YouVersion Logo
Search Icon

၁ ရှင်ပေတရု 2

2
အ​သက်​ကျောက်​မြတ်​နှင့် ရွေး​ချယ်​သော​လူ​မျိုး
1-3ထို​ကြောင့်၊ သင်​တို့​သည် သ​ခင်​ဘု​ရား၏ ကျေး​ဇူး​တော်​ကို မြည်း​စမ်း​ကြ​သည်​ဖြစ်၍၊ အ​မျိုး​မျိုး​သော မ​နာ​လို​ခြင်း၊ လှည့်​ဖြား​ခြင်း၊ လျှို့​ဝှက်​ခြင်း၊ ငြူ​စူ​ခြင်း၊ ကဲ့​ရဲ့​ခြင်း​ရှိ​သ​မျှ​ကို ပယ်​ရှား၍၊ ကယ်​တင်​ခြင်း​အ​လို​ငှာ နှုတ်​က​ပတ်​တ​ရား၏ နို့​စစ်​အား​ဖြင့် ကြီး​ပွား​မည်​အ​ကြောင်း၊ ဖွား​စ​သော​သူ​ငယ်​ကဲ့​သို့၊ ထို​တ​ရား​နို့​ကို အ​လွန် လို​ချင်​သော စိတ်​ရှိ​ကြ​လော့။- 4လူ​တို့​ပယ်​ထား၍ ဘု​ရား​သ​ခင်​ရွေး​ချယ်​တော်​မူ​သော အ​သက်​ကျောက်​မြတ်​တည်း​ဟူ​သော ထို​သ​ခင်​ထံ​သို့ သင်​တို့​သည်​ရောက်၍၊- 5အ​သက်​ကျောက်​များ​ကဲ့​သို့ အ​ဆင့်​ဆင့်​အ​ထပ်​ထပ် တည်​ဆောက်​လျက်​ရှိ​သ​ဖြင့် ဓ​မ္မ​တိုက်​ဖြစ်​ကြ၏။ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ရာ ဓ​မ္မ​ယဇ်​ကို​ပူ​ဇော်​ရ​သော သန့်​ရှင်း​သော ယဇ်​ပု​ရော​ဟိတ်​မျိုး​လည်း ဖြစ်​ကြ၏။- 6ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ရွေး​ချယ်​သော တိုက်​ထောင့်​အ​မြစ်​ကျောက်​မြတ်​ကို ဇိ​အုန်​တောင်​ပေါ်​မှာ ငါ​ချ​ထား၏။ ထို​ကျောက်​ကို အ​မှီ​ပြု​သော​သူ​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ​နိုင်​ရာ​ဟု လာ​သ​တည်း။-#ဟေ​ရှာ၊ ၂၈း၁၆။ 7သို့​ဖြစ်၍ ယုံ​ကြည်​ခြင်း​ရှိ​သော သင်​တို့၌​ကား ဘုန်း​အ​သ​ရေ​ရှိ၏။ နား​မ​ထောင်​သော သူ​တို့၌​ကား၊ တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော ကျောက်​သည် နောက်​တစ်​ဖန် တိုက်​ထောင့်​အ​ထွတ်​ဖျား​သို့ ရောက်​ပြန်၏။-#ဆာ၊ ၁၁၈း၂၂။ 8နား​မ​ထောင်​ဘဲ နှုတ်​က​ပတ်​တ​ရား​တော်​ကို ထိ​မိ၍ လဲ​သော​သူ​တို့​သည် ထိ​မိ၍ လဲ​စ​ရာ​ကျောက်၊ မှား​ယွင်း​စ​ရာ​ကျောက်​လည်း ဖြစ်၏။ ထို​အ​မှု​နှင့် တွေ့​စေ​ခြင်း​ငှာ ထို​သူ​တို့​ကို ခန့်​ထား​တော်​မူ​သ​တည်း။#၈း၁၄။
