YouVersion Logo
Search Icon

လုကာ 8

8
ယေရှုနော့‑က်ဟှိုလိုက်ဟှူ မီးမလေကြောန်း
1ခီနဲနဲ ကြာဘီးန ယေရှုဟှာ ဗြို့ဝါလေဟှို ဖြတ်ကြွဟှားဘီး ဘုရားသခင်ရဲ့ နိုင်ငံတော်ကြောန်း ဒန်းကောန်းဟှို ဟောတော်မူဟှယ်။ တဗဲ့တော် ဆယ့်နှေ့ယော့‑က်ဟှာ ကိုယ်တော်နတူးဒူ လိုက်ဟှားဘီး၊ 2#မ ၂၇.၅၅,၅၆; မာ ၁၅.၄၀,၄၁; လု ၂၃.၄၉နာရောဂါဘေး၊ နတ်ဆိုးဘေးလေဟှ လွှတ်ဟှားဟှူ မီးမတချို့န နတ်ဆိုးခွန်နစ်ကောန်ရဲ့ နှိစစ်ရှင်းဟှနေ လွှတ်ဟှားဟှူ မာရိန (မာဂဒလဝါသူ ဆိုဘီး လည်းခေါ်ဟှယ်)၊ 3ဟေရုဒ်မန်းဂီးရဲ့ မျစ်နှာလွှဲဖြစ်ဟှူ ခုဇရဲ့ မယား ယောဟန္န၊ ရှုရှန္န၊ ယေရှုန တဗဲ့တော်လေဟှို လောက်ကျွေးနေဟှူ မီးမတချို့လည်း လိုက်ဟှားဟှယ်။
မျိုးစေ့ကြဲမားရဲ့ ပေါင်ဥပမာ
(မဿဲ ၁၃.၁–၉; မာကု ၄.၁–၉)
4ဗြို့ဗြို့နယ်နယ်ဟှ လာဂေ့ဟှူ လူလေဟှာ ယေရှုနားမာ စုရောင်းဘီးနေဟှူ ခီမာ ကိုယ်တော်ဟှာ အယ်ပေါင်ဥပမာအားဖြင့်
5“မျိုးစေ့ကြဲဟှို့ ထွပ်ဟှားဟှူ မျိုးစေ့ကြဲမား တယော့‑က်ရှိဟှယ်။ သူဟှာ မျိုးစေ့ဟှို ကြဲလိုက်ဟှူ ခီမာ တချို့စေ့လေဟှာ လမ်းမာက္လဟှူကြောန့် အယ်မျိုးစေ့ဟှာ နန်းချေရှင်းခံရဘီးန ကောန်းဂန်ငှတ်လေဟှ ကော့‑က်စားဟှားဟှယ်။ 6တချို့စေ့လေဟှာ က္လော့‑က်ပေါဟှူ မ္လေမာက္လဘီးန ပန်ပေါ့‑က်လာဟှူ ခီမာ စိုဓါတ်မှေ့ဘဲဟှူ မ္လေဖြစ်ဟှူကြောန့် ခြော့‑က်ဟှားလေဟှယ်။ 7တချို့စေ့လေဟှာ ဆူးချောင်ကြားမာ က္လဟှူကြောန့် ဆူးဗန်လေနတူးဒူး ကီးလာဘီးဟှာ ပန်လေဟှို အောက်မိုးလိုက်ဟှယ်။ 8တချို့စေ့လေဟှာ ကောန်းဟှူမ္လေမာ က္လဟှူကြောန့် ပန်လေဟှာ ကီးလာဘီး ဆတရာ သီးသီးဟှားဂေ့ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
အယ်ဘီးန ယေရှုဟှာ နိဂေါင်းချောက်ဘီး “နန်းနို့မာ နားရှိဟှယ် ဆိုဟှာ ကြားဂေ့!” ဆိုဘီး မိန့်တော်မူလေဟှယ်။
ပေါင်ဥပမာလေရဲ့ ရည်ရွယ်ချစ်
(မဿဲ ၁၃.၁၀–၁၇; မာကု ၄.၁၀–၁၂)
