YouVersion Logo
Search Icon

မာကု 7

7
ရှီးလူကြီးရို့၏ သွန်သင်ခြင်း
(မဿဲ ၁၅.၁–၉)
1ထိုအခါ ယေရုဆလင်မြို့မှ လာသော ဖာရိယှဲတချို့နှင့် ကျမ်းတတ်ဆရာတချို့သည် ယေသျှုအပါး၌ လာရောက်စုဝေးကြ၏။ 2ယေသျှု၏ တပည့်တော်တချို့သည် မစင်ကြယ်သော လက်တည်းဟူသော ရီမဆီးသောလက်ဖြင့် အစာစားကြသည်ကို တွိ့မြင်ကြ၏။
( 3ဖာရိယှဲရို့နှင့် ယုဒအမျိုးသားရို့သည် ရှီးလူကြီးရို့၏ သွန်သင်ချက်နှင့်အညီ လက်မဆီးဘဲ အစာစားလေ့ မဟိကြ။ 4ဈီးမှဝယ်လာသမျှ အရာအားလုံးကိုလည်း အယင် မဆီးကြောဘဲ မစားကြ။#၇.၄ ဈီးမှဝယ်လာသမျှ အရာအားလုံးကိုလည်း အယင် မဆီးကြောဘဲ မစားကြ၊ သို့မဟုတ် ဈီးမှ ပြန်လာပြီးနောက် သူရို့ကိုသူရို့ အယင်မဆီးကြောဘဲ၊ ဇာချင့် အစာကိုမျှ မစားကြ။ အိုး၊ ခွက်၊ ကြီးဖလားနှင့် အိပ်ရာများကို ဆီးကြောလျှော်ဖွတ်ပြီးမှ အသုံးပြုကြ၏။#၇.၄ အချို့သော မူရင်းလက်ရီးမူကျမ်းများတွင် နှင့် အိပ်ရာ၊ ဟူ၍ မပါဟိပေ။ အခြားသော ဓလေ့အစဉ်အလာများကိုလည်း သူရို့သည် လိုက်နာကျင့်သုံးကြ၏။)
5ထို့ကြောင့် ဖာရိယှဲနှင့် ကျမ်းတတ်ဆရာရို့က၊ “ကိုယ်တော်၏တပည့်ရို့သည် ရှီးလူကြီးရို့၏ ထုံးတမ်းအစဉ်အလာကို ဇာကြောင့် လိုက်နာကျင့်သုံးခြင်းမဟိဘဲ၊ မစင်ကြယ်သောလက်ဖြင့် စားကြသနည်း” ဟု ကိုယ်တော်အား မိန်းလျှောက်ကြ၏။
6ယေသျှုကလည်း “သင်ရို့အဖို့ ပရောဖက်ဟေသျှာယ ဟောပြောသည်ကား ကောင်းကောင်းမှန်၏။ သင်ရို့က သူတော်ကောင်း ယောင်ဆောင်သောသူတိဖြစ်၏။ ယင်းကြောင့် ဟေသျှာယက သင်ရို့ကို ရည်မှတ်၍ ရီးထားသည်ကား၊
“ ‘ဤလူမျိုးသည် နှုတ်ခမ်းနှင့်သာ ငါ့ကို ရိုသီကြ၏။
စိတ်နှလုံးမူကား ငါနှင့်ဝီးကြ၏။
7လူ့ပညတ်တိကို
ငါ၏ ပညတ်တရားကဲ့သို့
သွန်သင်ကြပြီးလျှင်၊ ငါ့ကို အချည်နှီး ကိုးကွယ်ကြ၏။’
8“သင်ရို့သည် ဘုရားသခင်၏ ပညတ်ကို ပယ်၍ လူရို့၏ဓလေ့ ထုံးတမ်းကိုသာ လိုက်နာကြ၏” ဟု မိန့်တော်မူ၏။
9တဖန် ကိုယ်တော်က၊ “သင်ရို့သည် မိမိရို့၏ ထုံးတမ်းအစဉ်အလာတိကို ကျင့်သုံးနိုင်ဖို့အတွက် ဘုရားသခင်၏ပညတ်ကို လိမ္မာပါးနပ်စွာ ပယ်ကြ၏။ 10သင်၏မိဘကို ရိုသီစွာပြုလော့။ မိဘကို ကျိန်ဆဲသောသူသည် အသီသတ်ခြင်းကို ခံစီဟု မောသျှေက ပညတ်ထားခ၏။ 11သို့သော် သင်ရို့က အကြင်သူ၌ မိဘကိုကူညီခြင်းငှာ ပစ္စည်းတစ်စုံတစ်ခု ဟိလျက်နှင့် ယင်းပစ္စည်းကို ‘ကော်ဘန်’ ဟုခေါ်သော ဘုရားသခင်အဖို့ လှူထားပြီးသော ပစ္စည်းဖြစ်၏ဟု ဆို၏။ 12ထိုသူသည် သားသမီးရို့ ပြုအပ်သောဝတ်ကို ပြုဖို့မလိုဟု သွန်သင်၏။ 13ယင်းပိုင် သင်ရို့ လက်ဆင့်ကမ်းပီးသော ထုံးတမ်းစဉ်လာတိနှင့် ဘုရားသခင်၏ နှုတ်ကပက်တော်ကို ပယ်ကြ၏။ ထိုသို့ အခြားသော အကျင့်ဓလေ့များကိုလည်း သင်ရို့သည် ပြုကြ၏” ဟု မိန့်တော်မူ၏။