9သင်​တို့​မူ​ကား၊ မှောင်​မိုက်​ထဲ​မှ အံ့​ဖွယ်​သော အ​လင်း​တော်​သို့ ခေါ်​သွင်း​တော်​မူ​သော​သူ၏ ဂုဏ်​ကျေး​ဇူး​များ​ကို ဖော်​ပြ​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​တော်​မူ​သော​အ​မျိုး ဖြစ်​ကြ၏။ မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး၊ ပိုင်​ထိုက်​တော်​မူ​သော အ​ပေါင်း​အ​သင်း ဖြစ်​ကြ၏။- 10အ​ထက်​က အ​ပေါင်း​အ​သင်း​မ​ဟုတ်၊ ယ​ခု​တွင် ဘု​ရား​သ​ခင်၏ အ​ပေါင်း​အ​သင်း​ဖြစ်​ကြ၏။ က​ရု​ဏာ ကျေး​ဇူး​တော်​ကို အ​ထက်​က​မ​ခံ​ရ​သော်​လည်း ယ​ခု​တွင် ခံ​ရ​ကြ၏။
ဘု​ရား​သ​ခင်​၏​ကျွန်
11ချစ်​သူ​တို့၊ ဝိ​ညာဉ်​နှင့်​စစ်​ပြိုင်​တတ်​သော ကိုယ်​ကာ​ယ​တပ်​မက်​ခြင်း​တို့​ကို ရှောင်​မည်​အ​ကြောင်း၊ ဧည့်​သည်​အာ​ဂ​န္တု​ကဲ့​သို့​သော သင်​တို့​ကို ငါ​တောင်း​ပန်၏။- 12သာ​သ​နာ​ပ​လူ​တို့​သည် သင်​တို့​ကို ကဲ့​ရဲ့​ပြစ်​တင်​ကြ​သည်​အ​မှု​မှာ၊ ဘု​ရား​သ​ခင်​ကြည့်​ရှု စီ​ရင်​တော်​မူ​သော နေ့​ရက်၌၊ သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို သူ​တို့​သည် ထောက်​ရှု၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​မည်​အ​ကြောင်း၊ သူ​တို့​ရှေ့၌ တင့်​တယ်​လျောက်​ပတ်​စွာ ကျင့်​နေ​ကြ​လော့။
13သ​ခင်​ဘု​ရား၏​မျက်​နှာ​တော်​ကို ထောက်​လျက်၊ အ​ထွတ်​အ​မြတ်​တည်း​ဟူ​သော ရှင်​ဘု​ရင်​ဖြစ်​စေ၊ လူ​ဆိုး​တို့​ကို ဒဏ်​စီ​ရင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​ကောင်း​တို့​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊- 14ရှင်​ဘု​ရင်​ခန့်​ထား​သော ဝန်​မင်း​ဖြစ်​စေ၊ လူ​တို့​တွင် စီ​ရင်​ခန့်​ထား​သ​မျှ​သော မင်း၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။- 15အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​အား​ဖြင့် လူ​မိုက်​တို့၏ မိုက်​မဲ​သော​စ​ကား​ကို ချေ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ထို​သို့​သော အ​လို​တော်​ရှိ၏။- 16လူ​လွတ်​ဖြစ်​သော်​လည်း၊ လွတ်​ခြင်း​အ​ကြောင်း​ဖြင့် မ​ကောင်း​သော​အ​မှု​တို့​ကို ဖုံး​အုပ်​သော​သူ​ကဲ့​သို့ မ​ကျင့်၊ ဘု​ရား​သ​ခင်၏ ကျွန်​ကဲ့​သို့ ကျင့်​နေ​ကြ​လော့။- 17ခပ်​သိမ်း​သော​သူ​တို့​ကို ရို​သေ​ကြ​လော့။ ညီ​အစ်​ကို​များ​ကို ချစ်​ကြ​လော့။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ခြင်း၊ ရှင်​ဘု​ရင်​ကို ရို​သေ​ခြင်း ရှိ​ကြ​လော့။
