ယောဟန် 18
18
ယေရှုဟှို ဖမ်းဆီးဂေ့ဟှူကြောန်း
(မဿဲ ၂၆.၄၇–၅၆; မာကု ၁၄.၄၃–၅၀; လုကာ ၂၂.၄၇–၅၃)
1ယေရှုဟှာ အယ်မျိုးဆုတောန်းဘီးန တဗဲ့တော်လေနတူးဒူ ကြွဟှားတော်မူဘီး ကေဒြုန်ခ္လောန်းဟှို ကူးတော်မူဟှယ်။ အယ်နေရာမာ ဥယျာဉ်တခုရှိဘီး ယေရှုန တဗဲ့တော်လေဟှာ အယ်ဥယျာဉ်ထဲဟှို ဝမ်တော်မူဟှယ်။ 2ယေရှုဟှာ အယ်နေရာမာ တဗဲ့တော်လေန ခဏခဏ တွိဆောင်လေ့ရှိဟှူကြောန့် ကိုယ်တော့်ဟှို သစ်စာဖော့‑က်ဟှူ ယုဒရှကာရုတ်ဟှာ အယ်နေရာဟှို သိနေဟှယ်။ 3အယ်ကြောန့် ယုဒဟှာ ရောမစစ်သားတစု၊ ယဇ်ပုရောဟိတ်ဂီးလေန ဖာရိရှဲလေ စေလွှတ်လိုက်ဟှူ ဗိမာန်တော်စောန့်လေဟှို ခေါ်ဟှားဘီး ဥယျာဉ်ဟှို သွားဂေ့ဟှယ်။ သူးနို့ဟှာ မီးအီလေ၊ မီးဒေါက်လေန လတ်နတ်လေဟှို ကိုင်ဆောန်လာဂေ့ဟှယ်။ 4ယေရှုဟှာ သူနှိုက်ဖြစ်ပျစ်လာဟှို့ ဇာလေအားလောင်းဟှို သိတော်မူဟှူကြောန့် သူးနို့နားဟှို ကြွတော်မူဘီး “နန်းနို့ ဖယ်လူဟှို ရှာဂေ့နေနူး” ဆိုဘီး မေးတော်မူလေဟှယ်။
5သူးနို့ဟှ “နာဇရက်ဗြို့သား ယေရှုဟှို ရှာနေဟှယ်” ဆိုဘီး ဖြေလိုက်ဟှယ်။
ကိုယ်တော်ဟှ “ငါဘဲ့ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလိုက်ဟှယ်။
ကိုယ်တော့်ဟှို သစ်စာဖော့‑က်ဟှူ ယုဒဟှာ သူးနို့နတူးဒူ ရပ်နေဟှယ်။ 6ယေရှုဟှာ သူးနို့ဟှို “ငါဘဲ့ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလိုက်ဟှူ ခီမာ သူးနို့ဟှာ နော့‑က်ဆုဟှားဘီး မ္လေဂီးထတ်ဟှို လဲက္လဟှားဂေ့ဟှယ်။ 7ယေရှုဟှာ သူးနို့ဟှို “နန်းနို့ ဖယ်လူဟှို ရှာနေနူး” ဆိုဘီး နော့‑က်တခါ မေးတော်မူလေဟှယ်။
သူးနို့ဟှ “နာဇရက်ဗြို့သား ယေရှုဟှို ရှာဟှယ်” ဆိုဘီး ဖြေဂေ့ဟှယ်။
8ယေရှုဟှ “ငါဘဲ့ဖြစ်ဟှယ် ဆိုဘီး နန်းနို့ဟှို ငါပြောဟှားပီးဘီ။ နန်းနို့ဟှာ ငါ့ဟှို ရှာနေဟှယ် ဆိုဟှာ အယ်လူလေဟှို သွားခိုင်းလိုက်ပါ” ဆိုဘီး မိန့်တော်မူလိုက်ဟှယ်။ 9အယ်မျိုး မိန့်တော်မူဇာဟှ “ဖ၊ ကိုယ်တော်ပေးအပ်ဟှားဟှူ လူလေဟှာ တယော့‑က်လည်း ပျစ်စီးဟှို့မှေ့ဟှ” ဆိုဘီး ကိုယ်တော် မိန့်တော်မူဟှားဇာလေဟှာ မှန်ဘဲ့ဖြစ်လာလေဟှယ်။
10အယ်ခီမာ ရှိမုန်ပေတရုဟှာ ပါလာဟှူ ထားဟှို ဆွဲထုလိုက်ဘီး ယဇ်ပုရောဟိတ်မန်းရဲ့ ကျွန်ဟှို ခွတ်လိုက်ဟှူ ခီမာ ညာဖတ်နားဝှပ် ပြတ်ဟှားလေဟှယ်။ အယ်ကျွန်ရဲ့ နာမယ်ဟှာ မာလခု ဖြစ်ဟှယ်။ 11#မ ၂၆.၃၉; မာ ၁၄.၃၆; လု ၂၂.၄၂ယေရှုဟှာ ပေတရုဟှို “နန့်ထားဟှို ထားအီထဲမာ ပ္လန်သီးလိုက်ပါ! ငါ့ဖပေးတော်မူဟှူ ဒေါက်ခဝေဒနာခွပ်ဟှို ငါသော့‑က်ဘဲနေရဟှို့လော” ဆိုဘီး မိန့်တော်မူလေဟှယ်။
ယေရှုဟှို အန္နတ်ရှေ့ဟှို ခေါ်ဆောန်ဟှားဟှူကြောန်း
12အယ်ဘီးန ရောမစစ်သားလေ၊ သူးနို့ရဲ့ တပ်မှူးဂီးန ယုဒလူ စောန့်တပ်သားလေဟှာ ယေရှုဟှို ဖမ်းဆီးဘီး၊ တောက်နှောန်ဂေ့ဘီး 13အန္နတ်နားဟှို ရင်ဦးဆောင်း ခေါ်ဆောန်ဟှားဟှယ်။ အန္နတ်ဟှာ အယ်နှစ်မာ ယဇ်ပုရောဟိတ်မန်းဖြစ်ဟှူ ကယာဖရဲ့ ယော့‑က်ခမဖြစ်ဟှယ်။ 14#ယော ၁၁.၄၉,၅၀အယ်ကယာဖဟှာ လူလေ အားလောင်းဂူတွပ် လူတယော့‑က် သေရဇာဟှ ပိုကောန်းဟှယ် ဆိုဘီး ယုဒအာဏာပိုင်လေဟှို ကြံပေးဟှူ သူဖြစ်ဟှယ်။
ယေရှုဟှို ပေတရုဟှ ငြင်းဆိုဟှူကြောန်း
(မဿဲ ၂၆.၆၉,၇၀; မာကု ၁၄.၆၆–၆၈; လုကာ ၂၂.၅၅–၅၇)
15ရှိမုန်ပေတရုန တခြားတဗဲ့တော်ဟှာ ယေရှုနော့‑က်တော်လိုက်ဟှားဟှယ်။ အယ်တဗဲ့တော်ဟှာ ယဇ်ပုရောဟိတ်မန်းရဲ့ သိဖြစ်ဟှူကြောန့် ယေရှုနတူးဒူ ယဇ်ပုရောဟိတ်မန်းရဲ့ ခြံဝမ်းထဲဟှို ဝမ်ဟှားလေဟှယ်။ 16ပေတရုဟှာ ခြံခွဗော့‑က်ပ္လန်မာ နေရစ်ဟှယ်။ ယဇ်ပုရောဟိတ်မန်းရဲ့ သိဖြစ်ဟှူ တဗဲ့တော်ဟှာ ပ္လန်ထွပ်လာဘီး ခွဗော့‑က်စောန့် စေခံဝယ်သားဟှို ပြောဘီးဟှာ ပေတရုဟှို ထဲဟှို ခေါ်ဟှားဟှယ်။ 17ခွဗော့‑က်စောန့် စေခံဝယ်သားဟှာ ပေတရုဟှို “နန်ဟှ အယ်မူလူရဲ့ တဗဲ့တော် မှုဟှလော” ဆိုဘီး မေးလိုက်ဟှယ်။
ပေတရုဟှ “မှုဟှ” ဆိုဘီး ပ္လန်ဖြေလိုက်ဟှယ်။
18အယ်ခီဟှာ ရှမ်းဟှူကြောန့် စေခံလေန စောန့်လေဟှာ မီးဘောင် ပတ်ပတ်လည်မာ ရပ်ဘီးဟှာ မီးကန်နေဂေ့ဟှယ်။ အယ်ကြောန့် ပေတရုဟှာ သူးနို့နတူးဒူ ရပ်ဘီးဟှာ မီးကန်နေလေဟှယ်။
ယဇ်ပုရောဟိတ်မန်းဟှ ယေရှုဟှို မေးမြန်းဟှူကြောန်း
(မဿဲ ၂၆.၅၉–၆၆; မာကု ၁၄.၅၅–၆၄; လုကာ ၂၂.၆၆–၇၁)
19အယ်ခီမာ ယဇ်ပုရောဟိတ်မန်းဟှာ ယေရှုဟှို တဗဲ့တော်လေကြောန်းန ယေရှုရဲ့ သွန်သန်ဇာကြောန်းဟှို မေးနေလေဟှယ်။ 20ယေရှုဟှ “ငါဟှာ လောကမာ ပွမ့်ပွမ့်လန်းလန်းဟှားဘဲ့ သွန်သန်ဟှယ်။ ယုဒလူလေ စုဝီးဟှူ ဝါလယ်ဇရပ်လေန ဗိမာန်တော်မာဘဲ့ ငါဟှာ သွန်သန်ဟှယ်။ ငါဟှာ တိတိဟှား ဟောပြောဟှ။ 21အယ်ဆိုဟှာ ဖြားဖြစ်ကြောန့် ငါ့ဟှို မေးမြန်းနေနူး။ ငါဟောပြောဟှားဇာလေဟှို ကြားဟှားဘီးဟှူ လူလေဟှို မေးမြန်းဂေ့။ ငါဖြားဇာလေ ဟောပြောဟှားဟှယ် ဆိုဇာဟှို အယ်လူလေဟှို မေးမြန်းဂေ့။ ငါပြောဟှားဇာလေဟှို သူးနို့သိဂေ့ဟှယ်” ဆိုဘီး ဖြေတော်မူလေဟှယ်။
22ယေရှုဟှာ အယ်မျိုးမိန့်တော်မူလိုက်ခီမာ စောန့်တယော့‑က်ဟှာ “ယဇ်ပုရောဟိတ်မန်းဟှို အယ်မျိုးပ္လန်ဖြေရလော!” ဆိုဘီး ကိုယ်တော့်ဟှို ပါးရိုက်လေဟှယ်။
23ယေရှုဟှာ သူ့ဟှို “ငါပြောဟှားဇာလေ မှားဟှယ် ဆိုဟှာ မှားကြောန်းဟှို သတ်သေပြဂေ့။ ဖြေတော်မူလေဟှယ်။ အယ်ဘေမဲ့ ငါပြောဟှားဇာလေ မှန်ဟှယ် ဆိုဟှာ ဖြားဖြစ်ကြောန့် ငါ့ဟှို ရိုက်နေရနူး” ဆိုဘီး မိန့်တော်မူလေဟှယ်။
24အယ်ဘီးန အန္နတ်ဟှာ ကိုယ်တော့်ဟှို တောက်နှောန်ဘီး ယဇ်ပုရောဟိတ်မန်း ကယာဖနားဟှို ပို့စေလိုက်ဟှယ်။
ယေရှုဟှို ပေတရုနော့‑က်တခါ ငြင်းဆိုဟှူကြောန်း
(မဿဲ ၂၆.၇၁–၇၅; မာကု ၁၄.၆၉–၇၂; လုကာ ၂၂.၅၈–၆၂)
25ရှိမုန်ပေတရုဟှာ မတ်တတ်ရပ်ဘီးဟှာ မီးကန်နေဒူးဘဲ့ဖြစ်ဟှယ်။ အယ်ကြောန့် လူတချို့ဟှာ “နန်ဟှာလည်း အယ်လူရဲ့ တဗဲ့တော်လေထဲဟှ တယော့‑က် မှုဟှလော” ဆိုဘီး သူ့ဟှို မေးဂေ့ဟှယ်။
