YouVersion Logo
Search Icon

တမန်တော် 16

16
ပေါလု၊ သိလလေနတူးဒူ တိမောသေ လိုက်ဟှားကြောန်း
1ပေါလုဟှာ ဒေရဗေဗြို့န လုတ္တရဗြို့ဟှို ရော့‑က်လာဟှယ်။ လုတ္တရဗြို့မာ တိမောသေ နာမယ်ရှိဟှူ တဗဲ့တော်တယော့‑က်ရှိဟှယ်။ သူ့မိဟှာ ယောင်ကြည်ဟှူ ယုဒလူမျိုးဖြစ်ဟှယ် သူ့ဖဟှာ ဟေလသလူမျိုးဖြစ်ဟှယ်။ 2လုတ္တရဗြို့န ဣကောနိဗြို့ဟှ ညီကို မောန်နှမလေထဲမာ အသရေရှိဘီး သတ်သေခံနိုင်ဟှူ လူလည်းဖြစ်ဟှယ်။ 3ပေါလုဟှာ တိမောသေဟှို သူးနို့နတူးဒူ လိုက်ဟှို့ရအောန် ဆိုဘီး အယ်နေရာမာရှိဟှူ ယုဒလူမျိုးလေကြောန့် သူ့ဟှို ရေဖျားလှီးပေးလေဟှယ်။ အယ်မျိုး လောက်ရဟှူကြောန်းဟှ တိမောသေရဲ့ ဖဟှ ဟေလသလူမျိုးဖြစ်ဟှယ် ဆိုဇာဟှို သူးနို့လေ ဂူလောင်း သိဂေ့ဟှယ်။ 4သူးနို့ဟှာ ဗြို့လေဟှို ဖြတ်ဟှားဘီး ယေရုရှလင်ဗြို့မာနေဟှူ တမန်တော်လေန သင်းလူဂီးလေ ဆောင်းဖြတ်ဟှားဟှူ စည်းမျဉ်းလေဟှို စောန့်ထီးဟှို့တွပ် ယောင်ကြည်သူလေဟှို ပေးအပ်ဂေ့ဟှယ်။ 5အယ်ကြောန့် သင်းတော်လေဟှာ ယောင်ကြည်မှု ပိုခိုင်မြဲလာဘီး နေ့တိုင်း လူဦးရေ တိုးပွားလာလေဟှယ်။
တရောဗြို့မာ ပေါလုဗြင်ရဟှူ ရူပါရောင်ကြောန်း
6သူးနို့ဟှာ ဖြူဂိပြည်န ဂလာတိပြည်ဟှို ဖြတ်ဟှားဂေ့ဟှယ်။ သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ သူးနို့ဟှို အာရှိပြည်မာ တရားဟောဟှို့တွပ် ခွမ့်ပေးဟှ။ 7သူးနို့ဟှာ မုသိပြည်နယ်စပ်ဟှို ရော့‑က်ဟှားဂေ့ဟှူ ခီမာ ဗိသုနိပြည်ဟှို သွားဟှို့တွပ် ကြိုးစားဂေ့ဟှယ်။ အယ်ဘေမဲ့ သခင်ယေရှုရဲ့ ဝိညာဉ်တော်ဟှ သူးနို့ဟှို ခွမ့်ပေးဟှမ်း။ 8အယ်ကြောန့် သူးနို့ဟှာ မုသိပြည်ဟှို ဖြတ်ဟှားဘီး#၁၆.