YouVersion Logo
Search Icon

၁ ကောရိန္သု 8

8
ရုပ်​တု​ရှေ့ပူ​ဇော်သောယဇ်ကောင်
1ရုပ်​တု​ရှေ့၌​ပူ​ဇော်​သော ယဇ်​ကောင်​အ​ရာ​မှာ၊ ငါ​တို့​ရှိ​သ​မျှ​သည် ပိုင်း​ခြား​တတ်​သော ဉာဏ်​ရှိ​သည်​ကို ငါ​တို့​သိ​ကြ၏။ ဉာဏ်​သည် ထောင်​လွှား​စေ​တတ်၏။ မေ​တ္တာ​မူ​ကား တည်​ဆောက်​တတ်၏။- 2အ​ကြင်​သူ​သည်၊ ငါ​ကား​ပ​ညာ​ရှိ​ဖြစ်​သည်​ဟူ၍ စိတ်​ထင်၏။ ထို​သူ​သည် သိ​အပ်​သည်​အ​တိုင်း အ​လျှင်း​မ​သိ​သေး။- 3ဘု​ရား​သ​ခင်​ကို​ချစ်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင် သိ​စေ​တော်​မူ​သော​သူ ဖြစ်၏။- 4ရုပ်​တု​ရှေ့၌ ပူ​ဇော်​သော​ယဇ်​ကောင်​ကို စား​ခြင်း​အ​ရာ​မှာ၊ ရုပ်​တု​သည် ဤ​လော​က၌ အ​ချည်း​နှီး​သက်​သက် ဖြစ်​သည်​ကို​လည်း​ကောင်း၊ တစ်​ဆူ​တည်း​သော ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​ဘု​ရား​သ​ခင်​မျှ မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ငါ​တို့​သိ​ကြ၏။- 5ဘု​ရား​များ၊ အ​ရှင်​များ​ဟု​ဆို​သည်​အ​တိုင်း ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ ဘု​ရား​ဟူ၍ ခေါ်​ဝေါ်​သ​မုတ်​သော သူ​အ​များ​ရှိ​သော်​လည်း၊- 6အ​ကြင်​ဘု​ရား​သ​ခင်​အ​ထဲ​က ခပ်​သိမ်း​သော အ​ရာ​ဖြစ်၍၊ အ​ကြင်​ဘု​ရား​သ​ခင်​အ​ဖို့ အ​လို​ငှာ ငါ​တို့​သည် ဖြစ်​ကြ၏။ ထို​ခ​မည်း​တော်​ဘု​ရား​သ​ခင် တစ်​ပါး​တည်း​သာ ငါ​တို့၌ ရှိ​တော်​မူ၏။ အ​ကြင်​သ​ခင်​အား​ဖြင့် ငါ​တို့​မှ​စ၍ ခပ်​သိမ်း​သော​အ​ရာ​ဖြစ်​ကြ၏။ ထို​သ​ခင်​ယေ​ရှု​ခ​ရစ်​တစ်​ပါး​တည်း​သာ ငါ​တို့၌​ရှိ​တော်​မူ၏။- 7သို့​သော်​လည်း ထို​ဉာဏ်​ကို လူ​တိုင်း​မ​ရ။ အ​ချို့​သော​သူ​တို့​သည် ယ​ခု​တိုင်​အောင် ရုပ်​တု​ရှေ့၌ ပူ​ဇော်​သော ယဇ်​ကောင်​ကို​စား​သော်၊ ရုပ်​တု​ကို ထောက်​သော​စိတ်​နှင့် စား​ကြ​သည်​ဖြစ်၍၊ သူ​တို့၌ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​သည် အား​နည်း​သော​ကြောင့် ညစ်​ညူး​ခြင်း​သို့ ရောက်​တတ်၏။
8အ​စား​အ​သောက်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​မှာ မျက်​နှာ​ရ​သည်​မ​ဟုတ်။ အ​စား​ကို​သုံး​ကာ​မျှ​ဖြင့် မြတ်​သည် မ​ဟုတ်။ ရှောင်​ကာ​မျှ​ဖြင့် ယုတ်​သည်​မ​ဟုတ်။- 9သို့​သော်​လည်း၊ သင်​တို့​အ​ခွင့်​ကို အား​နည်း​သော​သူ​တို့၌ ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း မ​ဖြစ်​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။- 10အ​ကြောင်း​မူ​ကား၊ သင်​သည် ပိုင်း​ခြား​တတ်​သော ဉာဏ်​ရှိ​လျက်​ပင်၊ ရုပ်​တု​စင်​ထဲ၌ စား​ပွဲ​နား​မှာ လျောင်း​သည်​ကို သူ​တစ်​ပါး​မြင်​လျှင်၊ ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် အား​နည်း​သော​သူ​သည်၊ ရုပ်​တု​ရှေ့၌ ပူ​ဇော်​သော ယဇ်​ကောင်​ကို စား​ခြင်း​ငှာ ရဲ​မည်​မ​ဟုတ်​လော။- 11ထို​သို့​ဖြစ်​လျှင်၊ အ​ကြင်​ညီ​အစ်​ကို​အ​ဖို့ အ​လို​ငှာ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ၏။ အား​နည်း​သော ထို​ညီ​အစ်​ကို​သည် သင်၏​ဉာဏ်​ကြောင့် ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ပါ​သည်​တ​ကား၊- 12သင်​တို့​သည်၊ ညီ​အစ်​ကို​တို့​ကို ထို​သို့​ပြစ်​မှား၍ သူ​တို့၌ ကိုယ်​ကို​ကိုယ်​သိ​သော အား​နည်း​သော​စိတ်​ကို ထိ​ခိုက်​သော​အ​ခါ၊ ခ​ရစ်​တော်​ကို​လည်း ပြစ်​မှား​ရာ​သို့ ရောက်၏။- 13သို့​ဖြစ်၍၊ ငါ၏​အ​စား​အ​သောက်​သည် ငါ့​ညီ​အစ်​ကို​ကို မှား​ယွင်း​စေ​လျှင်၊ ငါ့​ညီ​အစ်​ကို၌ မှား​ယွင်း​စ​ရာ​အ​ကြောင်း မ​ရှိ​စေ​ခြင်း​ငှာ၊ အ​မဲ​သား​ကို အ​စဉ်​မ​ပြတ်​ရှောင်​မည်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy