YouVersion Logo
Search Icon

ယောဟန် 16

16
1“နန်းနို့ရဲ့ ယောင်ကြည်ရှင်း ပျစ်ပြားဘဲဟှို့တွပ် အယ်မူကြောန်းဟှို ငါပြောဟှားဟှယ်။ 2နန်းနို့ဟှို ဝါလယ်ဇရပ်ဟှနေ နှန်ထုဂေ့လေ့မယ်။ နန်းနို့ဟှို သတ်ဟှူလူလေဟှ ဘုရားသခင်ဟှို ဝတ်ပြုဟှယ် ဆိုဘီး ထန်မှတ်ဟှူ ခီက္လရော့‑က်လာလေ့မယ်။ 3လူလေဟှာ ငါ့ဟှိုလည်း သိဂေ့ဟှ။ ဖဟှိုလည်း သိဂေ့ဘဲဟှူကြောန့် နန်းနို့ဟှို အယ်မူဇာလေဟှို လောက်လေ့မယ်။ 4အယ်ခီ ရော့‑က်လာဟှူ ခီမာ နန်းနို့ဟှို ငါပြောဟှားဘီးဇာဟှို နန်းနို့ပ္လန်ဘီး အော့‑က်မေ့စေဟှို့တွပ် ခု ငါပြောနေဟှယ်။”
သန့်ရှင်းဟှူဝိညာဉ်တော်ရဲ့ လောက်ဆောန်မှုကြောန်း
“ငါဟှာ နန်းနို့နတူးဒူ ရှိနေဟှူကြောန့် နန်းနို့ဟှို အယ်မူဇာလေဟှို ရင်ဒူးဟှ ငါပြောဟှ။ 5ခု ငါ့ဟှို စေလွှတ်သူနားဟှို ငါသွားဝေါ့မယ်။ အယ်ဘေမဲ့ ဖယ်နေရာဟှို သွားဟှို့နူး ဆိုဘီး နန်းနို့ထဲဟှ ယော့‑က်လည်း ငါ့ဟှို မေးဂေ့ဟှမ်းမား။ 6ခု နန်းနို့ဟှို အယ်မျိုး ပြောလိုက်ဟှူကြောန့် နန်းနို့ရဲ့ စိနှလောင်းထဲမာ ရရာတိုင်း ဝန်းနဲနေဂေ့ဟှယ်။ 7နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ ငါသွားလိုက်ဇာဟှာ နန်းနို့တွပ် ပိုဘီးကောန်းဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါသွားဟှ ဆိုဟှာ ကူညီမဇသူဟှာ နန်းနို့နားဟှို ရော့‑က်လာဟှို့ မှုဟှ။ အယ်ဘေမဲ့ ငါသွားလိုက်မယ် ဆိုဟှာ အယ်သူဟှို နန်းနို့နားဟှို ငါစေလွှတ်မယ်။ 8ကူညီမဇသူ ရော့‑က်လာဟှူ ခီမာ လောကသားလေဟှို ပြစ်ကြောန်းဟှိုရော၊ ဖြောန့်မတ်ကြောန်းဟှိုရော၊ တရားစီရင်ကြောန်းလေဟှိုရော ဖော်ပြပေးလေ့မယ်။ 9သူးနို့ဟှာ ငါ့ဟှို ယောင်ကြည်ဂေ့ဘဲဟှူကြောန့် သူးနို့ရဲ့ ပြစ်ဟှို ဖော်ပြမယ်။ 10ငါဟှာ ဖနားဟှို သွားရမယ်ဖြစ်ကြောန့် နန်းနို့ဟှာ ငါ့ဟှို ဗြင်ရဟှို့မှုဘီ။ အယ်ကြောန့် နန်းနို့ဟှို ဖြောန့်မတ်ကြောန်းဟှို ဖော်ပြမယ်။ 11အယ်လောကဟှို အောက်ချောက်မားဟှာ တရားစီရင်ဇာဟှို ခံရဘီဖြစ်ဟှူုကြောန့် သူးနို့ဟှို တရားစီရင်တော်မူကြောန်းဟှို ဖော်ပြမယ်။”
12“နန်းနို့ဟှို ပြောပြဟှို့ဇာလေ ဘောင်ဂီးရှိဘေမဲ့ ခု နန်းနို့ခံယူနိုင်ဂေ့ မှုဟှ။ 13အယ်ကြောန့် ဘုရားသခင်ကြောန်းနဆိုင်ဟှူ သမ္မာတရားဟှို လမ်းပြပေးမယ့် ဝိညာဉ်တော် ကြွလာဟှူ ခီမာ နန်းနို့ဟှို သမ္မာတရား အားလောင်းဟှို ဖွမ့်ပြတော်မူလေ့မယ်။ အယ်ဝိညာဉ်တော်ဟှာ သူ့ဆန္ဒတိုင်း ပြောနေဇာမှုဘဲ သူကြားရဇာလေဟှို ပြောပြဘီးဟှာ ဖြစ်လာဟှို့ ဇာလေဟှိုလည်း ပြောပြလေ့မယ်။ 14သူဟှာ ငါပြောနေဇာလေဟှိုဘဲ့ နန်းနို့ဟှို ပြောပြပေးနေဟှူကြောန့် ငါ့ဖောင်းသရေတော်ဟှို ထန်ရှားစေလေ့မယ်။ 15ငါ့ဖမာ ရှိဇာလေ အားလောင်းဟှာ ငါ့ဇာလေဖြစ်ဟှယ်။ အယ်ကြောန့် ဝိညာဉ်တော်ဟှာ ငါပြောဟှားဟှူ စကားလေဟှို နန်းနို့ဟှို ပြောပြလေ့မယ်။”
