YouVersion Logo
Search Icon

၁ ရာဇဝင်ချုပ် 5

5
ရု​ဗင်​၏​သား​မြေး​များ
1ရု​ဗင်​သည် ဣ​သ​ရေ​လ၏​သား​ဦး​ဖြစ်​သော်​လည်း၊ အ​ဘ​အိပ်​ရာ​ကို ညစ်​ညူး​စေ​သော​ကြောင့်၊ သား​ဦး​အ​ရာ​ကို​နုတ်​ပြီး​လျှင်၊ ဣ​သ​ရေ​လ၏​သား​ဖြစ်​သော ယော​သပ်၏​သား​တို့​အား​ပေး​သည်​ဖြစ်၍၊ သား​စဉ် မြေး​ဆက်​တို့​ကို​မှတ်​သော​အ​ခါ၊ သား​ဦး​အ​ရာ​ကို​လိုက်၍ မ​မှတ်​ရ။#က၊ ၃၅:၂၂၊ ၄၉:၃-၄။ 2ယု​ဒ​သည်​လည်း ညီ​အစ်​ကို​တို့​တွင်​လွန်​ကဲ၍ သူ၏​အ​မျိုး​ထဲ​က မင်း​ဖြစ်​တတ်​သော်​လည်း၊ သား​ဦး​အ​ရာ​ကို​မ​ရ၊ ယော​သပ်​ရ၏။#က၊ ၄၉:၈-၁၀။ 3ဣ​သ​ရေ​လ၏​သား​ဦး ရု​ဗင်​သား​ကား ဟာ​နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာ​မိ​တည်း။ 4ယော​လ​သား​ကား ရှေ​မာ​ယ၊ ရှေ​မာ​ယ​သား ဂေါ​ဂ၊ ဂေါ​ဂ​သား ရှေ​မိ၊ 5ရှေ​မိ​သား မိ​က္ခ၊ မိ​က္ခ​သား ရာ​ယ၊ ရာ​ယ​သား​ဗာ​လ​တည်း။ 6ဗာ​လ​သား​ကား၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ​သိမ်း​သွား​သော ရု​ဗင်​အ​မျိုး​မင်း​ဗေ​ရာ​တည်း။#၄​ရာ၊ ၁၅:၂၉။ 7သူ၏​ညီ ယေ​ယေ​လ​နှင့် ဇာ​ခ​ရိ​တို့​သည်​လည်း၊ သား​စဉ်​မြေး​ဆက်​စာ​ရင်း​ယူ​သော​အ​ခါ အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​သ​တည်း။ 8ထို​အ​တူ ယော​လ၊ ရှေ​မ၊ အာ​ဇတ်​တို့​မှ​ဆင်း​သက်​သော ဗေ​လ​သည်​လည်း မင်း​ဖြစ်​လျက်၊ အာ​ရော်​မြို့​မှ​စ၍ နေ​ဗော​မြို့၊ ဗာ​လ​မောင်​မြို့​တိုင်​အောင် နေ​ရာ​ကျယ်၏။ 9ဂိ​လဒ်​ပြည်၌ သိုး​နွား​များ​ပြား​သော​ကြောင့်၊ အ​ရှေ့​မျက်​နှာ၌ ဥ​ဖ​ရတ်​မြစ်​နှင့်​ဆိုင်​သော တော​ဝင်​ဝ​တိုင်​အောင် နေ​ရာ​ကျယ်၏။ 10ရှော​လု​မင်း​လက်​ထက် ဟာ​ဂ​ရ​အ​မျိုး​သား​တို့​ကို စစ်​တိုက်၍​လုပ်​ကြံ​သ​ဖြင့်၊ ဂိ​လဒ်​ပြည်​အ​ရှေ့​ပိုင်း​တစ်​လျှောက်​လုံး​တွင် ဟာ​ဂ​ရ၏​နေ​ရာ​ကို​ယူ၍ နေ​ရာ​ကျ​ကြ၏။
ဂဒ်​၏​သား​မြေး​များ
11သူ​တို့​တစ်​ဖက်​တစ်​ချက်၊ ဗာ​ရှန်​ပြည်​တွင် သ​လ​ကာ​မြို့​တိုင်​အောင် ဂဒ်​အ​မျိုး​သား​တို့​သည် နေ​ရာ​ကျ​ကြ၏။ 12ဗာ​ရှန်​ပြည်၌ အ​ကြီး​အ​ကဲ​ကား ယော​လ၊ ထို​နောက် ရှာ​ဖံ၊ ယာ​နဲ၊ ရှာ​ဖတ်​တည်း။ 13သူ​တို့​အ​ဆွေ​အ​မျိုး​ချင်း ပေါက်​ဖော်​တော်​သော​သူ​ကား မိ​က္ခေ​လ၊ မေ​ရှု​လံ၊ ရှေ​ဘ၊ ယော​ရဲ၊ ယာ​ခန်၊ ဇ​ယာ၊ ယေ​ဗာ၊ ပေါင်း​ခု​နစ်​ယောက်​တည်း။ 14-15ထို​သူ​တို့​သည် ဂု​နိ၊ အာ​ဗ​ဒျေ​လ၊ ဗု​ဇာ​တိ၊ ယာ​ဒေါ၊ ယေ​ရှိ​ရှဲ၊ မိ​က္ခေ​လ၊ ဂိ​လဒ်၊ ယာ​ရော်၊ ဟု​ရိ၊ အ​ဘိ​ဟဲ​လ အ​မျိုး​အ​နွယ်​ဖြစ်​သ​တည်း။ ဂု​နိ​ကား ထို​အ​ဆွေ​အ​မျိုး၏​သူ​ကြီး​ဖြစ်၏။ 16သူ​တို့​သည် ဂိ​လဒ်​ပြည်၊ ဗာ​ရှန်​ပြည်​မြို့​ရွာ၊ ရှာ​ရုန်​မြို့​ပတ်​လည်​ပြည်​စွန်း​တိုင်​အောင် နေ​ရာ​ကျ​ကြ၏။ 17ဤ​သူ​အ​ပေါင်း​တို့​သည် ယု​ဒ​ရှင်​ဘု​ရင်​ယော​သံ​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယေ​ရော​ဗောင်​လက်​ထက် သား​စဉ်​မြေး​ဆက် စာ​ရင်း​ဝင်​ကြ၏။
အ​ရှေ့​ပိုင်း​အ​နွယ်​တို့​၏​စစ်​တပ်​များ
18ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တွင် ဒိုင်း​နှင့် ဓား​ကို​ကိုင်၍ လေး​နှင့်​ပစ်​တတ်​သ​ဖြင့်၊ စစ်​မှု​စစ်​ရေး​ကို လေ့​ကျက်၍ စစ်​ချီ​တတ်​သော စစ်​သူ​ရဲ​ပေါင်း​ကား၊ လေး​သောင်း​လေး​ထောင်​ခု​နစ်​ရာ​ခြောက်​ဆယ်​တည်း။ 19ထို​သူ​တို့​သည် ဟာ​ဂ​ရ​အ​မျိုး​သား​တည်း​ဟူ​သော ယေ​တု​ရ၊ နာ​ဖိ​ရှ၊ နော​ဒဒ်​အ​မျိုး​သား​တို့​နှင့် စစ်​တိုက်​ကြ၏။ 20စစ်​တိုက်​သော​အ​ခါ ဘု​ရား​သ​ခင်​ကို​ကိုး​စား၍ ဆု​တောင်း​သော​ကြောင့်၊ ဘု​ရား​သ​ခင် မ​စ​တော်​မူ​ခြင်း​ကျေး​ဇူး​အား​ဖြင့်၊ ဟာ​ဂ​ရ​လူ​တို့​နှင့် သူ​တို့​ဥ​စ္စာ​ရှိ​သ​မျှ​ကို​ရ​ကြ၏။ 21ကု​လား​အုတ်​ငါး​သောင်း၊ သိုး​နှစ်​သိန်း​ငါး​သောင်း၊ မြည်း​နှစ်​ထောင်၊ လူ​တစ်​သိန်း​တို့​ကို​သိမ်း​ယူ​ကြ၏။ 22ဘု​ရား​သ​ခင့်​အ​ခွင့်​နှင့် စစ်​တိုက်​သော​ကြောင့်၊ ရန်​သူ​အ​များ​တို့​သည်​လဲ​သေ​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့​သည် သိမ်း​သွား​ခြင်း​အ​မှု မ​ရောက်​မီ​တိုင်​အောင်၊ ဟာ​ဂ​ရ​လူ​တို့​နေ​ရာ၌ နေ​ရာ​ကျ​ကြ၏။
အ​ရှေ့​ပိုင်း​မ​နာ​ရှေ​မှ​လူ​များ
23မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​သည်၊ ထို​ပြည်​တွင် ဗာ​ရှန်​မြို့​မှ​စ၍ ဗာ​လ​ဟေ​ရ​မုန်​မြို့၊ စ​နိ​ရ​မြို့၊ ဟေ​ရ​မုန်​တောင်​တိုင်​အောင် ပွား​များ​လျက်​နေ၏။ 24အ​ဆွေ​အ​မျိုး​သူ​ကြီး​များ​ဟူ​မူ​ကား၊ ခွန်​အား​ကြီး၍ ကျော်​စော​သော စစ်​သူ​ရဲ​ဧ​ဖာ၊ ဣ​ရှိ၊ ဧ​လျေ​လ၊ အာ​ဇ​ရေ​လ၊ ယေ​ရ​မိ၊ ဟော​ဒ​ဝိ၊ ယာ​ဒျေ​လ​တည်း။
အ​ရှေ့​ပိုင်း​အ​နွယ်​တို့​ပြည်​နှင်​ဒဏ်​ခံ​ရ​ခြင်း
25သို့​ရာ​တွင် ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​သည် ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင်​ကို​ပြစ်​မှား၍၊ မိ​မိ​တို့​ရှေ့​မှာ ဘု​ရား​သ​ခင်​ဖျက်​ဆီး​တော်​မူ​သော ပြည်​သား​တို့​ဘု​ရား​များ​နှင့် မှား​ယွင်း​ကြ၏။ 26သို့​ဖြစ်၍ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင် ပု​လ​နှင့် ရှင်​ဘု​ရင်​တိ​ဂ​လတ်​ပိ​လေ​သာ​စိတ်​ကို နှိုး​ဆော်​တော်​မူ​သ​ဖြင့်၊ နောက်​ရှင်​ဘု​ရင်​သည် ထို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဂေါ​ဇန်​မြစ်​နား၊ ဟေ​လ​မြို့၊ ဟာ​ဗော်​မြို့၊ ဟာ​ရ​မြို့​သို့ သိမ်း​သွား၍ ယ​နေ့​တိုင်​အောင်​နေ​ရာ​ချ​ထား၏။#၄​ရာ၊ ၁၅:၁၉၊ ၂၉၊ ၁၇:၆။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in