YouVersion Logo
Search Icon

၃ ဓမ္မရာဇဝင် 13

13
ယု​ဒ​ပြည်​မှ​ဘု​ရား​သ​ခင်၏​လူ
1ထို​အ​ခါ ယေ​ရော​ဗောင်​သည် နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​ငှာ ယဇ်​ပ​လ္လင်​နား​မှာ​ရပ်​နေ​စဉ်​တွင်၊ ဘု​ရား​သ​ခင်၏ လူ​တစ်​ယောက်​သည် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​အ​တိုင်း၊ ယု​ဒ​ပြည်​မှ ဗေ​သ​လ​မြို့​သို့ ရောက်​လာ၍၊ 2ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​အ​တိုင်း ယဇ်​ပ​လ္လင်​တစ်​ဖက်၌ ကြွေး​ကြော်​လျက်၊ အို​ယဇ်​ပ​လ္လင်၊ ယဇ်​ပ​လ္လင်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဒါ​ဝိဒ်​မင်း​မျိုး၌ ယော​ရှိ​အ​မည်​ရှိ​သော​သူ​ကို ဖွား​မြင်​လိမ့်​မည်။ သင့်​အ​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ မြင့်​သော​အ​ရပ်၌ ယဇ်​ပု​ရော​ဟိတ်​လုပ်​သော​သူ​တို့​ကို ထို​သူ​သည် သင့်​အ​ပေါ်​မှာ​ပူ​ဇော်၍၊ လူ​သေ​အ​ရိုး​တို့​ကို​မီး​ရှို့​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။#၄​ရာ၊ ၂၃: ၁၅-၁၆။ 3ထို​နေ့​ချင်း​တွင် ပု​ပ္ပ​နိ​မိတ်​ကို​လည်း​ပေး၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော ပု​ပ္ပ​နိ​မိတ်​ဟူ​မူ​ကား၊ ယဇ်​ပ​လ္လင်​သည်​ကွဲ၍ ပ​လ္လင်​ပေါ်​မှာ​ရှိ​သော​ပြာ​လည်း ယို​ကျ​လိမ့်​မည်​ဟု ဟော​လေ၏။ 4ထို​သို့ ဘု​ရား​သ​ခင်၏​လူ​သည် ဗေ​သ​လ​မြို့ ယဇ်​ပ​လ္လင်​တစ်​ဖက်၌ ကြွေး​ကြော်​သော​စ​ကား​ကို ယေ​ရော​ဗောင်​မင်း​ကြီး​သည် ကြား​လျှင်၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော မိ​မိ​လက်​ကို​ဆန့်၍ ထို​သူ​ကို​ဖမ်း​ဆီး​ကြ​ဟု​ဆို​လျက်၊ ဆန့်​သော​လက်​သည် သွေ့​ခြောက်၍ နောက်​တစ်​ဖန်​မ​ရုပ်​နိုင်။ 5ဘု​ရား​သ​ခင်၏​လူ​သည် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​အ​တိုင်း ပေး​သော​ပု​ပ္ပ​နိ​မိတ်​နှင့်​အ​ညီ ယဇ်​ပ​လ္လင်​ကွဲ၍၊ ပြာ​သည်​လည်း ပ​လ္လင်​ပေါ်​က ယို​ကျ​လေ၏။ 6ရှင်​ဘု​ရင်​က​လည်း၊ ငါ့​လက်၌ ရောက်​သော​ရော​ဂါ​ကို ပျောက်​စေ​မည်​အ​ကြောင်း၊ ငါ့​အ​တွက်​ပ​တ္ထ​နာ​ပြု၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​ပါ​လော့​ဟု