YouVersion Logo
Search Icon

မဿဲ 18

18
အကြီးမြတ်ဆုံးသူ
(မာကု ၉.၃၃–၃၇; လုကာ ၉.၄၆–၄၈)
1 # လု ၂၂.၂၄ ထိုအချိန်၌ တပည့်တော်ရို့သည် ယေသျှုထံပါးသို့ ရောက်လာကြပြီးလျှင် “ကောင်းကင်နိုင်ငံတော်မှာ ဇာသူသည် အကြီးဆုံးဖြစ်ပါလဲ” ဟု မိန်းကြ၏။
2ယေသျှုက သူငယ်တစ်ယောက်ကို ခေါ်၍ တပည့်တော်တိရှိ့မှာ ရပ်ခိုင်းထားပြီးလျှင် 3#မာ ၁၀.၁၅; လု ၁၈.၁၇“သင်ရို့ကို ငါ အမှန်ဆိုသည်ကား သင်ရို့သည် သူငယ်တိကဲ့သို့ မပြောင်းလဲလျှင် ကောင်းကင်နိုင်ငံသို့ လုံးဝ ဝင်ရကြလိမ့်မည်မဟုတ်။ 4ဤသူငယ်ကဲ့သို့ မိမိကိုယ်ကို နှိမ့်ချသောသူသည် ကောင်းကင်နိုင်ငံတော်၌ အကြီးဆုံးသောသူ ဖြစ်၏။ 5ပြီးနောက် ဇာသူမဆို ငါ၏ နာမည်ကို ထောက်၍ ဤကဲ့သို့သော သူငယ်တစ်ယောက်ကို လက်ခံသောသူသည် ငါ့ကို လက်ခံသောသူ ဖြစ်၏။
အပြစ်သို့ ဆွဲဆောင်ခြင်း
(မာကု ၉.၄၂–၄၈; လုကာ ၁၇.၁–၂)
6“သို့ရာတွင် မည်သူမဆို ငါ့ကို ယုံကြည်သော ဤသူငယ်များထဲက တစ်ဦးတစ်ယောက်ကို ပြစ်မှားစီသောသူဖြစ်လျှင် ထိုသူသည် ကြိတ်ဆုံကျောက်တုံးကြီးကို မိမိလိုင်ပင်းမှာ ချိုင်ဆွဲကာ ပင်လယ်နက်ထဲမှာ နှစ်မြုပ်ခြင်းကို ခံရသည်က သာ၍ ကောင်း၏။ 7လူတိကို ပြစ်မှားစီတတ်သော အရာများသည် ဤလောက၌ ဟိနိန်ကြသောကြောင့် ဤလောကသည် အမင်္ဂလာဟိ၏။ ဤသို့သော အရာများသည် ဟိနိန်ကြရမည်။ သို့သော်လည်း ထိုသို့ ပြစ်မှားစီသောသူသည် အမင်္ဂလာဟိ၏။
8 # မ ၅.၃၀ “သင်၏လက် သို့မဟုတ် သင်၏ခြီက သင့်ကို ပြစ်မှားစီလျှင် ၎င်းကို ဖြတ်၍ ဝေးပစ်လိုက်။ ခြီစုံ၊ လက်စုံနှင့် ငရဲမီးထဲကို ပစ်ချခံရသည်ထက် ခြီ၊ လက် မပါဘဲ အသက်ရှင်ရခြင်းသည် သာ၍ ကောင်း၏။ 9#မ ၅.၂၉သင်၏ မျက်စိက သင့်ကို ပြစ်မှားစီလျှင် ၎င်းကို ထုတ်၍ ဝေးပစ်လိုက်။ မျက်စိအစုံနှင့် ငရဲမီးထဲသို့ ပစ်ချ ခံရသည်ထက် မျက်စိတစ်ဘက်နှင့် အသက်ရှင်ရခြင်းသည် သာ၍ ကောင်း၏။
ပျောက်သည့်သိုးဥပမာ
(လုကာ ၁၅.၃–၇)
