YouVersion Logo
Search Icon

၁ ရာဇဝင်ချုပ် 7

7
ဣ​သ​ခါ​၏​သား​မြေး​များ
1ဣ​သ​ခါ​သား​ကား တော​လ၊ ဖု​ဝါ၊ ယာ​ရှုပ်၊ ရှိ​မ​ရုန်၊ ပေါင်း​လေး​ယောက်​တည်း။ 2တော​လ​သား​ကား တော​လ​အ​ဆွေ​အ​မျိုး သူ​ကြီး ဩ​ဇိ၊ ရေ​ဖာ​ယ၊ ယေ​ရေ​လ၊ ယာ​မဲ၊ ယိ​ဗ​သံ၊ ရှ​မွေ​လ​တည်း။ ထို​အ​ဆွေ​အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည် ခွန်​အား​ကြီး​သော သူ​ရဲ​ဖြစ်၍၊ ဒါ​ဝိဒ်​မင်း​လက်​ထက် နှစ်​သောင်း နှစ်​ထောင်​ခြောက်​ရာ​ရှိ​သ​တည်း။ 3ဩ​ဇိ​သား​ကား ဣ​ဇ​ရ​ဟိ၊ ဣ​ဇ​ရ​ဟိ​သား မ​က္ခေ​လ၊ ဩ​ဗ​ဒိ၊ ယော​လ၊ ဣ​ရှ​ယ၊ ပေါင်း​ငါး​ယောက်​တည်း။ ဤ​သူ​တို့​သည် အ​ကြီး​အ​ကဲ​ဖြစ်​ကြ၏။ 4သူ​တို့၌ သား​မ​ယား​များ​သော​ကြောင့်၊ အ​ဆွေ​အ​မျိုး အ​သီး​အ​သီး​အ​လိုက်၊ စစ်​သူ​ရဲ​တပ်​သား သုံး​သောင်း​ခြောက်​ထောင်​ရှိ​ကြ၏။ 5သူ​တို့​ညီ​အစ်​ကို ဣ​သ​ခါ အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့​သည် ခွန်​အား​ကြီး​သော သူ​ရဲ​ဖြစ်၍၊ သား​စဉ်​မြေး​ဆက် စာ​ရင်း​ဝင်​သည်​အ​တိုင်း၊ ရှစ်​သောင်း​ခု​နစ်​ထောင်​ရှိ​ကြ၏။
ဗင်္ယာ​မိန်​နှ​င့်​ဒန်​၏​သား​မြေး​များ
6ဗင်္ယာ​မိန်​သား​ကား ဗေ​လ၊ ဗေ​ခါ၊ ယေ​ဒ​ယေ​လ၊ ပေါင်း​သုံး​ယောက်​တည်း။ 7ဗေ​လ​သား​ကား အ​ဆွေ​အ​မျိုး​သူ​ကြီး​ဧ​ဇ​ဗုန်၊ ဩ​ဇိ၊ ဩ​ဇေ​လ၊ ယေ​ရိ​မုတ်၊ ဣ​ရိ၊ ပေါင်း​ငါး​ယောက်​တည်း။ ဤ​သူ​တို့​သည် ခွန်​အား​ကြီး​သော​သူ​ရဲ​ဖြစ်၍၊ သား​စဉ်​မြေး​ဆက်​စာ​ရင်း​ဝင်​သည်​အ​တိုင်း၊ နှစ်​သောင်း​နှစ်​ထောင် သုံး​ဆယ်​လေး​ယောက်​ရှိ​ကြ၏။ 8ဗေ​ခါ​သား​ကား ဇေ​မိ​ရ၊ ယော​ရှ၊ ဧ​လျေ​ဇာ၊ ဧ​လိ​ဩ​နဲ၊ ဩ​မ​ရိ၊ ယေ​ရိ​မုတ်၊ အ​ဘိ​ယ၊ အာ​န​သုတ်၊ အာ​လ​မက်​တည်း။ 9သား​စဉ်​မြေး​ဆက် စာ​ရင်း​ဝင်၍၊ အ​ဆွေ​အ​မျိုး သူ​ကြီး​အ​သီး​အ​သီး​အ​လိုက်၊ ခွန်​အား​ကြီး​သော​သူ​ရဲ နှစ်​သောင်း​နှစ်​ရာ ရှိ​ကြ၏။ 10ယေ​ဒ​ယေ​လ​သား​ကား ဗိ​လ​ဟန်၊ ဗိ​လ​ဟန်​သား ယု​ရှ၊ ဗင်္ယာ​မိန်၊ ဧ​ဟုဒ်၊ ခေ​နာ​န၊ ဇေ​သန်၊ သာ​ရှိ​ရှ၊ အ​ဟိ​ရှ​ဟာ​တည်း။ 11အ​ဆွေ​အ​မျိုး​သူ​ကြီး အ​သီး​အ​သီး​အ​လိုက်၊ ခွန်​အား​ကြီး၍ စစ်​တိုက်​ခြင်း​ငှာ၊ တတ်​စွမ်း​နိုင်​သော သူ​ရဲ တစ်​သောင်း​ခု​နစ်​ထောင်​နှစ်​ရာ ရှိ​ကြ၏။ 12ထို​မှ​တစ်​ပါး၊ ရှု​ပိမ်၊ ဟု​ပိမ်​နှင့်​တ​ကွ ဣ​ရ​ဟု​ရှိမ်​သား၊ အာ​ဟေ​ရ​သား ရှိ​သ​တည်း။