9တဗဲ့တော်လေဟှာ အယ်ပေါင်ဥပမာရဲ့ ဓိပါယ်ဟှို ယေရှုဟှို မေးလျှော့‑က်ဂေ့ဟှူကြောန့် 10ကိုယ်တော်ဟှ ပေါင်ဥပမာန “ဘုရားသခင်နိုင်ငံတော်ရဲ့ နတ်နဲဟှူ ကြောန်းရာလေဟှို နန်းနို့ဟှာ သိရပီးဘီ။ တခြားလူလေဟှာ ကေ့နေဘေမဲ့ ဗြင်ဂေ့ မှုဟှ။ ကြားနေဘေမဲ့ နားလည်ဂေ့ မှုဟှ။ အယ်ကြောန့် ပြောရရှင်းဖြစ်ဟှယ်။”
မျိုးစေ့ကြဲမားရဲ့ ပေါင်ဥပမာဟှို ရှင်းပြဟှူကြောန်း
(မဿဲ ၁၃.၁၈–၂၃; မာကု ၄.၁၃–၂၀)
11“အယ်ပေါင်ဥပမာရဲ့ ဓိပါယ်ဟှ မျိုးစေ့ဟှာ ဘုရားသခင်ရဲ့ တရားစကား ဖြစ်ဟှယ်။ 12လမ်းမာက္လဟှူ မျိုးစေ့ဟှာ တရားစကားဟှို ကြားရဟှူ လူလေဖြစ်ဟှယ်။ အယ်ဘေမဲ့ သူးနို့ဟှာ ယောင်ကြည်ဘီး ကယ်တန်ရှင်းဟှို ရော့‑က်စေဘဲ့ဟှို့တွပ် မာရ်နတ်ဟှာလာဘီး တရားစကားဟှို သူးနို့ရဲ့ နှလောင်းထဲဟှနေ နှုယူဟှားဟှယ်။ 13က္လော့‑က်ပေါဟှူ မ္လေမာ က္လဟှူမျိုးစေ့ဟှာ တရားစကားဟှို ကြားရဟှူ ခီမာ ဝန်းသားအားရန လတ်ခံဂေ့ဟှူ လူလေဖြစ်ဟှယ်။ အယ်ဘေမဲ့ သူးနို့ထဲမာ တရားစကားဟှာ ပြစ်စွဲဘဲကြောန့် ရှစ်ဟှားဘဲ့ ယောင်ကြည်ဘီး စောင်ဇမ်းရှင်းလေန တွိကြောင်ဟှူ ခီမာ ဖော့‑က်ပ္လန်ဟှားဟှယ်။ 14ဆူးချောင်မာက္လဟှူ မျိုးစေ့ဟှာ တရားစကားဟှို ကြားရဘီးန ဘဝရဲ့ စိုးရိမ်မှုလေ၊ စည်းဇိမ်ကြွယ်ဝရှင်းလေ၊ လောက သာယာမှုလေရဲ့ လွှမ်းမိုးရှင်းဟှို ခံရဟှူကြောန့် သီးသီးနိုင်ဂေ့ဘဲဟှူသူလေ ဖြစ်ဟှယ်။ 15ကောန်းဟှူမ္လေမာ က္လဟှူမျိုးစေ့ဟှာ တရားစကားဟှို ကြားရဘီးန ဖြောန့်မတ်စင်ကြယ်ဟှူ စိနှလောင်းန ခံယူကြောန့် ခိုင်မြဲဟှူ သီးဟှို သီးဂေ့ဟှူ လူလေဖြစ်ဟှယ်။
တောန်းအော့‑က်မာထားဟှားဟှူ ဆီမီးအီကြောန်း
(မာကု ၄.၂၁–၂၅)
16 # မ ၅.၁၅; လု ၁၁.၃၃ “ဖယ်သူလည်း ဆီမီးအီဟှို ထွန်းဘီးဟှာ တောန်းအော့‑က်မာ ထားဂေ့ဟှ။ ကဒန်အော့‑က်မာလည်း ထားဟှားဂေ့ဟှ။ အယ်မျိုးထားမယ့်စား ဆီမီးအီဟှို ဆီမီးခေါင်ထတ်မာဘဲ့ တန်ဟှားဟှယ်။ အယ်မျိုးထားမှဘဲ့ လူလေဟှာ အီထဲဟှို ဝမ်လာခီမာ လန်းရောန်ဟှို ဗြင်ရမယ်။
17 # မ ၁၀.၂၆; လု ၁၂.၂ “ဝှပ်ဟှားဇာလေ အားလောင်းဂူ ပေါ်လာလေ့မယ်။ ဖောင်းဟှားဇာလေ အားလောင်းဂူဟှာလည်း ပွမ့်ဟှားလေ့ဘီးန လန်းရောန်နားဟှို ယူလာလေ့မယ်။
