YouVersion Logo
Search Icon

၁ ရာဇဝင်ချုပ် 18

18
ဒါ​ဝိဒ်​အ​နိုင်​ရ​သော​စစ်​ပွဲ​များ
(၂​ရာ၊ ၈:၁-၁၈)
1ထို​နောက် ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​လူ​တို့​ကို လုပ်​ကြံ၍ အောင်​မြင်​သ​ဖြင့်၊ ဂါ​သ​မြို့​နှင့် ကျေး​လက်​များ​ကို သိမ်း​ယူ​လေ၏။ 2မော​ဘ​ပြည်​ကို​လည်း လုပ်​ကြံ၍ မော​ဘ​အ​မျိုး​သား​တို့​သည် ဒါ​ဝိဒ်၌​ကျွန်​ခံ​လျက် အ​ခွန်​ဆက်​ရ​ကြ၏။ 3ဇော​ဘ​မင်း​ကြီး​ဟာ​ဒ​ဒေ​ဇာ​သည်၊ ဥ​ဖ​ရတ်​မြစ်​နား​မှာ မိ​မိ​နိုင်​ငံ​ကို တည်​စေ​ခြင်း​ငှာ သွား​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် ဟာ​မတ်​မြို့​တိုင်​အောင် တိုက်​ဖျက်၍၊ 4ရ​ထား​တစ်​ထောင်၊ မြင်း​စီး​သူ​ရဲ​ခု​နစ်​ထောင်၊ ခြေ​သည်​သူ​ရဲ​နှစ်​သောင်း​ကို ဖမ်း​ဆီး၍ ရ​ထား​တစ်​ရာ​ကို သိမ်း​ထား​ပြီး​မှ အ​ခြား​သော မြင်း​ရ​ထား​ရှိ​သ​မျှ​တို့​ကို ဖျက်​ဆီး​လေ၏။ 5ဒ​မာ​သက်​မြို့​နေ ရှု​ရိ​လူ​တို့​သည် ဇော​ဘ​မင်း​ကြီး​ဟာ​ဒ​ဒေ​ဇာ​ကို စစ်​ကူ​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် ရှု​ရိ​လူ နှစ်​သောင်း​နှစ်​ထောင်​တို့​ကို သတ်​ပြီး​မှ၊ 6ရှု​ရိ​ပြည်​ဒ​မာ​သက်​မြို့၌ မြို့​စောင့်​တပ်​ကို ထား​သ​ဖြင့်၊ ရှု​ရိ​လူ​တို့​သည် ဒါ​ဝိဒ်၌​ကျွန်​ခံ၍ အ​ခွန်​ဆက်​ရ​ကြ၏။ ဒါ​ဝိဒ်​သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​သည် စောင့်​မ​တော်​မူ၏။ 7ဟာ​ဒ​ဒေ​ဇာ၏​ကျွန်​တို့ စွဲ​ကိုင်​သော ရွှေ​ဒိုင်း​လွှား​များ​ကို ဒါ​ဝိဒ်​သည်​သိမ်း၍ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​သွား၏။ 8ဟာ​ဒ​ဒေ​ဇာ​အ​စိုး​ရ​သော တိ​ဗ​ဟတ်​မြို့​နှင့် ခုန်​မြို့​မှ၊ ဒါ​ဝိဒ်​သည် များ​စွာ​သော​ကြေး​ဝါ​ကို သိမ်း​သွား၏။ ရှော​လ​မုန်​သည် ကြေး​ဝါ​ရေ​ကန်၊ ကြေး​ဝါ​တိုင်၊ ကြေး​ဝါ​တန်​ဆာ​များ​ကို ထို​ကြေး​ဝါ​ဖြင့် လုပ်​သ​တည်း။#၃​ရာ၊ ၇:၄၀-၄၇။ ၆​ရာ၊ ၄:၁၁-၁၈။