န​ဿ​လိ​၏​သား​မြေး​များ
13နဿ​လိ​သည် ဗိ​လ​ဟာ​တွင်​မြင်​သော​သား​ကား၊ ယာ​ဇေ​လ၊ ဂု​နိ၊ ယေ​ဇ၊ ရှ​လ္လုံ​တည်း။
မ​နာ​ရှေ​၏​သား​မြေး​များ
14မ​နာ​ရှေ​သား​ဦး​ကား အာ​သ​ရေ​လ၊ ထို​နောက်၊ ရှု​ရိ​အ​မျိုး​ဖြစ်​သော မ​ယား​ငယ်​တွင် မြင်​သော​သား၊ ဂိ​လဒ်၏​အ​ဘ မာ​ခိ​ရ​တည်း။ 15မာ​ခိ​ရ​သည် မာ​ခါ​အ​မည်​ရှိ​သော​ဟု​ပိမ်​နှင့် ရှု​ပိ၏​နှ​မ​နှင့် စုံ​ဖက်၍၊ နှစ်​ဆက်​မြောက်​သော​သား​ကား ဇ​လော​ဖတ်​အ​မည် ရှိ၏။ ဇ​လော​ဖတ်၌ သ​မီး​သက်​သက်​ရှိ၏။ 16မာ​ခိ​ရ​မ​ယား​မာ​ခါ​သည် သား​ကို​ဖွား​မြင်၍၊ ပေ​ရက်​အ​မည်​ဖြင့် မှည့်၏။ သူ၏​ညီ​ကား ရှေ​ရက်​အ​မည်​ရှိ၏။ သူ၏​သား​ကား ဥ​လံ​နှင့် ရေ​ကင်​တည်း။ 17ဥ​လံ​သား​ကား ဗေ​ဒန်​တည်း။ ဤ​ရွေ့​ကား မ​နာ​ရှေ​သား မာ​ခိ​ရ၏​သား ဂိ​လဒ်​အ​မျိုး​အ​နွယ်​တည်း။ 18သူ၏​နှ​မ ဟ​မ္မော​လေ​ကက်​သည် ဣ​ရှော​ဒ၊ အ​ဗျေ​ဇာ၊ မ​ဟာ​လ​ကို ဖွား​မြင်၏။ 19ရှ​မိ​ဒ​သား​ကား အ​ဟိ​အန်၊ ရှေ​ခင်၊ လိ​က​ဟိ၊ အ​နိ​အံ​တည်း။
ဧ​ဖ​ရိမ်​၏​သား​မြေး​များ
20ဧ​ဖ​ရိမ်​သား​ကား ရှု​သေ​လ၊ ရှု​သေ​လ​သား ဗေ​ရက်၊ ဗေ​ရက်​သား တာ​ဟတ်၊ တာ​ဟတ်​သား ဧ​လာ​ဒ၊ ဧ​လာ​ဒ​သား တာ​ဟတ်၊ 21တာ​ဟတ်​သား ဇာ​ဗဒ်၊ ဇာ​ဗဒ်​သား ရှု​သေ​လ တည်း။ ထို​မှ​တစ်​ပါး၊ ဧ​ဖ​ရိမ်​သား ဧ​ဇာ​နှင့် ဧ​လဒ်​တို့​သည် ထို​ပြည်၌​မွေး​ဖွား​သော၊ ဂါ​သ​မြို့​သား​တို့ တိ​ရ​စ္ဆာန်​များ​ကို လု​ယူ​သော​ကြောင့် အ​သက်​ဆုံး​ကြ၏။ 22အ​ဘ​ဧ​ဖ​ရိမ်​သည် အင်​တန်​ကာ​လ​ပတ်​လုံး စိတ်​မ​သာ​ညည်း​တွား​လျက် နေ၏။ ညီ​အစ်​ကို​တို့​သည် နှစ်​သိမ့်​စေ​ခြင်း​ငှာ လာ​ကြ၏။ 23နောက်​တစ်​ဖန် မ​ယား​ဆီ​သို့​ဝင်​သ​ဖြင့် သူ​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ သား​ကို​ဖွား​မြင်၏။ ထို​သား​ကို ဗေ​ရိ​ယ​အ​မည်​ဖြင့် မှည့်၏။ အ​ကြောင်း​မူ​ကား၊ ကိုယ်​အိမ်​ထောင်၌ အ​မင်္ဂ​လာ​ရောက်​သ​တည်း။ 