တမန်တော် 14
14
ဣကောနိဗြို့မာ မှုတော်မြတ်ကြောန်း
1ဣကောနိဗြို့မာလည်း ပေါလုန ဗာနဗဟှာ ယုဒလူမျိုးလေရဲ့ ဝါလယ်ဇရပ်ဟှို ဝမ်ဘီးဟှာ ဟောပြောဟှူ ခီမာ ယုဒလူမျိုးလေန လူမျိုးခြားလေဟှာ ဘောင်ဂီး ယောင်ကြည်ဂေ့ဟှယ်။ 2အယ်ဘေမဲ့ ယောင်ကြည်ဘဲ့ဟှူ ယုဒလူမျိုးလေဟှာ လူမျိုးခြား ညီကိုလေဟှို နာလိုဘဲစိ ဖြစ်လာဟှို့တွပ် ဆွပေးဂေ့ဟှယ်။ 3ပေါလုန ဗာနဗလေဟှာ အယ်ဒေသမာ ကြားကြာဟှား နေဘီးဟှာ သခင်ဘုရားရဲ့ကြောန်းဟှို ရဲရဲရင့်ရင့်ဟှား ဟောပြောဂေ့ဟှယ်။ ကိုယ်တော်ဟှာ အယ်လူလေဟောပြောဟှူ ကျေးဇူးတော်တရားဟှာ မှန်ကန်ဟှယ် ဆိုဇာဟှို သတ်သေပြဟှို့တွပ် သူးနို့လေဟှို အံ့ဩဘွယ်ရာလေန နိမိတ်လတ်ခဏာလေဟှို ပြနိုင်ဟှို့ တဂိုးဟှို ပေးဟှယ်။ 4ဗြို့သူဗြို့သားလေဟှာ နှေ့စုကွဲဟှားဂေ့ဟှယ်။ တစုဟှ ယုဒလူမျိုးလေဖတ်ဟှို ပါဟှားဘီး နော့‑က်တစုဟှ တမန်တော်လေဖတ်ဟှို ပါဟှားဂေ့ဟှယ်။
5ရာရှိလေ၊ ယုဒလူမျိုးလေန လူမျိုးခြား တချို့လေဟှာ တမန်တော်လေဟှို ညှဉ်းဆဲဘီး က္လော့‑က်ခဲနပစ်ဟှို့တွပ် ဆောင်းဖြတ်ဂေ့ဟှယ်။ 6အယ်ကြောန်းဟှို တမန်တော်လေဟှ ကြားရဟှူ ခီမာ လုကောနိပြည်ထဲဟှ လုတ္တရဗြို့၊ ဒေရဗေဗြို့န နီးနားဟှဒေသဟှို ထွပ်ပ္လေးဟှားဂေ့ဘီး၊ 7အယ်နေရာမာ သူးနို့ဟှာ ဒန်းကောန်းဟှို ဟောပြောဂေ့ဟှယ်။
လုတ္တရဗြို့န ဒေရဗေဗြို့မာ မှုတော်ဆောန်ဟှူကြောန်း
8လုတ္တရဗြို့မာ မွီးဂဒဲဟှ ခေသန်ဘဲကြောန့် လောင်းဝ လမ်းရှော့‑က်နိုင်ဘဲဟှူ လူတယော့‑က်ရှိဟှယ်။ 9သူဟှာ အယ်နေရာမာ ထိုင်ဘီး ပေါလုရဲ့စကားဟှို နားထောန်နေဟှယ်။ ပေါလုဟှာ သူ့ဟှို စိစိကေ့လိုက်ဟှူကြောန့် ကျန်းမာနိုင်ဟှူ ယောင်ကြည်ရှင်းရှိဟှယ် ဆိုဇာဟှို ဗြင်ဟှူ ခီမာ 10“ထဘီးဟှာ မတ်တတ်ရပ်လိုက်” ဆိုဘီး သံက္လယ်ဂီးန အော်လိုက်ဟှယ်။ အယ်လူဟှာ ထခူဘီးဟှာ စဘီးလမ်းရှော့‑က်လေဟှယ်။ 11လူအောက်ဂီးဟှာ ပေါလုလောက်ဟှူဇာလေဟှို ဗြင်ဟှူ ခီမာ “နတ်ဘုရားလေဟှာ လူယောန်ဆောန်ဘီးဟှာ နို့လေနားဟှို လာဟှယ်!” ဆိုဘီး သူးနို့ဟှာ လုကောနိ ဘာသာစကားန စဘီးဟှာ အော်ပြောဂေ့ဟှယ်။ 12သူးနို့ဟှာ ဗာနဗဟှို ဇုသ ဆိုဘီး ခေါ်ဂေ့ဟှယ်။ ပေါလုဟှာ ဦးဆောန်ဟောပြောသူ ဖြစ်ဟှူကြောန့် ဟေရမေ ဆိုဘီး ခေါ်ဂေ့ဟှယ်။ 13ဇုသရဲ့ နတ်ဘုရားဗိမာန်ဟှာ ဗြို့ပ္လန်မာရှိဟှူကြောန့် အယ်နတ်ဘုရားရဲ့ ယဇ်ပုရောဟိတ်ဟှာ နွားလားလေန ပန်းဂေါင်းလေဟှို ဗြို့ခွဗော့‑က်ဝဟှို ယူလာဂေ့ဟှယ်။ သူ့နတူးဒူ လူအောက်ဂီးလည်း တမန်တော်လေဟှို ပူဇော်ရှင်ဂေ့ဟှယ်။
14အယ်ဘေမဲ့ တမန်တော်ဗာနဗန ပေါလုလေဟှ အယ်ကြောန်းဟှို ကြားရဂေ့ဟှူ ခီမာ သူးနို့ရဲ့ အန်းဂီလေဟှို ဆုဖ္လဲ့ဘီးဟှာ လူလေကြားထဲဟှို ပ္လေးလာဘီးဟှာ 15“နန်းနို့ဟှာ ဖြားဖြစ်ကြောန့် အယ်မျိုးလောက်ဂေ့နူး။ နို့လေဟှ နန်းနို့မျိုးဘဲ့ သာမန်လူလေဖြစ်ဂေ့ဟှယ်! နန်းနို့ဟှာ အယ်မျိုး ကျိုးမှေ့ဘဲ့ဟှူ ဇာလေဟှို ပစ်လွှပ်ဂေ့ဘီးဟှာ သတ်ရှင်ဟှူ ဘုရားသခင်ဖတ်ဟှို ပ္လန်လာဟှို့တွပ် နန်းနို့ဟှို ဒန်းကောန်းပြောဟှို့တွပ် ရော့‑က်လာဟှယ်။ သတ်ရှင်ဟှူ ဘုရားသခင်ဟှာ ကောန်းဂန်န မ္လေဂီး၊ ပန်လယ်န ရှိမျှဂူလောင်းဟှိုလည်း ဖန်ဆင်းဟှားဟှယ်။ 16ရင်းရင်ဒူးဟှ ဆိုဟှာ ကိုယ်တော်ဟှာ လူလေ ဂူလောင်းဟှို သူးနို့ရဲ့ လမ်းစဉ်တိုင်း ရှော့‑က်လှမ်းဟှို့ ခွမ့်ပေးဟှားဟှယ်။ 17အယ်ဘေမဲ့ ကောန်းဇာလေ လောက်ရှင်းအားဖြင့် ကိုယ်တော် ရှိဟှယ် ဆိုဇာဟှို သတ်သေထော့‑က်ထားလေန လူလေဟှို မြဲဒမ်း ပြဟှယ်။ ကိုယ်တော်ဟှာ ကောန်းဂန်ဟှနေ မိုးဝါစေဘီးဟှာ သီးနှံလေဟှို ဖြစ်စေဟှယ်။ နန်းနို့ဟှို စားဇာလေဟှို ပေးဘီး နန်းနို့ရဲ့စိဟှို ရွှင်လန်းစေဟှယ်” ဆိုဘီး အော်ဘီးပြောဟှယ်။ 18တမန်တော်လေဟှာ အယ်မျိုးပြောဘေမဲ့လည်း ပူဇော်ဆစ်သဟှို့တွပ် လောက်နေဟှူ လူလေဟှို ခတ်ခတ်ခဲခဲ တားနေရဟှယ်။
19အန္တိအုတ်ဗြို့န ဣကောနိဗြို့ဟှနေ ရော့‑က်လာဂေ့ဟှူ ယုဒလူတချို့ဟှာ သူးနို့ဖတ်ဟှို ပါအောန် စည်းရောင်းဂေ့ဟှယ်။ အယ်ဘီးန ပေါလုဟှို က္လော့‑က်ခဲန ပစ်ဘီးဟှာ သေဟှားဘီ ဆိုဘီး ထန်ဘီးဟှာ ဗြို့ပ္လန်ဟှို ဆွဲထုဂေ့ဟှယ်။ 20အယ်ဘေမဲ့ သူ့နားဟှို တဗဲ့တော်လေဟှာ စုလာဂေ့ဟှူ ခီမာ ပေါလုဟှာ ဗြို့ထဲဟှို ပ္လန်ဝမ်ဟှားဟှယ်။ နော့‑က်တနေ့မာ ပေါလုန ဗာနဗဟှာ ဒေရဗေဗြို့ဟှို ထွပ်ဟှားဂေ့ဟှယ်။
