YouVersion Logo
Search Icon

၃ ဓမ္မရာဇဝင် 20

20
ရှု​ရိ​ပြည်​နှ​င့်​စစ်​ဖြစ်​ခြင်း
1ရှု​ရိ​ရှင်​ဘု​ရင် ဗင်္ဟာ​ဒဒ်​သည် မိ​မိ​ဗိုလ်​ခြေ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍၊ မင်း​ကြီး​သုံး​ကျိပ်​နှစ်​ပါး​နှင့်​တ​ကွ မြင်း​စီး​သူ​ရဲ၊ ရ​ထား​စီး​သူ​ရဲ​များ​ပါ​လျက် စစ်​ချီ​ပြီး​လျှင် ရှ​မာ​ရိ​မြို့​ကို​ဝိုင်း​ထား၍ တိုက်​လေ၏။ 2သံ​တ​မန်​တို့​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင် အာ​ဟပ်​ထံ၊ မြို့​ထဲ​သို့​စေ​လွှတ်၍၊ ဗင်္ဟာ​ဒဒ်၏​အ​မိန့်​တော်​ကား၊ 3သင့်​ရွှေ​ငွေ​သည် ငါ့​ဥ​စ္စာ​ဖြစ်၏။ သင့်​သား​မ​ယား အ​ကောင်း​ဆုံး​တို့​ကို​လည်း ငါ​ပိုင်၏​ဟု မှာ​လိုက်​သ​တည်း။ 4ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က အ​ရှင်​မင်း​ကြီး၊ အ​မိန့်​တော်​အ​တိုင်း ငါ​နှင့်​ငါ့​ဥ​စ္စာ​ရှိ​သ​မျှ​သည် ကိုယ်​တော်၏​ဥ​စ္စာ​ဖြစ်​ပါ​သည်​ဟု ပြန်​ပြော၏။ 5သံ​တ​မန်​တို့​သည် တစ်​ဖန်​လာ၍ ဗင်္ဟာ​ဒဒ်၏ အ​မိန့်​တော်​ကား၊ သင်​ပိုင်​သော ရွှေ​ငွေ​သား​မ​ယား​တို့​ကို ငါ၌​အပ်​ရ​မည်​ဟု ငါ​မှာ​လိုက်​သည်​အ​မှု​မှာ၊ 6နက်​ဖြန်​နေ့ ယ​ခု​အ​ချိန်​ရောက်​သော​အ​ခါ ငါ့​ကျွန်​တို့​ကို ငါ​စေ​လွှတ်​မည်။ သူ​တို့​သည် သင်​နေ​သော​အိမ်​နှင့် သင့်​ကျွန်​နေ​သော အိမ်​တို့​ကို​စစ်၍ အ​လို​ရှိ​သ​မျှ​တို့​ကို ယူ​စေ​ရ​မည်​ဟု မှာ​လိုက်​သ​တည်း။ 7ထို​အ​ခါ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ပြည်​သား အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​ကို​ခေါ်၍၊ ဤ​သူ​သည် အ​ဘယ်​မျှ​လောက် ရန်​ရှာ​ချင်​သည်​ကို ကြည့်​မှတ်​ကြ​ပါ​လော့။ ငါ့​ရွှေ​ငွေ သား​မ​ယား​တို့​ကို​တောင်း၍ မှာ​လိုက်​သော​အ​ခါ ငါ​မ​ငြင်း​ပါ​တ​ကား​ဟု ကြား​ပြော၏။ 8အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​နှင့် ပြည်​သား​အ​ပေါင်း​တို့​က၊ ထို​သူ၏​စ​ကား​ကို နား​ထောင်​တော်​မ​မူ​ပါ​နှင့်။ ဝန်​ခံ​တော်​မ​မူ​ပါ​နှင့်​ဟု ပြန်​လျှောက်​ကြ၏။ 9သို့​ဖြစ်၍ ရှင်​ဘု​ရင်​က၊ ကိုယ်​တော်​သည် အ​ထက်​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း ကိုယ်​တော်​ကျွန်​ပြု​ပါ​မည်။ နောက်​မိန့်​တော်​မူ​သည်​အ​တိုင်း မ​ပြု​သင့်​ဟု ငါ​အ​ရှင်​မင်း​ကြီး​အား ပြန်​လျှောက်​ကြ​လော့​ဟု ဗင်္ဟာ​ဒဒ်၏​သံ​တ​မန်​တို့​အား​မှာ​လိုက်​လျှင်၊ ထို​သူ​တို့​သည် သွား၍​လျှောက်​ကြ၏။ 