YouVersion Logo
Search Icon

လုကာ 2

2
ယေရှုမွီးဖွားဟှူကြောန်း
(မဿဲ ၁.၁၈–၂၅)
1အယ်ခီမာ ကဲသာမန်းဂီး ဩဂုတ္တုဟှာ ရောမအင်ပါယာ တခုလောင်းဟှို သန်းဂေါန်စာရင်း ကော့‑က်စေဟှို့ မိန့်ပေးလိုက်ဟှယ်။ 2ကုရေနိဟှာ ရှုရိပြည်မာ ဗြို့ဝန်ဖြစ်ခီမာ အယ်သန်းဂေါန်စာရင်း ကော့‑က်ဇာဟှာ ဦးဆောင်း ဖြစ်ဟှယ်။ 3အယ်ဘီးန လူတိုင်းဟှာ ကိုယ်တိုင် သန်းဂေါန်စာရင်းဝမ်ဟှို့ သူးနို့ရဲ့ ဇာတိဗြို့ဟှို သွားဂေ့ဟှယ်။
4ယောသပ်ဟှာ ဂါလိလဲပြည် နာဇရက်ဗြို့ဟှနေ ဒါဝိဒ်မန်းရဲ့ ရှစ်မ္လောက်နေရာဖြစ်ဟှူ ယုဒပြည် ဗက်လင်ဗြို့ဟှို သွားဟှယ်။ ယောသပ်ဟှာ ဒါဝိဒ်ရဲ့ မ္လေးမ္လစ်ဖြစ်ကြောန့် အယ်နေရာဟှို သွားရဟှယ်။ 5သူဟှာ လတ်ထပ်ဟှို့ စေ့စပ်ဟှားဟှူ မာရိနတူးဒူ သန်းဂေါန်စာရင်းဝမ်ဟှို့ သွားဟှူ ခီမာ မာရိဟှာ ဝန်ရှင်မ ဖြစ်နေဘီး၊ 6သူးနို့ဟှာ ဗက်လင်ဗြို့မာ ရှိနေဒူးမာ သားမွီးခီ ရော့‑က်လာဟှယ်။ 7သူဟှာ သားဦးဟှို မွီးဘီး ဝတ်န ပတ်ဘီးဟှာ တည်းခိုဟှူနေရာမာ သူးနို့တွပ် ခန်းမှေ့ဘဲကြောန့် သားဂန်းဟှားဟှို နွားစားခွပ်ထဲမာ အိခိုင်းဟှားဟှယ်။
သိုးထီးမားလေန ကောန်းဂန်တမန်လေကြောန်း
8အယ်အရပ်ဟှ သိုးထီးမားတချို့ဟှာ တညဉ့်လောင်း ကွမ်းပ္လန်မာနေဘီး၊ သူးနို့ရဲ့ သိုးလေဟှို ကေ့ရှုဟှယ်။ 9သခင်ဘုရားရဲ့ ကောန်းဂန်တမန်ဟှာ သူးနို့နားမာ ပေါ်လာဘီး ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှာ သူးနို့ထတ်မာ လန်းထီလာဟှယ်။ သူးနို့ဟှာ ရရာတိုင်း ကြော့‑က်လန့်ဟှားဟှယ်။ 10အယ်ဘေမဲ့ ကောန်းဂန်တမန်ဟှာ သူးနို့ဟှို ပြောလိုက်ဇာဟှ၊ “ကြော့‑က်ဂေ့န! ငါဟှာ လူမျိုးအားလောင်းတွပ် ရရာတိုင်း ဝန်းသာဇာ ဒန်းကောန်းဟှို သယ်ဆောန်လာဟှယ်။ 11အယ်နေ့မာ ဒါဝိဒ်ဗြို့နှိုက် သခင်ခရစ်တော် ဆိုဘီး နန်းနို့ရဲ့ ကယ်တန်ရှင်ဟှို မွီးလေဘီ! 12နန်းနို့ဟှာ ဖယ်မျိုးသတ်သေန သိရဟှို့ ဆိုဟှာ သားဂန်းဟှားဟှို ဝတ်စန ပတ်ဘီး နွားစားခွပ်ထဲမာ အိခိုင်းဟှားဇာဟှို တွိလေ့မယ်။”
