YouVersion Logo
Search Icon

မာကု 9

9
1အယ်ဘီးဟှာ ကိုယ်တော်ဟှ “ငါ မှန်တိုင်းပြောမယ်၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှ တဂိုးန တည်ဟှယ် ဆိုဇာဟှို ဗြင်ရဘဲ့န အယ်နေရာမာ ရှိနေဟှူ လူတချို့ဟှာ သေရဟှို့ မှုဟှ” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
သဏ္ဌာန်ပ္လောန်းလဲဟှူကြောန်း
(မဿဲ ၁၇.၁–၁၃; လုကာ ၉.၂၈–၃၆)
2 # ၂ ပေ ၁.၁၇,၁၈ ခြော့‑က်ရစ်ကြာဘီးန ယေရှုဟှာ ပေတရု၊ ယာကုပ်၊ ယောဟန်လေဟှို သူ့နတူးဒူ ခေါ်ဟှားဘီး ဗြင့်ဟှူတောန်ထတ်ဟှို တတ်ဟှားဟှယ်။ အယ်နေရာမာ သူးနို့လေဘဲ့ ရှိလေဟှယ်။ အယ်ခီမာ သူးနို့ရှေ့မာ ယေရှုဟှာ သဏ္ဌာန်ပ္လောန်းလဲဟှားဟှယ်။ 3အယ်ဘီးဟှာ ကိုယ်တော်ရဲ့ ဝတ်ဟှ ဖ္လူဆွတ်ဆွတ် ဖြစ်လာဟှယ် ကမ္ဘာမာ ဖယ်လူလည်း လျှော်ဟှို့ တတ်နိုင်ဘဲအောန် ရရာတိုင်း ဖ္လူဟှယ်။ 4အယ်ဘီးဟှာ တဗဲ့တော်သောင်းပါးရှေ့မာ ဧလိယန မောရှေဟှ ပေါ်လာဘီး ယေရှုန စကားပြောနေဂေ့ဟှယ်။ 5ပေတရုဟှ “ဆရာ၊ အယ်နေရာမာ ကျွန်တော့်ဟှားလေ ရှိနေဇာ ရရာတိုင်း ကောန်းဟှယ်! ကိုယ်တော်တွပ် တဆောန်၊ မောရှေတွပ် တဆောန်၊ ဧလိယတွပ် တဆောန်၊ တဲသောင်းဆောန်ဟှို ကျွန်တော့်ဟှားလေ ဆော့‑က်ပေးမယ်” ဆိုဘီး ယေရှုဟှို ပြောလေဟှယ်။ 6သူးနို့ဟှာ ရရာတိုင်း ကြော့‑က်လန့်နေဂေ့ဘီး၊ သူဟှာ ဖယ်မျိုးပြောရဟှို့ ဆိုဇာ သိဟှ။
7 # မ ၃.၁၇; မာ ၁.၁၁; လု ၃.၂၂ အယ်ဘီးန မိုးတီတခုဟှ ပေါ်လာဘီးဟှာ သူးနို့လေဟှို အောက်ခ္လလိုက်ဟှယ် “အယ်သူဟှ ငါ့ရဲ့ ရှစ်သား ဖြစ်ဟှယ်။ သူ့စကားဟှို နားထောန်ဂေ့!” ဆိုဘီး မိုးတီထဲဟှနေ သံတော်ဟှ ထွပ်လာဟှယ်။ 8ရှစ်ရှင်းဘဲ့ သူးနို့လေဟှာ ပတ်စိမွီဘီး ကေ့လိုက်ဟှယ် အယ်ဘေမဲ့ ယေရှုတပါးဘဲ့ သူးနို့နတူးဒူ ရှိနေဘီး တခြားဖယ်သူလည်း တွိရဂေ့ဟှမ်း။
9သူးနို့လေဟှ တောန်ထတ်ဟှနေ ဆင်းလာဂေ့ဟှူ ခီမာ ယေရှုဟှ “လူ့ရဲ့သားဟှ သေရာဟှနေ ထမြော့‑က်ခန်ထိ နန်းနို့ဗြင်ဟှားဇာဟှို ဖယ်သူ့ဟှိုလည်း ပြောဂေ့န” ဆိုဘီး သူးနို့ဟှို မိန့်မှာလေဟှယ်။