10တစ်​ဖန် ဗင်္ဟာ​ဒဒ်​သည် စေ​လွှတ်၍၊ ရှ​မာ​ရိ​မြို့၌​ရှိ​သော မြေ​မှုန့်​သည် ငါ့​နောက်​သို့ လိုက်​သော​သူ​အ​ပေါင်း​တို့​တွင်၊ တစ်​ယောက်​တစ်​လက်​ဆုပ်​စီ စေ့​င​လောက်​လျှင်၊ ဘု​ရား​တို့​သည် ငါ၌​ထို​မျှ​မ​က​ပြု​ပါ​စေ​သော​ဟု မှာ​လိုက်​လေ​သော်၊ 11ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ လက်​နက်​စုံ​ကို ချွတ်​သော​သူ​သည် ဝါ​ကြွား​သ​ကဲ့​သို့ ဝတ်​ဆင်​သော​သူ​သည် မ​ဝါ​ကြွား​စေ​နှင့်​ဟု ပြန်​ပြော၏။ 12ဗင်္ဟာ​ဒဒ်​သည် မင်း​ကြီး​တို့​နှင့်​တ​ကွ တဲ​တော်၌​သောက်​စဉ်၊ ထို​စ​ကား​ကို​ကြား​လျှင် စစ်​ခင်း​ကျင်း​ကြ​ဟု မိ​မိ​ကျွန်​တို့​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည် မြို့​ရှေ့​မှာ စစ်​ခင်း​ကျင်း​ကြ၏။
13ထို​အ​ခါ ပ​ရော​ဖက်​တစ်​ပါး​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အာ​ဟပ်​ထံ​သို့​လာ၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ကြီး​စွာ​သော အ​လုံး​အ​ရင်း​အ​ပေါင်း​ကို မြင်​ပြီ​လော။ သင့်​လက်၌ ယ​နေ့​ငါ​အပ်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်​ဟု အ​မိန့်​တော်​ကို​ဆင့်​ဆို၏။ 14အာ​ဟပ်​က​လည်း၊ အ​ဘယ်​သူ​အား​ဖြင့် အပ်​တော်​မူ​မည်​နည်း​ဟု မေး​လျှင်၊ မြို့​ဝန်​များ၏​လု​လင်​တို့​အား​ဖြင့် အပ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။ စစ်​မှု​ကို အ​ဘယ်​သူ​စီ​ရင်​ရ​မည်​နည်း​ဟု မေး​ပြန်​သော်၊ မင်း​ကြီး​ကိုယ်​တိုင် စီ​ရင်​ရ​မည်​ဟု ဆို၏။ 15အာ​ဟပ်​မင်း​သည် မြို့​ဝန်​များ၏ လု​လင်​တို့​ကို ရေ​တွက်၍ နှစ်​ရာ​သုံး​ဆယ်​နှစ်​ယောက်​ရှိ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို ရေ​တွက်​ပြန်​သော် ခု​နစ်​ထောင်​ရှိ၏။ 16မွန်း​တည့်​အ​ချိန်၌ ထွက်​ကြ၏။ ဗင်္ဟာ​ဒဒ်​မင်း​မူ​ကား၊ ဝိုင်း​သော​မင်း​ကြီး သုံး​ဆယ်​နှစ်​ပါး​တို့​နှင့်​တ​ကွ တဲ​တော်၌ ယစ်​မူး​အောင်​သောက်​လျက် နေ​ကြ၏။ 17မြို့​ဝန်​များ၏ လု​လင်​တို့​သည် အ​ရင်​ထွက်​ကြ၏။ ရှ​မာ​ရိ​မြို့​ထဲ​က လူ​ထွက်​ပါ​သည်​ဟု ဗင်္ဟာ​ဒဒ်​မင်း​ထံ​သို့ စေ​လွှတ်၍ ကြား​လျှောက်​လျှင်၊ 18စစ်​ငြိမ်း​စေ​ခြင်း​ငှာ ထွက်​သည်​ဖြစ်​စေ၊ စစ်​တိုက်​ခြင်း​ငှာ ထွက်​သည်​ဖြစ်​စေ၊ အ​ရှင်​ဖမ်း​ဆီး​ကြ​ဟု မိန့်​တော်​မူ၏။ 19ထို​သို့​မြို့​ဝန်​များ၏ လု​လင်​တို့​သည် လိုက်​သော​ဗိုလ်​ခြေ​နှင့်​တ​ကွ မြို့​ထဲ​က​ထွက်၍၊ 20ရန်​သူ​တို့​ကို