ဘု​ရား​သ​ခင်၏​လူ​ကို​ပြော​ဆို၏။ ဘု​ရား​သ​ခင်၏​လူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်​သ​ဖြင့်၊ ရှင်​ဘု​ရင်​လက်​သည် ရော​ဂါ​ပျောက်၍ ပ​က​တိ​အ​တိုင်း​ဖြစ်​လေ၏။ 7ရှင်​ဘု​ရင်​က​လည်း၊ ငါ​နှင့်​အ​တူ​လိုက်၍ အား​ဖြည့်​လော့။ လက်​ဆောင်​ပေး​မည်​ဟု ဘု​ရား​သ​ခင်၏​လူ​အား​ဆို​လျှင်၊ 8ဘု​ရား​သ​ခင်၏​လူ​က၊ နန်း​တော်​တစ်​ဝက်​ကို ပေး​သော်​လည်း သင်​နှင့်​အ​တူ ငါ​မ​လိုက်။ ဤ​အ​ရပ်၌ မုန့်​ကို​မ​စား၊ ရေ​ကို​လည်း မ​သောက်​ရ။ 9ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​က၊ မုန့်​ကို မ​စား​နှင့်။ ရေ​ကို မ​သောက်​နှင့်။ လာ​သော​လမ်း​ဖြင့် မ​ပြန်​နှင့်​ဟု ငါ့​အား​ပ​ညတ်​တော်​မူ​ပြီ​ဟု ရှင်​ဘု​ရင်​အား ပြော​ဆို၏။ 10ထို​နောက် ဗေ​သ​လ​မြို့​သို့ လာ​သော​လမ်း​ကို​ရှောင်၍ အ​ခြား​သော​လမ်း​ဖြင့် ပြန်​သွား၏။
ဗေ​သ​လ​မြို့​ရှိ​ပ​ရော​ဖက်​အို​ကြီး
11ထို​ကာ​လ၌ ဗေ​သ​လ​မြို့​တွင် အ​သက်​ကြီး​သော ပ​ရော​ဖက်​တစ်​ယောက်​ရှိ၏။ သူ၏​သား​တို့​သည်​လာ၍ ဘု​ရား​သ​ခင်၏​လူ​သည် ထို​နေ့၌ ဗေ​သ​လ​မြို့​မှာ ပြု​သော​အ​မှု​ရှိ​သ​မျှ​နှင့် ရှင်​ဘု​ရင်​အား​ပြော​သော​စ​ကား​များ​ကို အ​ဘ​အား​ပြန်​ကြား​လျှင်၊ 12ယု​ဒ​ပြည်​မှ​လာ​သော ဘု​ရား​သ​ခင်၏​လူ​သည် အ​ဘယ်​လမ်း​ဖြင့် ပြန်​သွား​သည်​ကို မြင်​ကြ​သော​ကြောင့်၊ အ​ဘ​က ထို​သူ​သည် အ​ဘယ်​လမ်း​ဖြင့် ပြန်​သွား​သ​နည်း​ဟု မေး​ပြီး​လျှင်၊ 13မြည်း​ကို ကုန်း​နှီး​တင်​ကြ​လော့​ဟု ဆို​သည်​အ​တိုင်း၊ သား​တို့​သည် မြည်း​ကို​ကုန်း​နှီး​တင်၍ အ​ဘ​သည် စီး​သွား​လျက်၊ 14ဘု​ရား​သ​ခင်၏​လူ​ကို​လိုက်​လေ၏။ သ​ပိတ်​ပင်​အောက်​မှာ ထိုင်​လျက်​ရှိ​သည်​ကို တွေ့​လျင်၊ သင်​သည် ယု​ဒ​ပြည်​မှ​လာ​သော ဘု​ရား​သ​ခင်၏​လူ မှန်​သ​လော​ဟု​မေး​သော်၊ ငါ​မှန်​သည်​ဟု ပြန်​ဆို၏။ 15ပ​ရော​ဖက်​က​လည်း၊ ငါ​နှင့်​အ​တူ ငါ့​အိမ်​သို့​လိုက်၍ မုန့်​ကို​စား​ပါ​လော့​ဟု ခေါ်​ပင့်​လျှင်၊ 16ငါ​သည် သင်​နှင့်​အ​တူ မ​လိုက်​ရ၊ သင့်​အိမ်​သို့ မ​ဝင်​ရ။ ဤ​အ​ရပ်၌ မုန့်​ကို​မ​စား၊ ရေ​ကို​လည်း မ​သောက်​ရ။ 17ထာ​ဝ​ရ​ဘု​ရား​က၊ ထို​အ​ရပ်၌ မုန့်​ကို​မ​စား​နှင့်။ ရေ​ကို မ​သောက်​နှင့်။ လာ​သော​လမ်း​ဖြင့် မ​ပြန်​နှင့်​ဟု ငါ့​အား​မိန့်​တော်​မူ​ကြောင်း​ကို ပြော​ဆို၏။ 18ပ​ရော​ဖက်​က​လည်း၊ ငါ​သည် သင်​ကဲ့​သို့​ပ​ရော​ဖက်​ဖြစ်၏။ သင်​သည် မုန့်​ကို​စား၍ ရေ​ကို​သောက်​စေ​ခြင်း​ငှာ သင့်​ကို​ငါ့​အိမ်​သို့ ခေါ်​ရ​မည်​အ​ကြောင်း၊ ကောင်း​ကင်​တ​မန်​သည် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​အား​ဖြင့် မှာ​ထား​ပြီ​ဟု မု​သား​သုံး၍​ပြော​ဆို၏။ 19ထို​ကြောင့် ဘု​ရား​သ​ခင်၏​လူ​သည် ပ​ရော​ဖက်​နှင့်​အ​တူ​ပြန်​လာ၍၊ သူ၏​အိမ်​မှာ မုန့်​ကို​စား၏။ ရေ​ကို​လည်း သောက်၏။ 20ထို​သူ​နှစ်​ပါး​တို့​သည် စား​ပွဲ​နား​မှာ​ထိုင်​စဉ်​တွင်၊ ခေါ်​ခဲ့​သော ပ​ရော​ဖက်​သို့ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည်​ရောက်၍၊ 21ယု​ဒ​ပြည်​မှ​လာ​သော ဘု​ရား​သ​ခင်၏​လူ​အား၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​တော်​ထွက်​ကို နား​မ​ထောင်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထား​တော်​မူ​သော ပ​ညတ်​တော်​ကို​မ​စောင့်၊ 22ဤ​မည်​သော​အ​ရပ်၌ မုန့်​ကို​မ​စား​နှင့်။ ရေ​ကို​မ​သောက်​နှင့်​ဟု ပ​ညတ်​တော်​မူ​သော​အ​ရပ်​သို့ ပြန်​လာ၍ မုန့်​နှင့်​ရေ​ကို စား​သောက်​သော​ကြောင့်၊ သင်၏​အ​လောင်း​သည် ဘိုး​ဘေး​တို့၏​သင်္ချိုင်း​သို့ မ​ရောက်​ရ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို အော်​ဟစ်၍​ဆင့်​ဆို၏။ 23မုန့်​နှင့်​ရေ​ကို စား​သောက်​ပြီး​မှ၊ ထို​ပ​ရော​ဖက်​သည် ပြန်​လာ​သော ပ​ရော​ဖက်​အ​ဖို့ မိ​မိ​မြည်း​ကို​ကုန်း​နှီး​တင်၍ လွှတ်​လိုက်​လေ၏။ 24လမ်း​မှာ ခြင်္သေ့​တွေ့၍​သတ်၏။ အ​သေ​ကောင်​သည် လမ်း၌​လဲ၍၊ မြည်း​နှင့်​ခြင်္သေ့​သည် အ​နား​မှာ​ရပ်​နေ၏။ 25အ​သေ​ကောင်​သည် လမ်း၌​လဲ၍ မြည်း​နှင့်​ခြင်္သေ့​သည် အ​နား​မှာ​ရပ်​နေ​သည်​ကို ခ​ရီး​သွား​သော​သူ​တို့​သည် မြင်​လျှင်၊ အ​သက်​ကြီး​သော ပ​ရော​ဖက်​နေ​သော​မြို့​သို့​လာ၍ သ​တင်း​ပြော​ကြ၏။ 26ခေါ်​ခဲ့​သော​ပ​ရော​ဖက်​သည် ထို​သ​တင်း​ကို​ကြား​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​မ​ထောင်​သော ဘု​ရား​သ​ခင်၏​လူ ဖြစ်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​အား​မိန့်​တော်​မူ​သော​စ​ကား​အ​တိုင်း၊ သူ့​ကို​ခြင်္သေ့၌ အပ်​တော်​မူ​သ​ဖြင့်၊ ခြင်္သေ့​သည် ကိုက်​သတ်​လေ​ပြီ​တ​ကား​ဟု ဆို​လျက်၊ 27မြည်း​ပေါ်​မှာ ကုန်း​နှီး​ကို​တင်​ကြ​လော့​ဟု သား​တို့​အား​ဆို​သည်​အ​တိုင်း သူ​တို့​သည် ကုန်း​နှီး​တင်​ကြ၏။ 28ပ​ရော​ဖက်​သွား၍ အ​သေ​ကောင်​သည် လမ်း၌​လဲ​လျက်၊ မြည်း​နှင့်​ခြင်္သေ့​သည် အ​နား​မှာ ရပ်​နေ​လျက်​ရှိ​သည်​ကို တွေ့၏။ ခြင်္သေ့​သည် အ​သေ​ကောင်​ကို မ​စား၊ မြည်း​ကို​လည်း မ​ကိုက်။ 29အ​သက်​ကြီး​သော​ပ​ရော​ဖက်​သည် ဘု​ရား​သ​ခင်၏ လူအ​လောင်း​ကို မြည်း​ပေါ်​သို့​ချီ၍ တင်​ပြီး​လျှင် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု၍၊ သင်္ဂြိုဟ်​ခြင်း​ငှာ မိ​မိ​မြို့​သို့ ဆောင်​သွား၏။ 30အ​လောင်း​ကို မိ​မိ​သင်္ချိုင်း​တွင်း၌ ထား​လျက်၊ အို​ငါ့​ညီ​ဟူ၍ ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု၏။ 31သင်္ဂြိုဟ်​ပြီး​မှ သား​တို့​ကို​ခေါ်၍၊ ငါ​သေ​သော​အ​ခါ ဘု​ရား​သ​ခင်၏ လူ​သင်္ချိုင်း​တွင်း၌ သင်္ဂြိုဟ်​ကြ​လော့။ ငါ့​အ​ရိုး​တို့​ကို သူ့​အ​ရိုး​တို့​အ​နား​မှာ ထား​ကြ​လော့။ 32ဗေ​သ​လ​မြို့ ယဇ်​ပ​လ္လင်​တစ်​ဖက် ရှ​မာ​ရိ​မြို့​ရွာ​တွင်၊ မြင့်​သော​အ​ရပ်​ပေါ်​မှာ ဆောက်​သော အိမ်​များ​တစ်​ဖက်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​အ​တိုင်း ကြွေး​ကြော်​သော​စ​ကား​သည် စင်​စစ်​ပြည့်​စုံ​လိမ့်​မည်​ဟု မှာ​ထား​လေ၏။
ယေ​ရော​ဗောင်​၏​ကြီး​လေး​သော​အ​ပြစ်
33ထို​နောက်​မှ ယေ​ရော​ဗောင်​သည် မိ​မိ​အ​ဓ​မ္မ​လမ်း​ကို မ​ရှောင်။ သာ​မ​ည​လူ​တို့​ကို မြင့်​သော​အ​ရပ်​တွင် ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ထပ်၍​ခန့်​ထား၏။ ယဇ်​ပု​ရော​ဟိတ်​လုပ်​ချင်​သော​သူ​ရှိ​သ​မျှ​ကို ချီး​မြှောက်​သ​ဖြင့်၊ သူ​တို့​သည် မြင့်​သော​အ​ရပ်​တွင် ယဇ်​ပု​ရော​ဟိတ် ဖြစ်​ကြ၏။ 34ထို​သို့​ပြု​သော​ကြောင့် ယေ​ရော​ဗောင်​အ​မျိုး​ကို မြေ​ကြီး​ပြင်​မှ သုတ်​သင်​ပယ်​ရှင်း​စေ​သော​အ​ပြစ် ရောက်​သ​တည်း။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in