10သူးနို့လေဟှ ကိုယ်တော်ရဲ့ မိန့်ဟှို နာခံဂေ့ဟှယ် အယ်ဘေမဲ့လည်း “ ‘သေရာဟှနေ ထမြော့‑က်ဟှယ်’ ဆိုဇာဟှ ဖြားဓိပါယ်မျိုးနူး” ဆိုဘီး အယ်ကြောန်းဟှို သူးနို့ရှင်းရှင်းထဲမာ စဘီး ဆွေးနွေးနေဂေ့ဟှယ်။ 11#မ ၁၁.၁၄အယ်ဘီးဟှာ သူးနို့ဟှ ယေရှုဟှို “ဧလိယဟှာ ရင်ဦးဆောင်း လာမယ် ဆိုဘီး ကျမ်းတတ်ဆရာလေဟှ ဖြားဖြစ်ကြောန့် ပြောဂေ့နူး” ဆိုဘီး မေးဂေ့ဟှယ်။
12ယေရှုဟှ “ဧလိယဟှာ ရင်ဦးဆောင်း လာဘီး အားလောင်းဂူဟှို သစ်ပ္လန်လောက်မယ် ဆိုဇာဟှာ မှန်ဟှယ်။ အယ်ဘေမဲ့ လူ့ရဲ့သားဟှ ဝေဒနာဘောင်ဂီး ခံဘီးဟှာ ငြင်းပယ်ခံရမယ် ဆိုဘီး ကျမ်းစာမာ ဖြားဖြစ်ကြောန့် ရေးဟှားနူး။ 13အယ်ဘေမဲ့လည်း နန်းနို့ဟှို ငါပြောမယ်။ ဧလိယဟှာ ရော့‑က်လာပီးဘီ။ သူ့ကြောန်းဟှို ကျမ်းစာမာ ရေးဟှားတိုင်း လူလေဟှ သူးနို့လောက်ရှင်ဟှူတိုင်း သူ့ဟှို လောက်ဂေ့ဟှယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
ယေရှုဟှာ ညစ်ညူးဟှူ နတ်ရှိနေဟှူ ကောန်းသားယော့‑က်ဟှို ကျန်းမာစေဟှူကြောန်း
(မဿဲ ၁၇.၁၄–၂၁; လုကာ ၉.၃၇–၄၃က)
14သူးနို့ဟှာ တခြားတဗဲ့တော်လေနားဟှို ရော့‑က်လာဟှူ ခီမာ ရရာတိုင်း ကီးမားဟှူ လူအောက်ဂီးဟှာ သူးနို့လေဟှို ဝိုင်းရံဟှားဘီး ကျမ်းတတ်ဆရာ တချို့ဟှာ သူးနို့န ဂြင်းခူနေဇာဟှို ဗြင်ဟှားလေဟှယ်။ 15ရှစ်ရှင်းဘဲ့ လူလေဟှ ယေရှုဟှို ဗြင်ဟှူ ခီမာ သူးနို့ဟှာ ရရာတိုင်း အံ့ဩဂေ့ဘီးဟှာ ကိုယ်တော်နားဟှို ပ္လေးလာဘီး နှောက်ဆစ်ဂေ့ဟှယ်။ 16ယေရှုဟှ တဗဲ့တော်လေဟှို “နန်းနို့လေဟှာ သူးနို့လေန ဖြားကြောန်းရာဟှို ဂြင်းခူနေဂေ့နူး” ဆိုဘီး မေးလေဟှယ်။
17လူအောက်ဂီးထဲဟှနေ တယော့‑က်ဟှ “ဆရာ၊ ညစ်ညူးဟှူနတ် ဝမ်ပူးနေဟှူကြောန့် စကားပြောနိုင်ဘဲဟှူ ကျွန်တော့်သားဟှို ဆရာ့နားဟှို ခေါ်လာဟှယ်။ 18နတ်ဆိုးဟှာ သူ့ဟှို ဖမ်းစားဟှူခီတိုင်း သူ့ဟှို မ္လေဂီးမာ လဲခ္လတတ်ဘီး၊ ဇပ်ပေါ့‑က်ဟှ ဖြုပ်ထွပ်ဘီး၊ အံသွားလေ က္လိတတ်ဟှယ်။ အယ်ဘီးန တော့‑က်မာ လာဟှယ်။ ကျွန်တော်ဟှာ ကိုယ်တော့်ရဲ့ တဗဲ့တော်လေဟှို အယ်နတ်ဆိုးဟှို နှန်ထုဟှို့ ပြောဟှယ် အယ်ဘေမဲ့ သူးနို့လေဟှ တတ်နိုင်ဂေ့ဟှ” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