လူ​တိုင်း​တစ်​ယောက်​စီ သတ်​ကြ​သ​ဖြင့် ရှု​ရိ​လူ​တို့​သည် ပြေး​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့​သည်​လိုက်​ကြ​သ​ဖြင့် ရှု​ရိ​ရှင်​ဘု​ရင်​ဗင်္ဟာ​ဒဒ်​သည် မြင်း​စီး၍ မြင်း​စီး​သူ​ရဲ​တို့​နှင့်​အ​တူ အ​လွတ်​ပြေး၏။ 21ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည်​လည်း ထွက်၍ မြင်း​တပ်၊ ရ​ထား​တပ်​များ​ကို​ဖျက်၍ ရှု​ရိ​လူ​တို့​ကို ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် သတ်​လေ၏။
22တစ်​ဖန် ပ​ရော​ဖက်​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ထံ​သို့​လာ၍၊ ကိုယ်​ကို​ခိုင်​ခံ့​စေ​လော့။ အ​ဘယ်​သို့​ပြု​ရ​မည်​ကို သ​တိ​နှင့်​ဆင်​ခြင်​လော့။ နှစ်​လည်​သော​အ​ခါ ရှု​ရိ​ရှင်​ဘု​ရင်​သည် စစ်​ချီ၍​လာ​လေ​ဦး​မည်​ဟု ဆို၏။
ရှု​ရိ​အ​မျိုး​သား​တို့​ဒု​တိ​ယ​အ​ကြိမ်​တိုက်​ခိုက်​ခြင်း
23ရှု​ရိ​ရှင်​ဘု​ရင်၏​ကျွန်​တို့​က​လည်း၊ သူ​တို့၏​ဘု​ရား​သည် တောင်​ကို​သာ​အ​စိုး​ရ​သော​ဘု​ရား​ဖြစ်၏။ ထို​ကြောင့် သူ​တို့​သည် ငါ​တို့​ကို​နိုင်​ပါ၏။ ငါ​တို့​သည် လွင်​ပြင်၌ တစ်​ခါ​တိုက်​ကြ​ကုန်​အံ့။ ထို​သို့​တိုက်​လျှင် စင်​စစ်​နိုင်​ကြ​လိမ့်​မည်။ 24မင်း​ကြီး​အ​ပေါင်း​တို့​ကို​လည်း ပယ်၍ သူ​တို့​အ​ရာ၌ ဗိုလ်​ချုပ်​တို့​ကို​ခန့်​ထား​တော်​မူ​ပါ။ 25ရှုံး​သော​မြင်း​တပ်၊ ရ​ထား​တပ်​နှင့်​အ​မျှ များ​သော​တပ်​ကို​ခင်း​ကျင်း​တော်​မူ​ပါ။ လွင်​ပြင်၌​တိုက်၍ ဆက်​ဆက်​နိုင်​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​ထား​သော​စ​ကား​ကို ရှင်​ဘု​ရင်​သည် နား​ထောင်၍ စီ​ရင်​လေ၏။ 26နှစ်​လည်​သော​အ​ခါ ဗင်္ဟာ​ဒဒ်​မင်း​သည် ရှု​ရိ​လူ​တို့​ကို​ရေ​တွက်၍ ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို စစ်​တိုက်​အံ့​သော​ငှာ၊ အာ​ဖက်​မြို့​သို့ ချီ​သွား၏။ 27ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​စာ​ရင်း​ဝင်၍ ရိ​က္ခာ​ကို​ပြင်​ဆင်​ပြီး​မှ စစ်​ချီ​ကြ၏။ ရှု​ရိ​လူ​တို့​သည် တစ်​ပြည်​လုံး​အ​နှံ့​အ​ပြား​နေ​လျက်၊ သူ​တို့​ရှေ့​မှာ ဣ​သ​ရေ​လ​လူ​တို့​သည် ငယ်​သော​ဆိတ်​သ​ငယ်​နှစ်​စု​ကဲ့​သို့ တပ်​ချ​ကြ၏။
