YouVersion Logo
Search Icon

၄ ဓမ္မရာဇဝင် 13

13
ဣ​သ​ရေ​လ​ဘု​ရင်​ယော​ခတ်
1ယု​ဒ​ရှင်​ဘု​ရင်​အာ​ခ​ဇိ​သား ယော​ရှ​နန်း​စံ နှစ်​ဆယ်​သုံး​နှစ်​တွင်၊ ယေ​ဟု​သား​ယော​ခတ်​သည် ရှ​မာ​ရိ​မြို့၌ မင်း​ပြု၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို ဆယ်​ခု​နစ်​နှစ်​စိုး​စံ၏။ 2ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော နေ​ဗတ်​သား ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို​မ​ရှောင်၊ လိုက်​လေ၏။ 3ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​မျက်​ထွက်၍၊ ယော​ခတ်​မင်း​လက်​ထက် ကာ​လ​ပတ်​လုံး၊ ရှု​ရိ​ရှင်​ဘု​ရင် ဟာ​ဇေ​လ​နှင့် သူ၏​သား​ဗင်္ယာ​ဒဒ်​လက်​သို့ ဣ​သ​ရေ​လ​အ​မျိုး​ကို အပ်​တော်​မူ၏။ 4တစ်​ဖန် ယော​ခတ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်​လေ၏။ ရှု​ရိ​ရှင်​ဘု​ရင်​ညှဉ်း​ဆဲ၍ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​လွန်​ခံ​ရ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည်​မြင်၍ ယော​ခတ်​စ​ကား​ကို နား​ထောင်​တော်​မူ၏။ 5ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ကယ်​တင်​သော​သ​ခင်​ကို ပေး​တော်​မူ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှု​ရိ​လူ​တို့​လက်​မှ ထွက်​မြောက်၍ အ​ထက်​က​နည်း​တူ မိ​မိ​တို့​နေ​ရာ၌ နေ​ရ​ကြ၏။ 6သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော ယေ​ရော​ဗောင်​မင်း​မျိုး၏ ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို​မ​ရှောင်၊ လိုက်​ကြ၏။ ရှ​မာ​ရိ​မြို့၌​လည်း အာ​ရှ​ရ​ပင် ရှိ​သေး၏။ 7ရှု​ရိ​ရှင်​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဖျက်​ဆီး၍၊ စ​ပါး​နင်း​ရာ​တွင် လွင့်​သော​အ​မှုန့်​ကဲ့​သို့ ဖြစ်​စေ​သ​ဖြင့်၊ မြင်း​စီး​သူ​ရဲ ငါး​ကျိပ်၊ ရ​ထား​တစ်​ဆယ်၊ ခြေ​သည်​သူ​ရဲ​တစ်​သောင်း​ကို​သာ ယော​ခတ်၌​ကြွင်း​စေ၏။ 8ယော​ခတ်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် တန်​ခိုး​ကြီး​ခြင်း​အ​ရာ​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 9ယော​ခတ်​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ရှ​မာ​ရိ​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​ယ​ဟော​ရှ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။
ဣ​သ​ရေ​လ​ဘု​ရင်​ယ​ဟော​ရှ
10ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ နန်း​စံ​သုံး​ဆယ်​ခု​နစ်​နှစ်​တွင်၊ ယော​ခတ်​သား ယ​ဟော​ရှ​သည် ရှ​မာ​ရိ​မြို့၌​မင်း​ပြု၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို ဆယ်​ခြောက်​နှစ် စိုး​စံ၏။ 11ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော နေ​ဗတ်​သား​ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​အ​ပြစ်​ကို​မ​ရှောင်၊ အ​ကုန်​အ​စင်​လိုက်​လေ၏။ 12ယ​ဟော​ရှ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ၊ ယု​ဒ​ရှင်​ဘု​ရင်​အာ​မ​ဇိ​ကို စစ်​တိုက်​ရာ​တွင်၊ တန်​ခိုး​ကြီး​ခြင်း​အ​ရာ​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 13ယ​ဟော​ရှ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့​နှင့်​အ​တူ ရှ​မာ​ရိ​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​ယေ​ရော​ဗောင်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။
