YouVersion Logo
Search Icon

ယောဟန် 9

9
ယေရှုဟှာ မွီးဂဒဲဟှ မျစ်စိကန်းနေဟှူ လူတယော့‑က်ဟှို ဗြင်စေဟှူကြောန်း
1ယေရှုဟှာ လမ်းရှော့‑က်သွားနေဒူးမာ မွီးဂဒဲဟှ မျစ်စိကန်းနေဟှူ လူတယော့‑က်ဟှို တွိတော်မူဟှယ်။ 2ကိုယ်တော်ရဲ့တဗဲ့တော်လေဟှ ကိုယ်တော့်ဟှို “ဆရာ၊ အယ်လူဟှာ မွီးဂဒဲဟှ မျစ်စိကန်းနေဇာဟှ ဖယ်လူရဲ့ ပြစ်ကြောန့်နူး။ သူ့ရဲ့ ပြစ်ကြောန့်လော။ သူ့မိဖရဲ့ ပြစ်ကြောန့်လော” ဆိုဘီး မေးဂေ့ဟှယ်။
3ယေရှုဟှ “သူ့ရဲ့ ပြစ်ကြောန့်လည်း မှုဟှ။ သူ့မိဖရဲ့ ပြစ်ကြောန့်လည်း မှုဟှ။ သူ့မာ ဘုရားသခင်ရဲ့ တဂိုးတော်ဟှာ ထန်ရှားစေဟှို့တွပ်ဖြစ်ဟှယ်။ 4နို့လေဟှာ ငါ့ဟှို စေလွှတ်ဟှူသူရဲ့ မှုတော်ဟှို နေ့ခီမာ လောက်ဆောန်ရမယ်။ ဖယ်လူလည်း လောက်နိုင်ဘဲဟှူ ညဉ့်ခီ ရော့‑က်လာလေ့မယ်။ 5#မ ၅.၁၄; ယော ၈.၁၂ငါဟှာ လောကမာ ရှိနေဟှူ ခီမာ ငါဟှာ လောကတွပ် လန်းရောန်ဖြစ်ဟှယ်” ဆိုဘီး ဖြေတော်မူလေဟှယ်။
6ယေရှုဟှာ အယ်မျိုး မိန့်တော်မူဘီးန မ္လေဂီးထတ်ဟှို ထွီးရယ်န ထွီးဘီးဟှာ အယ်ထွီးရယ်န ဗယ်ဟှို နယ်လိုက်ဟှယ်။ ကိုယ်တော်ဟှာ အယ်လူရဲ့ မျစ်စိလေဟှို ဗယ်နလူးပေးလိုက်ဘီး 7သူ့ဟှို “ရှိလောင်ရေကန်မာ သွားဘီးဆေးလိုက်” ဆိုဘီး မိန့်တော်မူလေဟှယ်။ ရှိလောင် နာမယ်ဟှာ “စေလွှတ်ဟှယ်” ဆိုဘီး ဓိပါယ်ရဟှယ်။ အယ်ကြောန့် အယ်လူဟှာ သွားဘီး သူ့မျစ်နှာဟှို ဆေးလိုက်ဟှူ ခီမာ မျစ်စိဗြင်ဟှားဘီး ပ္လန်လာလေဟှယ်။
8အီဇနီးရှင်းလေန ရင်ဒူးဟှ တောန်းဇားနေဟှူ သူ့ဟှို ဗြင်ဖူးဟှူလူလေဟှ “အယ်လူဟှာ ထိုင်ဘီးတောန်းဇားနေဟှူလူ မှုဟှလော” ဆိုဘီး မေးဂေ့ဟှယ်။
9တချို့ဟှ “အယ်လူဘဲ့ ဖြစ်ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။ အယ်ဘေမဲ့ တချို့ဟှ “အယ်လူ မှုဟှ။ အယ်လူန တူဇာဖြစ်ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
အယ်ကြောန့် အယ်လူကိုယ်တိုင်ဟှ “အယ်လူဟှာ ငါဘဲ့ဖြစ်ဟှယ်” ဆိုဘီး ပြောဟှယ်။
10သူးနို့ဟှ “နန်ဟှ ဖယ်မျိုးဖြစ်ကြောန့် မျစ်စိဗြင်ဟှားနူး” ဆိုဘီး မေးဂေ့ဟှယ်။