၈ ဖြတ်ဟှားဘီး၊ အယ်မျိုးမှုဘဲနေဟှာ ဖြတ်သွားဟှားဟှယ်။ တရောဗြို့ဟှို သွားဂေ့ဟှယ်။ 9အယ်ညဉ့်မာ ပေါလုဟှာ “မာကေဒေါနိပြည်ဟှို လာဘီးဟှာ ကျွန်တော့်လေဟှို ကူညီမဇပါ” ဆိုဘီး မာကေဒေါနိပြည်သား တယော့‑က်ဟှာ ရပ်ဘီးဟှာ တောန်းဗန်နေဇာဟှို ရူပါရောင်ထဲမာ ဗြင်ရဟှယ်။ 10ပေါလုဟှ အယ်ရူပါရောင်ဟှို ဗြင်ဘီးန မာကေဒေါနိပြည်သားလေဟှို ဒန်းကောန်းဟောဟှို့တွပ် ဘုရားသခင်ဟှာ နို့လေဟှို ခေါ်တော်မူဟှယ် ဆိုဘီး ရှစ်ရှင်းဘဲ မာကေဒေါနိပြည်ဟှို သွားဟှို့တွပ် ဆောင်းဖြတ်ဂေ့ဟှယ်။
ဖိလိပ္ပိဗြို့မာ လုဒိရဲ့ ပ္လောန်းလဲရှင်းကြောန်း
11ကျွန်တော့်လေဟှာ တရောဗြို့ဟှနေ သာမောသရက်ကျွန်းဟှို သန်းဖောန သွားဂေ့ဘီးန နော့‑က်တနေ့မာ နာပေါလိဗြို့ဟှို ရော့‑က်ဟှားဂေ့ဟှယ်။ 12အယ်ဗြို့ဟှနေဘီး ဖိလိပ္ပိဗြို့ဟှို သွားဂေ့ဟှယ်။ ဖိလိပ္ပိဗြို့ဟှာ မာကေဒေါနိပြည်ရဲ့ ပထမနယ်ရဲ့ ဗြို့တဗြို့၊#၁၆.၁၂ မာကေဒေါနိပြည်ရဲ့ ပထမနယ်ရဲ့ ဗြို့တဗြို့၊ တချို့ မူရင်းလတ်ရေးမူလေမာ မာကေဒေါနိပြည်ရဲ့ ဗြို့ဟှို ဦးတယ်ဟှယ်၊ အယ်မျိုးမှုဘဲနေဟှာ မာကေဒေါနိပြည်မာရှိဟှူ ဗြို့ဟှို ဦးတယ်ဟှယ်၊ ဆိုဘီး ပါရှိဟှယ်။ ရောမလတ်အော့‑က်ခံဟှူ ဗြို့လည်းဖြစ်ဟှယ်။ အယ်ဗြို့မာ ကျွန်တော့်လေဟှာ ကြာဂီးနေဂေ့ဟှယ်။ 13ဒန်းနေ့မာ နို့လေဟှာ ဗြို့ပ္လန်ဟှို ထွပ်ဂေ့ဟှယ်။ အယ်ဘီးန ဆုတောန်းဟှို့တွပ် နေရာရှိနိုင်ဟှယ် ဆိုဘီး စိထန်န မြစ်ကမ်းနားဟှို သွားဘီး အယ်နေရာမာ စုနေဟှူ မီးမလေဟှို ဟောဂေ့ဟှယ်။ 14အယ်လူလေထဲမာ သွာတိရဗြို့ဟှ ခရမ်းရောန် ဝတ်လေဟှို ရောန်းဝယ်မား လုဒိနာမယ်ရှိဟှူ မီးမတယော့‑က်လည်း နားထောန်နေဟှယ်။ သူဟှာ ဘုရားသခင်ဟှို ကိုးကွယ်ဟှူသူ ဖြစ်ဟှယ်။ သခင်ဘုရားဟှာ ပေါလုဟောနေဟှူ တရားစကားဟှို အာရောင်စိုက်ဟှို့တွပ် အယ်မီးမရဲ့ စိနှလောင်းဟှို ဖွမ့်ပေးဟှယ်။ 15သူ့နတူးဒူ အီသူအီသားလေဟှာ ဗတ္တိဇံခံဘီးန လုဒိဟှ “ကျွန်မဟှာ သခင်ဘုရားဟှို တကယ်ယောင်ကြည်သူ ဖြစ်ဟှယ် ဆိုဘီး ဆောင်းဖြတ်ဟှယ် ဆိုဟှာ ကျွန်မအီဟှို လာဘီးဟှာ နေဂေ့ပါ” ဆိုဘီး ကျွန်တော့်လေဟှို တောန်းဗန်လေဟှယ်။
