YouVersion Logo
Search Icon

မဿဲ 13

13
မျိုးစိကြဲသူ ဥပမာ
(မာကု ၄.၁–၉; လုကာ ၈.၄–၈)
1ထိုနိ့၌ ယေသျှုသည် အိမ်မှထွက်၍ အိုင်ဘေးနားသို့ လားပြီးလျှင် တရားဟောခြင်းငှာ ထိုင်တော်မူ၏။ 2#လု ၅.၁–၃လူအုပ်ကြီးသည် ကမ်းခြီ၌ ရပ်နိန်ကြစဉ်တွင် ကိုယ်တော်၏ပတ်လည်၌ စုရုံးရောက်လာကြသည့်လူတိသည် အလွန်များလာကြသဖြင့် ကိုယ်တော်သည် လောင်းတစ်စင်းထက်သို့ တက်၍ ထိုင်လေ၏။ 3ကိုယ်တော်သည် ပုံဥမာတိနှင့် ခိုင်းနှိုင်းကာ သူရို့အား ဆုံးမသြဝါဒ ပီးတော်မူ၏။
တစ်ခါက လူတစ်ယောက်သည် မျိုးစိကြဲရန်လားခ၏။ 4မျိုးစိတိကို လယ်ထဲ၌ ကြဲသည့်အခါ မျိုးစိတချို့သည် လမ်းမှာကျသဖြင့် ငှက်တိ လာ၍ ကောက်စားပလိုက်ကြ၏။ 5တချို့မျိုးစိတိသည် မြီဆီလွှာနည်းသော ကျောက်တောမှာ ကျကြ၏။ ထိုမျိုးစိတိသည် မြီဆီလွှာပါးသောကြောင့် ချက်ချင်း အညှောက်ပေါက်ကြ၏။ 6သို့သော်လည်း အမြစ်များသည် ကျောက်ခဲတိကို မထိုးဖောက်နိုင်သောကြောင့်၊ နီထွက်လာသောအခါ အပင်ချေတိကို နီပူလောင်သဖြင့် ထိုအပင်ချေတိသည် ချက်ချင်း ခြောက်လားကြ၏။ 7အချို့မျိုးစိတိသည် ဆူးပင်များကြား၌ ကျသဖြင့်၊ ဆူးပင်တိသည် ကြီးထွားကာ ထိုအပင်ချေတိကို ဖိစီးထားကြ၏။ 8သို့သော် မျိုးစိတချို့သည် ကောင်းသောမြီဆီလွှာမှာ ကျသဖြင့် အပင်များသည် အသီးသီးကြပြီးလျှင် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ စသည်ဖြင့် ပွားများကြလေ၏။
9ယေသျှုက “နားဟိသောသူတိ ကြားကတ်ပါစီ” ဟူ၍ အဆုံးသတ်လေ၏။
ပုံပြင်၏ရည်ရွယ်ချက်
(မာကု ၄.၁၀–၁၂; လုကာ ၈.၉–၁၀)
10ထို့နောက် တပည့်တော်ရို့သည် ယေသျှုပါးသို့ ချဉ်းကပ်၍ “ကိုယ်တော်သည် လူတိကို ပြောသည့်အခါ ပုံဥမာတိကို ဇာကြောင့် အသုံးပြုပါလဲ” ဟု မိန်းကြ၏။
11ယေသျှုကလည်း “သင်ရို့သည် ကောင်းကင်နိုင်ငံတော်နှင့် ပတ်သက်သော နက်နဲခက်ခဲသည့် လျှို့ဝှက်ချက်တိကို သိရသောအခွင့်ဟိကြသော်လည်း ထိုသူရို့မူကား သိခွင့်မဟိကြ။ 12#မ ၂၅.၂၉; မာ ၄.၂၅; လု ၈.၁၈; ၁၉.၂၆ ထို့ကြောင့် ရတတ်သောသူကို သာ၍ ပြည့်စုံစီခြင်းငှာ တဖန်ထပ်၍ ပီးလိမ့်မည်၊ ဆင်းရဲသောသူ၌ သူ့မှာဟိသမျှကို နုတ်ယူလိမ့်မည်။ 13ငါသည် သူရို့ကို ပုံဥမာတိသုံး၍ ပြောရသည့်အကြောင်းရင်းမှာ၊ ဤသူရို့သည် ကြည့်သော်လည်း မမြင်၊ နားထောင်သော်လည်း မကြား၊ နားမလည်ကြသည့်အတွက်ကြောင့်ဖြစ်၏။ 14ထို့ကြောင့် ပရာဖက်ဟေသျှာယက သူရို့ကို ဤသို့ ဟောထားခ၏၊