18 # မ ၂၅.၂၉; လု ၁၉.၂၆ “အယ်ကြောန့် နန်နို့ဟှာ ဖယ်မျိုးနားထောန်ရမယ် ဆိုဇာဟှို ဒိပြုဂေ့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ရှိဟှူဟှို ထပ်ပေးလေ့မယ်။ အယ်ဘေမဲ့ လောင်းဝမှေ့ဘဲဟှူ လူလေထံဟှ သူးနို့မာ နဲနဲရှိဟှယ် ဆိုဘီး ထန်နေဇာလေဟှို သီးယူလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
ယေရှုရဲ့ မိန ညီလေကြောန်း
(မဿဲ ၁၂.၄၆–၅၀; မာကု ၃.၃၁–၃၅)
19ယေရှုရဲ့ မိန ညီလေဟှာ ကိုယ်တော်နားဟှို လာဘေမဲ့ လူအောက်ဂီးကြောန့် ကိုယ်တော်နားဟှို ရော့‑က်နိုင်ဘဲ့ ဖြစ်နေဟှယ်။ 20တယော့‑က်ဟှ ယေရှုဟှို “ကိုယ်တော်ရဲ့ မိန ညီလေဟှာ ကိုယ်တော့်ဟှို တွိရှင်ကြောန့် ပ္လန်မာ ရပ်စောန့်နေဟှယ်” ဆိုဘီး လာလျှော့‑က်လေဟှယ်။
21ယေရှုဟှာ “ဘုရားသခင်ရဲ့ စကားတော်ဟှို ကြားဘီးဟှာ နားထောန်ဟှူ လူလေဟှာ ငါ့မိ၊ ငါ့ညီလေဖြစ်ဟှယ်” ဆိုဘီး သူးနို့လေ အားလောင်းဂူဟှို မိန့်တော်မူလေဟှယ်။
လေမူဒိုင်းဟှို ငြီးစေဟှူကြောန်း
(မဿဲ ၈.၂၃–၂၇; မာကု ၄.၃၅–၄၁)
22တနေ့မာ ယေရှုဟှာ တဗဲ့တော်လေနတူးဒူ လှေထဲဟှို ဝမ်ဟှားဘီးန သူးနို့ဟှို “အိုင်တဖတ်ဟှို ကူးဂေ့ဇို့” ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်ကြောန့် သူးနို့ဟှာ စဘီးကူးဂေ့ဟှယ်။ 23သူးနို့ဟှာ ဝပ်လွှမ့်နေခီမာ ယေရှုဟှာ အိမွိနေတော်မူဟှယ်။ ရောက်တရစ် အိုင်ထဲမာ လေမူဒိုင်းက္လဘီး လှေဟှာ ရေနပ္လဲ့ခါနီးနီး ဖြစ်ဟှားဟှူကြောန့် သူးနို့လေ အားလောင်းဂူဟှာ ရရာတိုင်း ကြော့‑က်လန့်နေဂေ့ဟှယ်။ 24တဗဲ့တော်လေဟှာ ယေရှုနားဟှို သွားဘီးန ကိုယ်တော့်ဟှို နှိုးဘီး “သခင်၊ သခင်! ကျွန်တော့်ဟှားလေ သေဟှို့ဖြစ်နေဂေ့ဘီ!” ဆိုဘီး လျှော့‑က်ဂေ့လေဟှယ်။
ယေရှုဟှာ အိရာဟှ ထလာဘီးန လေနလှိုင်းဟှို မိန့်ပေးလိုက်ဟှူန လေနလှိုင်းလည်း လောက်ဝ ငြီသတ်ဟှားလေဟှယ်။ 25အယ်ဘီးမှ ကိုယ်တော်ဟှာ တဗဲ့တော်လေဟှို “နန်းနို့ရဲ့ ယောင်ကြည်ရှင်း ဖယ်မာနူး” ဆိုဘီး မိန့်တော်မူလေဟှယ်။