10“သင်ရို့သည် ဤသူငယ်များထဲက ဇာသူတစ်ဦး တစ်ယောက်ကိုမျှ မထီမဲ့မြင် မပြုစီခြင်းငှာ သတိထားကတ်ပါ။ သင်ရို့ကို ငါဆိုသည်ကား သူရို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ငါ့အဖ၏ရှိ့မှာ အမြဲတမ်း ခစားနိန်ကြ၏။ 11#လု ၁၉.၁၀ [၁၁]#၁၈.၁၁ အချို့ လက်ရီးမူရင်းကျမ်းများတွင် အခန်းငယ် ၁၁၊ အကြောင်းမှာ လူသားသည် ပျောက်သောသူတိကို ကယ်တင်ခြင်းငှာ ကြွလာခြင်းဖြစ်၏၊ ဟု ဖြည့်စွက်ထားသည် (ရှု လု ၁၉.၁၀)။
12“သင်ရို့ ဇာပိုင် စဉ်းစားကတ်ဖို့လဲ၊ လူတစ်ယောက်၌ သိုးအကောင် ၁၀၀ ဟိ၏၊ ထိုအထဲက တစ်ကောင် ပျောက်လားသော်၊ ထိုသူသည် သိုး ၉၉ ကောင်ကို စားကျက်ကောင်းသည့် တောင်ကုန်းထက်မှာ ထားခပြီးလျှင် ပျောက်သည့်သိုးတစ်ကောင်ကို လား၍ ရှာလိမ့်မည်။ 13သင်ရို့ကို ငါ ဆိုသည်ကား၊ ထိုသူသည် သူ၌ဟိသော သိုး ၉၉ ကောင်ကို မြင်၍ ဝမ်းမြောက်သည်ထက် ပျောက်လားသည့် သိုးတစ်ကောင်ကို ပြန်တွိ့သောအခါ သာ၍ ဝမ်းမြောက်၏၊ 14ထိုနည်းတူစွာ ကောင်းကင်ဘုံ၌ ဟိတော်မူသော သင်ရို့၏#၁၈.၁၄ သင်ရို့၏၊ အချို့ လက်ရီးမူရင်းကျမ်းများတွင် အကျွန်၏၊ ဟု ပါဟိသည်။အဖသည် ဤသူငယ်များထဲက ဇာသူတစ်ဦး တစ်ယောက်ကိုမျှ ဆုံးယှုံးရန် အလိုမဟိပေ။
တစ်စုံတစ်ယောက်သောသူသည် အပြစ်လုပ်မိလျှင်
15 # လု ၁၇.၃ “သင်၏ညီအစ်ကို တစ်ယောက်သည် သင့်ကို ပြစ်မှား#၁၈.၁၅ အချို့ လက်ရီးမူရင်းကျမ်းများတွင် သင့်ကို ပြစ်မှား၊ ဟု မပါဟိပါ။ မိလျှင် သူ့ပါးသို့ လား၍ သူ၏အမှားကို သူ့အား ဖော်ပြပါ။ သို့ရာတွင် ထိုအမှုကို နှစ်ယောက်တည်း တိတ်ဆိတ်စွာ ဆောင်ရွက်ပါ။ သူသည် သင့်စကားကို နားထောင်လျှင် သင်သည် သင့်ညီအစ်ကိုအား ပြန်ရယာ။ 16သို့သော် သူက သင့်စကားကို နားမထောင်လျှင် သင်နှင့်အတူ လူတစ်ယောက် နှစ်ယောက်ကို ခေါ်၍ သူ့အား ပြောပြလော့။ အကြောင်းမူကား ကျမ်းစာလာသည့်အတိုင်း သင်၏စွပ်စွဲချက်များကို နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော သက်သီတိဖြင့် အတည်ပြုရန် ဖြစ်၏။ 17သူသည် ထိုသူရို့၏စကားကိုလည်း နားမထောင်လျှင် ဖြစ်သမျှအားလုံးကို အသင်းတော်အား တိုင်ကြားလော့။ နောက်ဆုံးအနေဖြင့် သူသည် အသင်းတော်၏စကားကိုလည်း နားမထောင်လျှင် ထိုသူကို ဘုရားတရားမဲ့ သာသနာပလူ သို့မဟုတ် အခွန်ခံကဲ့သို့ ပြုကြလော့။