28ဘု​ရား​သ​ခင်၏ လူ​တစ်​ယောက်​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ထံ​သို့ လာ၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ရှု​ရိ​လူ​တို့​က ထာ​ဝ​ရ​ဘု​ရား​သည် တောင်​ကို​သာ​အ​စိုး​ရ​သော ဘု​ရား​ဖြစ်၏။ လွင်​ပြင်​ကို​အ​စိုး​ရ​သော ဘု​ရား​မ​ဟုတ်​ဟု ဆို​မိ​သော​ကြောင့်၊ ထို​ကြီး​စွာ​သော အ​လုံး​အ​ရင်း​အ​ပေါင်း​ကို သင့်​လက်​သို့​ငါ​အပ်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။ 29ထို​သူ​တို့​သည် ခု​နစ်​ရက်​ပတ်​လုံး တစ်​ဖက်​တစ်​ချက်​တွင် တပ်​ချ​လျက်​နေ​ပြီး​မှ၊ သ​တ္တ​မ​နေ့၌​စစ်​ပြိုင်၍ ဣ​သ​ရေ​လ​လူ​တို့​သည် တစ်​နေ့​ချင်း​တွင် ရှု​ရိ​ခြေ​သည်​သူ​ရဲ​တစ်​သိန်း​ကို သတ်​ကြ၏။ 30ကျန်​သော​သူ​တို့​သည် အာ​ဖက်​မြို့​သို့​ပြေး၍ မြို့​ရိုး​လဲ​သ​ဖြင့် နှစ်​သောင်း​ခု​နစ်​ထောင်​ကို ဖိ​လေ၏။ ဗင်္ဟာ​ဒဒ်​သည် ပြေး၍ မြို့​ထဲ​အ​တွင်း​အ​ခန်း၌ ပုန်း​လျက်​နေ၏။ 31ဗင်္ဟာ​ဒဒ်၏​ကျွန်​တို့​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား ရှင်​ဘု​ရင်​တို့​သည် သ​နား​တတ်​သော​မင်း​ဖြစ်​ကြောင်း​ကို ကျွန်​တော်​တို့ ကြား​ပါ​ပြီ။ ကျွန်​တော်​တို့​သည် လျှော်​တေ​အ​ဝတ်​ကို​ဝတ်၍၊ ခေါင်း​ပေါ်​မှာ ကြိုး​ကို​ရွက်​လျက်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ထံ​သို့ ထွက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ အ​သက်​တော်​ကို ချမ်း​သာ​ပေး​ကောင်း​ပေး​ပါ​လိမ့်​မည်​ဟု လျှောက်​သည်​အ​တိုင်း၊ 32လျှော်​တေ​အ​ဝတ်​ကို ဝတ်၍၊ ခေါင်း​ပေါ်​မှာ ကြိုး​ကို​ရွက်​လျက်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ထံ​သို့​ရောက်​လျှင်၊ ကိုယ်​တော်​ကျွန်​ဗင်္ဟာ​ဒဒ်​က၊ ကျွန်​တော်​အ​သက်​ကို ချမ်း​သာ​ပေး​တော်​မူ​ပါ​ဟု တောင်း​ပန်​ကြောင်း​ကို လျှောက်​ကြ​သော်၊ အာ​ဟပ်​မင်း​က၊ ငါ့​အစ်​ကို​သည် အ​သက်​ရှင်​သေး​သ​လော​ဟု မေး၏။ 33ထို​သူ​တို့​သည် အာ​ဟပ်​မင်း၏​စ​ကား​ကို စေ့​စေ့​နား​ထောင်၍၊ ချက်​ချင်း​စ​ကား​အ​ရိပ်​ကို ဖမ်း​လျက်၊ ကိုယ်​တော်​အစ်​ကို​ဟူ၍ မိ​မိ​တို့​သ​ခင်​ကို ခေါ်​ကြ၏။ အာ​ဟပ်​က​လည်း သွား၍ ခေါ်​ကြ​လော့​ဟု စေ​လွှတ်​သည်​အ​တိုင်း ဗင်္ဟာ​ဒဒ်​သည် ထွက်​လာ၍၊ အာ​ဟပ်​မင်း​အ​ခွင့်​နှင့် ရ​ထား​တော်​ပေါ်​သို့ တက်​ရ၏။ 34ဗင်္ဟာ​ဒဒ်​က​လည်း၊ ငါ့​အ​ဘ​သည် ကိုယ်​တော်​အ​ဘ၏​လက်​မှ လု​ယူ​သော​မြို့​တို့​ကို ငါ​ပြန်​ပေး​ပါ​မည်။ ငါ့​အ​ဘ​သည် ရှ​မာ​ရိ​မြို့၌ ရှု​ရိ​တန်း​ကို​လုပ်​သ​ကဲ့​သို့ ကိုယ်​တော်​သည် ဒ​မာ​သက်​မြို့၌ ဣ​သ​ရေ​လ​တန်း​ကို လုပ်​ရ​ပါ​သည်​ဟု​ဆို​လျှင်၊ အာ​ဟပ်​က ထို​သို့​မိတ်​သ​ဟာ​ယ​ဖွဲ့​လျက်၊ သင့်​ကို ငါ​လွှတ်​လိုက်​မည်​ဟု​ဆို၍ မိတ်​သ​ဟာ​ယ​ဖွဲ့​လျက် လွှတ်​လိုက်​လေ၏။