သူးနို့ဟှာ ကြော့‑က်ရွံ့အံ့ဩဘီး “အယ်လူဟှ ဖယ်သူနူး။ သူဟှာ လေနလှိုင်းလေဟှို မိန့်ပေးလိုက်န သူးနို့လေဟှာ နားထောန်ဂေ့ဟှယ်!” ဆိုဘီး သူးနို့ရှင်းရှင်း ပြောနေဂေ့ဟှယ်။
နတ်ဆိုးဟှို နှန်ထုဟှူကြောန်း
(မဿဲ ၈.၂၈–၃၄; မာကု ၅.၁–၂၀)
26ယေရှုန တဗဲ့တော်လေဟှာ ဂါရစပြည်#၈.၂၆ ဂါရစပြည်၊ တချို့ မူရင်းလတ်ရေးမူလေမာ ဂါဒရပြည်၊ ဆိုဘီး ရှိဟှယ် (ရှု မ ၈.၂၈)၊ တခြားကျမ်းလေမာ ဂါရဂီသ၊ ဆိုဘီး ရှိဟှယ်။ဟှို ဝပ်လွှမ့်ဟှားဘီး ဂီရသဒေသဟှာ ဂါလိလဲပြည် အိုင်တဖတ်မာရှိဟှယ်။ 27ယေရှုဟှာ ကမ်းထတ်ဟှို ခေခ္လလိုက်ဟှူန နတ်ဆိုးလေပူးနေဟှူ ဂါရစဗြို့သား တယော့‑က်ဟှာ ကိုယ်တော့်ဟှို လာတွိလေဟှယ်။ အယ်လူဟှာ ခီကြာဂီး ဝတ်လည်းဝတ်ဘဲန၊ အီမာလည်းနေဘဲန သန်းခ္လိုင်းထဲမာဘဲ့ နေလေဟှယ်။ 28သူဟှာ ယေရှုဟှို ဗြင်ခီမာ ကိုယ်တော်ရဲ့ ခေတော်ရင်းမာ ပ္လားပ္လားဝပ်ဘီး “ဗြင့်ဆောင်းဟှူ ဘုရားသခင်ရဲ့ သားတော် ယေရှု! ကိုယ်တော်ဟှာ ကျွန်တော်န ဖြားဆိုင်ဟှိနူး။ ကျွန်တော် တောန်းဗန်ပါဟှယ်။ ကျွန်တော့်ဟှို နှိစစ်ပါန!” ဆိုဘီး သံက္လယ်ဂီးန လျှော့‑က်လေဟှယ်။ 29အယ်မျိုး တောန်းဗန်နေဇာဟှ ယေရှုဟှာ ညစ်ညူးဟှူ နတ်လေဟှို အယ်လူထဲဟှ ထွပ်ဟှားဟှို့ မိန့်ပေးတော်မူလိုက်ကြောန့် ဖြစ်ဟှယ်။ အယ်လူဟှာ နတ်ဆိုးရဲ့ ခဏခဏ နှိစစ်ဇာဟှို ခံရဘီး သူ့ရဲ့ ခေလတ်လေဟှို သံကြိုးလေန ခယ်ဟှားဘီး လှောန်ဟှားဘေမဲ့လည်း သူဟှာ သံကြိုးလေဟှို ဆွဲဖြတ်ဘီးဟှာ တောကန္တာရထဲဟှို ထွပ်ပ္လေးဟှယ်။
30ယေရှုဟှာ “နန့်နာမယ် ဖြားမျိုးခေါ်နူး” ဆိုဘီး သူဟှို မေးတော်မူဟှယ်။
သူ့ထဲမာ နတ်ဆိုးလေ ဘောင်ဂီးရှိနေဟှူကြောန့် သူဟှ “ကျွန်တော့်နာမယ်ဟှာ ‘လေဂေါင် ဖြစ်ဟှယ်’ ” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။ 31နတ်ဆိုးလေဟှာ သူးနို့ဟှို နတ်ဆောင်းတွမ်း#၈.၃၁ နတ်ဆောင်းတွမ်း၊ နော့‑က်ဆောင်းဟှူ တရားစီရင်ဟှို့ခီထိ နတ်ဆိုးလေဟှို တောက်နှောင်ထားဟှို့တွပ် မ္လေဂီးရဲ့ အော့‑က်မာရှိဟှူ တွမ်းဖြစ်ဟှယ်။ထဲဟှို နှန်ခ္လဘဲဟှို့တွပ် ယေရှုဟှို တောန်းဗန်ဂေ့ဟှယ်။
32နီးနားဟှ တောန်ဂူးထတ်မာ ဝပ်အောက်ဂီးဟှာ စာစားနေဂေ့ဟှယ်။ နတ်ဆိုးလေဟှာ သူးနို့ဟှို အယ်ဝပ်လေထဲဟှို ဝမ်ခွမ့်ပေးတော်မူဟှို့ တောန်းဗန်ဂေ့ဟှူကြောန့် ယေရှုဟှာ ခွမ့်ပေးလေဟှယ်။ 33နတ်ဆိုးလေဟှာ အယ်လူထဲဟှ ထွပ်ဟှားဘီးန ဝပ်လေထဲဟှို ဝမ်ဟှားဟှယ်။ ဝပ်အောက်ဂီးဟှာ အိုင်ကမ်းနားဟှို ပ္လေးဆင်းဟှားဘီး ရေမ္လောက်သေဟှားလေဟှယ်။
34ဝပ်ထီးမားလေဟှာ အယ်မျိုး ဖြစ်ဟှားဇာလေဟှို ဗြင်ဟှားကြောန့် သူးနို့ဟှာ ထွပ်ပ္လေးဂေ့ဘီးန ဗြို့န တောဝါလေမာ အယ်ဒန်းဟှို လိုက်ပြောဂေ့ဟှယ်။ 35လူလေဟှာ အယ်မျိုးဖြစ်ဟှားဇာလေဟှို ကေ့စားဟှို့ ထွပ်လာဂေ့ဟှူ ခီမာ နတ်ဆိုးလေ ထွပ်ဟှားဘီးဟှူလူဟှာ ဝတ်ဟှို ဝတ်ဟှားဘီး ပေါင်မှန်စိန ယေရှုရဲ့ ခေတော်ရင်းမာ ထိုင်နေဇာဟှို တွိလိုက်ကြောန့် သူးနို့လေ အားလောင်းဂူဟှာ ကြော့‑က်လန့်ဟှားဂေ့ဟှယ်။ 36အယ်လူဟှာ ဖယ်မျိုးလောက်ဘီး နတ်ဆိုးလေရဲ့ နှိစစ်ရှင်းဟှနေ လွှတ်မြော့‑က်ဟှားဟှယ် ဆိုဇာဟှို ကိုယ်တိုင်ဗြင်ဘီးဟှူ လူလေဟှ ခုမှရော့‑က်လာဟှူ လူလေဟှို ပြောပြလေဟှယ်။ 37အယ်ဘီးန ဂါရစဒေသဟှ လူလေ အားလောင်းဂူဟှာ ရရာတိုင်း ကြော့‑က်လန့်နေဟှူကြောန့် အယ်ဒေသဟှ ထွပ်ဟှားတော်မူဟှို့ ယေရှုဟှို တောန်းလျှော့‑က်ဂေ့ဟှယ်။ အယ်ကြောန့် ယေရှုဟှာ လှေထဲဟှို ဝမ်ဟှားတော်မူဘီးန ပ္လန်ဟှားလိုက်ဟှယ်။ 38နတ်ဆိုးလေ ထွပ်ဟှားဟှူလူဟှာ ယေရှုဟှို “ကိုယ်တော်နတူးဒူ လိုက်ခွမ့်ပေးတော်မူပါ” ဆိုဘီး တောန်းဗန်လေဟှယ်။
အယ်ဘေမဲ့ ယေရှုဟှာ သူ့ဟှို 39“အီဟှို ပ္လန်ဟှားဘီး ဘုရားသခင်ဟှာ နန့်ဟှို ဖယ်မျိုး ကျေးဇူးပြုတော်မူဟှယ် ဆိုဇာဟှို သွားဘီး ကြေညာပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
အယ်လူဟှာ တဗြို့လောက်ဟှို သွားဘီး ယေရှုဟှာ သူ့ဟှို ဖယ်မျိုး ကျေးဇူးပြုတော်မူလိုက်ဟှယ် ဆိုဇာဟှို ပြောလေဟှယ်။
ယာဣရုရဲ့ သမီးန ယေရှုရဲ့ ဝတ်လောင်ဟှို တို့ထိဟှူမီးမ
(မဿဲ ၉.၁၈–၂၆; မာကု ၅.၂၁–၄၃)
