YouVersion Logo
Search Icon

မာကု 2

2
ယေရှုဟှာ လေဖြတ်ဟှူလူဟှို ကျန်းမာစေဟှူကြောန်း
(မဿဲ ၉.၁–၈; လုကာ ၅.၁၇–၂၆)
1ရစ်နဲနဲကြာဘီးန ယေရှုဟှာ ကပေရနောင်ဗြို့ဟှို ပ္လန်ဝမ်ဟှားဘီး၊ ကိုယ်တော်ဟှာ အီမာရှိနေဟှယ် ဆိုဘီး ဒန်းဟှို လူလေကြားဂေ့ဟှယ်။ 2လူလေဘောင်ဂီးဟှာ ရော့‑က်လာဂေ့ဟှူကြောန့် ခွဗော့‑က်ဝပ္လန်မာလည်း နေရာလွတ် မှေ့ဟှမ်း။ ယေရှုဟှာ သူးနို့ဟှို တရားစကားဟှို ဟောပြောနေလေဟှယ်။ 3အယ်ခီမာ လူလေးယော့‑က်ဟှ ရော့‑က်လာဘီး လေဖြတ်နေဟှူ လူတယော့‑က်ဟှို ယေရှုနားဟှို သယ်လာဂေ့ဟှယ်။ 4အယ်ဘေမဲ့လည်း လူအောက်ဂီးကြောန့် သူးနို့ဟှာ အယ်လူဟှို ကိုယ်တော်နားဟှို သယ်ဟှို့တတ်နိုင်ဟှမ်း။ အယ်ကြောန့် သူးနို့ဟှာ ယေရှုရှိဟှူ နေရာထတ်ဟှ ခေါန်မိုးဟှို ပေါ့‑က်ဖော့‑က်လိုက်ဟှယ်။ သူးနို့ဟှာ လေဖြတ်နေဟှူလူဟှို ထမ်းစင်န လျှောခ္လဂေ့ဟှယ်။ 5ယေရှုဟှာ သူးနို့လေရဲ့ ယောင်ကြည်ရှင်းဟှို ဗြင်ဟှားဟှူ ခီမာ လေဖြတ်နေဟှူလူဟှို “ငါ့သား၊ နန့်ရဲ့ ပြစ်လေဟှာ ခွမ့်လွတ်ဇာခံရဘီ” ဆိုဘီး မိန့်တော်မူလေဟှယ်။
6အယ်နေရာမာ ထိုင်နေဟှူ ကျမ်းတတ်ဆရာ တချို့ဟှ သူးနို့ရဲ့ စိထဲမာ စဉ်းစားနေဇာဟှ
7“အယ်လူဟှာ ဖြားဖြစ်ကြောန့် အယ်မျိုးပြောနူး! သူဟှာ ပြစ်မှားနေဇာ ဖြစ်ဟှယ်! ဘုရားသခင် တပါးဒဲဘဲ့ ပြစ်လေဟှို လွတ်ပိုင်နိုင်ဟှယ်!”
8သူးနို့ရဲ့ စိထဲမာ အယ်မျိုး စဉ်းစားနေဇာဟှို ယေရှုဟှာ ရှစ်ရှင်း သိဟှူကြောန့် “နန်းနို့လေဟှ ဖြားဖြစ်ကြောန့် အယ်ဇာလေဟှို စဉ်းစားနေဂေ့နူး။ 9လေဖြတ်နေဟှူ လူဟှို ‘နန့်ရဲ့ ပြစ်ဟှို လွတ်ဟှားဘီ’ အယ်မျိုးမှုဘဲ့နေဟှာ ‘နန်ထလိုက်၊ နန့်ထမ်းစင်ဟှို ထမ်းဘီးသွားလိုက်’ ဆိုဘီး ဖယ်စကားဟှ ပိုဘီးပြောဟှို့လွယ်နူး။ 10အယ်ကြောန့် လူ့ရဲ့သားဟှာ မ္လေဂီးထတ်မာ ပြစ်လေလွှတ်ဟှို့ ခွမ့်အာဏာရှိဟှယ် ဆိုဇာ နန်းနို့လေဟှို ငါသတ်သေထူပြမယ်။” အယ်ကြောန့် ကိုယ်တော်ဟှ လတ်ခေသေနေဟှူ လူဟှို 11“နန့်ဟှို ငါပြောမယ်။ ထဒန်။ နန့်ရဲ့ ထမ်းစင်ဟှို ကော့‑က်ဘီးဟှာ အီဟှို ပ္လန်ဟှားလိုက်!” ဆိုဘီး ပြောလေဟှယ်။