အယ်ဘေမဲ့ ပေတရုဟှာ “ငါမှုဟှ” ဆိုဘီး ငြင်းလေဟှယ်။
26ယဇ်ပုရောဟိတ်မန်းရဲ့ ကျွန်တယော့‑က်ဖြစ်ဘီး ပေတရု ခွတ်လိုက်ဟှူကြောန့် နားဝှပ်ပြတ်ဟှားဟှူလူန ရွှေမျိုးတော်သူဟှ “နန်ဟှာ အယ်လူနတူးဒူ ဥယျာဉ်ထဲမာ ငါဗြင်လိုက်ဟှယ် မှုဟှလော” ဆိုဘီး မေးလေဟှယ်။
27ပေတရုဟှာ “မှုဟှ” ဆိုဘီး နော့‑က်တခါ ငြင်းလိုက်ဟှူ ခီမာ ရှင်းရှင်းဘဲ့ ကြစ်တွန်လေဟှယ်။
ယေရှုဟှာ ပိလတ်ရှေ့ဟှို ခေါ်ဆောန်ဟှားကြောန်း
(မဿဲ ၂၇.၁,၂,၁၁–၁၄; မာကု ၁၅.၁–၅; လုကာ ၂၃.၁–၅)
28မိုးလန်းစောစောန ယေရှုဟှို ကယာဖရဲ့ အီဟှနေ ဗြို့ဝန်မန်းရဲ့ နန်းတော်ဟှို ခေါ်ဆောန်ဟှားဟှယ်။ ယုဒအာဏာပိုင်လေဟှာ ပသခါပွဲတော်ဟှို စားနိုင်ဟှို့တွပ် သူးနို့ကိုယ်တိုင် ဘာသာရေးစဉ်လာတိုင်း ညစ်ညူးစေရှင်ဘဲဟှူကြောန့် နန်းတော်ထဲဟှို ဝင်လိုက်ဟှားဂေ့ဟှ။ 29အယ်ကြောန့် ပိလတ်ဟှာ သူးနို့ရှိဟှူ ပ္လန်ဟှို ထွပ်လာဘီး “အယ်လူဟှို ဖြားမှုန စွပ်စွဲဟှားဂေ့နူး” ဆိုဘီး မေးလေဟှယ်။
30သူးနို့ဟှ “အယ်လူဟှာ ရာဇဝတ်မှုဟှို ကျူးလွန်ဘဲဟှ ဆိုဟှာ အယ်လူဟှို ကျွန်တော့်ဟှားလေ ခေါ်လာဟှို့ မှုဟှ” ဆိုဘီး ဖြေဂေ့ဟှယ်။
31ပိလတ်ဟှာ “အယ်ဆိုဟှာ နန်းနို့ကိုယ်တိုင် အယ်လူဟှို ခေါ်ဟှားလိုက်ဘီး နန်းနို့ရဲ့ ပညတ်တရားတိုင်း စီရင်ဂေ့” ဆိုဘီး ယုဒလူလေဟှို ပြောလေဟှယ်။
သူးနို့ဟှ “ကျွန်တော့်ဟှားလေဟှာ ဖယ်လူဟှိုလည်း သတ်ပိုင်ခွမ့်မှေ့ဟှ” ဆိုဘီး ပ္လန်ဖြေဂေ့ဟှယ်။ 32#ယော ၃.၁၄; ၁၂.၃၂အယ်မျိုးပြောနေဇာဟှ မိမိဟှာ ဖယ်မျိုးသေခံရမယ် ဆိုဇာဟှို ယေရှုမိန့်တော်မူဟှားတိုင်း ပ္လဲ့ဇောင်လာစေဟှို့ဖြစ်ဟှယ်။
33ပိလတ်ဟှာ နန်းတော်ထဲဟှို ပ္လန်ဝမ်ဟှားဘီး ယေရှုဟှို ခေါ်လိုက်ဘီး “နန်ဟှာ ယုဒမန်းဂီးလော” ဆိုဘီး မေးလေဟှယ်။
34ယေရှုဟှ “နန်ဟှာ နန့်ဆန္ဒတိုင်း အယ်မေးခွန်းဟှို မေးဇာလော။ အယ်မျိုးမှုဘဲနေဟှာ တခြားလူလေဟှ ငါ့ကြောန်းဟှို ပြောပြဟှားကြောန့်လော” ဆိုဘီး မေးတော်မူလေဟှယ်။
