YouVersion Logo
Search Icon

၁ ကောရိန္သု 2

2
ခ​ရစ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း
1ညီ​အစ်​ကို​တို့၊ ငါ​သည်​သင်​တို့​ရှိ​ရာ​သို့ ရောက်​လာ​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏ သက်​သေ​ခံ​ချက်​ကို ထူး​မြတ်​သော​စ​ကား​နှင့် ထူး​မြတ်​သော​ပ​ညာ​အား​ဖြင့် သင်​တို့​အား ပြ​သ၍ ရောက်​လာ​သည်​မ​ဟုတ်။- 2အ​ကြောင်း​မူ​ကား၊ ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​တော်​မူ​သော သ​ခင်​မှ​တစ်​ပါး၊ အ​ဘယ်​အ​ရာ​ကို​မျှ သင်​တို့​တွင် ငါ​မ​သိ​မ​မှတ်​ဟု ငါ​စိတ်​ပြ​ဋ္ဌာန်း​ခြင်း​ရှိ၏။- 3သင်​တို့​နှင့်​အ​တူ ငါ​ရှိ​နေ​သော​အ​ခါ၊ အား​နည်း​ခြင်း၊ အ​လွန်​ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​နှင့်​တ​ကွ ငါ​ရှိ​နေ၏။-#တ၊ ၁၈:၉။ 4-5သင်​တို့၏​ယုံ​ကြည်​ခြင်း​သည် လူ​ပ​ညာ​အား​ဖြင့် မ​တည်၊ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် တည်​စေ​ခြင်း​ငှာ၊ ငါ့​စ​ကား၊ ငါ့​ဒေ​သ​နာ​သည် လူ​ပ​ညာ​နှင့်​ယှဉ်​သော ဖြား​ယောင်း​သော​စ​ကား​နှင့်​တ​ကွ ရှိ​သည်​မ​ဟုတ်။ ဝိ​ညာဉ်​တော်၏​နိ​မိတ်​လ​က္ခ​ဏာ တန်​ခိုး​တော်​နှင့်​တ​ကွ ရှိ၏။
ဘု​ရား​သ​ခင်​၏​ပညာ
6သို့​သော်​လည်း၊ စုံ​လင်​သော​သူ​တို့​အား ငါ​တို့​သည် ပ​ညာ​စ​ကား​ကို ဟော​ပြော၏။ ထို​သို့​ဆို​သော်၊ လော​ကီ​ပ​ညာ​ကို မ​ဆို​လို။ ပြယ်​ပျောက်​တတ်​သော လော​ကီ​မင်း​တို့၏ ပ​ညာ​ကို​မ​ဆို​လို။- 7ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ၊ ငါ​တို့၏ ဘုန်း​အ​သ​ရေ ဖြစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​သော ပ​ညာ၊ နက်​နဲ​သော​အ​ရာ၌ ဝှက်​ထား​သော ဘု​ရား​သ​ခင်၏​ပ​ညာ​ကို ငါ​တို့​သည် ပြ​သ​ကြ၏။- 8ထို​ပ​ညာ​ကို လော​ကီ​မင်း​တစ်​စုံ​တစ်​ယောက်​မျှ မ​သိ။ သိ​လျှင်၊ ဘုန်း​ကြီး​တော်​မူ​သော​သ​ခင်​ကို လက်​ဝါး​ကပ်​တိုင်​မှာ မ​ကွပ်​မျက်​ကြ​ပြီ။- 9ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တို့​အ​ဖို့ အ​လို​ငှာ၊ ဘု​ရား​သ​ခင်​ပြင်​ဆင်​တော်​မူ​သော အ​ရာ​တို့​ကို လူ​မျက်​စိ​ဖြင့်​မ​မြင်၊ နား​ဖြင့်​မ​ကြား၊ စိတ်​နှ​လုံး​ဖြင့် မ​ကြံ​စည်​သေး။-#ဟေ​ရှာ၊ ၆၄:၄။ 10ထို​အ​ရာ​တို့​ကို ဘု​ရား​သ​ခင်​သည် မိ​မိ​ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ​တို့​အား​ဖော်​ပြ​တော်​မူ၏။ ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင်၏ နက်​နဲ​သော အ​ရာ​တိုင်​အောင် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို စစ်​တော်​မူ၏။- 11လူ၏​နက်​နဲ​သော​အ​ရာ​ကို လူ၌​ရှိ​သော မိ​မိ​စိတ်​ဝိ​ညာဉ်​မှ တစ်​ပါး အ​ဘယ်​သူ​သိ​သ​နည်း။ ထို​နည်း​တူ ဘု​ရား​သ​ခင်၏ နက်​နဲ​သော​အ​ရာ​ကို ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​မ​သိ။- 12ငါ​တို့​သည် လော​ကီ​ဝိ​ညာဉ်​ကို မ​ခံ​ရ​ကြ။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော အ​ရာ​တို့​ကို သိ​ခြင်း​အ​လို​ငှာ ဘု​ရား​သ​ခင်​ထံ​မှ ကြွ​လာ​သော ဝိ​ညာဉ်​ကို​ခံ​ရ​ကြ​ပြီ။- 13ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော အ​ရာ​တို့​ကို ငါ​တို့​သည် လူ​ပ​ညာ​ကို​အ​မှီ​ပြု၍ နား​လည်​သော​စ​ကား​နှင့် မ​ဟော။ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် ဝိ​ညာဉ်​နှင့် စပ်​ဆိုင်​သော​အ​ရာ​ကို ဝိ​ညာဉ်​စ​ကား​အား​ဖြင့် ဖွင့်​ပြ၍ ပဲ့​ပြင်​တော်​မူ​သော​စ​ကား​နှင့် ငါ​တို့​သည် ဟော​ကြ၏။- 14ဇာ​တိ​ပ​က​တိ​လူ​သည် ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​အ​ရာ​တို့​ကို မ​ခံ​မ​ယူ။ ထို​အ​ရာ​တို့​သည် မိုက်​မဲ​သော အ​ရာ​ဖြစ်​သည်​ဟု ထင်​တတ်၏။ ထို​အ​ရာ​တို့​ကို ဝိ​ညာဉ်​အား​ဖြင့်​သာ ပိုင်း​ခြား၍​နား​လည်​နိုင်​သော​ကြောင့်၊ ဇာ​တိ​ပ​က​တိ​လူ​သည် နား​မ​လည်​နိုင်။- 15ဝိ​ညာဉ်​လူ​မူ​ကား၊ ထို​အ​ရာ​အ​လုံး​စုံ​တို့​ကို ပိုင်း​ခြား၍ နား​လည်​တတ်၏။ သို့​သော်​လည်း ထို​လူ​ကို အ​ဘယ်​သူ​မျှ ပိုင်း​ခြား၍ မ​သိ​နိုင်။- 16ထို​လူ​ကို သွန်​သင်​နိုင်​မည်​အ​ကြောင်း အ​ဘယ်​သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ စိတ်​တော်​ကို သိ​သ​နည်း။ ငါ​တို့​မူ​ကား ခ​ရစ်​တော်၏​စိတ်​ကို ခံ​ရ​ကြ၏။#ဟေ​ရှာ၊ ၄၀:၁၃။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in