12လူလေ အားလောင်းဂူဟှာ စောန့်ကေ့နေဒူးမာ အယ်လူဟှာ ထဘီး၊ သူ့ရဲ့ ထမ်းစင်ဟှို ယူဘီးဟှာ ထွပ်ဟှားလေဟှယ်။ သူးနို့လေ အားလောင်းဂူဟှာ ရရာတိုင်း အံ့ဩဟှားဘီးဟှာ ဘုရားသခင်ဟှို ချီးမွမ်းဂေ့ဘီး “နို့လေဟှာ အယ်မျိုးဇာဟှို လောင်းဝဗြင်ဖူးဟှ!” ဆိုဘီး ပြောဂေ့ဟှယ်။
ယေရှုဟှာ လေဝိဟှို ခေါ်ဟှူကြောန်း
(မဿဲ ၉.၉–၁၃; လုကာ ၅.၂၇–၃၂)
13ယေရှုဟှာ နော့‑က်တခါ ဂါလိလဲအိုင်နားဟှို ပ္လန်ဟှားလေဟှယ်။ လူအောက်ဂီးဟှ ကိုယ်တော်နားဟှို လာဂေ့ဟှူကြောန့် ကိုယ်တော်ဟှာ သူးနို့ဟှို စဘီးဟှာ သွန်သန်လေဟှယ်။ 14ကိုယ်တော်ဟှာ ဆစ်ဘီး ရှော့‑က်သွားဟှူ ခီမာ အာလဖဲရဲ့သား၊ ခွန်ခံလေဝိဟှာ သူ့ရဲ့ ရောင်းမာ ထိုင်နေဇာဟှို ဗြင်ဟှားလေဟှယ်။ ယေရှုဟှ “ငါ့နော့‑က်ဟှို လိုက်ပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။ လေဝိဟှာ ထဘီး ကိုယ်တော်နော့‑က်ဟှို လိုက်ဟှားဟှယ်။
15အယ်ဘီးန ယေရှုဟှာ လေဝိရဲ့အီမာ#၂.၁၅ လေဝိရဲ့အီမာ၊ အယ်မျိုးမှုဘဲ့နေဟှာ သူ့အီ၊ (ယေရှုရဲ့) အီ။ ညဉ့်ခန်းဇာ စားနေဂေ့ဟှယ်။ ခွန်ကော့‑က်မားလေန ပြစ်သားလေ ဘောင်ဂီးဟှာ ယေရှုနော့‑က်ဟှို လိုက်လာဂေ့ဘီး သူးနို့ထဲဟှ တချို့ဟှာ ကိုယ်တော်န တဗဲ့တော်လေနတူးဒူ စားသော့‑က်ဂေ့ဟှယ်။ 16ယေရှုဟှာ ခွန်ကော့‑က်မားလေ၊ ပြစ်သားလေနတူးဒူ စားသော့‑က်နေဇာဟှို ဖာရိရှဲလေ၊ ကျမ်းတတ်ဆရာလေဟှာ ဗြင်ဟှားဘီး “ဖြားဖြစ်ကြောန့် သူဟှ အယ်လူလေန စားသော့‑က်နေရနူး” ဆိုဘီး တဗဲ့တော်လေဟှို မေးဂေ့ဟှယ်။
17ယေရှုဟှ ကြားဟှားဘီး သူးနို့ဟှို “ကျန်းမာဟှူ လူလေဟှ ဆရာဝန်ဟှို လိုဂေ့ဟှ၊ ဖျားနေဟှူ လူလေဘဲ့ လိုရှင်ဟှယ်။ ငါဟှာ ဖြောန့်မတ်ဟှူ လူလေဟှို ခေါ်ဟှို့လာဇာမှုဟှ။ ပြစ်သားလေဟှို ခေါ်ဟှို့လာဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
စာရှောန်ဇာန ဆိုင်ဟှူမေးခွန်း
(မဿဲ ၉.၁၄–၁၇; လုကာ ၅.၃၃–၃၉)
18တနေ့မာ ဗတ္တိဇံယောဟန်ရဲ့ တဗဲ့တော်လေန ဖာရိရှဲလေဟှ စာရှောန်နေဂေ့ဟှယ်။ လူတချို့ဟှ ယေရှုနားဟှို လာဘီး “ယောဟန်ရဲ့ တဗဲ့လေန ဖာရိရှဲရဲ့ တဗဲ့လေဟှာ စာရှောန်ဂေ့ဘီး ကိုယ်တော်ရဲ့ တဗဲ့လေဟှ ဖြားဖြစ်ကြောန့် စာရှောန်ဘဲန နေဂေ့နူး” ဆိုဘီး မေးလျှော့‑က်ဂေ့ဟှယ်။
19ယေရှုဟှ “အီတတ်ပွဲမာ ဒို့သားနတူးဒူ ရှိနေဟှူ ဧည့်သည်လေဟှာ ဒို့သားနတူးဒူ ရှိနေဒူးမာ စာရှောန်မယ် ဆိုဘီး မျှော်လင့်နိုင်ဘဲ့လော။ သူးနို့ဟှာ ဒို့သားနတူးဒူ ရှိနေဒူးမာ စာရှောန်နိုင်ဂေ့ဟှ။ 20အယ်ဘေမဲ့ ဒို့သားဟှို သူးနို့နားဟှနေ ယူဆောန်ဟှားဟှူ ခီရော့‑က်လာလေ့မယ်။ အယ်နေ့မာ သူးနို့ဟှ စာရှောန်ဂေ့လေ့မယ်။