11သူဟှ “ယေရှု ဆိုဘီး ခေါ်ဟှူလူဟှ ဗယ်ဟှို လောက်ဘီး ကျွန်တော်ရဲ့မျစ်စိဟှို ဗယ်နလူးပေးဘီးဟှာ ရှိလောင်ရေကန်ဟှို သွားဘီးဆေးဟှို့ပြောဟှယ်။ အယ်ကြောန့် ကျွန်တော်ဟှာ သွားဘီးငါ့မျစ်နှာဟှို ဆေးလိုက်ဟှူန မျစ်စိဗြင်ဟှားလေဟှယ်” ဆိုဘီး ဖြေလေဟှယ်။
12သူးနို့ဟှ “အယ်လူဟှာ ဖယ်နားမာနူး” ဆိုဘီး မေးဂေ့ဟှယ်။
သူဟှ “ကျွန်တော်သိဟှ” ဆိုဘီး ဖြေလေဟှယ်။
ဖာရိရှဲလေဟှ မျစ်စိဗြင်ဟှားဇာဟှို စစ်ဆေးဟှူကြောန်း
13အယ်ဘီးန သူးနို့ဟှာ မျစ်စိကန်းဖြစ်ဖူးဟှူလူဟှို ဖာရိရှဲလေနားဟှို ခေါ်ဟှားဂေ့ဟှယ်။ 14ယေရှုဟှာ ဗယ်ဟှိုနယ်ဘီး အယ်လူရဲ့ မျစ်စိဟှို ဗြင်စေတော်မူဟှူနေ့ဟှာ ဒန်းနေ့ဖြစ်ဟှယ်။ 15အယ်ကြောန့် ဖာရိရှဲလေဟှာ အယ်လူဟှို ဖယ်မျိုး မျစ်စိဗြင်ဟှားဟှယ် ဆိုဘီး ပ္လန်မေးဂေ့ဟှယ်။ အယ်လူဟှ “သူဟှာ ကျွန်တော့်မျစ်စိဟှို ဗယ်နလူးပေးဟှယ်။ ကျွန်တော်ဟှာ မျစ်နှာဟှို ဆေးလိုက်ဟှူ ခီမာ မျစ်စိဗြင်ဟှားလေဟှယ်” ဆိုဘီး သူးနို့ဟှို ပြောပြဟှယ်။
16ဖာရိရှဲတချို့ဟှ “အယ်လူဟှာ ဒန်းနေ့ဟှို ဖော့‑က်ဖျစ်ဟှူကြောန့် ဘုရားသခင်နားဟှ လာဟှူလူ မှုဟှ” ဆိုဘီး ပြောဂေ့ဟှယ်။
တချို့ဟှလည်း “ပြစ်သားဖြစ်ဟှူလူဟှာ ဖယ်မျိုးလောက်ဘီးဟှာ အယ်မျိုး နိမိတ် လတ်ခဏာလေဟှို ပြနိုင်ဟှို့နူး” ဆိုဘီး ပြောဂေ့ဟှယ်။ အယ်ဘီးန သူးနို့ထဲမာလည်း စိဝန်းကွဲဟှားဂေ့ဟှယ်။
17အယ်ကြောန့် ဖာရိရှဲလေဟှာ အယ်လူဟှို “နန့်ဟှို မျစ်စိဗြင်စေဟှူ လူရဲ့ကြောန်းဟှို နန်ဖယ်မျိုးပြောမယ်နူး” ဆိုဘီး နော့‑က်တခါ ပ္လန်မေးဂေ့ဟှယ်။
အယ်လူဟှ “သူဟှာ ပရောဖက်ဖြစ်ဟှယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
18အယ်ဘေမဲ့လည်း ယုဒအာဏာပိုင်လေဟှ သူဟှာ ရင်ဒူးဟှ မျစ်စိကန်းဖြစ်ဘီး ခု ဗြင်နေဟှယ် ဆိုဇာဟှို ယောင်ကြည်ဘဲကြောန့် သူးနို့ဟှာ သူ့မိဖလေဟှို ခေါ်ဘီးန 19သူးနို့ဟှို “အယ်လူဟှာ နန်းနို့ရဲ့ သားဘဲ့လော။ သူဟှာ မွီးဂဒဲဟှ ကန်းနေဟှယ် ဆိုဘီး နန်းနို့ပြောဂေ့ဟှယ်။ အယ်ဆိုဟှာ ခု ဖယ်မျိုးဖြစ်ဟှူကြောန့် ဗြင်နေရနူး” ဆိုဘီး မေးဂေ့ဟှယ်။