ဝန်းနဲဇာန ဝန်းသာဇာ
16“ခီနဲနဲကြာဘီးဟှာ နန်းနို့ဟှာ နော့‑က်ထပ် ငါ့ဟှို တွိရလေ့ဟှို့မှုဘီ။ အယ်ဘီးန ခီနဲနဲကြာဘီးဟှာ နန်းနို့ဟှာ ငါ့ဟှို ပ္လန်တွိရလေ့မယ်။”
17တဗဲ့တော်တချို့ဟှာ “ခီနဲနဲကြာဘီးဟှာ နို့လေဟှာ ကိုယ်တော့်ဟှို တွိရဟှို့မှုဘီ။ အယ်ဘီးန ခီနဲနဲကြာဘီးဟှာ နို့လေဟှာ ကိုယ်တော့်ဟှို ပ္လန်တွိရလေ့မယ်။ ‘ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ ဖနားဟှို သွားရအူးမယ်’ ဆိုဘီး နို့လေဟှို မိန့်တော်မူနေဇာဟှ ဖြားဓိပါယ်နူး ဆိုဘီး သူးနို့ရှင်းရှင်း မေးနေဂေ့ဟှယ်။ 18အယ်ဆိုဟှာ ‘ခီနဲနဲကြာဘီးဟှာ’ ဆိုဇာဟှ ဖြားဓိပါယ်နူး။ ကိုယ်တော် မိန့်တော်မူနေဇာလေဟှို နို့လေလည်း နားလည်ဂေ့ဟှ!”
19သူးနို့လေဟှာ ကိုယ်တော့်ဟှို မေးလျှော့‑က်ရှင်ဂေ့ဟှယ် ဆိုဇာဟှို ယေရှုဟှ သိနေတော်မူဟှူကြောန့် “‘ခီနဲနဲကြာဘီးဟှာ နန်းနို့ဟှာ ငါ့ဟှို တွိဟှို့ မှုဟှ။ အယ်ဘီးန ခီနဲနဲကြာဘီးဟှာ နန်းနို့ဟှာ ငါ့ဟှို ပ္လန်တွိရလေ့မယ်’ ဆိုဘီး ငါပြောဟှားဟှယ်။ အယ်မူကြောန်းဟှို နန်းနို့ရှင်းရှင်း မေးမြန်းနေဂေ့ဟှယ်လော။ 20နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ နန်းနို့ဟှာ ငိုကြွေးရဂေ့လေ့မယ်။ အယ်ဘေမဲ့ အယ်လောကဟှာ ဝန်းသာဂေ့လေ့မယ်။ နန်းနို့ဟှာ ဝန်းနဲရဂေ့ဘေမဲ့ နန်းနို့ရဲ့ ဝန်းနဲမှုဟှာ ဝန်းသာမှုဟှို ပ္လောန်းလဲဟှားလေ့မယ်။ 21မီးမတယော့‑က်ဟှာ သားမွီးခါနီးမာ မွီးဟှို့ခီ ရော့‑က်လာဟှူကြောန့် ဝန်းနဲမှုရှိဟှယ်။ အယ်ဘေမဲ့ သားမွီးဘီးဟှူ ခီမာ အယ်လောကမာ သားဂန်းတယော့‑က် မွီးဟှားပီးဘီတွပ် ဝန်းသာဟှားဟှူကြောန့် ဝေဒနာဟှို မေ့ဟှားလေဟှယ်။ 22ခု နန်းနို့ဟှာ ဝန်းနဲနေဂေ့ဟှယ်။ အယ်ဘေမဲ့ ငါဟှာ နန်းနို့န ပ္လန်တွိရမယ် ဖြစ်ဟှူကြောန့် နန်းနို့ရဲ့ စိနှလောင်းဟှာ ဝန်းသာဂေ့လေ့မယ်။ အယ်ဝန်းသာမှုဟှို ဖယ်သူလည်း နန်းနို့နားဟှနေ လုယူနိုင်ဂေ့ဟှ။”