19ယေရှုဟှ “နန်းနို့ဟှာ လောင်းဝ ယောင်ကြည်ဘဲဟှူ လူလေ ဖြစ်ဟှယ်! ငါဟှာ ဖယ်လော့‑က်ကြာအောန် နန်းနို့နတူးဒူ နေရဟှို့နူး။ ဖယ်မျှလော့‑က်ကြာအောန် နန်းနို့ဟှို သီးခံရဟှို့နူး။ ကောန်းသားဟှားဟှို ငါ့နားဟှို ခေါ်လာဂေ့!” ဆိုဘီး သူးနို့ဟှို ပြောလေဟှယ်။ 20အယ်ကြောန့် သူးနို့လေဟှ သူ့ဟှို ယေရှုနားဟှို ခေါ်ဟှားဂေ့ဟှယ်။
နတ်ဆိုးဟှာ ယေရှုဟှို ဗြင်ဟှူ ခီမာ ရှစ်ရှင်းဘဲ့ ကောန်းသားဟှားဟှို လဲခ္လဘီး တူတတ်စေဟှယ်။ အယ်ကြောန့် သူဟှာ မ္လေမာ လဲခ္လဘီး လူးလိနေဘီးဟှာ ဇပ်ပေါ့‑က်ဟှ ဖြုပ်လေ ထွပ်နေလေဟှယ်။ 21ယေရှုဟှ “အယ်မျိုးဖြစ်နေဇာ ကြာဘီလော” ဆိုဘီး ကောန်းသားရဲ့ ဖဟှို မေးလေဟှယ်။
သူဟှ “သားဂန်းဟှား ဂဒဲဟှ ဖြစ်နေဟှယ်။” 22“သူ့ဟှို မီးထဲမာရော၊ ရေထဲမာရော လဲက္လစေဘီးဟှာ သတ်ဟှို့ ခဏခဏ ကြိုးစားဟှယ်။ အယ်ဘေမဲ့ ကိုယ်တော်ဟှာ တခုခု တတ်နိုင်မယ် ဆိုဟှာ ကျွန်တော့်ဟှို သနားဘီးဟှာ ကူညီပေးပါ!” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
23ယေရှုဟှ “နန်ကိုယ်တိုင်လည်း တတ်နိုင်ဟှယ် မှုဟှလော။ ယောင်ကြည်ရှင်းရှိဟှူ လူတယော့‑က်တွပ် အားလောင်းဂူ ဖြစ်နိုင်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
24ရှစ်ရှင်းဘဲ့ ကောန်သားဟှားရဲ့ ဖဟှ “ကျွန်တော် တကယ် ယောင်ကြည်ပါဟှယ်။ ကျွန်တော်ဟှာ ယောင်ကြည်ဘဲကြောန့် ကျွန်တော့်ဟှို မစပေးပါ!” ဆိုဘီး အော်ဘီးပြောလေဟှယ်။
25လူအောက်ဂီးဟှာ သူးနို့ရှိဟှူ နေရာဟှို ပ္လေးလာဂေ့ဇာဟှို ယေရှု ဗြင်ဟှားဟှယ်။ အယ်ကြောန့် ကိုယ်တော်ဟှ ညစ်ညူးဟှူ နတ်ဟှို မိန့်ပေးလိုက်ဟှယ်။ “ဆွံ့အဘီး နားပန်းဟှူ နတ် ကောန်သားထဲဟှနေ ထွပ်ဟှားဘီး နော့‑က်ထပ် သူ့ထဲဟှို လောင်းဝ ဝမ်န ငါမိန့်ပေးဟှယ်!” ဆိုဘီး ပြောလေဟှယ်။
26နတ်ဆိုးဟှ အော်ဘီးဟှာ ကောန်သားဟှို ရရာတိုင်း တူတတ်ခိုင်းဘီးန ထွပ်ဟှားလေဟှယ်။ ကောန်သားဟှ သေကောန်မျိုး ဖြစ်ဟှားကြောန့် “သူသေဟှားဘီ!” ဆိုဘီး လူတိုင်းပြောဂေ့ဟှယ်။ 27အယ်ဘေမဲ့ ယေရှုဟှ ကောန်သားရဲ့ လတ်ဟှို ကိုင်ဘီး ထဒန်ဟှို့ ဆွဲဒန်လိုက်ဟှူ ခီမာ သူဟှာ ထလာဟှယ်။
