YouVersion Logo
Search Icon

၁ တိမောသေ 3

3
အ​သင်း​တော်​ခေါင်း​ဆောင်​များ
1သင်း​အုပ်​အ​ရာ​ကို တောင့်​တ​သော​သူ​သည် ကောင်း​သော အ​မှု​အ​ရာ​ကို တောင့်​တ​သည်​ဟူ​သော စ​ကား​သည် မှန်​သော​စ​ကား​ဖြစ်၏။- 2ထို​ကြောင့်၊ သင်း​အုပ်​သည် အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော​သူ၊ မ​ယား​တစ်​ယောက်​တည်း​ရှိ​သော​သူ၊ သ​မ္မာ​သ​တိ​ရှိ​သော​သူ၊ ဣ​န္ဒြေ​စောင့်​သော​သူ၊ လျောက်​ပတ်​စွာ ကျင့်​သော​သူ၊ ဧည့်​သည်​ဝတ်​ကို ပြု​တတ်​သော​သူ၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တတ်​သော​သူ ဖြစ်​ရ​မည်။- 3စ​ပျစ်​ရည်​နှင့်​ပျော်​မွေ့​ခြင်း၊ သူ​တစ်​ပါး​ကို​ရိုက်​ပုတ်​ခြင်း၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​ခြင်း​မ​ရှိ၊ စိတ်​ဖြည်း​ညင်း​သော​သူ၊ ရန်​မ​တွေ့​တတ်​သော​သူ၊ ငွေ​ကို မ​တပ်​မက်​သော​သူ​ဖြစ်​ရ​မည်။- 4မိ​မိ​အိမ်​ကို ကောင်း​မွန်​စွာ အုပ်​စိုး၍ သ​မ္မာ​သ​မာ​ဓိ​ရှိ​သည်​နှင့်၊ မိ​မိ​သား​သ​မီး​ကို ဆုံး​မ​နိုင်​သော​သူ ဖြစ်​ရ​မည်။- 5မိ​မိ​အိမ်​ကို မ​အုပ်​စိုး​တတ်​လျှင်၊ ဘု​ရား​သ​ခင်၏ အ​သင်း​တော်​ကို အ​ဘယ်​သို့​ပြု​စု​လိမ့်​မည်​နည်း။- 6မာ​န​နှင့်​ယစ်​မူး​လျက်၊ မာရ်​နတ်၏ အ​ပြစ်​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၍၊ ဘာ​သာ​ဝင်​လူ​သစ် မ​ဖြစ်​ရ။- 7ကဲ့​ရဲ့​ပြစ်​တင်​ခြင်း၊ မာရ်​နတ်​ဖမ်း​မိ​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ပြင်​ပ​လူ​တို့​တွင် အ​သ​ရေ​ရှိ သော​သူ ဖြစ်​ရ​မည်။
သင်း​ထောက်​လူ​ကြီး​များ
8ထို​နည်း​တူ၊ သင်း​ထောက်​တို့​သည် တည်​ကြည်​သော​သူ ဖြစ်​ရ​ကြ​မည်။ လျှာ​နှစ်​ခွ​နှင့်​ပြော​သော​သူ၊ စ​ပျစ်​ရည်​ကို သောက်​ကြူး​သော​သူ၊ မ​စင်​ကြယ်​သော စီး​ပွား​ကို တပ်​မက်​သော​သူ မ​ဖြစ်​ရ​ကြ။- 9ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် စင်​ကြယ်​သည်​နှင့်၊ ယုံ​ကြည်​ခြင်း၏ နက်​နဲ​သော​အ​ရာ​ကို စွဲ​လမ်း​သော​သူ ဖြစ်​ရ​ကြ​မည်။- 10သူ​တို့​သည်​လည်း ရှေ့​မ​ဆွ​က စုံ​စမ်း​ခြင်း​ကို ခံ​ကြ​စေ။ နောက်​မှ အ​ပြစ်​တင်​ခွင့်​နှင့်​ကင်း​လွတ်​လျှင်၊ သင်း​ထောက်​လုပ်​ကြ​စေ။- 11ထို​နည်း​တူ၊ မိန်း​မ​တို့​သည် တည်​ကြည်​သော​သူ ဖြစ်​ရ​မည်။ ချော​စား​တတ်​သော​သူ မ​ဟုတ်။ သ​မ္မာ​သ​တိ​ရှိ​သော​သူ၊ အ​ရာ​ရာ၌ သ​စ္စာ​ရှိ​သော​သူ ဖြစ်​ရ​ကြ​မည်။- 12သင်း​ထောက်​သည် မ​ယား​တစ်​ယောက်​တည်း​ရှိ​ရ​မည်။ မိ​မိ​သား​သ​မီး​နှင့် အိမ်​သူ​အိမ်​သား​တို့​ကို ကောင်း​မွန်​စွာ အုပ်​ချုပ်​သော​သူ​ဖြစ်​ရ​မည်။- 13အ​ကြောင်း​မူ​ကား၊ သင်း​ထောက်​အ​မှု​ကို ကောင်း​စွာ​ရွက်​ဆောင်​သော သူ​တို့​သည် မိ​မိ​တို့​အ​ဖို့ ကောင်း​သော​အ​ရာ​ကို​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏ ယုံ​ကြည်​ခြင်း၌ ရဲ​ရင့်​ခြင်း​သ​တ္တိ​ကို​လည်း​ကောင်း အ​မြတ်​ရ​ကြ၏။
နက်​နဲ​သောအ​ရာ
14-15သင်​ရှိ​ရာ​သို့ ငါ​မြန်​မြန်​လာ​မည်​ဟု မျှော်​လ​င့်​ခြင်း​ရှိ​သော်​လည်း တာ​ရှည်​စွာ​နေ​လျှင်၊ သင်​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်၌ အ​ဘယ်​သို့​ကျင့်​ကြံ​ပြု​မူ​ရ​မည်​ကို သိ​စေ​ခြင်း​ငှာ ဤ​သို့​ငါ​ရေး၍ ပေး​လိုက်၏။ ထို​အိမ်​တော်​ကား၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​အ​သင်း​တော်​ဖြစ်၏။ ထို​အ​သင်း​တော်​ကား၊ သ​မ္မာ​တ​ရား၏ အ​မှီ​တံ​ကဲ​ဖြစ်၏။ သ​မ္မာ​တ​ရား၏ တည်​ရာ​လည်း​ဖြစ်၏။- 16မှန်​သော​ကိုး​ကွယ်​ခြင်း၏ နက်​နဲ​သော​အ​ရာ​သည် ကြီး​စွာ​သော​အ​ရာ​ဖြစ်​သည်​ဟု ငြင်း​ခုံ​ရန်​မ​ရှိ။ ဘု​ရား​သ​ခင်​သည် ကိုယ်​ခ​န္ဓာ၌ ပေါ်​ထွန်း​တော်​မူ​ပြီ။ ဟုတ်​မှန်​တော်​မူ​ခြင်း​အ​ကြောင်း​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ထင်​ရှား​ပြီ။ ကောင်း​ကင်​တ​မန်​တို့​သည် ကိုယ်​တော်​ကို ရှု​မြင်​ရ​ကြ​ပြီ။ တစ်​ပါး​အ​မျိုး​သား​တို့​သည် သ​တင်း​တော်​ကို ကြား​ရ​ကြ​ပြီ။ လော​ကီ​သား​တို့​သည် ယုံ​ကြည်​ရ​ကြ​ပြီ။ ဘုန်း​အ​သ​ရေ​နှင့်​တ​ကွ အ​ထက်​သို့ ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​ပြီ။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ၁ တိမောသေ 3