35ပိလတ်ဟှ “နန်ဟှာ ငါ့ဟှို ယုဒလူဖြစ်ဟှယ် ဆိုဘီး ထန်နေဟှယ်လော။ နန့်ဟှို ငါ့နားဟှို လာအပ်ပေးဟှူလူလေဟှာ နန့်လူမျိုးလေန ယဇ်ပုရောဟိတ်ဂီးလေဖြစ်ဟှယ်။ နန်ဟှာ ဖြားဇာလေလောက်ဟှားနူး” ဆိုဘီး မေးလေဟှယ်။
36ယေရှုဟှ “ငါ့နိုင်ငံတော်ဟှာ အယ်လောကနဆိုင်ဟှ။ ငါ့နိုင်ငံတော်ဟှာ အယ်လောကနဆိုင်မယ် ဆိုဟှာ ငါ့ဟှို ယုဒအာဏာပိုင်လေ လတ်ထဲရော့‑က်ဘဲအောန် ငါ့စေခံလေဟှာ တိုက်ခိုက်ဂေ့လေ့မယ်။ ငါ့နိုင်ငံတော်ဟှာ အယ်လောကနဆိုင်ဟှ!” ဆိုဘီး မိန့်တော်မူလေဟှယ်။
37အယ်ကြောန့် ပိလတ်ဟှာ “အယ်ဆိုဟှာ နန်ဟှာ မန်းဂီးလော” ဆိုဘီး ကိုယ်တော့်ဟှို မေးလေဟှယ်။
ယေရှုဟှ “သင်ပြောမျိုးဘဲ့ ငါဟှာ မန်းဂီးဖြစ်ဟှယ်။ ငါဟှာ သမ္မာတရားဟှို သတ်သေခံဟှို့တွပ် မွီးလာဘီး အယ်လောကဟှို ကြွလာဟှယ်။ သမ္မာတရားနဆိုင်ဟှူ လူလေဟှာ ငါ့စကားဟှို နားထောန်ဂေ့ဟှယ်” ဆိုဘီး ဖြေတော်မူလေဟှယ်။
38ပိလတ်ဟှ “အယ်ဆိုဟှာ သမ္မာတရားဟှ ဖြားဇာနူး” ဆိုဘီး မေးလေဟှယ်။
ယေရှုဟှို သေဒန်ပေးဟှူကြောန်း
(မဿဲ ၂၇.၁၅–၃၁; မာကု ၁၅.၆–၂၀; လုကာ ၂၃.၁၃–၂၅)
အယ်ဘီးန ပိလတ်ဟှာ ပ္လန်မာရှိနေဟှူ ယုဒလူလေနားဟှို ပ္လန်ဟှားဘီးဟှာ “အယ်လူမာ ပြစ်စီရင်ဟှို့ဇာ ဖြားလည်းမှေ့ဟှ။ 39နန်းနို့ရဲ့ ထောင်းဇံရ ပသခါပွဲမာ ထောန်သားတယော့‑က်ဟှို လွှတ်လေ့ရှိဟှယ်။ နန်းနို့တွပ် ယုဒမန်းဂီးဟှို လွှတ်ပေးစေရှင်ဟှယ်လော” ဆိုဘီး သူးနို့ဟှို မေးလေဟှယ်။
40သူးနို့ဟှာ “သူ့ဟှို လွှတ်ပေးန! ဗာရဗ္ဗဟှိုဘဲ့ လွှတ်ပေးပါ!” ဆိုဘီး အော်ဘီး ပ္လန်ဖြေဂေ့ဟှယ်။ ဗာရဗ္ဗဟှာ ဓမ္လတယော့‑က် ဖြစ်ဟှယ်။
Currently Selected:
ယောဟန် 18: NTDWB24
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
The New Testament in Dawei Language © The Word for the World International and The Dawei Bible Translation Committee, 2024.