လူကို မသန့်ယှင်းစီသော အရာများ
(မဿဲ ၁၅.၁၀–၂၀)
14ထို့နောက် ကိုယ်တော်သည် လူပရိသတ်ရို့အား တဖန်ခေါ်တော်မူပြီးလျှင်၊ “သင်ရို့အားလုံး ငါ့စကားကို နာယူ၍ နားလည်သိမှတ်ကြလော့။ 15လူ၏ပြင်ပမှ ဝင်သောအရာ တစ်စုံတစ်ခုမျှ လူကို မညစ်ညမ်းစီနိုင်။ လူ၏အတွင်းမှ ထွက်သောအရာကသာ လူကို ညစ်ညမ်းစီနိုင်၏။” 16#၇.၁၆ အချို့သော မူရင်းလက်ရီးမူကျမ်းများတွင် အပိုဒ်ငယ် ၁၆ ကို၊ ကြားစရာ နားဟိသောသူမည်သည်ကား ကြားကြစီ၊ ဟူ၍ ဖြည့်စွက်ထားသည် (ရှု ၄.၂၃)။
17ကိုယ်တော်သည် ပရိသတ်အစုအဝေးဟိရာမှ ထ၍ အိမ်ထဲသို့ ကြွတော်မူသောအခါ တပည့်တော်ရို့သည် ကိုယ်တော်မိန့်တော်မူခသော ပုံဥပမာများ၏ အဓိပ္ပာယ်များကို မိန်းလျှောက်ကြ၏။ 18-19ကိုယ်တော်က “သင်ရို့သည် ဤမျှပင် အသိဉာဏ်မဟိကြသလော။ အပြင်မှ လူ၏အတွင်းသို့ ဝင်သမျှသည် စိတ်နှလုံးထဲသို့မဝင်၊ အစာအိမ်ထဲသို့ ဝင်ပြီးလျှင် ရီအိမ်ထဲသို့ ဆင်းလားသောကြောင့် လူ၏ကိုယ် အတွင်းသို့ ဝင်သောအရာတိကား လူကို မညစ်ညမ်းစီနိုင်ကြောင်းကို နားမလည်ကြသလော” ဟု မိန့်တော်မူ၏။ (ဤသို့ မိန့်တော်မူခြင်းမှာ မသန့်ယှင်းသော အစားအစာ မဟိကြောင်းကို ဆိုလိုသတည်း။)
20တဖန် ကိုယ်တော်က “လူအတွင်းမှ ထွက်လာသော အရာများသာ လူကို ညစ်ညမ်းစီသော အရာဖြစ်၏။ 21လူ၏အတွင်း စိတ်နှလုံးထဲက ထွက်လာသော ညစ်ညမ်းသော အကြံအစည်၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ တရားမဲ့ပြုမူခြင်း၊ 22သူ့ဥစ္စာကို ခိုးခြင်း၊ လူ့အသက်ကို သတ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ ဆိုးယုတ်မိုက်မဲခြင်း၊ လိမ်လည်ခြင်း၊ မနာလိုခြင်း၊ သူ့အသရေကို ဖျက်ခြင်း၊ မာနထောင်ခြင်း၊ လျှပ်ပေါ်ခြင်း — 23စသော ဤအရာအားလုံးရို့သည် လူ၏ကိုယ်အတွင်းမှ ထွက်လာ၍ လူကို ညစ်ညမ်းစီသော အရာများဖြစ်ကြ၏” ဟု မိန့်တော်မူ၏။
အမျိုးသမီးတစ်ဦး၏ ယုံကြည်ခြင်း
(မဿဲ ၁၅.၂၁–၂၈)