တားမြစ်ခြင်းနှင့် ခွင့်ပြုခြင်း
18 # မ ၁၆.၁၉; ယော ၂၀.၂၃ “တဖန် သင်ရို့အားလုံးကို ငါ ဆိုသည်ကား၊ သင်ရို့သည် မြီကြီးထက်မှာ တားဆီးပိတ်ပင်သမျှတိကို ကောင်းကင်ဘုံမှာ တားဆီးပိတ်ပင်လိမ့်မည်။ သင်ရို့သည် မြီကြီးထက်မှာ ခွင့်ပြုသမျှကို ကောင်းကင်ဘုံမှာလည်း ခွင့်ပြုလိမ့်မည်။
19“တဖန်၊ သင်ရို့ကို ငါ ဆိုသည်ကား၊ သင်ရို့သည် မြီကြီးထက်မှာ စိတ်သဘော တစ်ညီတစ်ညွတ်တည်း နှစ်ယောက်အတူ ဆုတောင်းလျှင် ကောင်းကင်ဘုံ၌ ဟိတော်မူသော ငါ၏အဖက သင်ရို့ တောင်းသည့်အရာကို ပီးလိမ့်မည်။ 20အကြောင်းမူကား လူနှစ်ယောက် သို့မဟုတ် သုံးယောက်သည် ငါ၏နာမ၌ အတူစုရုံးကြလျှင် ငါသည်လည်း ထိုနီရာ၌ သူရို့နှင့် အတူဟိ၏။”
ခွင့်ရွှတ်ခြင်းမဟိသည့် အခိုင်းအစီ၏ ပုံဥပမာ
21 # လု ၁၇.၃,၄ ထိုအခါ ပေတရုသည် ယေသျှုပါးသို့ လာပြီးလျှင် “အသျှင်ဘုရား၊ အကျွန့်ကို အပြစ်လုပ်နိန်သော အကျွန်၏ညီအစ်ကို တစ်ယောက်ကို ဇာနှစ်ကြိမ်၊ ဇာနှစ်ခါ ခွင့်ရွှတ်ရပါဖို့လဲ၊ ခုနစ်ကြိမ်လား” ဟု မိန်း၏။
22“ခုနစ်ကြိမ်မက ခုနစ်ဆယ့်ခုနစ်ကြိမ်#၁၈.၂၂ ခုနစ်ဆယ့်ခုနစ်ကြိမ်၊ သို့မဟုတ် အကြိမ် ခုနစ်ဆယ် ခုနစ်လီ။ ခွင့်ရွှတ်ရမည်” ဟု ယေသျှုက မိန့်တော်မူ၏။ 23အကြောင်းမှာ၊ ကောင်းကင်နိုင်ငံတော်သည်ကား ဤဥပမာနှင့် တူ၏။ တစ်ခါက မိမိ၏အခိုင်းအစီများနှင့် အကြွီးစာရင်းကို ယှင်းလိုသော သျှင်ဘုရင်တစ်ပါး ဟိ၏။ 24ထိုသျှင်ဘုရင်သည် အမှုထမ်းအားလုံးထဲက ဖဲသာအများကြီး အကြွီးတင်နိန်သော သူတစ်ယောက်ကို ခေါ်၍ အကြွီးစာရင်းယှင်းသည့်အခါ 25ထိုသူ၌ အကြွီးဆပ်ရန် ဖဲသာမဟိသောကြောင့် ဘုရင်ကြီးက သူနှင့်တကွ သူ၏မယား၊ သားသမီးမှစ၍ ဟိသမျှအားလုံးကို ရောင်းချပြီးလျှင် ထိုအကြွီးအာလုံးကို