40ယေရှုဟှာ အိုင်တဖတ်ကမ်းဟှို ပ္လန်ဟှားခီမာ လူလေဟှာ ကိုယ်တော့်ဟှို ကြိုဆိုဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှာ ကိုယ်တော့်ဟှို စောန့်နေဂေ့ကြောန့်ဖြစ်ဟှယ်။ 41အယ်ခီမာ ယာဣရု နာမယ်ရှိဟှူ လူတယော့‑က် ရော့‑က်လာဟှယ်။ သူဟှာ ဝါလယ်ဇရပ်မှူး ဖြစ်ဟှယ်။ သူဟှာ ယေရှုရဲ့ ခေတော်ရင်းမာ ပ္လားပ္လားဝပ်ဘီး သူ့အီဟှို ကြွပေးတော်မူဟှို့တွပ် ကိုယ်တော့်ဟှို တောန်းဗန်နေဟှယ်။ 42ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူ့ရဲ့ တယော့‑က်ဒဲရှိဟှူ ဆယ့်နှေ့နှစ်ရွယ် သမီးဟှာ သေခါနီးဖြစ်နေကြောန့် ဖြစ်ဟှယ်။
ယေရှုဟှာ သူနတူးဒူ လိုက်ဟှားဟှူ ခီမာ လူလေဟှာ ကိုယ်တော့်ဟှို့ တိုးဝှေ့နေဂေ့ဟှယ်။ 43သူးနို့လေထဲမာလည်း ဆယ့်နှေ့နှစ် လောင်းလောင်း သွီးသွန်နာဖြစ်နေဟှူကြောန့် သူ့ကပ်လေ အားလောင်းဂူ ကူဒဲ့ထိ ဆရာဝန်လေန ကုဟှယ်။#၈.၄၃ တချို့ မူရင်းလတ်ရေးမူလေမာ သူ့ကပ်လေ အားလောင်းဂူ ကူဒဲ့ထိ ဆရာဝန်လေန ကုဟှယ်၊ ဆိုဘီး မှေ့ဟှ။ အယ်ဘေမဲ့လည်း သူ့ရောဂါဟှို ပျော့‑က်အောန် ကုနိုင်ဂေ့ဘဲဟှူ မီးမတယော့‑က်ရှိလေဟှယ်။ 44အယ်မီးမဟှာ ယေရှုနော့‑က်ဟှ ကပ်လိုက်ဟှားဘီးန ကိုယ်တော်ရဲ့ ဝတ်လောင်တော်ဟှ ပန်းဗွားဟှို တို့ထိလိုက်ဟှူန အယ်မီးမရဲ့ သွီးသွန်ဇာဟှ ရှင်းရှင်း တိဟှားဟှယ်။ 45ယေရှုဟှ “ငါ့ဟှို ဖယ်သူ တို့ထိလိုက်နူး” ဆိုဘီး မေးလိုက်ဟှယ်။
လူတိုင်းဟှ ဂြင်းဂေ့ဘီး ပေတရုဟှ “သခင်၊ လူလေဟှာ ကျွန်တော့်ဟှားလေရဲ့ ပတ်လည်မာရှိနေဘီး ကိုယ်တော့်ဟှို တိုးဝှေ့နေဂေ့ဟှယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
46အယ်ဘေမဲ့ ယေရှုဟှ “ငါ့ဟှို ယော့‑က်ယော့‑က်ဟှ တို့ထိလိုက်ဟှယ်။ ငါ့ထဲဟှ တဂိုးထွပ်ဟှားဇာဟှို ငါသိဟှယ်” ဆိုဘီး ပ္လန်မိန့်တော်မူလေဟှယ်။ 47အယ်မီးမဟှာ သူတို့ထိလိုက်ဇာဟှို သိဟှားဘီ ဆိုဘီ ကြော့‑က်ရွံ့တောင်လှောက်နေကြောန့် ရှေ့ဟှို ထွပ်လာဘီး ယေရှုရဲ့ ခေတော်ရင်းမာ ပျပ်ဝပ်လိုက်ဟှယ်။ လူလေ အားလောင်းရဲ့ရှေ့မာ ကိုယ်တော့်ဟှို ဖြားကြောန့် တို့ထိရကြောန်းန ဖယ်မျိုး ရှင်းရှင်း နာပျော့‑က်ဟှားကြောန်းဟှို ပြောပြလိုက်ဟှယ်။ 48ယေရှုဟှာ အယ်မီးမဟှို “ငါ့သမီး၊ နန့်ရဲ့ ယောင်ကြည်ရှင်းဟှာ နန့်ဟှို ကျန်းမာစေဘီ။ ငြီသတ်ရှင်းန သွားပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
49ယေရှုဟှာ အယ်မျိုး ပြောနေခီမာဘဲ့ ဝါလယ်ဇရပ်မှူးရဲ့ အီဟှနေ လူတယော့‑က် ရော့‑က်လာဟှယ်။ ယာဣရုဟှို “ကိုယ်တော်ရဲ့ သမီးဟှာ သေဟှားဘီ။ ဆရာဟှို နှောက်ယှစ်ပေးန” ဆိုဘီး သူဟှ ပြောလေဟှယ်။
50အယ်ဘေမဲ့ ယေရှုဟှာ အယ်မျိုးပြောနေဇာဟှို ကြားဘီးန ယာဣရုဟှို “စိုးရိမ်န။ ယောင်ကြည်ရှင်းဘဲ့ရှိပါ။ ဝယ်ဟှားဂန်းဟှာ ကျန်းမာဟှားလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
51ယာဣရုရဲ့ အီဟှို ရော့‑က်ဟှားဟှူ ခီမာ ကိုယ်တော်ဟှာ ပေတရု၊ ယောဟန်၊ ယာကုပ်န ဝယ်ဟှားဂန်းရဲ့ မိဖလေမှလွဲဘီး တခြားဖယ်သူ့ဟှိုမှ ကိုယ်တော်နတူးဒူ အီထဲဟှို ဝမ်ခွမ့်ပေးဟှ။ 52လူတိုင်းဟှာ ဝယ်ဟှားဂန်းတွပ် ငိုကြွေးဘီးဝန်းနဲ နေဂေ့ဟှယ်။ ယေရှုဟှ “ငိုန၊ ဝယ်ဟှားဂန်းဟှာ သေနေဇာ မှုဟှ။ အိမွိနေဟှယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။
53သူးနို့ အားလောင်းဟှာ ကိုယ်တော့်ဟှို ရယ်ဇားဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဝယ်ဟှားဂန်းဟှာ သေနေဘီ ဆိုဇာဟှို သူးနို့ သိနေကြောန့်ဖြစ်ဟှယ်။ 54အယ်ဘေမဲ့ ယေရှုဟှာ ဝယ်ဟှားဂန်းရဲ့ လတ်ဟှို ကိုင်လိုက်ဘီး “ဝယ်ဟှားဂန်း၊ ထဝေါ့!” ဆိုဘီး မိန့်တော်မူလေဟှယ်။ 55ဝယ်ဟှားဂန်းဟှာ သတ်ဝိညာဉ် ပ္လန်ဝမ်လာဘီး ရှစ်ရှင်းထလေဟှယ်။ ယေရှုဟှာ ဝယ်ဟှားဂန်းဟှို စားဇာကျွေးဟှို့ သူးနို့ဟှို မိန့်တော်မူလိုက်ဟှယ်။ 56ဝယ်ဟှားဂန်းရဲ့ မိဖလေဟှာ ရရာတိုင်း အံ့ဩဟှားဟှယ်။ အယ်ဘေမဲ့ ယေရှုဟှ အယ်မျိုးဖြစ်ဇာလေဟှို ဖယ်သူ့ဟှိုလည်း ပြောဘဲဟှို့တွပ် သူးနို့ဟှို ပညတ်တော်မူလေဟှယ်။

Currently Selected:

လုကာ 8: NTDWB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in