21“ဖယ်သူလည်း အန်းဂီဟောန်းဟှို ပိစသစ်နဖာလေ့ မှေ့ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဖာဟှားဟှူ ပိစသစ်ဟှ အန်းဂီဟောန်းဟှို စုဖ္လဲဘီးဟှာ ပိုဆိုးဟှားလေ့မယ်။ 22အယ်မျိုးဘဲ့ ဝိုင်သစ်ဟှို သားရေဖူး ဟောန်းထဲမာထဲ့လေ့ မှေ့ဟှ။ ထဲ့မယ် ဆိုဟှာ ဝိုင်သစ်ဟှ သားရေဖူးဟောန်းဟှို ပေါ့‑က်ပ္လဲစေဘီး ဝိုင်န သားရေဖူး နှေ့ခုလောင်းဟှာ ပျစ်စီးဟှားလေ့မယ်။ အယ်မျိုးလောက်မယ့်စား ဝိုင်သစ်ဟှို သားရေဖူးသစ်ထဲမာ ထဲ့ရမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
ဒန်းနေ့န ဆိုင်ဟှူ မေးခွန်း
(မဿဲ ၁၂.၁–၈; လုကာ ၆.၁–၅)
23ဒန်းနေ့မာ ယေရှုဟှာ ဂျောင်စဗားလယ်ဂွမ့်လေဟှို ဖြတ်ရှော့‑က်နေလေဟှယ်။ ကိုယ်တော်ရဲ့ တဗဲ့တော်လေနတူးဒူ သွားနေဟှူ ခီမာ သူးနို့ဟှာ စဘီးဟှာ ဂျောင်စဗားနှံလေဟှို ဆွတ်ဂေ့ဟှယ်။ 24ဖာရိရှဲလေဟှ “ဒန်းနေ့မာ လောက်အပ်ဘဲဟှူ ဇာဟှို ကိုယ်တော့်ရဲ့ တဗဲ့တော်လေဟှ ဖြားဖြစ်ကြောန့် လောက်ဂေ့နူး” ဆိုဘီး ယေရှုဟှို မေးဂေ့ဟှယ်။
25ယေရှုဟှ “ဒါဝိဒ်ဟှ စားဟှို့ တခုခု လိုအပ်လာဟှူ ခီမာ သူဟှာ ဖယ်မျိုးလောက်ဟှားဇာဟှို နန်းနို့ လောင်းဝ ဖတ်ဖူးဂေ့ဟှလော။ သူ့န သူ့ရဲ့ လူလေဟှာ ဗိုက်ဆာလာဟှူကြောန့် 26သူဟှာ ဘုရားသခင်ရဲ့ အီတော်ထဲဟှို ဝမ်ဟှားဘီး ဘုရားသခင်ဟှို ဆစ်ကပ်ဟှားဟှူ မုဟှို စားဂေ့ဟှယ်။ အယ်ဇာဟှာ ယဇ်ပုရောဟိတ်မန်း အဗျာသာလတ်ထတ်မာ ဖြစ်ပျစ်ဟှားဟှယ်။ နို့လေရဲ့ ပညတ်တရား တိုင်းဆိုဟှာ အယ်မုဟှို ယဇ်ပုရောဟိတ်လေဘဲ့ စားခွမ့်ရှိဟှယ်။ အယ်ဘေမဲ့ ဒါဝိဒ်ဟှာ အယ်မုဟှို စားဘီးဟှာ သူ့ရဲ့ လူလေဟှိုလည်း ပေးလေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
27အယ်ဘီးန ယေရှုဟှာ “ဒန်းနေ့ဟှာ လူလေတွပ်ဘဲ့ ဖြစ်ဟှယ်။ လူဟှာ ဒန်းနေ့တွပ်ဖြစ်ဇာ မှုဟှ။ 28အယ်ကြောန့် လူ့ရဲ့သားဟှာ ဒန်းနေ့ရဲ့ သခင်ဖြစ်ဟှယ်” ဆိုဘီး သူးနို့လေဟှို မိန့်တော်မူလေဟှယ်။

Currently Selected:

မာကု 2: NTDWB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in