28ယေရှုဟှ အီထဲဟှို ဝမ်ဟှားဘီးန တဗဲ့တော်လေဟှ “ကျွန်တော့်ဟှားလေဟှ ဖြားဖြစ်ကြောန့် အယ်နတ်ဆိုးဟှို နှန်ထုနိုင်ဟှနူး” ဆိုဘီး ကိုယ်တော့်ဟှို တိတိဟှား မေးဂေ့ဟှယ်။
29ယေရှုဟှ “အယ်နတ်မျိုးဟှို ဆုတောန်းဇာအားဖြင့်ဘဲ့ နှန်ထုနိုင်ဟှယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
ယေရှုဟှာ သေခံမယ့်ကြောန်းဟှို ထပ်ဘီးပြောဟှူကြောန်း
(မဿဲ ၁၇.၂၂,၂၃; လုကာ ၉.၄၃ခ–၄၅)
30ယေရှုန တဗဲ့တော်လေဟှ အယ်နေရာဟှနေ ထွပ်ဟှားဘီး ဂါလိလဲနယ်ဟှို ဖြတ်ဘီး ဆစ်သွားလေဟှယ်။ သူးနို့လေ အယ်နေရာမာ ရှိနေဟှယ် ဆိုဇာဟှို ယေရှုဟှ ဖယ်သူ့ဟှိုလည်း သိခိုင်းရှင်ဟှ 31ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ သူ့ရဲ့ တဗဲ့တော်လေဟှို “လူ့ရဲ့သားဟှာ သူ့ဟှို သတ်မယ့်လူလေရဲ့ လတ်ထဲဟှို အပ်ခံရလေ့မယ်။ အယ်ဘေမဲ့လည်း သောင်းရစ်ကြာဘီးန သူဟှာ ထမြော့‑က်လေ့မယ်” ဆိုဘီး သွန်သန်နေကြောန့် ဖြစ်ဟှယ်။
32အယ်ဘေမဲ့ ကိုယ်တော်ပြောနေဇာဟှာ ဖြားဓိပါယ်ရှိဟှယ် ဆိုဇာဟှို သူးနို့လေ နားလည်ဂေ့ဟှ။ အယ်ဘီးဟှာ ကိုယ်တော့်ဟှို မေးဟှို့လည်း သူးနို့ဟှာ ကြော့‑က်နေဂေ့ဟှယ်။
ဖယ်သူဟှ ကီးမြတ်ဆောင်းနူး။
(မဿဲ ၁၈.၁–၅; လုကာ ၉.၄၆–၄၈)
33သူးနို့လေဟှာ ကပေရနောင်ဗြို့ဟှို ရော့‑က်ဟှားဂေ့ဘီး အီထဲဟှို ဝမ်ဟှားဘီးန ယေရှုဟှ “နန်းနို့ဟှ လမ်းမာ ဖြားကြောန်းဟှို ဂြင်းခူနေဂေ့နူး” ဆိုဘီး တဗဲ့တော်လေဟှို မေးလေဟှယ်။
34 # လု ၂၂.၂၄ အယ်ဘေမဲ့ သူးနို့လေဟှာ ကိုယ်တော့်ဟှို ဖြေဂေ့ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လမ်းမာ ဖယ်သူဟှ ကီးမြတ်ဆောင်းဖြစ်ဟှယ် ဆိုဘီး သူးနို့ရှင်းရှင်းထဲမာ ဂြင်းခူနေကြောန့် ဖြစ်ဟှယ်။ 35#မ ၂၀.၂၆,၂၇; ၂၃.၁၁; မာ ၁၀.၄၃,၄၄; လု ၂၂.