24ထို့နောက် ယေသျှုသည် ထိုအရပ်မှထွက်၍ တုရုမြို့နယ်သို့ ကြွတော်မူ၏။ ရောက်လျှင်၊ အိမ်တစ်အိမ်တွင် ဝင်၍ တည်းခိုတော်မူ၏။ မိမိရောက်ကြောင်းကို ဇာသူ့ကိုမျှ မသိစီလိုသော်လည်း ပုန်းအောင်း၍ မနိန်နိုင်ပေ။ 25ဝိညာဉ်ဆိုးပူးသော မိန်းမသျှေတစ်ယောက်၏ အမိသည် ယေသျှု ရောက်သည်ကို ကြားလျှင် ချက်ချင်း ရောက်လာ၍ ခြီတော်ရင်း၌ ပျပ်ဝပ်ပြီးနိန်၏။ 26သူမသည် တစ်ပါးအမျိုး၊ ယှုရိပြည် ဖိနိတ်နယ်သူ ဖြစ်၏။ မိမိ၏သမီးပါးမှ နတ်ဆိုးကို နှင်ထုတ်ပီးတော်မူခြင်းငှာ ကိုယ်တော်အား တောင်းပန်၏။ 27ကိုယ်တော်ကလည်း၊ “သားသမီးတိကို ဦးစွာ ဝအောင်ကျွေးရ၏။ သားသမီးတိအဖို့ ကောင်းသောအစာကို ယူပြီးလျှင် ခွီးတိအား မကျွေးအပ်” ဟု သူမအား မိန့်တော်မူ၏။
28ထိုအမျိုးသမီးကလည်း “မှန်ပါ၏အသျှင်၊ ထိုသို့ဆိုသော်လည်း သားသမီးရို့၏ စားကြွင်း၊ စားကျန်တိကို စားပွဲအောက်မှ ခွီးတိစားရကြပါ၏” ဟု ပြန်၍ လျှောက်လေ၏။
29ထိုအခါ ယေသျှုက “သင်သည် ဤသို့ လျောက်ပတ်စွာ လျှောက်ထားသောကြောင့် အိမ်သို့ ပြန်လားလော့၊ နတ်ဆိုးသည် သင်၏သမီး အထဲက ထွက်လားယာ” ဟု မိန့်တော်မူ၏။
30ထိုအမျိုးသမီးသည် မိမိအိမ်သို့ ပြန်၍ အိပ်ရာထဲ၌ လဲနိန်သော သူမ၏သမီးပါးမှ နတ်ဆိုးထွက်လားကြောင်းကို တွိ့ရလေ၏။
အကြားအာရုံချို့တဲ့သူကို ကျန်းမာစီခြင်း
31တုရုဒေသမှ အပြန်တွင် ယေသျှုသည် ဇိဒုန်မြို့ကို လည်းကောင်း၊ ဒေကာပေါလိပြည် အလယ်ပိုင်းကို လည်းကောင်း ဖြတ်၍ ဂါလိလဲအိုင်သို့ ကြွတော်မူ၏။ 32ထိုအခါ လူတချို့သည် ဆွံ့အ၍၊ နားပင်းနိန်သော လူတစ်ယောက်ကို အထံတော်သို့ ခေါ်ဆောင်ခပြီး၊ ထိုသူ၏အထက်တွင် လက်တော်ကို တင်ပါမည့်အကြောင်း၊ ကိုယ်တော်အား တောင်းပန်ကြ၏။ 33ယေသျှုသည် ထိုသူအား လူပရိသတ်အထဲမှ ခေါ်ထုတ်ပြီးလျှင် ထိုသူ၏ နားနှစ်ဖက်လုံးကို လက်ညှိုးတော်ဖြင့် တို့တော်မူ၏။ တန်းတွီးထွီး၍ ထိုသူ၏လျှာကိုလည်း တို့တော်မူ၏။ 34ထို့နောက် ကောင်းကင်သို့ မျှော်ကြည့်ပြီး သက်ပြင်းချကာ၊ “ဧဖသ” ဟု မိန့်တော်မူ၏။ အဓိပ္ပာယ်ကား “ပွင့်စီ” ဟူ၍ ဖြစ်၏။
35ချက်ချင်းပင် ထိုသူ၏နားသည် ပွင့်၍၊ လျှာသည်လည်း သွက်လက်လာသဖြင့် ထိုသူသည် စကားပီသစွာ ပြောလေ၏။ 36ကိုယ်တော်သည် လူတိအား ဤအဖြစ်အပျက်ကို မည်သူ့ကိုမျှ မပြောကြားစီခြင်းငှာ တားမြစ်တော်မူ၏။ ထိုသို့ တားမြစ်သော်လည်း လူရို့သည် ထိုသတင်းတော်ကို သာ၍ ကြားပြောလေ၏။ 37ထိုအဖြစ်အပျက်၊ အကြောင်းအရာများကို ကြားရသောသူရို့သည် လွန်စွာအံ့သြကြလျက် “ကိုယ်တော်သည် ခပ်သိမ်းသော အမှုအရာများကို လျောက်ပတ်စွာ ပြုတော်မူယာ။ နားမကြားသော သူတိကို ကြားစီတော်မူပြီး၊ စကားအသော သူတိကိုလည်း စကားပြောနိုင်စီ၏” ဟု ပြောဆိုကြ၏။

Currently Selected:

မာကု 7: NTRKB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in