YouVersion Logo
Search Icon

၂ ကောရိန္သု 4

4
မြေ​အိုး​များ​ထဲ​ရှိ​ဝိ​ညာဉ်​ဘ​ဏ္ဍာ
1ထို​ကြောင့်​ငါ​တို့​သည် ထို​သို့​သော​တ​ရား၏​အ​မှု​ကို ဆောင်​ရွက်​သော​သူ​ဖြစ်၍၊ က​ရု​ဏာ​ကျေး​ဇူး​တော်​ကို ခံ​ရ​သည်​နှင့်​အ​ညီ၊ အား​လျော့​စိတ်​ပျက်​ခြင်း​နှင့် ကင်း​လွတ်​ကြ၏။- 2ဆိတ်​ကွယ်​ရာ​အ​ရပ်၌​ပြု​သော ရှက်​ဖွယ်​သော အ​မှု​များ​ကို​ပယ်​ကြ၏။ ပ​ရိ​ယာယ်​ကို​မ​သုံး၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ထိမ်​ဝှက်​မှောက်​လှန်​ခြင်း မ​ရှိ။ သ​မ္မာ​တ​ရား​ကို အ​တည့်​အ​လင်း ဖော်​ပြ၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ လူ​အ​ပေါင်း​တို့၏ စိတ်​အ​ထင်​အ​တိုင်း ချီး​မွမ်း​ဖွယ်​သော အ​ကျင့်​ဓ​လေ့​ကို ကျင့်​ကြ၏။- 3ငါ​တို့​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​သည် ဖုံး​အုပ်​လျက်​ရှိ​လျှင်၊ ဆုံး​ရှုံး​ခြင်း​သို့​ရောက်​သော သူ​တို့​အား​သာ ဖုံး​အုပ်​လျက်​ရှိ၏။- 4ထို​သို့ မ​ယုံ​ကြည်​သော​သူ​တို့​ကား၊ ဘု​ရား​သ​ခင်၏ ပုံ​သ​ဏ္ဌာန်​တော် တည်း​ဟူ​သော ခ​ရစ်​တော်၏ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော ဧ​ဝံ​ဂေ​လိ​တ​ရား၏ အ​ရောင်​သည် အ​လင်း​ကို​မ​ပေး​စေ​ခြင်း​ငှာ၊ ဤ​လော​က​ကို အ​စိုး​ရ​သော​ဘု​ရား​သည် သူ​တို့၏ ဉာဏ်​မျက်​စိ​ကို ကွယ်​စေ၏။- 5ငါ​တို့​သည် ကိုယ်​အ​ကြောင်း​ကို ဟော​ပြော​ကြ​သည်​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်​သည် သ​ခင်​ဖြစ်​တော်​မူ​ကြောင်း ကို​လည်း​ကောင်း၊ ငါ​တို့​သည် ယေ​ရှု​အ​တွက် သင်​တို့၏​ကျွန် ဖြစ်​ကြောင်း​ကို​လည်း​ကောင်း ဟော​ပြော​ကြ၏။- 6မှောင်​မိုက်​ထဲ​က အ​လင်း​ထွန်း​လင်း​မည်​အ​ကြောင်း မိန့်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်၊ ယေ​ရှု​ခ​ရစ်၏ မျက်​နှာ၌​ထွန်း​လင်း​သော ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို​သိ​သော ဉာဏ်၏​အ​ရောင်​ကို ပေး​လို​သော​ငှာ၊ ငါ​တို့​စိတ်​နှ​လုံး​ထဲ၌ အ​လင်း​ကို ထွန်း​လင်း​စေ​တော်​မူ၏။
7သို့​သော်​လည်း တန်​ခိုး​တော်၏ ဂုဏ်​အ​သ​ရေ​သည် ငါ​တို့​နှင့်​မ​ဆိုင်၊ ဘု​ရား​သ​ခင်​နှင့် ဆိုင်​မည်​အ​ကြောင်း၊ ထို​ဘ​ဏ္ဍာ​သည်​မြေ​အိုး​ထဲ​မှာ ထည့်​ထား​လျက် ငါ​တို့၌​ရှိ၏။- 8ငါ​တို့​သည် အ​မျိုး​မျိုး​သော နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ အ​ကျိုး​နည်း​ခြင်း​သို့​မ​ရောက်။ မ​ကြံ​စည်​နိုင်​အောင်​ရှိ​သော်​လည်း စိတ်​မ​ပျက်။- 9ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော်​လည်း ဆုံး​ရှုံး​ခြင်း​မ​ရှိ။ အောက်​သို့ လှဲ​ခြင်း​ကို​ခံ​ရ​သော်​လည်း ဆုံး​ရာ​သို့​မ​ရောက်။- 10သ​ခင်​ယေ​ရှု​သည် အ​သက်​ရှင်​တော်​မူ​ကြောင်း​ကို ငါ​တို့​ကိုယ်​ခ​န္ဓာ၌ ထင်​ရှား​စေ​ခြင်း​ငှာ၊ ယေ​ရှု၏​သေ​တော်​မူ​ခြင်း​ကို အ​စဉ်​မ​ပြတ် ငါ​တို့၏​ကိုယ်​ခ​န္ဓာ၌ ဆောင်​ရ​ကြ၏။- 11အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ယေ​ရှု​သည် အ​သက်​ရှင်​တော်​မူ​ကြောင်း​ကို၊ ငါ​တို့၏​သေ​တတ်​သော ခ​န္ဓာ​ကိုယ်၌ ထင်​ရှား​စေ​ခြင်း​ငှာ၊ ငါ​တို့​သည် အ​သက်​ရှင်​စဉ်​တွင် ယေ​ရှု​ကြောင့် သေ​ခြင်း​လက်​သို့ အ​စဉ်​အပ်​နှံ​ခြင်း​ကို ခံ​ရ​ကြ၏။- 12သို့​ဖြစ်၍ သေ​ခြင်း​တ​ရား​သည် ငါ​တို့၌​ပြု​ပြင်​တတ်၏။ သင်​တို့၌​ကား၊ အ​သက်​ရှင်​ခြင်း​တ​ရား​သည် ပြု​ပြင်​တတ်၏။- 13ထို​သို့​သော ယုံ​ကြည်​ခြင်း​စိတ် ရှိ​သည်​ဖြစ်၍၊ ငါ​သည်​ယုံ​ကြည်​သော​ကြောင့် မြွက်​ဆို၏​ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ယုံ​ကြည်​ခြင်း​စိတ်​ရှိ​သော​ကြောင့် မြွက်​ဆို​ဟော​ပြော​ကြ၏။
14သ​ခင်​ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​သော​သူ​သည် ယေ​ရှု​အား​ဖြင့် ငါ​တို့​ကို​လည်း ထ​မြောက်​စေ၍၊ သင်​တို့​နှင့်​အ​တူ​အ​ထံ​တော်၌ သွင်း​တော်​မူ​မည်​ဟု ငါ​တို့​သိ​ကြ၏။- 15အ​များ​သော​သူ​တို့​သည် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သည်​နှင့်၊ ထို​ကြွယ်​ဝ​သော​ကျေး​ဇူး​တော်​သည် ဘု​ရား​သ​ခင်၏ ဘုန်း​အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​မည် အ​ကြောင်း၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​အ​ဖို့​အ​လို​ငှာ ဖြစ်​သ​တည်း။
ယုံ​ကြည်​ခြင်း​ဖြ​င့်​အ​သက်​ရှင်​ခြင်း
16ထို​ကြောင့် ငါ​တို့​သည် အား​လျော့​စိတ်​ပျက်​ခြင်း​နှင့် ကင်း​လွတ်​ကြ၏။ ငါ​တို့၏​ပြင်​လူ​သည် ဖောက်​ပြန် ပျက်​စီး​ခြင်း​သို့​ရောက်​သော်​လည်း၊ အ​တွင်း​လူ​မူ​ကား တစ်​နေ့​ထက်​တစ်​နေ့ ပြု​ပြင်​ခြင်း​ကို​ခံ​ရ၏။- 17-18အ​ကြောင်း​မူ​ကား၊ မျက်​မှောက်၌​ထင်​ရှား​သော အ​ရာ​တို့​သည် ခ​ဏ​သာ​တည်၍ မ​ထင်​ရှား​သော​အ​ရာ​တို့​သည် အ​စဉ်​အ​မြဲ​တည်​ကြောင်း​ကို ငါ​တို့​သည် ထောက်​လျက်၊ ထင်​ရှား​သော အ​ရာ​တို့​ကို မ​ကြည့်​မ​မှတ်​ဘဲ မ​ထင်​ရှား​သော​အ​ရာ​တို့​ကို ကြည့်​မှတ်​ကြ​စဉ်​အ​ခါ၊ ယ​ခု​ခ​ဏ​ခံ​ရ၍ ပေါ့​ပါး​သော ဆင်း​ရဲ​ခြင်း​ဒု​က္ခ​သည် အ​တိုင်း​ထက်​အ​လွန် ကြီး​မြတ်​လေး​လံ​သော နိ​စ္စ​ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​ကို ငါ​တို့​အ​ဖို့ ဖြစ်​စေ​တတ်၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in