13ရောက်တရစ် ကောန်းဂန်ဘောင်ရဲ့ ကောန်းဂန်တမန်နတူးဒူ ကောန်းဂန်ဗိုလ်ခေ ဘောင်ဂီးဟှာ ရှစ်ရှင်းထန်ရှားဘီး ဘုရားသခင်ဟှို
14“ဗြင့်ဆောင်းကောန်းဂန်မာ ဘုရားသခင်ဟှာ ဖောင်းသရေတော်ရှိဘီး၊
မ္လေဂီးမာ ကိုယ်တော်မြတ်နိုးဟှူ လူလေဟှာ ငြီသတ်မှုရှိပါစေ!” ဆိုဘီး ချီးမွမ်းချင်းဟှို ဆိုဂေ့ဟှယ်။
15ကောန်းဂန်တမန်လေဟှာ သူးနို့နားဟှနေ ကောန်းဂန်ဘောင်ဟှို ပ္လန်ဟှားခီမာ သိုးထီးမားလေဟှာ ယော့‑က်နယော့‑က် “ဗက်လင်ဗြို့ဟှို သွားဘီး ဘုရားသခင်ဟှာ နို့လေဟှို ပြောပြဟှူ ကြောန်းရာလေဟှို ကေ့ကေ့ရအောန်” ဆိုဘီး ပြောလေဟှယ်။
16အယ်ကြောန့် သူးနို့ဟှာ ဗြန်းဗြန်ဟှားသွားဘီးန မာရိန ယောသပ်ဟှိုရော၊ နွားစားခွပ်ထဲမာ အိနေဟှူ သားဂန်းဟှားဟှိုရော တွိရဟှယ်။ 17သိုးထီးမားလေဟှာ သားဂန်းဟှားဟှို တွိခီမာ သူးနို့ဟှို ကောန်းဂန်တမန်ဟှ သားဂန်းဟှားကြောန်းဟှို ဖယ်မျိုးပြောခဲ့ဟှယ် ဆိုဇာဟှို သူးနို့ဟှို ပြောပြဟှယ်။ 18သိုးထီးမားလေပြောဟှူ စကားဟှို ကြားဟှူလူလေ အားလောင်းဟှာ အံ့ဩဟှားဂေ့ဟှယ်။ 19မာရိဟှာ ကြောန်းရာလေ အားလောင်းဂူဟှို အော့‑က်မေ့လာဘီး အယ်စကားလေဟှို လေးလေးနတ်နတ် စိထဲမာ ဆင်ခြင်နေလေဟှယ်။ 20သိုးထီးမားလေဟှာ သူးနို့ဟှို ကောန်းဂန်တမန် ပြောဟှားတိုင်း သူးနို့ဗြင်ရ ကြားရဇာလေ အားလောင်းဂူတွပ် ဘုရားသခင်ဟှို ချီးမွမ်းချင်းဆိုဘီး ပ္လန်ဟှားဂေ့ဟှယ်။
ယေရှုဆိုဘီး နာမယ်ပေးကြောန်း
21 # လု ၁.၃၁ တဘတ်ကြားဘီးန သားဂန်းဟှားတွပ် ရေဖျားလှီးပေးရဟှို့ ခီရော့‑က်လာဘီး ဗိုက်မှေ့ခန်ဟှ ကောန်းဂန်တမန်ပေးဟှားဟှူတိုင်း သူ့ဟှို ယေရှုနာမယ်ဖြစ် မှည့်ခေါ်ဂေ့ဟှယ်။
ယေရှုဟှို ဗိမာန်တော်မာ ဆစ်ကပ်ကြောန်း
