြီး​စွာ​သော​လုပ်​ကြံ​ခြင်း​အား​ဖြင့် လူ​နှစ်​သောင်း​သေ​ကြ၏။ 8မြေ​တစ်​ပြင်​လုံး​အ​နှံ့​အ​ပြား တိုက်​ကြ​သ​ဖြင့် ထို​နေ့၌ လူ​ချင်း​သတ်၍ သေ​သည်​ထက် တော၌​ဆုံး​ရှုံး​သော​သူ သာ၍​များ​ကြ၏။ 9ဒါ​ဝိဒ်၏​ကျွန်​တို့​သည် အ​ဗ​ရှ​လုံ​ကို​တွေ့​ကြ၏။ သူ​သည် မြည်း​ကို​စီး​လျက်​ပင် မြည်း​သည် ကြီး​သော​သ​ပိတ်​ပင် အ​ကိုင်း​အ​ခက်​အောက်​သို့​ဝင်၍၊ အ​ဗ​ရှ​လုံ၏​ခေါင်း​သည် သ​ပိတ်​ပင်၌​ငြိ​သ​ဖြင့်၊ မိုး​နှင့် မြေ​ကြီး​စပ်​ကြား​မှာ တွဲ​လွဲ​ဆွဲ​လျက်​နေ၍၊ မြည်း​သည် အ​လို​အ​လျောက်​သွား​လေ၏။ 10မြင်​သော​သူ​တစ်​ယောက်​သည် ယွာ​ဘ​ထံ​သို့ သွား၍၊ သ​ပိတ်​ပင်၌ အ​ဗ​ရှ​လုံ​ဆွဲ​နေ​သည်​ကို ကျွန်​တော်​မြင်​ခဲ့​သည်​ဟု ကြား​ပြော​လျှင်၊ 11ယွာ​ဘ​က၊ သင်​သည် မြင်​ခဲ့​သည်​မှန်​လျှင် အ​ဘယ်​ကြောင့် သူ့​ကို​ထိုး၍ မြေ​ကြီး​ပေါ်​သို့ မ​ချ​ခဲ့​သ​နည်း။ ထို​သို့​ပြု​လျှင် ငွေ​အ​ကျပ်​တစ်​ဆယ်​နှင့် ခါး​စည်း​ကို ငါ​ပေး​ပြီ​ဟု ပြော​ဆို​သော်၊ 12ထို​သူ​က ကျွန်​တော်​သည် ကိုယ်​လက်၌ ငွေ​အ​ခွက်​တစ်​ဆယ်​ကို​ပင် ခံ​ရ​သော်​လည်း ရှင်​ဘု​ရင်၏​သား​ကို မ​ပြု​နိုင်​ပါ။ အ​ကြောင်း​မူ​ကား၊ ကျွန်​တော်​တို့​ကြား​သည်​အ​တိုင်း ရှင်​ဘု​ရင်​က၊ ငါ့​မျက်​နှာ​ကို​ထောက်၍ ငါ့​သား​အ​ဗ​ရှ​လုံ​ကို စောင့်​မ​ကြ​လော့​ဟု ကိုယ်​တော်​နှင့် အ​ဘိ​ရှဲ၊ အိ​တ္တဲ​တို့​ကို မှာ​ထား​တော်​မူ​ပြီ။ 13ကျွန်​တော်​ပြု​မိ​လျှင် ကိုယ်​ကို​လှည့်​စား၍ ကိုယ်​အ​သက်​ရှုံး​ပါ​ပြီ။ ရှင်​ဘု​ရင်​မ​သိ​သော​အ​မှု တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ ကိုယ်​တော်​သည်​လည်း ကျွန်​တော်​တစ်​ဖက်၌ နေ​ပါ​လိမ့်​မည်​ဟု ပြော​ဆို​သော်၊ 14ယွာ​ဘ​က၊ သင်​နှင့်​အ​တူ ငါ​မ​နေ​အား​ဟု​ဆို​လျက် လှံ​ယဉ်​သုံး​စင်း​ကို​ကိုင်​ယူ၍ သ​ပိတ်​ပင်​အ​လယ်၌ အ​သက်​ရှင်​လျက်​ရှိ​သော အ​ဗ​ရှ​လုံ၏​နှ​လုံး​ကို ထုတ်​ချင်း ခပ်​ထိုး​လေ၏။ 15လက်​နက်​ဆောင်​လု​လင် တစ်​ကျိပ်​တို့​သည်​လည်း ဝိုင်း၍ အ​ဗ​ရှ​လုံ​ကို အ​သေ​သတ်​ကြ၏။ 16ယွာ​ဘ​သည်​လည်း တံ​ပိုး​မှုတ်၍ လူ​တို့​ကို​ဆီး​တား​သ​ဖြင့် ဣ​သ​ရေ​လ​လူ​တို့​ကို လိုက်​ရာ​မှ ပြန်​လာ​ကြ၏။ 17အ​ဗ​ရှ​လုံ​ကို​လည်း​ယူ၍ တော၌ နက်​သော​မြေ​တွင်း​ထဲ​သို့ ချ​ပြီး​မှ ကျောက်​ပုံ​ကြီး​ကို ပုံ​ထား​ကြ၏။ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အိမ်​သို့​ပြေး​ကြ၏။ 18အ​ဗ​ရှ​လုံ​သည် အ​သက်​ရှင်​စဉ်​အ​ခါ၊ ငါ၏​နာ​မ​သည် မ​ပျောက် အ​မြဲ​တည်​မည်​အ​ကြောင်း၊ သား​မ​ရှိ​ဟု​ဆို​လျက် ရှင်​ဘု​ရင်​ချိုင့်​တွင် ကိုယ်​အ​ဖို့ ကျောက်​တိုင်​ကို​စိုက်၍ မိ​မိ​နာ​မ​ဖြင့်​သ​မုတ်​သော​ကြောင့်၊ ယ​နေ့​တိုင်​အောင် အ​ဗ​ရှ​လုံ၏​အောင်​တိုင်​ဟူ၍ တွင်​သ​တည်း။
အ​ဗ​ရှ​လုံ​ကွယ်​လွန်​ကြောင်း​ဒါ​ဝိဒ်​ကြား​သိ​ခြင်း
19ထို​အ​ခါ ဇာ​ဒုတ်၏​သား အ​ဟိ​မတ်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ရှင်​ဘု​ရင်၏​ရန်​သူ​တို့​ကို အ​ပြစ်​အ​လျောက် စီ​ရင်​တော်​မူ​ကြောင်း​ကို ကျွန်​တော်​ပြေး၍ သ​တင်း​ကြား​လျှောက်​ပါ​ရ​စေ​ဟု အ​ခွင့်​တောင်း​လျှင်၊ 20ယွာ​ဘ​က၊ ယ​နေ့​သင်​သည် သ​တင်း​မ​ကြား မ​လျှောက်​ရ။ အ​ခြား​သော​နေ့၌​ကြား​လျှောက်​ရ​မည်။ ရှင်​ဘု​ရင်၏​သား​တော်​သေ​သော​ကြောင့် ယ​နေ့​သင်​သည် သ​တင်း​မ​ကြား​မ​လျှောက်​ရ​ဟု ဆို​ပြီး​မှ၊ 21ကု​ရှိ​အား သင်​မြင်​သ​မျှ​ကို​သွား၍ ရှင်​ဘု​ရင်​အား ကြား​လျှောက်​လော့​ဟု ဆို​သည်​အ​တိုင်း၊ ကု​ရှိ​သည် ယွာ​ဘ​အား​ဦး​ညွှတ်၍ ပြေး​လေ၏။ 22တစ်​ဖန် ဇာ​ဒုတ်​သား​အ​ဟိ​မတ်​က၊ သို့​သော်​လည်း ကျွန်​တော်​သည် ကု​ရှိ​နောက်​မှာ ပြေး​ပါ​ရ​စေ​ဟု အ​ခွင့်​တောင်း​ပြန်​လျှင်၊ ယွာ​ဘ​က ငါ့​သား၊ ဝမ်း​မြောက်​စ​ရာ သ​တင်း​မ​ဟုတ်​သည်​ဖြစ်၍ အ​ဘယ်​ကြောင့် ပြေး​သွား​ချင်​သ​နည်း​ဟု ဆို​သော်​လည်း၊ 23ပြေး​ပါ​ရ​စေ​ဟု တစ်​ဖန်​အ​ခွင့်​တောင်း​သော​ကြောင့် ပြေး​လော့​ဟု အ​ခွင့်​ပေး၏။ ထို​အ​ခါ အ​ဟိ​မတ်​သည် လွင်​ပြင်​လမ်း၌​ပြေး၍ ကု​ရှိ​ကို​လွန်​လေ၏။ 24ဒါ​ဝိဒ်​သည် မြို့​တံ​ခါး​နှစ်​ထပ်​ကြား​မှာ ထိုင်၍​နေ၏။ ကင်း​စောင့်​တစ်​ယောက်​သည် မြို့​ရိုး​တံ​ခါး​အ​ပေါ် ပြ​အိုး​မိုး​အောက်​သို့​တက်၍ မျှော်​ကြည့်​သ​ဖြင့် လူ​တစ်​ယောက်​တည်း ပြေး​လာ​သည်​ကို မြင်​သော​အ​ခါ၊ 25ရှင်​ဘု​ရင်​အား​ဟစ်၍ လျှောက်​လေ၏။ ရှင်​ဘု​ရင်​က​လည်း၊ တစ်​ယောက်​တည်း​ဖြစ်​လျှင် သ​တင်း​ပါ​လိမ့်​မည်​ဟု အ​မိန့်​ရှိ၏။ ထို​သူ​သည် ပြေး​လာ၍ အ​နီး​သို့​ရောက်​သော​အ​ခါ၊ 26ကင်း​စောင့်​သည်​လည်း