၂၆ယေရှုဟှာ ထိုင်ခ္လဘီးန တဗဲ့တော် ဆယ့်နှေ့ပါးဟှို ခေါ်လိုက်ဘီး “ဖယ်လူဘဲ့ဖြစ်ဖြစ် ဦးဆောင်းဖြစ်ရှင်ဟှယ် ဆိုဟှာ အယ်လူဟှာ အားလောင်းရဲ့ နော့‑က်ဆောင်းဖြစ်ရမယ်။ အားလောင်းရဲ့ စေခံလည်း ဖြစ်ရမယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။ 36အယ်ဘီးန ကိုယ်တော်ဟှ သားဂန်းတယော့‑က်ဟှို ခေါ်ဘီးဟှာ သူးနို့ ရှေ့မာ ရပ်ခိုင်းလေဟှယ်။ ကိုယ်တော်ဟှာ သူ့ဟှို ပိုက်ဘီးဟှာ သူးနို့ဟှို ပြောလိုက်ဇာဟှ 37#မ ၁၀.၄၀; လု ၁၀.၁၆; ယော ၁၃.၂၀ “ဖယ်လူဘဲ့ဖြစ်ဖြစ် အယ်သားဂန်းလေထဲဟှ တယော့‑က်ဟှို ငါ့နာမဟှို ထော့‑က်ဘီးဟှာ လတ်ခံဟှယ် ဆိုဟှာ ငါ့ဟှို လတ်ခံဟှယ်။ ဖယ်သူဘဲ့ဖြစ်ဖြစ် ငါ့ဟှို လတ်ခံဟှယ် ဆိုဟှာ ငါ့ဟှိုဘဲ့လတ်ခံဇာ မှုဟှ ငါ့ဟှို စေလွှတ်လိုက်ဟှူ သူဟှိုလည်း လတ်ခံဟှယ်။”
ဖယ်သူဘဲ့ဖြစ်ဖြစ် နို့လေဟှို ဆန့်ကျင်ဟှ ဆိုဟှာ နို့လေဖတ်ဟှဘဲ့ ဖြစ်ဟှူကြောန်း
(လုကာ ၉.၄၉–၅၀)
38ယောဟန်ဟှ “ဆရာ၊ ကိုယ်တော်ရဲ့ နာမန နတ်ဆိုးလေဟှို နှန်ထုနေဟှူ လူတယော့‑က်ဟှို ကျွန်တော်လေ တွိဗြင်လာဟှယ်။ သူဟှာ ကျွန်တော့်ဟှားလေရဲ့ အောက်စုထဲဟှ မှုဘဲဟှူကြောန့် သူ့ဟှို လောက်ဘဲဟှို့တွပ် ပြောရစ်ဟှယ်” ဆိုဘီး ကိုယ်တော့်ဟှို ပြောလေဟှယ်။
39ယေရှုဟှ “သူ့ဟှို တားဂေ့န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါ့နာမန နိမိတ်လတ်ခဏာပြဘီးဟှာ ကြာခန်မာ ငါ့ကြောန်းဟှို ကဲ့ရဲ့နိုင်ဟှူလူ ယော့‑က်လည်း မှေ့ဟှ။ 40#မ ၁၂.၃၀; လု ၁၁.၂၃ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဖယ်လူဘဲ့ဖြစ်ဖြစ် နို့လေဟှို ဆန်ကျင်ဟှဆိုဟှာ နို့လေဖတ်ဟှဘဲ့ ဖြစ်ဟှယ်။ 41#မ ၁၀.၄၂ငါ မှန်တိုင်းပြောမယ်၊ နန်းနို့ဟှာ ခရစ်တော်ရဲ့ တဗဲ့တော်လေဖြစ်ဟှူကြောန့် ငါ့နာမဟှို ထော့‑က်ဘီး နန်းနို့လေဟှို ရေတခွပ် ပေးသော့‑က်ဟှူ လူတိုင်းဟှာ တကယ်ဘဲ့ ကျိုးဟှို လတ်ခံရလေ့မယ်။
ပြစ်သွီးဆောန်ဇာလေကြောန်း
(မဿဲ ၁၈.၆–၉; လုကာ ၁၇.၁–၂)