ပေါလုန သိလလေဟှာ ဖိလိပ္ပိဗြို့မာ ထောန်ခ္လခံရကြောန်း
16တနေ့မာ ကျွန်တော့်လေဟှာ ဆုတောန်းဟှူ နေရာဟှို သွားဂေ့ဟှူ ခီမာ ဗေဒန်ဟောနိုင်ဟှူ၊ နတ်ဝမ်ပူးနေဟှူ၊ စေခံမီးမဂန်း တယော့‑က်ဟှို တွိဂေ့ဟှယ်။ သူဟှာ အယ်မျိုး ဗေဒန်ဟောရှင်းအားဖြင့် သူ့ဇရှင်ဟှို ကပ်လေဘောင်ဂီး ရစေဟှယ်။ 17အယ်စေခံဟှာ ပေါလုန ကျွန်တော့်လေ နော့‑က်ဟှိုလိုက်ဘီးဟှာ “အယ်လူလေဟှာ ဗြစ်ဆောင်းဟှူ ဘုရားသခင်ရဲ့ စေခံလေဖြစ်ဟှယ်! သူးနို့ဟှာ နန်းနို့ဟှို ဖယ်မျိုး ကယ်တန်ခံရနိုင်ဟှယ် ဆိုဇာဟှို ဟောဟှူလူလေဖြစ်ဟှယ်” ဆိုဘီး အော်နေဟှယ်။ 18အယ်မီးမဂန်းဟှားဟှာ ရစ်လေကြာဂီး အယ်မျိုးလောက်နေကြောန့် ပေါလုဟှာ ရရာတိုင်း စိနှောက်ရှစ်ဖြစ်လာဘီး၊ နော့‑က်ဟှိုလှည့်ဘီးဟှာ “နန်ဟှာ အယ်မီးမဂန်းဟှားထဲဟှနေ ထွပ်ဟှားလိုက်။ ယေရှုခရစ်တော်ရဲ့ နာမတော်နှိုက် နန့်ဟှို ငါ မိန့်ပေးဟှယ်!” ဆိုဘီး အယ်နတ်ဟှို ပြောလေဟှယ်။ ရှစ်ရှင်းဘဲ အယ်နတ်ဟှာ ထွပ်ဟှားဟှယ်။ 19မီးမဂန်းဟှားရဲ့ ဇရှင်ဟှာ သူးနို့မာ ကပ်ဝမ်ဟှို့တွပ် မျှော်လင့်ချစ်မှေ့ဘီ ဆိုဇာဟှို သိဟှူ ခီမာ ပေါလုန သိလလေဟှို ဖမ်းဘီးဟှာ လူလေစုဝီးဟှူ နေရာမာရှိနေဟှူ အာဏာပိုင်လေနားဟှို ဆွဲခေါ်ဟှားဂေ့ဟှယ်။ 20ရောမရာရှိလေရဲ့ ရှေ့ဟှို ရော့‑က်ဟှူ ခီမာ “အယ်လူလေဟှာ ယုဒလူမျိုးလေ ဖြစ်ဂေ့ဟှယ်။ ကျွန်တော့်လေ ဗြို့ဟှို ဆူပူအောန် လောက်နေဂေ့ဟှယ်။ 21ရောမနိုင်ငံသားလေဖြစ်ဟှူ၊ ကျွန်တော့်လေ လတ်ခံအပ်ဘဲဟှူ၊ ကျင့်သောင်းအပ်ဘဲဟှူ ထောင်းဒန်းစဉ်လာလေဟှို သူးနို့လေဟှာ သွန်သန်နေဂေ့ဟှယ်” ဆိုဘီး လျှော့‑က်ဟှားဂေ့ဟှယ်။ 22လူအောက်ဂီးဟှလည်း ပေါလုန သိလလေဟှို ဆန့်ကျင်ဂေ့ဟှယ်။