ရှုရိပြည် အန္တိအုတ်ဗြို့ဟှို ပ္လန်လာကြောန်း
21ပေါလုန ဗာနဗလေဟှာ ဒေရဗေဗြို့မာ ဒန်းကောန်းဟှို ဟောပြောဂေ့ဟှူ ခီမာ လူဘောင်ဂီးဟှ တဗဲ့တော်ဖြစ်လာဂေ့ဟှယ်။ အယ်ဘီးန လုတ္တရဗြို့၊ ဣကောနိဗြို့န ပိသိဒိပြည် အန္တိအုတ်ဗြို့ဟှို ပ္လန်ဂေ့ဟှယ်။ 22တဗဲ့တော်လေဟှို ခိုင်ခန့်စေဘီး သူးနို့လေရဲ့ ယောင်ကြည်ရှင်းစိဟှို ခိုင်မြဲဟှို့တွပ် တိုက်တွန်းဂေ့ဟှယ်။ သူးနို့ဟှာ “နို့လေဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဝမ်ဟှို့တွပ် ဒေါက်ခဆင်းရဲ ဘောင်ဂီး ခံရလေ့မယ်” ဆိုဘီး သွန်သန်ဂေ့ဟှယ်။ 23ပေါလုန ဗာနဗလေဟှာ သင်းတော်လေမာ လူဂီးလေဟှို ခန့်ဟှားဂေ့ဟှယ်။ စာရှောန်ဆုတောန်းဘီးန သူးနို့ယောင်ကြည်ဂေ့ဟှူ သခင်ဘုရားနားဟှို သူးနို့လေဟှို အပ်ပေးလိုက်ဟှယ်။
24ပေါလုန ဗာနဗဟှာ ပိသိဒိပြည်ဟှို ဖြတ်ဘီးန ပံဖုလိပြည်ဟှို ရော့‑က်ဟှားဂေ့ဟှယ်။ 25သူးနို့ဟှာ ပေရဂေဗြို့မာ တရားဟှို ဟောဂေ့ဟှယ်။ အယ်ဘီးန အတ္တလိဗြို့ဟှို သွားဘီးဟှာ၊ 26အန္တိအုတ်ဗြို့ဟှို သန်းဖောန သွားဂေ့ဟှယ်။ အယ်ဗြို့ဟှာ ခုသူးနို့ရဲ့ မှုတော်လောက်ငန်း ပီးဟှားဟှူကြောန့် ဘုရားသခင်ရဲ့ ကျေးဇူးတော်ထဲဟှို အပ်ဘီးဟှာ လွှတ်လိုက်ဟှူဗြို့ ဖြစ်ဟှယ်။
27အန္တိအုတ်ဗြို့ဟှို ရော့‑က်ဟှူ ခီမာ သူးနို့ဟှာ သင်းတော်မာ စုခိုင်းဘီးဟှာ သူးနို့ဟှို ဘုရားသခင်ဟှ သတ်သေထူဟှားဇာလေန လူမျိုးခြားလေ ယောင်ကြည်လာဟှို့တွပ် ကိုယ်တော်ဟှာ ယောင်ကြည်ရှင်း ခွဗော့‑က်ဟှို ဖွမ့်ပေးဟှူကြောန်းလေဟှို ပ္လန်ပြောပြဂေ့ဟှယ်။ 28အယ်ဘီးန သူးနို့ဟှာ တဗဲ့တော်လေနတူးဒူ ကြာဂီးနေဟှယ်။
Currently Selected:
တမန်တော် 14: NTDWB24
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© The Word for the World International, 2024.