အာ​ဟပ်​အ​ပြစ်​ဒဏ်​ခံ​ရ​မည့်​အ​ကြောင်း
35ပ​ရော​ဖက်​အ​မျိုး​သား​တစ်​ယောက်​က၊ ငါ့​ကို ရိုက်​ပါ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​အ​တိုင်း အိမ်​နီး​ချင်း​အား​ဆို၏။ ထို​သူ​က ငါ​မ​ရိုက်​ပါ​ဟု ငြင်း​ပယ်၏။ 36ပ​ရော​ဖက်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​မ​ထောင်​သော​ကြောင့် ငါ့​ထံ​မှ​သွား​စဉ်​တွင်၊ ခြင်္သေ့​သတ်​လိမ့်​မည်​ဟု ဆို​သည်​အ​တိုင်း၊ ထို​သူ​သွား​စဉ်​တွင် ခြင်္သေ့​တွေ့၍ သတ်၏။#၃​ရာ၊ ၁၃:၂၄။ 37အ​ခြား​သော​သူ​ကို​တွေ့၍ ငါ့​ကို​ရိုက်​ပါ​လော့​ဟု ဆို​ပြန်​လျှင်၊ ထို​သူ​သည် နာ​ကျင်​စွာ​ရိုက်​လေ၏။ 38ထို​ပ​ရော​ဖက်​သည် သွား၍ မိ​မိ​မျက်​နှာ​ကို ပု​ဝါ​နှင့်​ဖုံး​အုပ်​လျက် ရှင်​ဘု​ရင်​ကို ငံ့​လင့်၏။ 39ရှင်​ဘု​ရင်​သည် လျှောက်​သွား​သော​အ​ခါ ထို​သူ​က၊ ကိုယ်​တော်​ကျွန်​သည် စစ်​တိုက်​သွား​ပါ၏။ လူ​တစ်​ယောက်​သည် စစ်​ပွဲ​ထဲ​က​ထွက်​လာ၍ ကျွန်​တော်၌ လူ​တစ်​ယောက်​ကို​အပ်​သ​ဖြင့် ဤ​လူ​ကို​စောင့်​လော့။ တစ်​စုံ​တစ်​ခု​အား​ဖြင့် ပျောက်​လျှင် သူ့​အ​သက်​အ​တွက် သင့်​အ​သက်​သေ​ရ​မည်။ သို့​မ​ဟုတ် ငွေ​အ​ခွက်​တစ်​ဆယ်​လျော်​ရ​မည်​ဟု မှာ​ထား​သော်​လည်း၊ 40ကိုယ်​တော်​ကျွန်​သည် အ​ရပ်​ရပ်၌ အ​မှု​များ​သော​အ​ခါ၊ ထို​သူ​ပျောက်​ပါ​သည်​ဟု လျှောက်​လျှင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ သင့်​အ​မှု​ကို ထို​သို့​ပင်​စီ​ရင်​ရ​မည်။ သင့်​ကိုယ်​တိုင်​လည်း စီ​ရင်​ပြီး​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။ 41ထို​ပ​ရော​ဖက်​သည် မျက်​နှာ​ဖုံး​ပု​ဝါ​ကို ချက်​ချင်း​ပယ်​သ​ဖြင့်၊ ပ​ရော​ဖက် တစ်​စုံ​တစ်​ပါး​ဖြစ်​ကြောင်း​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သိ၏။ 42ပ​ရော​ဖက်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​ကျိန်​သော​သူ​ကို သင်​လွှတ်​သော​ကြောင့်၊ သင့်​အ​သက်​သည် သူ့​အ​သက်​အ​တွက်၊ သင့်​လူ​တို့​သည် သူ့​လူ​တို့​အ​တွက်​အ​ရှုံး​ခံ​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။ 43ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ညစ်​ညူး​သော​စိတ်​နှင့် ညှိုး​ငယ်​လျက် ရှ​မာ​ရိ​မြို့၊ နန်း​တော်​သို့​သွား၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in