20သူ့မိဖလေဟှ “သူဟှာ နို့လေရဲ့ သားဖြစ်ဟှယ် ဆိုဇာဟှို နို့လေ သိဂေ့ဟှယ်။ သူဟှာ မွီးဂဒဲဟှ ကန်းနေဟှယ် ဆိုဇာဟှိုလည်း နို့လေသိဂေ့ဟှယ်။ 21အယ်ဘေမဲ့ ခု ဖယ်မျိုးလောက်ဘီး ဗြင်ဟှားဟှယ် ဆိုဇာဟှို နို့လေသိဂေ့ဟှ။ သူ့ဟှို ဗြင်အောန်ကုသပေးဟှူ သူဟှိုလည်း နို့လေသိဂေ့ဟှ။ သူ့ဟှိုဘဲ့ မေးကေ့။ သူဟှာ ရွယ်ရော့‑က်နေဘီ။ သူ့ကြောန်းဟှို သူကိုယ်တိုင်ဘဲ့ ဖြေနိုင်မယ်!” ဆိုဘီး ဖြေဂေ့ဟှယ်။ 22သူ့မိဖလေဟှာ ယုဒအာဏာပိုင်လေဟှို ကြော့‑က်ဟှူကြောန့် အယ်မျိုး ပြောလိုက်ဂေ့ဟှယ်။ ယုဒအာဏာပိုင်လေဟှာ ဖယ်လူဘဲ့ဖြစ်ဖြစ် ယေရှုဟှာ မေရှိယဖြစ်ဟှယ် ဆိုဘီး ဝန်ခံမယ် ဆိုဟှာ ဝါလယ်ဇရပ်ဟှနေ နှန်ထုဟှို့တွပ် ဘောတူဟှားဟှယ်။ 23အယ်ကြောန့်ဘဲ့ သူ့မိဖလေဟှ “သူဟှာ ရွယ်ရော့‑က်နေဘီ။ သူ့ဟှိုဘဲ့ မေးကေ့!” ဆိုဘီး ပြောလိုက်ဂေ့ဟှယ်။
24သူးနို့ဟှာ မွီးဂဒဲဟှ ကန်းနေဟှူလူဟှို ဒုတိယခါ ပ္လန်ခေါ်ဘီး “မှန်တိုင်းပြောဇာအားဖြင့် ဘုရားသခင်ဟှို ချီးမွမ်းပါ! နန့်ဟှို ကုသပေးဟှူလူဟှာ ပြစ်သားတယော့‑က် ဖြစ်ဟှယ် ဆိုဇာဟှို နို့လေသိဂေ့ဟှယ်” ဆိုဘီး သူ့ဟှို ပြောဂေ့ဟှယ်။
25အယ်လူဟှ “သူဟှာ ပြစ်သားဖြစ်ဟှယ်၊ ဖြစ်ဟှ ဆိုဇာဟှို ကျွန်တော်သိဟှ။ ကျွန်တော်သိဇာတခုဟှ ရင်ဒူးဟှ ကျွန်တော်ဟှာ မျစ်ကန်းဖြစ်ဘီး ခု ဗြင်ဟှားဘီ” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
26အယ်လူလေဟှ “သူဟှ နန့်ဟှို ဖြားလေ လောက်ပေးဟှယ်နူး။ နန့်ရဲ့ မျစ်စိဟှို ဖယ်မျိုး ဗြင်စေဟှယ်နူး” ဆိုဘီး မေးဂေ့ဟှယ်။
27သူဟှ “ခန်ဗျားလေဟှို ကျွန်တော်ပြောပီးဘီ။ ခန်ဗျားလေ နားထောန်ဂေ့ဟှ။ ဖြားဖြစ်ကြောန့် ခန်ဗျားလေဟှ ပ္လန်ဘီးကြားရှင်နေရနူး။ ခန်ဗျားလေလည်း သူ့တဗဲ့ ဖြစ်ရှင်ကြောန့်လော” ဆိုဘီး ပ္လန်ပြောလေဟှယ်။
28သူးနို့ဟှ “နန်ဘဲ့အယ်လူရဲ့ တဗဲ့ဖြစ်ဟှယ်။ နို့လေဟှ မောရှေရဲ့ တဗဲ့လေ ဖြစ်ဟှယ်။ 29ဘုရားသခင်ဟှာ မောရှေဟှို ပြောဟှားဇာလေဟှို နို့လေသိဂေ့ဟှယ်။ အယ်ဘေမဲ့ အယ်လူဟှာ ဖယ်ဟှနေလာဟှယ် ဆိုဇာဟှို နို့လေသိဂေ့ဟှ!” ဆိုဘီး သူ့ဟှို ပြစ်တန်ဘီး ပြောဂေ့ဟှယ်။