ရာရှိလေဟှာ အယ်လူနှေ့ယော့‑က်ရဲ့ ဝတ်လေဟှို ဆုဖ္လဲ့ဘီး သူးနို့ဟှို ကီဒန်ပေးဟှို့တွပ် မိန့်ပေးဂေ့ဟှယ်။ 23သူးနို့ဟှို ပြင်းပြင်းထန်းထန်ဟှား ရိုက်ဘီးန ထောန်ထဲမာ ထားဟှားဂေ့ဟှယ်။ အယ်ဘီးန သူးနို့ဟှို လောင်းလောင်ခြောင်းခြောင်ဟှား ထားဟှို့တွပ် ထောန်မှူးဟှို မိန့်ပေးဂေ့ဟှယ်။ 24အယ်မျိုး မှာလိုက်ဟှူတိုင်း ထောန်မှူးဟှာ သူးနို့ဟှို ထောန်ရဲ့ ထဲခန်းမာ ထားဟှားဘီးဟှာ သူးနို့ ခေလေဟှိုလည်း ထိတောင်းခတ်ဟှားလိုက်ဟှယ်။
25ညဉ့်သန်းဂေါန်ခီမာ ပေါလုန သိလလေဟှာ ဘုရားသခင်ဟှို ဆုတောန်းဘီး ချီးမွမ်းချင်း ဆိုနေဂေ့ဟှယ်။ သူးနို့လေ ချင်းဆိုနေဇာဟှို တခြားထောန်သားလေလည်း နားထောန်နေဂေ့ဟှယ်။ 26အယ်ခီမာ ရော့‑က်တရစ် ပြင်းထန်ဟှူ မ္လေဂီးလှောက်လာဘီး ထောန်ရဲ့ အုပြစ်လေဟှာ လှောက်ခါလာဟှယ်။ ခွဗော့‑က်လေ ဂူလောင်းဟှာ ရှစ်ရှင်းဘဲ ပွမ့်ထွပ်ဟှားဘီး ထောန်သားလေ ဂူလောင်းရဲ့ ခယ်ဟှားဟှူ သံကြိုးလေလည်း ပ္လုထွပ်ဟှားဂေ့ဟှယ်။ 27ထောန်မှူးဟှာ အိယာဟှ နိုးဟှားဘီး ပွမ့်နေဟှူ ထောန်ခွဗော့‑က်လေဟှို ဗြင်ဟှူ ခီမာ ထောန်သားလေဟှာ ထွပ်ပ္လေးဟှားဘီ ဆိုဘီး စိထန်နေဟှူကြောန့် ထားဟှို ဆွဲထုဘီးန သူ့ကိုယ်သူ သတ်ဟှို့ လောက်နေဟှယ်။ 28အယ်ဘေမဲ့ ပေါလုဟှ “နန့်ကိုယ်နန် အန္တရာယ်ဖြစ်စေန! နို့လေဂူလောင်း အယ်နေရာမာ ရှိနေဂေ့ဟှယ်” ဆိုဘီး သံက္လယ်ဂီးန အော်ပြောလေဟှယ်။
29ထောန်မှူးဟှာ မီးတိုင်ဟှို တောန်းဘီးန ပ္လေးဝမ်ဟှားဘီး ပေါလုန သိလလေရဲ့ ခေရင်းမာ တောင်လှောက်ဘီး ပျပ်ဝပ်နေဟှယ်။ 30အယ်ဘီးန သူးနို့ဟှို ပ္လန်ဟှို ခေါ်ဆောန်လာဘီးဟှာ “ဆရာလေ၊ ကျွန်တော်ဟှာ ကယ်တန်ခံရဟှို့တွပ် ဖြားမျိုးလောက်ဟှို့နူး” ဆိုဘီး မေးလိုက်ဟှယ်။