42“ဖယ်လူဘဲ့ဖြစ်ဖြစ် ငါ့ဟှို ယောင်ကြည်ဟှူ အယ်သားဂန်းလေထဲဟှ တယော့‑က်ဟှို မှားယွင်းစေမယ် ဆိုဟှာ သူ့ရဲ့ လည်ဘန်းမာ ကီးမားဟှူ က္လော့‑က်က္လိဆောင်ဟှို ခယ်ဘီး ပန်လယ်ထဲဟှို ပစ်ခ္လခံရဇာဟှ အယ်လူတွပ် ပိုကောန်းဟှယ်။ 43#မ ၅.၃၀နန့်လတ်ဟှ နန့်ဟှို မှားယွင်းစေဟှယ် ဆိုဟှာ အယ်လတ်ဟှို ဖြတ်ပစ်လိုက်! လတ်နှေ့ဖတ်န မီးသေဘဲဟှူ ငရဲထဲဟှို သွားရဇာထတ် လတ်တဖတ်မှေ့ဘဲန သတ်ရှင်ဇာဟှို ဝမ်ရဇာဟှာ ပိုကောန်းဟှယ်။ 44#၉.၄၄ တချို့ မူရင်းလတ်ရေးမူလေမာ အယ်နေရာမာ သူးနို့ဟှို စားဟှူ လော့‑က်ကောန်လေဟှ လောက်ဝသေဟှ အယ်ဘီးဟှာ သူးနို့ဟှို လောန်နေဟှူမီးဟှလည်း လောက်ဝသေဟှ၊ ဆိုဘီး ခန်းငယ် ၄၄ ဟှို ထပ်ပေါန်းထဲ့ဟှားဟှယ် (ရှု ခန်းငယ် ၄၈)။ 45နန့်ခေဟှ နန့်ဟှို မှားယွင်းစေဟှယ် ဆိုဟှာ အယ်ခေဟှို ဖြတ်ပစ်လိုက်! ငရဲထဲဟှို ခေနှေ့ဖတ်န ပစ်ခ္လခံရဇာထတ် ခေတဖတ်မှေ့ဘဲန သတ်ရှင်ဇာဟှို ဝမ်ရဇာဟှာ ပိုကောန်းလေဟှယ်။ 46#၉.၄၆ တချို့ မူရင်းလတ်ရေးမူလေမာ အယ်နေရာမာ သူးနို့ဟှို စားဟှူလော့‑က်ကောန်လေဟှ လောင်းဝသေဟှ။ အယ်ဘီးဟှာ သူးနို့ဟှို လောန်နေဟှူမီးဟှလည်း လောင်းဝသေဟှ၊ ဆိုဘီး ခန်းငယ် ၄၆ ဟှို ထပ်ပေါန်းထဲ့ဟှားဟှယ် (ရှု ခန်းငယ် ၄၈)။ 47#မ ၅.၂၉နန့်မျစ်စိဟှ နန့်ဟှို မှားယွင်းစေဟှယ် ဆိုဟှာ အယ်မျစ်စိဟှို ထုပစ်လိုက်! မျစ်စိနှေ့ဖတ်န ငရဲထဲဟှို ပစ်ခ္လခံရထတ် မျစ်စိတဖတ်န ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဝမ်ရဇာဟှ ပိုကောန်းဟှယ်။ 48‘အယ်နေရာမာ သူးနို့ဟှို စားဟှူပိုးကောန်လေဟှ လောင်းဝသေဟှ။ အယ်ဘီးဟှာ သူးနို့ဟှို လောန်နေဟှူမီးဟှလည်း လောင်းဝသေဟှ။’ ”
49“ယဇ်ကောန်ဟှာ ဆားအားဖြင့် စင်ကြယ်ဟှားမျိုးဘဲ့ လူတိုင်းဟှာ မီးအားဖြင့် စင်ကြယ်ဟှားလေ့မယ်။”
50 # မ ၅.၁၃; လု ၁၄.၃၄,၃၅ “ဆားဟှ သောင်းဝမ်ဟှယ်။ အယ်ဘေမဲ့ သူ့ရဲ့ ငန်ဟှူရသာ ပျော့‑က်ဟှားမယ် ဆိုဟှာ ငန်ဟှူရသာဟှို ဖယ်မျိုး ပ္လန်ရနိုင်ဟှို့နူး။
“နန်းနို့ ကိုယ်တိုင်မာလည်း ဆားရဲ့ ဂေါင်သတ်တိမျိုးရှိဂေ့။ အယ်ဘီးဟှာ ရှင်းရှင်း သင့်မြတ်အောန်နေဂေ့” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။

Currently Selected:

မာကု 9: NTDWB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in