YouVersion Logo
Search Icon

မာကု 12

12
စဗျစ်ခြံလောက်မားလေရဲ့ ပေါင်ဥပမာ
(မဿဲ ၂၁.၃၃–၄၆; လုကာ ၂၀.၉–၁၉)
1အယ်ဘီးန ယေရှုဟှာ သူးနို့ဟှို ပေါင်ဥပမာန စဘီးပြောလိုက်ဇာဟှ “လူတယော့‑က်ဟှာ စဗျစ်ခြံဟှို တည်ဘီး၊ ခြံစည်းရိုး ပတ်ပတ်လည်ရံဘီး စဗျစ်သီးနယ်ဟှို့တွပ် တွမ်းဟှိုလည်း တူးလေဟှယ်။ အယ်ဘီးဟှာ မျှော်စင်ဟှို ဆော့‑က်ဟှယ်။ အယ်ဘီးန သူဟှာ စပျစ်ခြံလောက်မားလေ တချို့ဟှို ငှါးရစ်ဘီးဟှာ ခရီးထွပ်ဟှားလေဟှယ်။ 2စဗျစ်သီးဆွတ်ဟှူခီ ရော့‑က်လာဟှူ ခီမာ စဗျစ်ခြံဟှ သီးတချို့ဟှို ယူဟှို့တွပ် ကျွန်တယော့‑က်ဟှို ခြံလောက်မားလေနားဟှို လွှတ်လိုက်ဟှယ်။ 3ခြံလောက်မားလေဟှာ အယ်ကျွန်ဟှို ဖမ်းဘီး ရိုက်လေဟှယ်။ အယ်ဘီးဟှာ လတ်ခဲခဲ ပ္လန်လွှတ်လိုက်ဂေ့ဟှယ်။ 4အယ်ဆိုန ဇရှင်ဟှာ နော့‑က်ထပ် ကျွန်တယော့‑က်ဟှို လွှတ်လေဟှယ်။ ခြံလောက်မားလေဟှာ အယ်ကျွန်ဟှို ခေါန်းရိုက်ခွဲဘီး ရှစ်ကွဲအောန် လောက်လေဟှယ်။ 5ဇရှင်ဟှာ နော့‑က်ထပ် ကျွန်တယော့‑က်ဟှို လွှတ်လေဟှယ်။ အယ်ဆိုန အယ်တယော့‑က်ဟှိုလည်း သူးနို့ဟှ သတ်ဂေ့ဟှယ်။ အယ်ဘီးဟှာ တခြားကျွန်လေ ဘောင်းဂီးဟှိုလည်း တချို့ဟှို ရိုက်ဂေ့ဘီး တချို့ဟှို သတ်ဂေ့ဟှယ်။ 6အယ်လူရဲ့ ရှစ်ဆောင်းသား တယော့‑က်ဒဲဘဲ့ စေလွှတ်ဟှို့ ကျန်လေဟှယ်။ သူဟှ ‘သူးနို့လေဟှာ ငါ့ရဲ့ သားဟှို လေးစားဂေ့လေ့မယ်’ ဆိုဘီး ပြောဘီးန နော့‑က်ဆောင်းမာ သူ့ရဲ့ သားဟှို ခြံလောက်မားလေနားဟှို စေလွှတ်လေဟှယ်။ 7အယ်ဘေမဲ့ အယ်ခြံလောက်မားလေဟှ ‘အယ်လူဟှာ ဇရှင်ရဲ့ မွီစားမွီခံ ဖြစ်ဟှယ်။ လာဂေ့။ သူ့ဟှို သတ်ဂေ့ဇို့။ အယ်ဆိုဟှာ သူ့ရဲ့မွီအောက်စာဟှာ နို့လေရဲ့ အောက်စာ ဖြစ်ဟှားလေ့မယ်!’ ဆိုဘီး ရှင်းရှင်း ပြောဂေ့လေဟှယ်။ 8အယ်ကြောန့် သူးနို့ဟှာ သူ့ဟှို ဖမ်းဘီးဟှာ သတ်လိုက်လေဟှယ်။ အယ်ဘီးန စဗျစ်ခြံပ္လန်ဟှို ပစ်ဟှားလိုက်ဂေ့ဟှယ်။”
9“အယ်ဆိုဟှာ စပျစ်ခြံဇရှင်ဟှ ဖြားမျိုး လောက်လေ့မယ်နူး။ သူဟှာ လာဘီး အယ်ခြံလောက်မားလေဟှို သတ်ပစ်လိုက်ဘီးဟှာ စဗျစ်ခြံဟှို တခြားလူလေဟှို ပေးလေ့မယ်။ 10အယ်ကျမ်းစာဟှို နန်းနို့ဟှာ သေးသေချားချာဟှား ဖတ်ဂေ့ဟှလော။”
“‘သောင်းဝမ်ဟှ ဆိုဘီးဟှာ တိုက်ဆောက်မားလေ ဖယ်ဟှားဟှူက္လော့‑က်ဟှာ
ရေးကီးဆောင်းဟှူ ဒေါန့်ချောက်က္လော့‑က် ဖြစ်လာရဟှယ်။
11အယ်ဇာဟှာ ဘုရားသခင်အားဖြင့် ဖြစ်လာဟှယ်။
နို့လေရှေ့မာ အံ့ဩဘွယ်ဖြစ်ဟှယ်!’ ”
12အယ်န သူးနို့လေဟှာ ယေရှုဟှို ဖမ်းဟှို့ ကြိုးစားဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ သူးနို့ဟှို စောန်းဘီးဟှာ အယ်ဥပမာဟှို ပြောလိုက်ဟှယ် ဆိုဇာဟှို သူးနို့ဟှာ သိဂေ့ဟှယ်။ အယ်ဘေမဲ့ သူးနို့ဟှာ လူအောက်ဂီးဟှို ကြော့‑က်ဂေ့ဟှယ်။ အယ်ကြောန့် ကိုယ်တော့်ဟှို ထားရစ်ဘီး ထွပ်ဟှားဂေ့ဟှယ်။
ခွန်ပေးဇာနဆိုင်ဟှူမေးခွန်း
(မဿဲ ၂၂.၁၅–၂၂; လုကာ ၂၀.၂၀–၂၆)
13အယ်ဘီးန သူးနို့ဟှာ ကိုယ်တော့်ရဲ့စကားထဲမာ ကိုယ်တော့်ဟှို ဖမ်းဟှို့တွပ် ဖာရိရှဲတချို့န ဟေရုဒ်ရဲ့လူလေတချို့ဟှို ယေရှုနားဟှို လွှတ်လိုက်ဂေ့ဟှယ်။ 14အယ်လူလေဟှာ ယေရှုနားဟှို လာဘီး “ဆရာ၊ ကိုယ်တော်ဟှာ လူလေဖြားမျိုးဘဲ့ထန်ထန် စိုးရိမ်မှုမှေ့ဘဲန မှန်တိုင်းဘဲ့ ပြောဟှယ် ဆိုဇာဟှို ကျွန်တော့်ဟှားလေ သိဂေ့ဟှယ်။ ကိုယ်တော်ဟှာ ဖယ်လူရဲ့မျစ်နှာဟှိုလည်း ကေ့ဘဲ့န လူလေတွပ် ဘုရားသခင်ရဲ့လိုတော်ဟှို မှန်တိုင်း သွန်သန်လေဟှယ်။ ကဲသာဧကရာဇ်ဟှို ခွန်ပေးဇာဟှာ ကျွန်တော့်ဟှားလေရဲ့ ပညတ်တရားဟှို ဆန့်ကျင်နေဇာလော။ ကျွန်တော့်ဟှားလေဟှာ ခွန်ပေးသင့်လော။ ပေးသင့်ဟှလော” ဆိုဘီး မေးလျှော့‑က်ဂေ့ဟှယ်။
15အယ်ဘေမဲ့ ယေရှုဟှာ အယ်လူလေရဲ့ ဟန်ဆောန်ဇာဟှို သိဟှူကြောန့် “နန်းနို့ဟှ ငါဟှို ဖြားဖြစ်ကြောန့် ထောန်ချော့‑က်ဆင်ဟှို့ ကြိုးစားဂေ့နူး” ဆိုဘီး မေးလေဟှယ်။ “ဒေနာရိတပ္လားဟှို ယူလာဂေ့၊ ငါကေ့ကေ့မယ်။”
16သူးနို့ဟှာ ဒန်းဂါးဟှို ယူလာဂေ့ဟှယ်။ အယ်ဆိုန ကိုယ်တော်ဟှ “အယ်ဇာဟှ ဖယ်လူရဲ့ရောက်ပေါင်နူး။ အယ်ဘီးဟှာ ဖယ်လူရဲ့လိစာနူး” ဆိုဘီး မေးလေဟှယ်။
သူးနို့ဟှ “ကဲသာရဲ့ ရောက်ပေါင်န လိစာ ဖြစ်ဟှယ်” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
17အယ်ကြောန့် ယေရှုဟှာ “ကဲသာန ဆိုင်ဇာဟှို ကဲသာဟှို ပေးဂေ့။ ဘုရားသခင်န ဆိုင်ဇာဟှို ဘုရားသခင်ဟှို ပေးဂေ့” ဆိုဘီး သူးနို့လေဟှို မိန့်တော်မူလေဟှယ်။ အယ်ဆိုန သူးနို့လေဟှာ ယေရှုဟှို အံ့ဩဟှားဂေ့ဟှယ်။
သေရာဟှနေ ထမြော့‑က်ဇာန ဆိုင်ဟှူမေးခွန်း
(မဿဲ ၂၂.၂၃–၃၃; လုကာ ၂၀.၂၇–၄၀)
18 # တ ၂၃.၈ အယ်ဘီးန သေရာဟှနေ ထမြော့‑က်ဇာ မှေ့ဟှ ဆိုဘီး ပြောဟှူ ဇဒ္ဒုကဲတချို့ဟှာ ယေရှုနားဟှို လာဘီး၊ 19“ဆရာ၊ ‘လူတယော့‑က်ဟှာ သားမီးလေမှေ့ဘဲန သေဟှားဘီး မယားဟှို ထားရစ်မယ် ဆိုဟှာ၊ အယ်လူရဲ့ညီဟှာ အယ်မောက်ဆိုးမဟှို ယူရမယ် အယ်ဘီးဟှာ သူးနို့မာ ရလာဟှူ သားမီးလေဟှို သူ့နောန်ရဲ့သားမီးလေ ဆိုဘီး မှတ်ယူရမယ်’ ဆိုဘီး အယ်ပညတ်တရားဟှို ကျွန်တော့်လေတွပ် မောရှေဟှ ရေးဟှားဟှယ်။ 20ညီကိုခွန်နစ်ယော့‑က်ရှိဘီး၊ နောန်ဂီးဟှာ မီးမယူဘီးဟှာ သားမီးလေမှေ့ဘဲန သေဟှားဟှယ်။ 21အယ်ဆိုန ဒုတိယညီဟှာ အယ်မီးမဟှို ယူလိုက်ဟှယ်။ သူလည်းဘဲ့ သားမီးလေမှေ့ဘဲန သေဟှားဟှယ်။ တတိယညီဟှာလည်း အယ်မျိုးဘဲ့ဖြစ်ဘီး 22ညီကို ခွန်နစ်ယော့‑က်လောင်းဟှာ အယ်မီးမဟှို ယူဘီး သားမီးလေမှေ့ဘဲန သေဟှားဂေ့ဟှယ်။ နော့‑က်ဆောင်းမာ အယ်မီးမဟှလည်း သေဟှားဟှယ်။ 23ရှင်ပ္လန်ထမြော့‑က်နေ့မာ အားလောင်းဟှာ ထမြော့‑က်ဟှူ ခီမာ အယ်မီးမဟှာ ဖယ်လူရဲ့ မယားဖြစ်မယ်နူး။ သူးနို့ ခွန်နစ်ယော့‑က်လောင်းဟှာ အယ်မီးမဟှို ယူဟှားဂေ့ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
24ယေရှုဟှ “နန်းနို့ဟှာ ကျမ်းစာဟှိုလည်း သိဂေ့ဟှ။ ဘုရားသခင်ရဲ့ တဂိုးတော်ဟှိုလည်း သိဂေ့ဘဲဟှူကြောန့် အယ်မျိုးယူလွဲနေဂေ့ဟှယ် မှုဟှလော။ 25ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူလေဟှာ သေရာဟှနေ ထမြော့‑က်ဟှူ ခီမာ သူးနို့ဟှာ အီထောန်ပြုဇာမှေ့ဘဲန ကောန်းဂန်ဘောင်မာ ကောန်းဂန်တမန်လေမျိုး ဖြစ်ဟှားလေ့ဟှယ်။ 26သေဟှားဟှူလူလေ ထမြော့‑က်ရှင်းန ပတ်သတ်ဘီး မောရှေရဲ့ကျမ်းမာ မီးလောန်နေဟှူ ချောင်နဆိုင်ဟှူ ကျမ်းပိုဒ်ဟှို ဖတ်ဖူးဂေ့ဟှလော့။ အယ်ကျမ်းမာ ရေးဟှားဇာဟှ ဘုရားသခင်ဟှာ ‘ငါဟှာ အာဗြဟံရဲ့ ဘုရားသခင်၊ ဣဇာက်ရဲ့ ဘုရားသခင်၊ ယာကုပ်ရဲ့ ဘုရားသခင် ဖြစ်ဟှယ်’ ဆိုဘီး မောရှေဟှို ပြောဟှားဟှယ်။ 27အယ်သခင်ဟှာ သေဟှားဟှူ လူလေရဲ့ ဘုရားသခင် မှုဟှ။ သတ်ရှင်နေဟှူ လူလေရဲ့ ဘုရားသခင်ဖြစ်ဟှယ်။ နန်းနို့ဟှာ ရရာတိုင်း ယူလွဲနေဂေ့ဟှယ်!” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
ကီးမြတ်ဟှူ ပညတ်တော်ကြောန်း
(မဿဲ ၂၂.၃၄–၄၀; လုကာ ၁၀.၂၅–၂၈)
28 # လု ၁၀.၂၅–၂၈ အယ်နေရာမာ ဆွေးနွေးဟှားဇာလေဟှို ကြားဟှားဟှူ ကျမ်းတတ်ဆရာ တယော့‑က် ရှိနေဟှယ်။ ယေရှုဟှာ ဇဒ္ဒုကဲလေဟှို ကောန်းဟှူ ဖြေဟှို ပေးလိုက်ပီးဘီ ဆိုဇာဟှို သူဗြင်ဟှာဘီး ကိုယ်တော့်ဟှို “ပညတ်လေ အားလောင်းဂူထဲမာ ဖယ်ပညတ်ဟှာ ရေးကီးဆောင်းဖြစ်နူး” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
29ယေရှုဟှ “ရေးကီးဆောင်း ပညတ်ဟှာ ‘ဣသရေလ လူမျိုးလေ၊ နားထောန်ဂေ့! နို့လေရဲ့ သခင် ဘုရားသခင်ဟှာ တဆူဒဲရှိဟှူ ဘုရားသခင် ဖြစ်ဟှယ်။#၁၂.၂၉ နို့လေရဲ့ သခင် ဘုရားသခင်ဟှာ တဆူဒဲရှိဟှူ ဘုရားသခင် ဖြစ်ဟှယ်၊ အယ်မျိုးမှုဘဲ့နေဟှာ နို့လေရဲ့ သခင် ဘုရားသခင်ဟှာ တပါးဒဲရှိဟှူ ဘုရားသခင် ဖြစ်ဟှယ်။ 30နန့်ရဲ့ သခင်၊ ဘုရားသခင်ဟှို စိနှလောင်းစွမ်းရှိမျှ၊ စိဝိညာဉ်စွမ်းရှိမျှ၊ ဉာဏ်စွမ်းရှိမျှ၊ ကိုယ်စွမ်းရှိမျှ ရှစ်ပါ။’ 31‘နန့်ရဲ့ အီဇနီးရှင်းဟှို နန့်ကိုယ်နန် ရှစ်မျိုး ရှစ်ပါ’ ဆိုဇာဟှာ ဒုတိယ ရေးကီးဆောင်း ပညတ်ဖြစ်ဟှယ်။ အယ်ပညတ် နှေ့ခုထတ် ပိုဘီး ရေးကီးဟှူ ပညတ် မှေ့ဟှ” ဆိုဘီး ယေရှုဟှ ပ္လန်ဖြေလေဟှယ်။
32ကျမ်းတတ်ဆရာဟှ ယေရှုဟှို “မှန်ပါဟှယ် ဆရာ! ဘုရားသခင်ဟှာ တဆူဒဲဘဲ့ရှိဘီး ဘုရားသခင်မှတပါး တခြားဘုရား မှေ့ဟှ ဆိုဘီး ဆရာပြောဇာဟှာ မှန်ဟှယ်။ 33ဘုရားသခင်ဟှို စိနှလောင်းစွမ်းရှိဟှူမျှ၊ ဉာဏ်စွမ်းရှိမျှ၊ ကိုယ်စွမ်းရှိမျှန ရှစ်ပါ။ အယ်ဘီးဟှာ နန့်ရဲ့ အီဇနီးရှင်းဟှို နန့်ကိုယ်နန် ရှစ်မျိုးဘဲ့ ရှစ်ပါ ဆိုဇာဟှာ ဘုရားသခင်ဟှို ပူဇော်ဟှူ မီးရှို့ယဇ်န တခြားယဇ် အားလောင်းဂူထတ် ပိုဘီး ရေးကီးဟှယ်” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
34အယ်လူရဲ့ဖြေဟှာ ရရာတိုင်း ပညာရှိဟှယ် ဆိုဇာဟှို ယေရှု ဗြင်ဟှားဟှူ ခီမာ ကိုယ်တော်ဟှ “နန်ဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်န ဝီးဟှ” ဆိုဘီး သူးဟှို မိန့်တော်မူလေဟှယ်။
အယ်ဘီးန ဖယ်သူဟှလည်း ယေရှုဟှို ထပ်ဘီး မေးခွန်းလေဟှို မေးရဲဂေ့ဟှမ်း။
မေရှိယန ဆိုင်ဟှူမေခွန်း
(မဿဲ ၂၂.၄၁–၄၆; လုကာ ၂၀.၄၁–၄၄)
35ယေရှုဟှ ဗိမာန်တော်မာ သွန်သန်နေဟှူ ခီမာ ကိုယ်တော်ဟှ “ခရစ်တော်ဟှာ ဒါဝိဒ်ရဲ့ သားမ္လေးဖြစ်ဟှယ် ဆိုဘီး ကျမ်းတတ်ဆရာလေဟှ ဖယ်မျိုးပြောနိုင်ဂေ့နူး။ 36ဒါဝိဒ်ကိုယ်တိုင် သန့်ရှင်းဟှူဝိညာဉ်တော်အားဖြင့် ပြောဟှားဇာဟှ၊”
“‘ဘုရားသခင်ဟှ ငါ့သခင်ဟှို ပြောဟှယ်။
နန့်ရဲ့ ရန်သူလေဟှို နန့်ရဲ့ ခေဖွားအော့‑က်မာ ခ္လဟှားခန်ထိ
ငါ့ရဲ့ ညာဖတ်မာ ထိုင်နေပါ။’ ”
37“ဒါဝိဒ်ကိုယ်တိုင်ဟှ ကိုယ်တော့်ဟှို ‘သခင်’ ဆိုဘီး ခေါ်ဟှယ်။ ဖယ်မျိုး ဖြစ်ဟှူကြောန့် မေရှိယဟှာ ဒါဝိဒ်ရဲ့ သားမ္လေး ဖြစ်နိုင်ဟှို့နူး” ဆိုဘီး ကြေညာလေဟှယ်။
ယေရှုဟှ ကျမ်းတတ်ဆရာလေဟှို ရှောန်ဟှို့ ဒိပေးဟှူကြောန်း
(မဿဲ ၂၃.၁–၃၆; လုကာ ၂၀.၄၅–၄၇)
လူအောက်ဂီးဟှာ ယေရှုရဲ့ စကားဟှို ဝန်းသာအားရ နားထောန်နေဂေ့ဟှယ်။ 38အယ်မျိုး သွန်သန်နေဟှူ ခီမာ ယေရှုဟှ “ကျမ်းတတ်ဆရာလေဟှို ဒိထားဂေ့။ သူးနို့ဟှာ ဝတ်လောင်ရှယ်လေဟှို ဝတ်ဘီးဟှာ ရှော့‑က်သွားရဇာ ကြိုက်ဂေ့ဘီး ဆေးလေမာ ရိုသေပေးဇာဟှို ခံရှင်ဂေ့ဟှယ်။ 39ဝါလယ်ဇရပ်လေမာ သီးသပ်ထားဟှားဟှူ ထိုင်ခေါင်လေ၊ စားသော့‑က်ဗွဲလေမာလည်း ကောန်းဆောင်း နေရာလေဟှို ဝီးချယ်ဂေ့ဟှယ်။ 40မောက်ဆိုးမလေရဲ့ အီလေဟှို တရားဘဲဟှူနည်းန သီးယူဟှယ်။ အယ်ဘီးဟှာ လူကြားကောန်းအောန် ရှယ်ဟှီး ဆုတောန်းဂေ့ဟှယ်။ သူးနို့ရဲ့ ပြစ်ဒန်ဟှာ ပိုဘီး ဆိုးလေ့မယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။
မောက်ဆိုးမရဲ့ လှူငွေကြောန်း
(လုကာ ၂၁.၁–၄)
41ယေရှုဟှာ ဗိမာန်တော် လှူခံဗောင်းရှေ့မာ ထိုင်နေဟှူ ခီမာ လှူခံဗောင်းထဲဟှို လူလေဟှာ ကပ်ထဲ့နေဇာဟှို ကေ့ရှုနေဟှယ်။ ကပ်ပေါဟှူ လူလေဘောင်ဂီးဟှာ ကပ်ဘောင်ဂီး ထဲ့ဂေ့ဟှယ်။ 42အယ်ဘေမဲ့ ဆင်းရဲဟှူ မောက်ဆိုးမတယော့‑က်ဟှာ လာဘီးဟှာ တပဲလော့‑က်ဘဲ့တန်ဘီး ရရာတိုင်း နဲဟှူ ကြေးပ္လား နှေ့ပ္လားဟှို ထဲ့လေဟှယ်။ 43ယေရှုဟှာ တဗဲ့တော်လေဟှို ခေါ်ဘီးဟှာ “နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ အယ်ဆင်းရဲဟှူ မောက်ဆိုးမဟှာ လှူခံဗောင်းထဲဟှို ထဲ့ဝမ်ဂေ့ဟှူလူလေ အားလောင်းဂူထတ် ပိုဘီးဟှာ ထဲ့လေဟှယ်။ 44ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်လူလေ အားလောင်းဟှာ သူးနို့ရဲ့ ကြွယ်ဝဇာလေထဲဟှ နုဘီး ထဲ့ဂေ့ဟှယ်။ အယ်မီးမဟှာ ရရာတိုင်း ဆင်းရဲဘေမဲ့လည်း သူမာရှိဇာ အားလောင်း သူဟှာ သတ်မွီးဟှို့ အောက်စာ အားလောင်းဟှို ထဲ့လေဟှယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။

Currently Selected:

မာကု 12: NTDWB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in