ပြန်ပီးရန် အမိန့်ထုတ်လိုက်၏။ 26ထိုအခါ ထိုအမှုထမ်းသည် မင်းကြီးရှိ့မှာ ပျပ်ဝပ်လျက် “အကျွန့်ကို သည်းခံတော်မူပါ၊ အကြွီးအားလုံးကို အသျှင်အား အကျွန် ပြန်ဆပ်ပါမည်” ဟု တောင်းပန်သောအခါ 27မင်းကြီးက သူ့အား အလွန် သနားတော်မူသည်ဖြစ်၍ ထိုအခိုင်းအစီ၏ အကြွီးအားလုံးကို ရွှတ်ပီးလိုက်ကာ သူ့ကို ပြန်ခွင့်ပြုလိုက်၏။
28ထိုသူသည် မင်းကြီးထံပါးမှ ထွက်လာ၍ သူ့ပါးမှာ ဖဲသာ စိတ်ကေချေ အကြွီးတင်နိန်သော သူ၏အမှုထမ်းတစ်ယောက်ကို တွိ့၏။ သူက ထိုသူအား လှမ်းဆွဲကာ လိုင်စိ့ကို ဖျစ်လျက် “မင်း ငါ့ကို ပီးစရာဟိရေ အကြွီးကို ပြန်ပီး” ဟု တောင်းလေ၏။ 29သူ၏အမှုထမ်းက “အကျွန်ကို သည်းခံပီးပါ။ အကျွန်ပီးစရာဟိသော အကြွီးကို ပြန်ပီးပါ့မယ်” ဟု ပျပ်ဝပ်လျက် တောင်းပန်လေ၏။ 30သို့သော်လည်း သူသည် လက်မခံဘဲ၊ ထိုသူအား အကြွီးတိကို မပီးမချင်း ထောင်ထဲမှာ ချထားလိုက်၏။ 31ထိုအဖြစ်အပျက်ကို အခြားအမှုထမ်းတိ မြင်ကြသောအခါ သူရို့သည် အကြီးအကျယ် ဒေါသဖြစ်လျက် အကြောင်းစုံကို အသျှင်မင်းကြီးအား လျှောက်တိုင်ကြ၏။ 32ထိုအခါ အသျှင်မင်းကြီးသည် ထိုအမှုထမ်းကို ခေါ်ပြီးလျှင် “အသုံးမကျသည့် ကျွန်စုတ် သင်တောင်းပန်သည့်အတိုင်း ငါ့အား ပီးစရာဟိသော အကြွီးအားလုံးကို ငါသည် ခွင့်ရွှတ်ထားခ၏။ 33ငါသည် သင့်ကို သနားကြင်နာသကဲ့သို့ သင်သည်လည်း သင်၏အခိုင်းအစီတိကို သနားကရုဏာ ထားသင့်ပေ၏” 34ဟူ၍ အသျှင်မင်းကြီးက အလွန်စိတ်ဆိုးဒေါသထွက်ကာ သူ၏အကြွီးအားလုံးကို မကျီမချင်း ထိုအမှုထမ်းကို အပြစ်ပီးရန် အကျဉ်းထောင်ထဲသို့ ပို့လိုက်၏။
35ဤပုံပြင်ကို အဆုံးသတ်ပြီးလျှင် ယေသျှုက “သင်သည် သင့်နှလုံးသားထဲ၌ သင်၏ညီအစ်ကိုအား ခွင့်မရွှတ်လျှင် ကောင်းကင်ဘုံ၌ ဟိတော်မူသော ငါ၏အဖသည် သင့်ကို ခွင့်ရွှတ်လိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။

Currently Selected:

မဿဲ 18: NTRKB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in