24သ​မီး​ရှေ​ရ​ကား အ​ထက်​ဗေ​သော​ရုန်​မြို့၊ အောက်​ဗေ​သော​ရုန်​မြို့၊ ဩ​ဇင်​ရှေ​ရ​မြို့​တို့​ကို ပြု​စု​သော​သူ​ဖြစ်၏။ 25သူ၏​သား​ကား ရေ​ဖ၊ သူ၏​သား ရေ​ရှပ်၊ သူ၏​သား​တေ​လ၊ သူ၏​သား တာ​ဟန်၊ 26သူ၏​သား လာ​ဒန်၊ သူ၏​သား အ​မိ​ဟုဒ်၊ သူ၏​သား ဧ​လိ​ရှ​မာ၊ 27သူ၏​သား နုန်၊ သူ၏​သား ယော​ရှု​တည်း။ 28သူ​တို့​ပိုင်​ထိုက်​သော နေ​ရာ​ဟူ​မူ​ကား၊ ဗေ​သ​လ​မြို့​နှင့် ကျေး​လက်၊ အ​ရှေ့​ဘက်၌ နာ​ရန်​မြို့၊ အ​နောက်​ဘက်၌ ဂေ​ဇာ​မြို့​နှင့် ကျေး​လက်၊ ရှေ​ခင်​မြို့​နှင့် ကျေး​လက်၊ ဂါ​ဇ​မြို့​နှင့် ကျေး​လက်၊ 29မ​နာ​ရှေ​အ​မျိုး​သား နေ​ရာ​အ​နား​မှာ ဗက်​ရှန်​မြို့​နှင့် ကျေး​လက်၊ တာ​နက်​မြို့​နှင့် ကျေး​လက်၊ မေ​ဂိ​ဒ္ဒေါ​မြို့​နှင့် ကျေး​လက်၊ ဒေါ​ရ​မြို့​နှင့် ကျေး​လက်​တည်း။ ဤ​မြို့​ရွာ​တို့၌ ဣ​သ​ရေ​လ၏​သား​ဖြစ်​သော ယော​သပ်၏​သား​တို့​သည် နေ​ရာ​ကျ​ကြ၏။
အာ​ရှာ​၏​သား​မြေး​များ
30အာ​ရှာ​သား​ကား ယိ​မ​န၊ ဣ​ရွှာ၊ ဣ​ရွှိ၊ ဗေ​ရိ​ယ၊ နှ​မ​စေ​ရ​တည်း။ 31ဗေ​ရိ​ယ​သား​ကား ဟေ​ဗာ​နှင့် မာ​လ​ကျေ​လ​တည်း။ မာ​လ​ကျေ​လ​သား​ကား ဗိ​ရ​ဇာ​ဝိတ်၊ 32ဟေ​ဗာ​သား​ကား ယာ​ဖ​လက်၊ ရှော​မာ၊ ဟော​သံ၊ နှ​မ​ရှု​အာ​တည်း။ 33ယာ​ဖ​လက်​သား​ကား ပါ​သက်၊ ဗိ​မ​ဟာ​လ၊ အာ​ရှ​ဝတ်​တည်း။ 34ရှော​မေ​ရ​သား​ကား အာ​ဟိ၊ ရော​ဂ၊ ယေ​ဟု​ဗ္ဗ၊ အာ​ရံ​တည်း။ 35သူ၏​ညီ​ဟေ​လင်​သား​ကား ဇော​ဖ၊ ဣ​မ​န၊ ရှေ​လက်၊ အာ​မ​လ​တည်း။ 36ဇော​ဖ​သား​ကား သု​အာ၊ ဟာ​နေ​ဖာ၊ ရွှ​လ၊ ဗေ​ရိ၊ ဣ​မ​ရ၊ 37ဗေ​ဇာ၊ ဟော​ဒ၊ ရှ​မ္မ၊ ရှိ​လ​ရှ၊ ဣ​သ​ရန်၊ ဗေ​ရ​တည်း။ 38ယေ​သာ​သား​ကား ယေ​ဖု​န္န ပိ​သ​ပ၊ အာ​ရ​တည်း။ 39ဥ​လ္လ​သား​ကား အာ​ရ၊ ဟံ​ယေ​လ၊ ရေ​ဇိ​ယ​တည်း။ 40ဤ​သူ​အ​ပေါင်း​တို့​သည် အာ​ရှာ​အ​မျိုး၌ အ​ဆွေ​အ​မျိုး​သူ​ကြီး၊ ရွေး​သော​သူ၊ ခွန်​အား​ကြီး​သော သူ​ရဲ​မင်း ဖြစ်​ကြ၏။ သား​စဉ်​မြေး​ဆက် စာ​ရင်း​ဝင်၍ စစ်​တိုက်​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​သူ နှစ်​သောင်း​ခြောက်​ထောင်​ရှိ​ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in