23“အယ်မူနေ့ရော့‑က်လာခီမာ နန်းနို့ဟှာ ငါ့ဟှို ဖြားဇာလည်း မေးဂေ့လေ့မယ် မှုဟှ။ နန်းနို့ဟှို ငါ မှန်တိုင်းပြောမယ်၊ နန်းနို့ဟှာ ငါ့နာမအားဖြင့် တောန်းဇာအားလောင်းဟှို ဖဟှ ပေးတော်မူလေ့မယ်။#၁၆.၂၃ နန်းနို့ဟှာ ငါ့နာမအားဖြင့် တောန်းဇာအားလောင်းဟှို ဖဟှ ပေးတော်မူလေ့မယ်၊ တချို့ မူရင်းလတ်ရေးမူလေမာ နန်းနို့ဟှာ ငါ့နာမအားဖြင့် တောန်းမယ် ဆိုဟှာ ဖဟှ ပေးလေ့မယ်၊ ဆိုဘီး ပါရှိဟှယ်။ 24ခုထိ ငါ့နာမအားဖြင့် နန်းနို့ဟှာ ဖြားဇာလည်း တောန်းဂေ့သေးဟှ။ နန်းနို့ရဲ့ ဝန်းသာဇာန ပ္လဲ့ဝဟှို့တွပ် တောန်းဂေ့။ တောန်းမယ် ဆိုဟှာ ရဂေ့လေ့မယ်။
လောကဟှို အောန်တော်မူဟှူကြောန်း
25“အယ်မူဇာလေဟှို ပေါင်ဥပမာသောင်းပြုဘီး နန်းနို့ဟှို ငါပြောဟှားဟှယ်။ အယ်ဘေမဲ့ ပေါင်ဥပမာဟှို သောင်းပြုဘဲန ဖရဲ့ ကြောန်းဟှို ပွမ့်ပွမ့်လန်းလန်းဟှား ပြောရဟှို့ ခီရော့‑က်လာလေ့မယ်။ 26အယ်မူနေ့ ရော့‑က်လာဟှူ ခီမာ နန်းနို့ဟှာ ငါ့နာမအားဖြင့် တောန်းလျှော့‑က်ရလေ့မယ်။ နန်းနို့တွပ် ဖနားဟှနေ ငါဟှ တောန်းလျှော့‑က်ပေးမယ် ဆိုဘီး ပြောနေဇာ မှုဟှ။ 27ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဖကိုယ်တိုင်ဟှ နန်းနို့ဟှို ရှစ်တော်မူဟှယ်။ ငါဟှာ ဖနားဟှနေ ကြွလာဟှယ် ဆိုဇာဟှို နန်းနို့ယောင်ကြည်ဟှူကြောန့် ဖဟှာ နန်းနို့ဟှို ရှစ်တော်မူဟှယ်။ 28ငါဟှာ ဖနားဟှနေ ထွပ်လာဘီး အယ်လောကထဲဟှို ကြွလာဟှယ်။ ခု ငါဟှာ အယ်လောကဟှနေ ထွပ်ဟှားဘီးဟှာ ဖနားဟှို သွားအူးမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
29အယ်ဘီးန တဗဲ့တော်လေဟှာ ကိုယ်တော့်ဟှို “ခု ကိုယ်တော်ဟှာ ပေါင်ဥပမာဟှို သောင်းပြုဘဲန ပွမ့်ပွမ့်လန်းလန်းဟှား ဟောပြောတော်မူဟှယ်။ 30ကိုယ်တော်ဟှာ အားလောင်းဂူဟှို သိတော်မူဘီး ဖယ်လူလည်း ကိုယ်တော့်ဟှို မေးလျှော့‑က်ဟှို့လိုအပ်ဟှ ဆိုဇာဟှို ခု ကျွန်တော့်ဟှားလေ သိရဂေ့ဘီ။ အယ်ကြောန့် ကိုယ်တော်ဟှာ ဘုရားသခင်နားဟှနေ ကြွလာတော်မူဟှယ် ဆိုဇာဟှို ကျွန်တော့်ဟှားလေ ယောင်ကြည်ပါဟှယ်” ဆိုဘီး လျှော့‑က်ဂေ့ဟှယ်။
31ယေရှုဟှာ သူးနို့ဟှို “ခု နန်းနို့ဟှ ယောင်ကြည်ဂေ့ဘဲ့လော 32နန်းနို့ဟှာ ဖ္လဲဖ္လဲစင်ဖြစ်ဟှားဘီး နန်းနို့အီဟှို ပ္လန်ဟှားဂေ့ဟှူ ခီမာ ငါ့ဟှို တယော့‑က်ဒဲ ထားရစ်ဟှို့ ခီဟှာလည်း ခုဘဲ့ ရော့‑က်နေဘီ။ အယ်ဘေမဲ့ ဖဟှာ ငါ့နတူးဒူရှိနေတော်မူဟှူကြောန့် ငါဟှာ တယော့‑က်ဒဲ မှုဟှ။ 33နန်းနို့ဟှာ ငါ့အားဖြင့် ငြီသတ်မှုရှိဟှို့တွပ် အယ်စကားဟှို ငါပြောပီးဘီ။ နန်းနို့ဟှာ အယ်လောကမာ ဆင်းရဲဒေါက်ခ ခံရဂေ့လေ့မယ်။ အယ်ဘေမဲ့ ကြော့‑က်ဂေ့န! ငါဟှာ လောကဟှို အောန်ဟှားပီးဘီ!” ဆိုဘီး မိန့်တော်မူလေဟှယ်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in