31သူးနို့ဟှလည်း “သခင်ယေရှုဟှို ယောင်ကြည်ပါ။ ယောင်ကြည်မယ် ဆိုဟှာ နန့်န နန့်မိသားစုဟှာ ကယ်တန်ခံရလေ့မယ်” ဆိုဘီး ပ္လန်ဖြေလေဟှယ်။ 32အယ်ဘီးန သူ့န သူ့အီမာရှိနေဟှူ လူလေ ဂူလောင်းဟှို သခင်ဘုရားရဲ့ စကားတော်ဟှို ဟောပြောဂေ့ဟှယ်။ 33အယ်ညဉ့်မာဘဲ့ ထောန်မှူးဟှာ ပေါလုန သိလလေဟှို ခေါ်ဘီးဟှာ ဒန်ရာလေဟှို ဆေးပေးဟှယ်။ အယ်ဘီးန သူ့န သူ့အီသူအီသား ဂူလောင်းဟှာ ရှစ်ရှင်းဘဲ ဗတ္တိဇံခံဂေ့ဟှယ်။ 34သူဟှာ ပေါလုန သိလလေဟှို သူ့အီဟှို ခေါ်ဘီးဟှာ စားဇာလေဟှို ကျွေးဟှယ်။ သူ့န သူ့မိသားစုဟှာ ဘုရားသခင်ဟှို ယောင်ကြည်ရဂေ့ကြောန့် ရရာတိုင်း ဝန်းသာဂေ့ဟှယ်။
35နော့‑က်တနေ့ မိုးလန်းဟှားဟှူ ခီမာ ရောမအာဏာပိုင်လေဟှာ သူးနို့လေဟှို ထောန်ဟှနေ လွှတ်လိုက်ဟှို့တွပ် ရဲရာရှိလေဟှို မိန့်ပေးလိုက်ဟှယ်။
36အယ်ကြောန့် ထောန်မှူးဟှာ ပေါလုဟှို “ရာရှိလေဟှာ နန်းနို့ဟှို ထောန်ဟှနေ လွှတ်ဟှို့တွပ် ပြောဟှားဟှယ်။ အယ်ကြောန့် ငြီးငြီးချမ်းချမ်းဟှား သွားဂေ့ပါ” ဆိုဘီး ပြောဟှယ်။
37ပေါလုဟှ “ရောမနိုင်ငံသားဖြစ်ဟှူ နို့လေဟှို စစ်ကြောစီရင်ဘဲန လူလေရှေ့မာ ရိုက်ဂေ့ဟှယ်! အယ်ဘီးန နို့လေဟှို ထောန်ခ္လဟှားဂေ့ဟှယ်။ ခုလည်းဘဲ့ နို့လေဟှို တိတိဟှား လွှတ်လိုက်ဂေ့ဟှို့လော။ အယ်မျိုးလောက်သင့်ဟှ! သူးနို့ ကိုယ်တိုင်လာဘီး နို့လေဟှို ထောန်ဟှနေ လာထုဂေ့” ဆိုဘီး ရဲရာရှိလေဟှို ပြောဟှယ်။
38ရဲရာရှိလေဟှာ အယ်ကြောန်းဟှို ရာရှိလေဟှို ပ္လန်ပြောဂေ့ဟှယ်။ ပေါလုန သိလလေဟှာ ရောမနိုင်ငံသား ဖြစ်ကြောန်းဟှို ရာရှိလေဟှာ ကြားရဟှူ ခီမာ ကြော့‑က်လန့်ဂေ့ဟှယ်။ 39အယ်ကြောန့် သူးနို့ဟှာ လာဘီးဟှာ ပေါလုန သိလလေဟှို တိုက်တွန်းဂေ့ဟှယ်။ အယ်ဘီးန သူးနို့လေဟှို ထောန်ဟှနေ ထုဆောန်ဘီးဟှာ အယ်ဗြို့ဟှနေ ထွပ်ဟှားဟှို့တွပ် တောန်းဗန်ဂေ့ဟှယ်။ 40ပေါလုန သိလလေဟှာ ထောန်ထဲဟှ ထွပ်ဘီးဟှာ လုဒိအီဟှို သွားဂေ့ဟှယ်။ အယ်ဘီးန ညီကို မောန်နှမလေဟှို တွိဘီးဟှာ အားပေးစကားလေဟှို ပြောဘီးန အယ်ဗြို့ဟှနေ ထွပ်ဟှားဂေ့ဟှယ်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in