အ​ခြား​သော​သူ​ပြေး​လာ​သည်​ကို မြင်၍၊ အ​ခြား​သော​သူ​တစ်​ယောက်​တည်း ပြေး​လာ​ပါ​သည်​ဟု တံ​ခါး​သို့​လှည့်၍ ဟစ်​လျှင်၊ ရှင်​ဘု​ရင်​က ထို​သူ၌​လည်း သ​တင်း​ပါ​လိမ့်​မည်​ဟု အ​မိန့်​ရှိ၏။ 27ကင်း​စောင့်​က​လည်း၊ ရှေ့​လာ​သော​သူ၏ ပြေး​ခြင်း​သည် ဇာ​ဒုတ်​သား အ​ဟိ​မတ်​ပြေး​ခြင်း​နှင့် တူ​သည်​ကို ကျွန်​တော်​ထင်​ပါ​သည်​ဟု လျှောက်​သော်၊ ရှင်​ဘု​ရင်​က သူ​သည် လူ​ကောင်း​ဖြစ်၏။ ကောင်း​သော သ​တင်း​ပါ​လိမ့်​မည်​ဟု အ​မိန့်​ရှိ​ပြန်၏။ 28အ​ဟိ​မတ်​က​လည်း၊ ချမ်း​သာ​ရ​ပါ၏​ဟု​ဟစ်​လျက် ရှင်​ဘု​ရင်​ရှေ့​မြေ​ပေါ်​မှာ ပျပ်​ဝပ်​လျက်၊ အ​ရှင်​မင်း​ကြီး​ကို ပုန်​ကန်​သော​လူ​တို့​ကို အပ်​တော်​မူ​သော ကိုယ်​တော်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု လျှောက်​လေ၏။ 29ရှင်​ဘု​ရင်​က​လည်း၊ ငါ့​သား အ​ဗ​ရှ​လုံ​သည် ဘေး​လွတ်၏​လော​ဟု မေး​တော်​မူ​လျှင် အ​ဟိ​မတ်​က၊ အ​ရှင်​မင်း​ကြီး၏​ကျွန်​ယွာ​ဘ​သည် ကိုယ်​တော်​ကျွန် ကို​စေ​လွှတ်​သော​အ​ခါ ရုန်း​ရင်း​ခတ်​ခြင်း​အ​မှု​ကို ကျွန်​တော်​မြင်​သော်​လည်း သေ​ချာ​စွာ​မ​သိ​ရ​ပါ​ဟု လျှောက်​သော်၊ 30ရှင်​ဘု​ရင်​က၊ ဤ​အ​နား​မှာ ရွှေ့၍​နေ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း သူ​သည်​ရွှေ့၍​နေ​လေ၏။ 31တစ်​ဖန် ကု​ရှိ​ရောက်​လာ၍ အ​ရှင်​မင်း​ကြီး၊ သ​တင်း​ပါ​ပါ၏။ ကိုယ်​တော်​ကို ပုန်​ကန်​သော​သူ​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ၏ အ​ပြစ်​အ​လျောက် ယ​နေ့​စီ​ရင်​တော်​မူ​ပြီ​ဟု​လျှောက်​လျှင်၊ 32ရှင်​ဘု​ရင်​က၊ ငါ့​သား​အ​ဗ​ရှ​လုံ​သည် ဘေး​လွတ်၏​လော​ဟု မေး​တော်​မူ​သော်၊ ကု​ရှိ​က အ​ရှင်​မင်း​ကြီး၏​ရန်​သူ​များ၊ ကိုယ်​တော်​ကို​ညှဉ်း​ဆဲ​ခြင်း​ငှာ ပုန်​ကန်​သော​သူ​များ​အ​ပေါင်း​တို့​သည် ထို​လု​လင်​ကဲ့​သို့ ဖြစ်​ကြ​ပါ​စေ​သော​ဟု ပြန်​လျှောက်​လေ၏။ 33ရှင်​ဘု​ရင်​သည် အ​လွန်​နာ​ကျင်​သော​စိတ်​ရှိ​သ​ဖြင့် မြို့​တံ​ခါး​အ​ပေါ်၌​ရှိ​သော တဲ​သို့​တက်၍ တက်​စဉ်​တွင်၊ အို​ငါ့​သား​အ​ဗ​ရှ​လုံ၊ ငါ့​သား၊ ငါ့​သား​အ​ဗ​ရှ​လုံ၊ သင့်​ကိုယ်​စား ငါ​မ​သေ​ပါ​လေ​တ​ကား။ အို​အ​ဗ​ရှ​လုံ၊ ငါ့​သား၊ ငါ့​သား​ဟု ငို​ကြွေး​လေ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in