ခ​ရစ်​တော်​ဒု​က္ခ​ခံ​ခြင်း​စံ​န​မူ​နာ
18အ​စေ​ခံ​ငယ်​သား​တို့၊ အ​လွန်​ကြောက်​ရွံ့​ခြင်း​နှင့်​တ​ကွ ကိုယ်​သ​ခင်​တို့၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။ သ​ခင်​သည် စိတ်​ကောင်း၍ ဖြည်း​ညင်း​သော​သ​ဘော ရှိ​သည်​ဖြစ်​စေ၊ ကြမ်း​တမ်း​သော​သ​ဘော ရှိ​သည်​ဖြစ်​စေ ဝန်​ခံ​ကြ​လော့။- 19အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏​မျက်​နှာ​တော်​ကို ထောက်၍၊ မ​တ​ရား​သော​ညှဉ်း​ဆဲ​ခြင်း​ကို နာ​ကျင်​စွာ​ခံ​ရ​လျှင် ကျေး​ဇူး​ရှိ၏။- 20ကိုယ်​အ​ပြစ်​ကြောင့် ဒဏ်​ခံ​ရ​သော​အ​ခါ သည်း​ခံ​လျှင်၊ အ​ဘယ်​ချီး​မွမ်း​စ​ရာ​ရှိ​သ​နည်း။ ကောင်း​မွန်​စွာ​ပြု၍ ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ သည်း​ခံ​လျှင်၊ ဘု​ရား​သ​ခင့် ရှေ့​တော်၌ ကျေး​ဇူး​ရှိ၏။- 21အ​ကြောင်း​မူ​ကား၊ ထို​သို့​အ​လို​ငှာ သင်​တို့​ကို​ခေါ်​တော်​မူ​ပြီ၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက် ခံ​တော်​မူ​သည်​ဖြစ်၍၊ ခြေ​တော်​ရာ​ကို လျှောက်​လိုက်​စေ​ခြင်း​ငှာ ပုံ​သက်​သေ​ကို​ထား​တော်​မူ​ပြီ။- 22ထို​သ​ခင်​သည် ဒု​စ​ရိုက်​ကို​မ​ပြု၊ နှုတ်​တော်၌​လည်း မု​သား​ကို​ရှာ​မ​တွေ့၊ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​သော​အ​ခါ ပြန်၍​မ​ကဲ့​ရဲ့။- 23အ​သေ​ခံ​ရ​သော​အ​ခါ ခြိမ်း​ခြောက်​ခြင်း​ကို မ​ပြု။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​သော​သူ၌ ကိုယ်​ကို​ကိုယ် အပ်​နှံ​တော်​မူ၏။- 24ငါ​တို့​သည် အ​ပြစ်​နှင့်​ဆိုင်​သော​အ​ရာ၌ အ​သေ​ဖြစ်၍၊ ဖြောင့်​မတ်​ခြင်း​အ​ရာ၌ အ​သက်​ရှင်​စေ​မည်​အ​ကြောင်း၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင် သစ်​တိုင်​မှာ​ခံ​တော်​မူ​ပြီ။ ဒဏ်​ချက်​တော်​များ​အား​ဖြင့် သင်​တို့​သည် အ​နာ​ပျောက်​လျက် ရှိ​ကြ၏။-#ဟေ​ရှာ၊ ၅၃း၅။ 25သင်​တို့​သည် အ​ထက်​က​လမ်း​လွဲ၍ ပျောက်​သော​သိုး​ကဲ့​သို့ ဖြစ်​ကြ၏။ ယ​ခု​မူ​ကား၊ သိုး​ထိန်း​တည်း​ဟူ​သော သင်​တို့၏​ဝိ​ညာဉ်​တို့​ကို အုပ်​စိုး​ကြည့်​ရှု​တော်​မူ​သော အ​ရှင်​ထံ​သို့ ပြန်​ရောက်​ကြ​ပြီ။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy