YouVersion Logo
Search Icon

မဿဲ 23

23
ကျမ်းပြုဆရာလေန ဖာရိရှဲလေဟှို ဒိပေးဟှူကြောန်း
(မာကု ၁၂.၃၈,၃၉; လုကာ ၁၁.၄၃,၄၆; ၂၀.၄၅,၄၆)
1အယ်ဘီးန ယေရှုဟှာ လူအောက်ဂီးန တဗဲ့တော်လေဟှို မိန့်တော်မူဇာဟှ၊ 2“ကျမ်းပြုဆရာန ဖာရိရှဲလေဟှာ မောရှေရဲ့ ထိုင်ခေါင်မာထိုင်ဘီး ပညတ်ကျမ်းဟှို အနတ်ဖွမ့်ဟှို့ ခွမ့်အာဏာရရှိဟှူ သူလေဖြစ်ဟှယ်။ 3အယ်ကြောန့် သူးနို့လေရဲ့ သွန်သန်ဟှူ ရာလေဟှို လိုက်နာဘီး ကျင့်သောင်းဂေ့။ အယ်ဘေမဲ့လည်း သူးနို့လေ ကျင့်ဟှူတိုင်း လိုက်ကျင့်ဂေ့န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့လေဟှာ သူများဟှို သွန်သန်ဘီး သူးနို့ကိုယ်တိုင်ကျင့်ဂေ့ဟှ။ 4သူးနို့လေဟှာ လေးလံဘီး ထမ်းရခတ်ဟှူ ဝန်ထောက်လေဟှို လူလေရဲ့ ခေါန်းထတ်ဟှို တန်တတ်လေဟှယ်။ အယ်ဘေမဲ့ သူးနို့ကိုယ်တိုင်ဟှ အယ်ဝန်ထောက်လေဟှို လတ်ဖျားန ထိရှင်ဂေ့ဟှ။ 5#မ ၆.၁သူးနို့လောက်ဟှူဇာလေဟှို လူလေဗြင်ဟှို့ဘဲ့ လောက်တတ်ဂေ့လေဟှယ်။ သူးနို့လေရဲ့ နဖူးလေန လတ်မောန်းလေထတ်မာ ကျမ်းစာလတ်ဖွဲ့လေဟှို ကီးကီးမားမား လောက်ဘီးဟှာ ဝတ်တတ်ဂေ့လေဟှယ်! သူးနို့လေရဲ့ ဝတ်လောင်မာ ပန်းဗွား#၂၃.၅ သူးနို့လေရဲ့ ဝတ်လောင်မာ ပန်းဗွား၊ အယ်ပန်းဗွားလေဟှာ ဘုရားသခင်ဟှို ကိုးကွယ်ဟှူ လတ်ခဏာတခုနေန ဝတ်ဂေ့ဟှယ်။ ဟှိုလည်း ကီးကီးမားမား ချောက်ဘီးဟှာ တတ်ဂေ့လေဟှယ်! 6စားသော့‑က်ဗွဲလေမာလည်း ကောန်းဆောင်းနေရာလေန ဝါလယ်ဇရပ်လေမာလည်း မြင့်မြတ်ဟှူ နေရာလေဟှိုဘဲ့ နှစ်သက်လေဟှယ်။ 7ရိုးရိုသေးသေန နှောက်ဆစ်ဇာဟှို လတ်ခံရှင်ဘီး ‘ဆရာ’ ဆိုဘီး ခေါ်ခံရဇာဟှို နှစ်သက်ဂေ့လေဟှယ်။ 8နန်းနို့လေဟှာ ‘ဆရာ’ ဆိုဘီး ခေါ်ခံဂေ့န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေ အားလောင်းဟှာ ညီကိုလေဖြစ်ဘီး နန်းနို့လေမာ ဆရာတပါးဒဲဘဲ့ ရှိလေဟှယ်။ 9မ္လေဂီးထတ်မာ ဖယ်သူ့ဟှိုမှလည်း ‘ဖ’ ဆိုဘီး ခေါ်ဂေ့န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကောန်းဂန်ဘောင်မာ နန်းနို့လေရဲ့ ‘ဖ’ တပါးဒဲဘဲ့ ရှိလေဟှယ်။ 10နန်းနို့လေဟှာ ခေါန်းဆောန်ဆိုဘီး ခေါ်ခံဂေ့န။ နန်းနို့လေရဲ့ ခေါန်းဆောန်ဟှာ ခရစ်တော် တပါးဒဲဘဲ့ဖြစ်ဟှယ်။ 11#မ ၂၀.၂၆,၂၇; မာ ၉.၃၅; ၁၀.၄၃,၄၄; လု ၂၂.၂၆နန်းနို့လေထဲမာ ကီးဆောင်းဖြစ်ဟှူ သူဟှာ နန်းနို့ရဲ့ စေခံဖြစ်ရမယ်။ 12#လု ၁၄.၁၁; ၁၈.၁၄ ကိုယ့်ကိုယ်ကိုယ် ချီးမြှော့‑က်ဟှူသူဟှာ နှိခ္လခံရလေ့မယ်။ ကိုယ့်ကိုယ်ကိုယ် နှိခ္လဟှူသူဟှာ ချီးမြော့‑က်ခံရလေ့မယ်။”
ယေရှုဟှ သူတော်ကောန်း ယောန်ဆောန်ဟှူဟှို ပြစ်တန်ဟှူကြောန်း
(မာကု ၁၂.၄၀; လုကာ ၁၁.၃၉–၄၂,၄၄,၅၂; ၂၀.၄၇)
13သူတော်ကောန်း ယောန်ဆောန်ဟှူ ကျမ်းပြုဆရာလေန ဖာရိရှဲလေ နန်းနို့လေဟှာ အမင်္ဂလာရှိလေဟှယ်! ကောန်းဂန်နိုင်ငံတော်ရဲ့ ခွဗော့‑က်ဟှို လူလေရှေ့မာ ပိဟှားဘီး နန်းနို့ကိုယ်တိုင်လည်း ဝမ်ဟှ။ ဝမ်ဟှို့ ကြိုးစားနေဟှူ သူလေဟှိုလည်း ဝမ်ဟှို့ ခွမ့်ပေးဟှ! 14#၂၃.၁၄ တချို့ မူရင်းလတ်ရေးမူလေမာ ခန်းငယ် ၁၄ ဟှို၊ သူတော်ကောန်း ယောန်ဆောန်ဟှူ ကျမ်းပြုဆရာလေန ဖာရိရှဲလေ နန်းနို့လေဟှာ အမင်္ဂလာရှိလေဟှယ်! နန်းနို့လေဟှာ မောက်ဆိုးမလေရဲ့ အီရာပစ်စီးလေဟှို မတရားသီးယူဂေ့ဘီးဟှာ လူဗြင်ကောန်းအောန် ကြာဟှီး ဆုတောန်းဂေ့လေဟှယ်! အယ်မူမျိုးလောက်ဟှိကြောန့် နန်းနို့လေဟှာ ပိုဘီးဆိုးဟှူ ပြစ်ဒန်ဟှို ခံရဂေ့လေ့မယ်! ဆိုဘီး ထပ်ပေါန်းထဲ့ဟှားဟှယ် (ရှု မာ ၁၂.၄၀)။
15သူတော်ကောန်း ယောန်ဆောန်ဟှူ ကျမ်းပြုဆရာလေန ဖာရိရှဲလေ နန်းနို့လေဟှာ အမင်္ဂလာရှိလေဟှယ်! လူတယော့‑က်ဟှို ဘာသာသွမ်းဟှို့တွပ် ကူးကြောန်း၊ ရေကြောန်း လှည့်လည်တတ်လေဟှယ်! ဘာသာဝမ်ဘီးဟှူ သူလေဟှိုလည်း နန်းနို့လေထတ် နှေ့ဆဟှူ ငရဲသား ဖြစ်စေလေဟှယ်!
16“လမ်းပြဟှူလူကန်းလေ၊ နန်းနို့လေဟှာ အမင်္ဂလာရှိလေဟှယ်! ‘ယော့‑က်ယော့‑က်ဟှ ဗိမာန်တော်ဟှို တိုင်တယ်ဘီး ကီဟှယ် ဆိုဟှာ အယ်ကီဆိုမှုဟှာ တည်ဟှ။ ဗိမာန်တော်ရဲ့ ရွှေဟှို တိုင်တယ်ဘီးကီမှဘဲ့ တည်ဟှယ်’ ဆိုဘီး နန်းနို့ပြောတတ်လေဟှယ်။ 17လူမိုက်လူကန်းလေ! ဖယ်ရာဟှ ပိုဘီးရေးကီးဟှယ်နူး ရွှေဟှ ရေးကီးဟှယ်လော ရွှေဟှို သန့်ရှင်းစေဟှူ ဗိမာန်တော်ဟှ ရေးကီးဟှယ်လော။ 18အယ်ဘီးဟှာ ‘ယဇ်ပလ္လင်ဟှိုတိုင်တယ်ဘီး ကီဟှယ် ဆိုဟှာ အယ်ကီဆိုမှုဟှ တည်ဟှ။ ယဇ်ပလ္လင်ထတ်မာရှိဟှူ ပူဇော်သကာဟှို တိုင်တယ်ဘီး ကီမှဘဲ့ တည်ဟှယ်’ ဆိုဘီး နန်းနို့ပြောတတ်လေဟှယ်။ 19လူမိုက်လူကန်းလေ! ဖယ်ရာဟှ ပိုဘီးရေးကီးဟှယ်နူး အယ်ပူဇော်သကာဟှဘဲ့ ရေးကီးဟှယ်လော အယ်မျိုးမှုဘဲနေဟှာ အယ်ပူဇော်သကာဟှို သန့်ရှင်းစေဟှူ ယဇ်ပလ္လင်ဟှဘဲ့ ရေးကီးဟှယ်လော။ 20အယ်ကြောန့် ယဇ်ပလ္လင်ဟှို တိုင်တယ်ဘီး ကီဟှယ် ဆိုဟှာ ယဇ်ပလ္လင်န ယဇ်ပလ္လင်ထတ်မာ ရှိဟှူဇာလေ အားလောင်းဂူဟှို တိုင်တယ်ဘီး ကီဆိုဇာဖြစ်ဟှယ်။ 21ဗိမာန်တော်ဟှို တိုင်တယ်ဘီး ကီဟှယ် ဆိုဟှာ ဗိမာန်တော်န ဗိမာန်တော်မာ ကိန်းဝပ်ဟှူဘုရားသခင်ဟှို တိုင်တယ်ဘီး ကီဆိုဇာဖြစ်ဟှယ်။ 22#မ ၅.၃၄အယ်ဘီးဟှာ ကောန်းဂန်ဘောင်ဟှို တိုင်တယ်ဘီး ကီဟှယ် ဆိုဟှာ ဘုရားသခင်ရဲ့ ပလ္လင်တော်န အယ်ပလ္လင်ထတ်မာ ထိုင်တော်မူဟှူသခင်ဟှို တိုင်တယ်ဘီး ကီဇာဖြစ်ဟှယ်။”
23“သူတော်ကောန်းယောန်ဆောန်ဟှူ ကျမ်းပြုဆရာလေန ဖာရိရှဲလေ၊ နန်းနို့လေဟှာ အမင်္ဂလာရှိလေဟှယ်! နန်းနို့လေဟှာ ပန်ဇီး၊ စမွှတ်န ဇီယာလေဟှို ဆယ်ဖို့တဖို့ ပေးဂေ့ဟှယ်။ အယ်ဘေမဲ့ ပညတ်တရားထဲမာ ပိုးဘီးရေးကီးဟှူ တရားမျှတမှု၊ သနားကြင်နာမှုန သစ်စာရှိမှုဟှို လတ်လျူရှုဟှားဂေ့ဟှယ်။ အယ်မူဇာလေဟှို လောက်ရမယ်ဖြစ်ဘီး စဒူးဟှပြောဟှားဇာလေဟှိုလည်း ထားရစ်န။ 24လမ်းပြဟှူလူကန်းလေ! နန်းနို့လေဟှာ ခြင်ကောန်ဟှို စစ်ထုဘီး သော့‑က်ဂေ့ဟှယ်။ အယ်ဘေမဲ့ ကုလားအုတ်ဟှို ကောန်လိုက်မျိုဂေ့လေဟှယ်!”
25“သူတော်ကောန်းယောန်ဆောန်ဟှူ ကျမ်းပြုဆရာလေန ဖာရိရှဲလေ၊ နန်းနို့ဟှာ အမင်္ဂလာရှိလေဟှယ်! နန်းနို့လေဟှာ ခွပ်နစံရဲ့ပ္လန်ဟှိုဘဲ့ စင်ကြယ်စေဘီး နန်းနို့ရဲ့ စိထဲမာ လောဘလွန်ကျူးရှင်းန ကြမ်းဖတ်မှုလေ ပ္လဲ့နေလေဟှယ်။ 26မျစ်စိဗြင်ဘဲဟှူ ဖာရိရှဲလေ! ခွပ်ရဲ့ထဲဟှိုဘဲ့ ရင်စင်ကြယ်စေပါ! အယ်မျိုးဆိုဟှာ ပ္လန်ဟှလည်း စင်ကြယ်ဟှားလေ့မယ်။”
27 # တ ၂၃.၃ “သူတော်ကောန်းယောန်ဆောန်ဟှူ ကျမ်းပြုဆရာလေန ဖာရိရှဲလေ၊ နန်းနို့ဟှာ အမင်္ဂလာရှိလေဟှယ်! နန်းနို့လေဟှာ ထူးဖ္လူသုဟှားဟှူ သန်းခ္လိုင်းဂူနတူဂေ့ဟှယ်။ အယ်အုဂူလေဟှာ အပ္လန်မာ လှပတင့်တယ်ဘေမဲ့လည်း အထဲမာ ပေါက်ပွနေဟှူ လူသေလေရဲ့ အရိုးစုလေန ပ္လဲ့နေလေဟှယ်။ 28အယ်မူမျိုးဘဲ့ နန်းနို့လေဟှာ အပ္လန်အားဖြင့် လူလေရှေ့မာ ဖြောန့်မတ်ဟှယ် ဆိုဘီး ထန်ရဟှယ်။ အယ်ဘေမဲ့ နန်းနို့ထဲမာ ဟန်ဆောန်ဟှူဇာလေ ဆိုးညစ်ဟှူရာလေန ပ္လဲ့နေလေဟှယ်။”
ကျမ်းပြုဆရာလေန ဖာရိရှဲလေရဲ့ ပြစ်ဒန်ဟှို ကြိုတန်ဘီး ဖော်ပြဟှူကြောန်း
(လုကာ ၁၁.၄၇–၅၁)
29“သူတော်ကောန်းယောန်ဆောန်ဟှူ ကျမ်းပြုဆရာလေန ဖာရိရှဲလေ၊ နန်းနို့ဟှာ အမင်္ဂလာရှိလေဟှယ်! နန်းနို့လေဟှာ ပရောဖက်လေရဲ့ သန်းခ္လိုင်းအုဂူလေဟှို တည်ဆော့‑က်ဘီး ဖြောန့်မတ်ဟှူသူလေရဲ့ သန်းခ္လိုင်းအုဂူလေဟှို တန်ဆာဆင်ဘီး၊ 30‘နို့လေဟှာ နို့လေရဲ့ ဘိုးဘေးလေရဲ့ လတ်ထတ်မာ ရှိမယ် ဆိုဟှာ ပရောဖက်လေဟှို သတ်ဖြတ်ဟှို့တွပ် ပါဝမ်သူလေဖြစ်ဟှို့ မှုဟှ’ ဆိုဘီး ပြောဂေ့လေဟှယ်။ 31အယ်ကြောန့် နန်းနို့လေဟှာ ပရောဖက်လေဟှို သတ်ဟှူ မ္လေးမ္လစ်လေ ဖြစ်ကြောန်းဟှို နန်းနို့ကိုယ်တိုင် သတ်သေခံဂေ့ဟှယ်! 32အယ်ဘီးဟှာ နန်းနို့ရဲ့ ဘိုးဘေးလေ စပြုခဲ့ဇာဟှို ပီးဆောင်းအောန် ဆစ်ဘီး လောက်ဆောန်ဂေ့ပါ! 33#မ ၃.၇; ၁၂.၃၄; လု ၃.၇မွီဗွေးအမျိုးလေ! နန်းနို့လေဟှာ ငရဲမာ ပြစ်စီရင်ခံရရှင်းဟှနေဘီး ဖယ်မူမျိုး လွတ်လေ့မယ်နူး။ 34အယ်ကြောန့် နန်းနို့ဟှို ငါပြောမယ်။ နန်းနို့နားဟှို ပရောဖက်လေ၊ ပညာရှိလေ၊ ကျမ်းပြုဆရာလေဟှို ငါစေလွှတ်မယ်။ တချို့လေဟှို သတ်လေ့မယ်။ တချို့လေဟှို လတ်ဝါးကပ်တိုင်မာ တန်သတ်ဂေ့လေ့မယ်။ တချို့လေဟှိုလည်း ဝါလယ်ဇရပ်လေမာ ရိုက်ဘီး တချို့လေဟှို တဗြို့ဘီးတဗြို့ လိုက်ဖမ်းဂေ့လေ့မယ်။ 35အယ်ကြောန့် ဖြောန့်မတ်ဟှူ အာဗေလဟှနေစဘီး ဗိမာန်တော်န ယဇ်ပလ္လင်ကြားမာ နန်းနို့သတ်ခဲ့ဟှူ ဗာရခိသား ဇာခရိထိအောန် မ္လေဂီးထတ်မာ သွန်းလောန်းဟှူ သူတော်ကောန်းလေရဲ့ သွီးဟှာ နန်းနို့လေထတ်ဟှို သတ်ရော့‑က်လေ့မယ်။ 36ငါ မှန်တိုင်းပြောမယ်၊ အယ်မူ သတ်ဖြတ်မှုလေတွပ် ပြစ်ဒန်ဟှာ အယ်နေ့ခေတ် လူလေထတ်ဟှို က္လရော့‑က်လေ့မယ်!”
ယေရုရှလင်ဗြို့တွပ် ယေရှုရဲ့ မြစ်တာတော်ကြောန်း
(လုကာ ၁၃.၃၄,၃၅)
37“အို၊ ယေရုရှလင်ဗြို့၊ ယေရုရှလင်ဗြို့! နန်ဟှာ ပရောဖက်လေဟှို သတ်ဘီး ဘုရားသခင်စေလွှတ်ဟှူ တမန်လေဟှိုလည်း က္လော့‑က်ခဲန ပစ်လေဟှယ်! ကြစ်မဂီးဟှာ ကြစ်သားဂန်းဟှားလေဟှို သူ့ရဲ့ တွန်အော့‑က်မာ စုဘီးထားဟှူမျိုး ငါဟှာ နန့်ဟှို စုဘီးထားဟှို့တွပ် ခဏခဏ လိုရှင်ခဲ့ဟှယ်! 38အယ်ကြောန့် နန့်ရဲ့ ဗိမာန်တော်ဟှို ဘုရားသခင်ဟှာ စွန့်ပစ်လေ့မယ်။ 39နန့်ဟှို ငါပြောမယ်။ ‘ဘုရားသခင်ရဲ့ နာမတော်န ကြွလာဟှူသခင်ဟှာ မင်္ဂလာရှိပါစေ’ ဆိုဘီး နန်ပြောခန်ထိ ခုခီဟှနေစဘီး နန်ဟှာ ငါ့ဟှို လောင်းဝဗြင်ရလေ့မယ် မှုဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။

Currently Selected:

မဿဲ 23: NTDWB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in