YouVersion Logo
Search Icon

၁ ကောရိန္သု 4

4
တ​မန်​တော်​များ၏​အ​မှု​တော်
1ခ​ရစ်​တော်၏ အ​စေ​အ​ပါ ကဲ့​သို့​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ နက်​နဲ​သော​အ​ရာ​တို့​ကို စောင့်​သော ဘ​ဏ္ဍာ​စိုး ကဲ့​သို့​လည်း​ကောင်း၊ သူ​တစ်​ပါး​သည် ငါ​တို့​ကို​မှတ်​ပါ​စေ။- 2ထို​မှ​တစ်​ပါး၊ ဘ​ဏ္ဍာ​စိုး​မည်​သည်​ကား၊ သ​စ္စာ​ရှိ​ရ​မည်။- 3သင်​တို့​မှ​စ၍ အ​ခြား​သော​လူ​များ​တို့​သည် ငါ့​ကို သ​စ္စာ​မ​ရှိ​ဟု စီ​ရင်​သော်​လည်း၊ ငါ​သည်​အ​မှု​မ​ထား။ ငါ့​ကိုယ်​ကို ငါ​မ​စီ​ရင်။- 4အ​ကြောင်း​မူ​ကား၊ ကိုယ်​စိတ်​သည် ကိုယ်​ကို အ​ပြစ်​မ​တင်။ သို့​သော်​လည်း၊ ထို​အ​ကြောင်း​ဖြင့် ငါ​သည် အ​ပြစ်​လွတ်​သည်​မ​ဟုတ်။ ငါ့​ကို​စီ​ရင်​သော​သူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။- 5ထို​သို့​ဖြစ်​လျှင် မှောင်​မိုက်၌ ဝှက်​ထား​သော​အ​ရာ​တို့​ကို ပွင့်​လင်း​စေ၍ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို ထင်​ရှား​စေ​လ​တ္တံ့​သော သ​ခင်​ဘု​ရား ကြွ​လာ​တော်​မ​မူ​မီ တိုင်​အောင် အ​ဘယ်​အ​မှု​ကို​မျှ အ​ဆုံး​အ​ဖြတ် မ​စီ​ရင်​ကြ​နှင့်။ ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အ​သီး​အ​သီး​တို့​သည် ဘု​ရား​သ​ခင် ချီး​မွမ်း​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​ကြ​လ​တ္တံ့။
6ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ကျမ်း​စာ​ကို​လွန်၍ သူ​တစ်​ပါး​ကို မ​ရို​သေ​အပ်​ဟု ငါ​တို့​ကို​ထောက်၍ နား​လည်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မာ​န​စိတ်​ထောင်​လွှား​သည်​နှင့် တစ်​ယောက်​ကို​မှီ​ဝဲ၍ တစ်​ယောက်​ကို​ငြင်း​ဆန်​ခြင်း မ​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​ဆို​ခဲ့​ပြီး​သော​အ​ချက်၌ သင်​တို့၏​အ​ကျိုး​ကို​ထောက်၍ ငါ​နှင့် အာ​ပေါ​လု​ကို ပုံ​ဆောင်​လျက် ဆို​သ​တည်း။- 7ထို​မှ​တစ်​ပါး၊ အ​ဘယ်​သူ​သည် သင့်​ကို ထူး​ခြား​စေ​သ​နည်း။ သူ​တစ်​ပါး​လက်​မှ မ​ခံ​မ​ယူ​ဘဲ အ​လို​အ​လျောက်​ရ​သော အ​ရာ​တစ်​စုံ​တစ်​ခု​မျှ သင်၌​ရှိ​သ​လော။ သူ​တစ်​ပါး​လက်​မှ ခံ​ယူ​သည်​မှန်​လျှင်၊ မ​ခံ​မ​ယူ​သ​ကဲ့​သို့ အ​ဘယ်​ကြောင့် ဝါ​ကြွား​သ​နည်း။- 8ယ​ခု​တွင် သင်​တို့​သည် ကြွယ်​ဝ​ကြ၏။ ငွေ​ရ​တတ်​ကြ၏။ ငါ​တို့ မ​ရှိ​စဉ်​တွင်​စိုး​စံ​ကြ၏။ ငါ​တို့​သည် သင်​တို့​နှင့်​အ​တူ စိုး​စံ​ရ​သော​အ​ခွင့် ရှိ​မည်​အ​ကြောင်း၊ သင်​တို့​ကို အ​မှန်​စိုး​စံ​စေ​ခြင်း​ငှာ အ​လို​ရှိ၏။- 9သတ်​ဖို့​ရာ​ထား​သော​သူ​ကဲ့​သို့ အ​ခြား​သော​သူ​များ​နောက်၌ တ​မန်​တော်​တည်း​ဟူ​သော ငါ​တို့​ကို ဘု​ရား​သ​ခင်​ထုတ်​ပြ​တော်​မူ​သည်​ဟု ငါ​ထင်၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် လော​ကီ​သား​များ​နှင့် ကောင်း​ကင်​တ​မန်​များ​မျက်​မှောက်၌ ပွဲ​ဝင်​သော​သူ ဖြစ်​ကြ၏။- 10ငါ​တို့​သည် ခ​ရစ်​တော်၏ အ​ကြောင်း​ကြောင့် လူ​မိုက်​ဖြစ်​ကြ၏။ သင်​တို့​မူ​ကား၊ ခ​ရစ်​တော်၌ ပ​ညာ​ရှိ ဖြစ်​ကြ၏။ ငါ​တို့​သည် အား​နည်း​သော​သူ ဖြစ်​ကြ၏။ သင်​တို့​မူ​ကား၊ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ​သော​သူ၊ အ​သ​ရေ​ရှိ​သော​သူ ဖြစ်​ကြ၏။ ငါ​တို့​သည် အ​ရှက်​အ​ကြောက် ခံ​ရ​သော​သူ​ဖြစ်၍၊- 11ယ​ခု​တိုင်​အောင် အ​စား​အ​သောက်​ငတ်​မွတ်​ခြင်း၊ အ​ဝတ်​နွမ်း​ပါး​ခြင်း၊ ရိုက်​ပုတ်​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​ကြ၏။ နေ​ရာ​မ​ကျ​သော​သူ၊- 12ကိုယ်​လက်​နှင့် ပင်​ပန်း​စွာ လုပ်​ဆောင်​ရ​သော​သူ ဖြစ်​ကြ၏။ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​သော​အ​ခါ မေ​တ္တာ​ပို့​ကြ၏။ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို ခံ​ရ​သော​အ​ခါ သည်း​ခံ​ကြ၏။-#တ၊ ၁၈:၃။ 13အ​သ​ရေ​ရှုတ်​ချ​ခြင်း​ကို ခံ​ရ​သော​အ​ခါ တောင်း​ပန်​ကြ၏။ ဤ​လော​က၏ အ​ညစ်​အ​ကြေး​ကဲ့​သို့​လည်း​ကောင်း၊ အ​ရပ်​ရပ်​ထဲ​က လှည်း​ပစ်​သော​တန်​မြက်​ချေး အ​မှိုက်​ကဲ့​သို့​လည်း​ကောင်း၊ ယ​ခု​တိုင်​အောင်​ဖြစ်​ကြ၏။
14သင်​တို့​သည် ရှက်​စေ​ခြင်း​ငှာ ဤ​သို့​ငါ​ရေး​သည် မ​ဟုတ်။ သင်​တို့​ကို ချစ်​သား​ကဲ့​သို့​မှတ်၍ သ​တိ​ပေး၏။- 15သင်​တို့​တွင် ခ​ရစ်​တော်၏​အ​ကြောင်း​ကို သင်​ပေး​သော ဆ​ရာ​တစ်​သောင်း​ရှိ​ငြား​သော်​လည်း၊ အ​ဘ​အ​များ မ​ရှိ။ ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ငါ​သည် သင်​တို့​ကို ယေ​ရှု​ခ​ရစ်၌ ဖြစ်​ပွား​စေ​ပြီ။- 16သို့​ဖြစ်၍၊ ငါ​ကျင့်​သည်​နည်း​တူ သင်​တို့​သည် ကျင့်​ကြ​မည်​အ​ကြောင်း ငါ​နှိုး​ဆော် တောင်း​ပန်၏။-#၁​ကော၊ ၁၁:၁။ ဖိ၊ ၃:၁၇။ 17ထို​အ​ကြောင်း​ကြောင့် သ​ခင်​ဘု​ရား၌ သ​စ္စာ​ရှိ​သော ငါ၏​ချစ်​သား​တိ​မော​သေ​ကို သင်​တို့​ဆီ​သို့ ငါ​စေ​လွှတ်၏။ ခပ်​သိမ်း​သော အ​ရပ်​တို့၌ ခပ်​သိမ်း​သော အ​သင်း​တော်​တို့​ကို ငါ​သွန်​သင်​သည်​နှင့်​အ​ညီ၊ ငါ​သည် ခ​ရစ်​တော်၌​ကျင့်​သော အ​ကျင့်​ဓ​လေ့​များ​ကို သင်​တို့​သည် မှတ်​မိ​စေ​ခြင်း​ငှာ သူ​သည် ပြ​သ​တိုက်​တွန်း​လိမ့်​မည်။- 18ငါ​သည် သင်​တို့​ဆီ​သို့ ကိုယ်​တိုင်​မ​လာ​ဟု အ​ချို့​သော သူ​တို့​သည် ထင်​မှတ်​သည်​နှင့်၊ မာ​န​ထောင်​လွှား​ခြင်း ရှိ​ကြ၏။- 19သို့​သော်​လည်း သ​ခင်​ဘု​ရား​သည် အ​လို​တော်​ရှိ​လျှင် ငါ​သည် မြန်​မြန်​လာ​မည်။ လာ​သော​အ​ခါ မာ​န​ထောင်​လွှား​သော​သူ​တို့၏ စ​ကား​ကို သိ​မှတ်​မည်​မ​ဟုတ်။ သူ​တို့၏​တန်​ခိုး​ကို သိ​မှတ်​မည်။- 20အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် စ​ကား၌ တည်​သည်​မ​ဟုတ်၊ တန်​ခိုး၌ တည်၏။- 21သင်​တို့​သည် အ​ဘယ်​သို့ အ​လို​ရှိ​သ​နည်း။ ငါ​သည်​နှင်​တံ​နှင့် သင်​တို့​ဆီ​သို့​လာ​ရ​မည်​လော။ သို့​မ​ဟုတ် မေ​တ္တာ​နှင့် လည်း​ကောင်း၊ နူး​ညံ့​သိမ်​မွေ့​သော စိတ်​နှင့်​လည်း​ကောင်း၊ လာ​ရ​မည်​လော။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in