22မောရှေရဲ့ ပညတ်တရားတိုင်း ယောသပ်န မာရိတွပ် စင်ကြယ်မှု ခမ်းနားလောက်ဟှို့ ခီရော့‑က်လာဟှယ်။ အယ်ကြောန့် သူးနို့ဟှာ သားဂန်းဟှားဟှို ဘုရားသခင်ထံမာ ဆစ်ကပ်ဟှို့ ယေရုရှလင်ဗြို့ဟှို ခေါ်ဟှားဘီး၊ 23ဘုရားသခင်ရဲ့ ပညတ်တရားထဲမာ “သားဦးတိုင်းဟှာ ဘုရားသခင်ဟှို့ သန့်ရှင်းရမယ်” ဆိုဘီး ရေးဟှားလေဟှယ်။ 24ခိုငှတ်ဟှားနှေ့ကောန် အယ်မျိုးမှုဘဲနေဟှာ ချိုးငှတ်ဟှားနှေ့ကောန်ဟှို ပူဇော်ရမယ် ဆိုဘီး ဘုရားသခင်ရဲ့ ပညတ်တရားတိုင်း ပူဇော်ဟှို့ သူးနို့လည်း သွားလေဟှယ်။
25အယ်ခီမာ ယေရုရှလင်ဗြို့မာနေဟှူ ရှုမောင်နာမယ်ရှိဟှူ လူတယော့‑က်ရှိဟှယ်။ သူဟှာ ဖြောန့်မတ်ဟှူလူ၊ ဘုရားသခင်ဟှို ကြော့‑က်ဟှူလူန ဣသရေလလူမျိုးဟှို ကူညီဟှို့တွပ် စောန့်နေဟှူ လူဖြစ်ဟှယ်။ သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ သူ့နတူးဒူရှိဘီး 26သူဟှာ ဘုရားသခင်ရဲ့ ဂဒိပေးဟှားဟှူ မေရှိယဟှို သူဗြင်လိုက်ရဘဲန သေရလေ့ဟှို့ မှုဟှ ဆိုဘီး သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ သူ့ဟှို ဖွမ့်ပြဟှားဟှယ်။ 27ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် ရှုမောင်ဟှာ ဗိမာန်တော်ထဲဟှို ဝမ်ဟှားဟှယ်။ မိဖလေဟှာ ပညတ်တရားတိုင်း သူ့တွပ်လောက်ဟှို့ သားဂန်းဟှား ယေရှုဟှို ဗိမာန်တော်ထဲဟှို ခေါ်ဟှားခီမာ 28ရှုမောင်ဟှာ သားဂန်းဟှားဟှို သူ့ရဲ့ လတ်ထဲမာယူဘီး၊ ဘုရားသခင်ဟှို ချီးမွမ်းဘီး
29“ဘုရားသခင်၊ ကိုယ်တော်ရဲ့ စကားတော်ဟှာ ပ္လဲ့ဇောင်ဟှားဘီ။
ခု ကိုယ်တော်ဟှာ ကိုယ်တော်ရဲ့ ကျွန်ဟှို ငြီသတ်မှုထဲ သွားခွမ့်ပေးလေဘီ။
30ကိုယ်တော်ရဲ့ ကယ်တန်ရှင်းဟှို ကျွန်တော်ရဲ့ မျစ်စိန ဗြင်ရပီးဘီ။
31ကိုယ်တော်ဟှာ အယ်ကယ်တန်ရှင်းဟှို လူမျိုးအားလောင်းရဲ့ ရှေ့မာ ပြင်ဆင်ဟှားပီးဘီ။
32ကိုယ်တော်ရဲ့ လိုတော်ဟှာ လူမျိုးခြားလေဟှို လန်းဖွမ့်ပြဘီး
ကိုယ်တော်ရဲ့ လူမျိုးဖြစ်ဟှူ ဣသရေလလေနားဟှို ဖောင်းသရေတော်ဟှို ယူလာဟှယ်” ဆိုဘီး ပြောလေဟှယ်။
33သားဂန်းဟှားရဲ့ မိန ဖဟှာ သားဂန်းကြောန်းလေဟှို ရှုမောင် ပြောလိုက်ဟှူ ခီမာ အံ့ဩဟှားဂေ့ဟှယ်။ 34ရှုမောင်ဟှာ သူးနို့ဟှို ကောန်းကြီးပေးဘီးန သူ့ရဲ့မိ မာရိဟှို “အယ်သားဂန်းဟှားဟှာ ဣသရေလလူမျိုး ဘောင်ဂီးဟှို လဲက္လဟှို့န ထမြော့‑က်ဟှို့တွပ် ဘုရားသခင် ဝီးချယ်ဟှားဇာ ဖြစ်ဟှယ်။ သူဟှာ ဘုရားသခင်ထံဟှ နိမိတ်လတ်ခဏာ တခုဖြစ်ဘီး လူဘောင်ဂီးဟှာ ဆန့်ကျင်ပြောလေ့မယ် 35အယ်ကြောန့် သူးနို့ရဲ့ လျှို့ဝှပ်ဟှားဟှူ ကြံစည်လေဟှို ဖွမ့်ပြလေ့မယ်။ ဝန်းနဲမှုဟှာ ထတ်ဟှူသန်လျက်မျိုးဘဲ့ နန့်ရဲ့စိနှလောင်းဟှို ထိုးဖော့‑က်လေ့မယ်” ဆိုဘီး ပြောလေဟှယ်။
36အယ်နေရာမာ အာရှာမျိုးဖြစ်ဟှူ ဖနွေလရဲ့မီး၊ အန္နနာမယ်ရှိဟှူ သတ်ကီးဟှူ ပရောဖက်မ တယော့‑က် ရှိဟှယ်။ သူဟှာ ပျိုရွယ်ဟှူ ခီဟှစဘီး လန်နတူးဒူ ခွန်နစ်နှစ်ဘဲ့ ပေါန်းသန်းရဘီး 37ခု သတ် ၈၄ နှစ်အရွယ် မောက်ဆိုးမ ဖြစ်ဟှားဘီ။#၂.၃၇ ခု သတ် ၈၄ နှစ်အရွယ် မောက်ဆိုးမ ဖြစ်ဟှားဘီ၊ အယ်မျိုးမှုဘဲ့နေဟှာ မောက်ဆိုးမဖြစ်ဟှားဇာ ၈၄ နှစ် ရှိဟှားဘီ။ သူဟှာ ဗိမာန်တော်ဟှနေ လောင်းဝ ခွာဘဲန နေ့ညဉ့်မပြတ် သူဟှာ ဆုတောန်းရှင်းန စာရှောန်ရှင်းလောက်ဘီးဟှာ ဘုရားသခင်ဟှို ကိုးကွယ်လေဟှယ်။ 38အယ်ခီနာရီမာဘဲ့ သူဟှာ ရော့‑က်လာဘီးန ဘုရားသခင်ဟှို ချီးမွမ်းဘီးဟှာ ယေရုရှလင်ဗြို့လွတ်မြော့‑က်ဟှို့တွပ် ဘုရားသခင်ဟှို စောန့်နေဟှူ လူအားလောင်းဟှို သားဂန်းဟှားကြောန်း ပြောလိုက်ဟှယ်။
နာဇရက်ဗြို့ဟှို ပ္လန်ဟှူကြောန်း
39 # မ ၂.၂၃ ယောသပ်န မာရိဟှာ ဘုရားသခင်ရဲ့ ပညတ်တရားတိုင်း အားလောင်းဂူ လောက်ပီးဟှားဟှူ ခီမာ သူးနို့ဟှာ သူးနို့ရဲ့ မွီးရပ်မ္လေဖြစ်ဟှူ ဂါလိလဲပြည် နာဇရက်ဗြို့ဟှို ပ္လန်ဟှားဟှယ်။ 40အယ်သားဂန်းဟှားဟှာ ကီးဒတ်လာဘီး သန်မာလာဟှယ်။ သူဟှာ ဉာဏ်ပညာပ္လဲ့လာဘီးန ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှာ သူ့ထတ်မာ ရှိနေဟှယ်။
ဗိမာန်တော်ထဲဟှ ကောန်သားဟှား ယေရှုကြောန်း