9ဇော​ဘ​မင်း​ကြီး​ဟာ​ဒ​ဒေ​ဇာ၏ တပ်​အ​လုံး​အ​ရင်း​ကို ဒါ​ဝိဒ်​လုပ်​ကြံ​ကြောင်း​ကို ဟာ​မတ်​မင်း​ကြီး​တော​ဣ​သည် ကြား​လျှင်၊ 10မိ​မိ​ရန်​သူ​ဟာ​ဒ​ဒေ​ဇာ​ကို ဒါ​ဝိဒ်​သည် စစ်​တိုက်၍ လုပ်​ကြံ​သော​ကြောင့်၊ မိတ်​သ​ဟာ​ယ​ဖွဲ့၍ ကောင်း​ချီး​ပေး​စေ​ခြင်း​ငှာ မိ​မိ​သား​ဟ​ဒေါ​ရံ​ကို ဒါ​ဝိဒ်​မင်း​ကြီး​ထံ​သို့ စေ​လွှတ်၍၊ ဟ​ဒေါ​ရံ​သည် ရွှေ​ဖ​လား၊ ငွေ​ဖ​လား၊ ကြေး​ဝါ​ဖ​လား အ​မျိုး​မျိုး​တို့​ကို ဆောင်​ခဲ့​လေ၏။ 11ထို​ဖ​လား​တို့​ကို ဒါ​ဝိဒ်​မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်၏။ ထို​အ​တူ ရှု​ရိ​ပြည်၊ မော​ဘ​ပြည်၊ အ​မ္မုန်​ပြည်၊ ဖိ​လိ​တ္တိ​ပြည်၊ အာ​မ​လက်​ပြည်၊ အ​ပြည်​ပြည်​တို့​မှ​ဆောင်​ခဲ့​သော ရွှေ​ငွေ​ကို​လည်း​ပူ​ဇော်၏။ 12ထို​မှ​တစ်​ပါး၊ ဇေ​ရု​ယာ​သား​အ​ဘိ​ရှဲ​သည် ဆား​ချိုင့်​တွင် ဧ​ဒုံ​လူ​တစ်​သောင်း​ရှစ်​ထောင်​တို့​ကို လုပ်​ကြံ​လေ၏။#ဆာ၊ ၆၀ (ခေါင်း​စဉ်) 13ဧ​ဒုံ​ပြည်၌ မြို့​စောင့်​တပ်​တို့​ကို​ထား၍၊ ဧ​ဒုံ​ပြည်​သား​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်၌ ကျွန်​ခံ​ကြ၏။ ဒါ​ဝိဒ်​သွား​လေ​ရာ​ရာ၌ ထာ​ဝ​ရ​ဘု​ရား​သည် စောင့်​မ​တော်​မူ၏။
14ထို​သို့​ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို စိုး​စံ၍၊ နိုင်​ငံ​တော်​သား​တို့​တွင် တ​ရား​မှု​ကို စီ​ရင်​ဆုံး​ဖြတ်​တော်​မူ၏။ 15ဇေ​ရု​ယာ၏​သား ယွာ​ဘ​သည် ဗိုလ်​ချုပ်​မင်း​ဖြစ်၏။ အ​ဟိ​လုဒ်၏​သား ယော​ရှ​ဖတ်​သည် အ​တွင်း​ဝန်​ဖြစ်၏။ 16အ​ဟိ​တုပ်၏​သား ဇာ​ဒုတ်​နှင့် အ​ဗျာ​သာ၏​သား အ​ဟိ​မ​လက်​သည် ယဇ်​ပု​ရော​ဟိတ်​ဖြစ်၏။ စ​ရာ​ယ​သည် စာ​ရေး​တော်​ကြီး​ဖြစ်၏။ 17ယော​ယ​ဒ၏​သား ဗေ​နာ​ယ​သည် ခေ​ရ​သိ​လူ​နှင့် ပေ​လ​သိ​လူ​တို့​ကို အုပ်​ရ၏။ ဒါ​ဝိဒ်၏​သား​တော်​တို့​သည်​လည်း အ​ထံ​တော်၌ မင်း​သား​အ​ရာ​နှင့် နေ​ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in