YouVersion Logo
Search Icon

၁ ရာဇဝင်ချုပ် 13

13
ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ပြောင်း​ရွှေ့​ခြင်း
(၂​ရာ၊ ၆:၁-၁၁)
1တစ်​ဖန် ဒါ​ဝိဒ်​သည် လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​အ​စ​ရှိ​သော အ​ကြီး​အ​ကဲ​အ​ပေါင်း​တို့​နှင့် တိုင်​ပင်​ပြီး​လျှင်၊ 2ဣ​သ​ရေ​လ အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​အား၊ သင်​တို့​သည် အ​လို​ရှိ၍ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​ပေး​တော်​မူ​လျှင်၊ ဣ​သ​ရေ​လ နိုင်​ငံ​အ​ရပ်​ရပ်၌ ကျန်​ကြွင်း​သေး​သော ငါ​တို့​ညီ​အစ်​ကို​များ၊ မြို့​နှင့် မြို့​နယ်၌​နေ​သော ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​များ​တို့​သည် ငါ​တို့​နှင့်​အ​တူ စည်း​ဝေး​စေ​ခြင်း​ငှာ အ​နှံ့​အ​ပြား​စေ​လွှတ်​ကြ​ကုန်​အံ့။ 3ငါ​တို့၏ ဘု​ရား​သ​ခင်​သေ​တ္တာ​တော်​ကို တစ်​ဖန် ဆောင်​ခဲ့​ကြ​ကုန်​အံ့။ ရှော​လု​လက်​ထက်၌ ထို​သေ​တ္တာ​တော်​ရှေ့​မှာ မေး​မြန်း​လေ့​မ​ရှိ​ပါ​တ​ကား​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို၊ 4စည်း​ဝေး​သော ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် နှစ်​သက်​သော​ကြောင့်၊ အ​မိန့်​တော်​အ​တိုင်း ပြု​ပါ​မည်​ဟု ဝန်​ခံ​ကြ၏။ 5ထို​သို့​ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​မှ ဆောင်​ခဲ့​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​အ​နား၊ ရှိ​ဟော​ရ​မြစ်​မှ​စ၍ ဟာ​မတ်​မြို့​လမ်း​ဝ​တိုင်​အောင်​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊#၁​ရာ၊ ၇:၁-၂။ 6ခေ​ရု​ဗိမ်​ကြား​မှာ ကျိန်း​ဝပ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​နှင့်​ဆိုင်​သော ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ယု​ဒ​ပြည် ကိ​ရ​ယတ်​ယာ​ရိမ် မြို့​တည်း​ဟူ​သော ဗာ​လာ​မြို့​သို့ သွား​လေ၏။#ထွ၊ ၂၅:၂၂။ 7ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို လှည်း​သစ်​ပေါ်​မှာ​တင်၍ အ​ဘိ​န​ဒပ်​အိမ်​ထဲ​က ထုတ်​ကြ၏။ ဩ​ဇ​နှင့် အ​ဟိ​ဩ​သည် လှည်း​ကို​နှင်​ကြ၏။ 8ဒါ​ဝိဒ်​နှင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သီ​ချင်း​ဆို​လျက် စောင်း၊ တ​ယော၊ ပတ်​သာ၊ နှဲ​ခ​ရာ၊ ခွက်​ကွင်း၊ တံ​ပိုး​တို့​ကို​ကိုင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အား​ထုတ်၍ တီး​မှုတ်​ကြ၏။ 9ခိ​ဒုန် ကောက်​နယ်​တ​လင်း​သို့ ရောက်​သော​အ​ခါ၊ နွား​တို့​သည် ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို လှုပ်​ရှား​သော​ကြောင့်၊ ဩ​ဇ​သည် လက်​ကို​ဆန့်၍ သေ​တ္တာ​တော်​ကို ကိုင်၏။ 10ထို​သို့ သေ​တ္တာ​တော်​ကို ကိုင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဩ​ဇ​ကို အ​မျက်​ထွက်၍၊ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ ဩ​ဇ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ သေ​လေ၏။ 11ဩ​ဇ​ကို ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ခတ်​တော်​မူ​သော​ကြောင့် ဒါ​ဝိဒ်​သည် ညှိုး​ငယ်​သော​စိတ်​ရှိ၏။ ထို​အ​ရပ်​သည် ယ​နေ့​တိုင်​အောင် ပေ​ရ​ဇော​ဇ​အ​မည်​ဖြင့် တွင်​သ​တည်း။ 12ထို​နေ့၌​ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင်​ကို​ကြောက်၍၊ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို အ​ဘယ်​ကြောင့် ငါ့​ထံ​သို့ ဆောင်​ခဲ့​ရ​မည်​နည်း​ဟု ဆို​လျက်၊ 13မိ​မိ​နေ​ရာ​ဒါ​ဝိဒ်​မြို့​ထဲ​သို့ သေ​တ္တာ​တော်​ကို​မ​ဆောင်​ဘဲ ဂိ​တ္တိ​လူ​ဩ​ဗ​ဒေ​ဒုံ​အိမ်​သို့ လွှဲ၍ ဆောင်​သွား​လေ၏။ 14ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​သည် သုံး​လ​ပတ်​လုံး၊ ဩ​ဗေ​ဒုံ​အိမ်​တွင် အိမ်​သူ​အိမ်​သား​များ​ဆီ​မှာ ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဩ​ဗ​ဒေ​ဒုံ​နှင့် အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ၏။#၅​ရာ၊ ၂၆:၄-၅။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in