ဧ​လိ​ရှဲ​ကွယ်​လွန်​ခြင်း
14ထို​အ​ခါ ဧ​လိ​ရှဲ​သည် သေ​နာ​စွဲ၍ နာ​နေ​စဉ်​တွင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ယ​ဟော​ရှ​သည် လာ၍ သူ့​ရှေ့​မှာ​ငို​ကြွေး​လျက် ငါ့​အ​ဘ၊ ငါ့​အ​ဘ၊ ဣ​သ​ရေ​လ​ရ​ထား၊ ဣ​သ​ရေ​လ​မြင်း​ပါ​တ​ကား​ဟု ဆို၏။#၄​ရာ၊ ၂:၁၂။ 15ဧ​လိ​ရှဲ​က​လည်း၊ လေး​နှင့် မြား​တို့​ကို ယူ​လော့​ဟု ဆို​သည်​အ​တိုင်း ရှင်​ဘု​ရင်​ယူ၏။ 16လေး​ကို​တင်​လော့​ဟု တစ်​ဖန်​ဆို​သည်​အ​တိုင်း လေး​ကို​တင်၍၊ ဧ​လိ​ရှဲ​သည် မိ​မိ​လက်​ကို ရှင်​ဘု​ရင်​လက်​ပေါ်​မှာ တင်​လျက်၊ 17အ​ရှေ့​ပြတင်း​ပေါက်​ကို ဖွင့်​လော့​ဟု​ဆို၍ ဖွင့်​လေ၏။ ပစ်​လော့​ဟု​ဆို​သည်​အ​တိုင်း ရှင်​ဘု​ရင်​သည် ပစ်​လေ၏။ ဧ​လိ​ရှဲ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား ကယ်​တင်​တော်​မူ​ရာ​မြား၊ ရှု​ရိ​မင်း​လက်​မှ ကယ်​နုတ်​ရာ​မြား​ဖြစ်၏။ အာ​ဖက်​မြို့၌ ရှု​ရိ​လူ​တို့​ကို အ​ကုန်​အ​စင်​လုပ်​ကြံ​ရ​လိမ့်​မည်​ဟု ဆို၏။ 18မြား​တို့​ကို​ယူ​ဦး​လော့​ဟု တစ်​ဖန်​ဆို​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်​သည် ယူ၏။ မြေ​ပေါ်​သို့ ရိုက်​လော့​ဟု​ဆို၍ သုံး​ကြိမ်​ရိုက်​လေ၏။ 19ထို​အ​ခါ ဘု​ရား​သ​ခင်၏​လူ​သည် အ​မျက်​ထွက်၍၊ အ​ဘယ်​ကြောင့် ငါး​ကြိမ်​ခြောက်​ကြိမ် မ​ရိုက်​သ​နည်း။ ထို​သို့​ရိုက်​လျှင်၊ ရှု​ရိ​လူ​တို့​ကို အ​ကုန်​အ​စင် လုပ်​ကြံ​ရ​လိမ့်​မည်။ ယ​ခု​မူ​ကား၊ သုံး​ကြိမ်​သာ လုပ်​ကြံ​ရ​လိမ့်​မည်​ဟု ဆို၏။ 20ဧ​လိ​ရှဲ​သေ၍ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ပြီး​မှ၊ နောင်​နှစ်​တွင် မော​ဘ​တပ်​သား​တို့​သည် ဣ​သ​ရေ​လ​ပြည်​ကို တိုက်​လာ​ကြ၏။ 21ဣ​သ​ရေ​လ​လူ​တို့​သည် လူ​တစ်​ယောက်​ကို သင်္ဂြိုဟ်​စဉ်​တွင်၊ မော​ဘ​တပ်​လာ​သည်​ကို မြင်၍၊ အ​လောင်း​ကို ဧ​လိ​ရှဲ​သင်္ချိုင်း​တွင်း၌ ချ​ထား​ကြ၏။ သေ​သော​သူ​သည် အောက်​သို့​ရောက်၍၊ ဧ​လိ​ရှဲ​အ​ရိုး​တို့​ကို ထိ​သော​အ​ခါ၊ အ​သက်​ရှင်​ပြန်​သ​ဖြင့် မတ်​တတ်​ထ၏။
ဣ​သ​ရေ​လ​နှ​င့်​ရှု​ရိ​ပြည်​အ​ကြား​စစ်​ပွဲ
22ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​သည် ယော​ခတ်​လက်​ထက် ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​ကို ညှဉ်း​ဆဲ၏။ 23ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သ​နား​စုံ​မက်၍ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့် ဖွဲ့​တော်​မူ​ခဲ့​သော ပ​ဋိ​ညာဉ်​ကို အောက်​မေ့​လျက် သူ​တို့​ကို မ​ဖျက်​ဆီး၊ အ​ထံ​တော်​မှ မ​နှင်​ထုတ်​သေး​ဘဲ ကြည့်​ရှု​ပြု​စု​တော်​မူ၏။ 24ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​သေ၍၊ သား​တော်​ဗင်္ဟာ​ဒဒ်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။ 25ဟာ​ဇေ​လ​သည်​စစ်​တိုက်၍ ယော​ခတ်​မင်း​လက်​မှ နုတ်​ယူ​သော မြို့​ရွာ​တို့​ကို ယော​ခတ်​သား ယ​ဟော​ရှ​သည် ဟာ​ဇေ​လ​သား​ဗင်္ဟာ​ဒဒ်​လက်​မှ တစ်​ဖန်​နုတ်​ယူ၏။ သုံး​ကြိမ်​တိုင်​အောင် ယ​ဟော​ရှ​သည်​နိုင်၍ ဣ​သ​ရေ​လ​မြို့​ရွာ​တို့​ကို ရ​ပြန်​လေ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in