41ယေရှုရဲ့ မိဖလေဟှာ နှစ်စဉ်နှစ်တိုင်း ပသခါပွဲတော်တွပ် ယေရုရှလင်ဗြို့ဟှို သွားဂေ့ဟှယ်။ 42ယေရှုဟှာ သတ်ဆယ့်နှေ့နှစ် ရော့‑က်လာခီမာ သူးနို့ဟှာ ရင်သွားနေမျိုးဘဲ့ ပွဲတော်ဟှို သွားဂေ့ဟှယ်။ 43ပွဲတော်ပီးဟှားခီမာ သူးနို့ဟှာ အီဟှို ပ္လန်ဂေ့ဟှယ်။ အယ်ဘေမဲ့ ကောန်သားယေရှုဟှာ ယေရုရှလင်ဗြို့မာ နေရစ်ဟှယ်။ အယ်မျိုးနေရစ်ဇာဟှို သူ့မိဖလေ သိဂေ့ဟှ။ 44သူဟှာ အောက်စုနတူးဒူ ရှိဟှယ် ဆိုဘီး သူးနို့ထန်ကြောန့် သူးနို့ဟှာ တနေ့လောင်း ခရီးသွားဘီးန သူးနို့ရဲ့ ဆွေမျိုးလေန ငယ်ဂျင်းလေကြားထဲမာ သူ့ဟှို လိုက်ရှာဂေ့ဟှယ်။ 45သူးနို့ဟှာ သူ့ဟှို ရှာတွိဂေ့ဟှ။ အယ်ကြောန့် သူးနို့ဟှာ သူ့ဟှို ရှာဟှို့တွပ် ယေရုရှလင်ဗြို့ဟှို ပ္လန်သွားလိုက်ရဟှယ်။ 46တတိယနေ့မာ သူးနို့ဟှာ သူ့ဟှို ဗိမာန်တော်ထဲမာ တွိဟှားဘီး၊ ယုဒဆရာလေနတူးဒူ ထိုင်ဘီး၊ သူးနို့ပြောဇာဟှို နားထောန်ဘီး မေးခွန်းလေ မေးနေဟှယ်။ 47သူ့စကားဟှိုကြားဟှူ လူအားလောင်းဟှာ သူ့ရဲ့ထတ်မြတ်ဟှူ ဖြေဟှို အံ့ဩဂေ့ဟှယ်။ 48သူ့ရဲ့ မိဖလေဟှာ သူ့ဟှို တွိလိုက်ဟှူ ခီမာ အံ့ဩဟှားဘီး သူ့မိဟှာ “ဖစု၊ နန်ဟှ ဖြားဖြစ်ကြောန့် နို့လေဟှို အယ်မျိုးလောက်ရနူး။ နန့်ဖန ငါဟှာ ရရာတိုင်း စိပူဘီး နန့်ဟှို လိုက်ရှာနေဟှယ်” ဆိုဘီး သူ့ဟှို ပြောလေဟှယ်။
49ကောန်သားဟှားဟှ “ဖြားဖြစ်ကြောန့် နို့မိဟှ နို့ဟှို လိုက်ရှာနေရနူး။ နို့ဟှ နို့ဖရဲ့ အီမာရှိနေဇာဟှို နို့မိ သိဟှလော။” ဆိုဘီး သူးနို့ဟှို ပ္လန်ပြောလေဟှယ်။ 50အယ်ဘေမဲ့ သူးနို့ဟှာ ကောန်သားဟှားရဲ့ စကားဟှို နားလည်ဂေ့ဟှ။
51အယ်ကြောန့် ယေရှုဟှာ သူးနို့နတူးဒူ နာဇရက်ဗြို့ဟှို ပ္လန်လိုက်ဟှားဘီး အယ်နေရာမာ သူဟှာ သူးနို့စကားဟှို နားထောန်ဘီးနေဟှယ်။ ကောန်သားဟှားရဲ့ မိခင်ဟှာ အယ်ဖြစ်ပျစ်ဇာလေ အားလောင်းဟှို စိနှလောင်းထဲမာ သီးဟှားဟှယ်။ 52ယေရှုဟှာ ကာယညာဏ ကီးဒတ်လာဘီး ဘုရားသခင်ရှေ့န လူလေရှေ့မာ မျစ်နှာသာရလေဟှယ်။

Currently Selected:

လုကာ 2: NTDWB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in