30အယ်လူဟှ “သူဟှာ ကျွန်တော့်မျစ်စိဟှို ဗြင်စေဟှယ်။ အယ်ဘေမဲ့ ခန်ဗျားလေဟှ အယ်လူဖယ်ဟှနေ လာဟှယ် ဆိုဇာဟှို သိဂေ့ဟှ ဆိုဇာ ရရာတိုင်း အံ့ဇာကောန်းဟှယ်! 31ဘုရားသခင်ဟှာ ပြစ်သားလေရဲ့ စကားဟှို နားထောန်ဟှ။ ဘုရားသခင်ဟှိုကြော့‑က်ဘီး ကိုယ်တော် လိုရှင်ဇာဟှို လောက်ဟှူလူလေရဲ့ စကားဟှိုဘဲ့ နားထောန်ဟှယ် ဆိုဇာဟှို ကျွန်တော့်ဟှားလေသိဟှယ်။ 32မွီးဂဒဲဟှ ကန်းနေဟှူ လူတယော့‑က်ဟှာ မျစ်စိဗြင်ဟှားဟှယ် ဆိုဇာဟှို ရှေးခေတ်ကာလဟှ ယော့‑က်လည်း ကြားဖူးဂေ့ဟှ။ 33အယ်လူဟှာ ဘုရားသခင်နားဟှနေ လာဟှ ဆိုဟှာ ဖြားတခုလည်း လောက်နိုင်ဟှို့ မှုဟှ” ဆိုဘီး ပ္လန်ဖြေလေဟှယ်။
34သူးနို့ဟှ “နန်ဟှာ မွီးဂဒဲဟှ ပြစ်န ကီးလာဟှူ လူဖြစ်ဘီးဟှာ နို့လေဟှို သွန်သန်ပေးဟှို့လော” ဆိုဘီး မေးဂေ့ဟှယ်။ အယ်ဘီးန သူ့ဟှို ဝါလယ်ဇရပ်ဟှနေ နှန်ထုလိုက်ဂေ့ဟှယ်။
ဝိညာဉ်မျစ်စိကန်းနေဟှူကြောန်း
35အယ်မျိုး နန်ထုလိုက်ဟှယ် ဆိုဇာဟှို ယေရှုဟှာ ကြားဟှားဟှူ ခီမာ အယ်လူဟှို တွိလိုက်ဟှူန “နန်ဟှာ လူ့ရဲ့သားဟှို ယောင်ကြည်ဘဲ့လော” ဆိုဘီး မေးတော်မူလေဟှယ်။
36အယ်လူဟှ “ဆရာ၊ လူ့ရဲ့သားဟှ ဖယ်သူနူး။ ကျွန်တော်ဟှာ သူ့ဟှို ယောင်ကြည်နိုင်ဟှို့တွပ် ပြောပြပါလား” ဆိုဘီး မေးတော်မူလေဟှယ်။
37ယေရှုဟှ “နန်ဟှာ သူ့ဟှို ဗြင်ဖူးပီးဘီ။ ခု နန့်န စကားပြောနေဟှူ လူဘဲ့ ဖြစ်ဟှယ်” ဆိုဘီး သူ့ဟှို မိန့်တော်မူဟှယ်။
38အယ်လူဟှ “သခင်၊ ကျွန်တော် ယောင်ကြည်ပါဟှယ်!” ဆိုဘီး လျှော့‑က်လိုက်ဘီးဟှာ ယေရှုဟှို ရှိခိုးလေဟှယ်။
39ယေရှုဟှ “ငါဟှာ ကန်းနေဟှူလူလေဟှို ဗြင်စေဘီး ဗြင်နေဟှူလူလေဟှို ကန်းစေဟှို့တွပ်န တရားစီရင်ဟှို့တွပ် အယ်လောကဟှို ကြွလာဟှယ်” ဆိုဘီး မိန့်တော်မူဟှယ်။
40ကိုယ်တော်နတူးဒူ ရှိနေဟှူ ဖာရိရှဲတချို့ဟှာ အယ်မျိုးပြောဇာဟှို ကြားရဟှူကြောန့် ကိုယ်တော့်ဟှို “ဖြားနူး။ နို့လေလည်း မျစ်ကန်းဖြစ်ဟှယ်လော။” ဆိုဘီး မေးဂေ့ဟှယ်။
41ယေရှုဟှ “နန်းနို့ဟှာ မျစ်ကန်းဖြစ်မယ် ဆိုဟှာ နန်းနို့မာ ပြစ်မှေ့ဟှ။ အယ်ဘေမဲ့ နန်းနို့ဟှ ဗြင်ဟှယ် ဆိုဘီး ပြောနေဟှူကြောန့် နန်းနို့မာ ပြစ်ရှိဟှယ်” ဆိုဘီး ဖြေတော်မူဟှယ်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in