“ ‘ဤသူရို့သည် နားထောင်ပြီးယင်း နားထောင်သော်လည်း နားမလည်ကတ်၊
သူရို့သည် ကြည့်ပြီးယင်း ကြည့်သော်လည်း မမြင်ကတ်၊
15ဇာကြောင့်လဲဆိုကေ၊ သူရို့၏စိတ်နှလုံးသည် အမှောင်ဖုံးနိန်သောကြောင့်ဖြစ်၏။
သူရို့၏နားသည် ပင်းနိန်ကတ်၏။
သူရို့၏မျက်စိသည်လည်း ကန်းနိန်ကတ်၏။
ထိုသို့မဟုတ်လျှင် သူရို့မျက်စိသည် မြင်ကတ်လိမ့်မည်။
နားသည်လည်း ကြားကတ်လိမ့်မည်။
သူရို့၏အသိစိတ်ထဲမှာ နားလည်သဘောပေါက်ကြလျှင် သူရို့သည် ငါ့ပါးသို့ ပြန်လှည့်လာကြလိမ့်မည်ဟု ဘုရားသခင်က မိန့်တော်မူ၏၊
ငါသည်လည်း သူရို့ကို ကျန်းမာစီမည်။’
16 # လု ၁၀.၂၃,၂၄ “သို့သော် သင်ရို့၏မျက်စိတိသည် မြင်သောကြောင့်၊ သင်ရို့၏နားတိသည် ကြားသောကြောင့် မင်္ဂလာဟိကြ၏။ 17သင်ရို့ကို ငါ အမှန်ဆိုသည်ကား ပရောဖက်တိနှင့် ဘုရားသခင်၏လူတိသည် သင်ရို့မြင်သည့်အရာများကို အလွန် မြင်ချင်ခသော်လည်း မမြင်ခရကတ်။ သင်ရို့ကြားသည့်အရာများကို အလွန် ကြားချင်ခသော်လည်း မကြားခရကတ်။
ယေသျှုက မျိုးစိကြဲသူ၏ ပုံဥပမာကို ယှင်းပြခြင်း
(မာကု ၄.၁၃–၂၀; လုကာ ၈.၁၁–၁၅)
18“မျိုးစိကြဲသူ ပုံဥပမာ၏ ဆိုလိုရင်းကို နားထောင်၍ သင်ခန်းစာယူကြလော။ 19နိုင်ငံတော်၏တရားစကားကို ကြားသော်လည်း နားမလည်သောသူသည် လမ်းတစ်လျှောက်မှာ ကျနိန်ခသည့် မျိုးစိများနှင့် တူ၏။ နတ်ဆိုးသည် လာ၍ သူရို့၏စိတ်နှလုံးထဲ၌ ဟိသောတရားစကားကို လုယူဖယ်ယှားတတ်၏။ 20ကျောက်ခံမြီမှာ ကျသည့် မျိုးစိများသည်ကား တရားစကားကို ကြားသည်နှင့် ဝမ်းမြောက်စွာ လက်ခံတတ်သောသူကို ဆိုလိုခြင်းဖြစ်၏။ 21သို့သော်လည်း ထိုတရားစကားသည် သူရို့၏ စိတ်နှလုံးထဲ၌ အမြစ်မစွဲသဖြင့် ကြာရှည်စွာမခံ၊ ထိုတရားစကားကြောင့် အမှုအခင်း သို့မဟုတ် နှိပ်စက်ညှည်းဆဲခြင်းနှင့် ကြုံတွိ့ရသောအခါ သူရို့သည် ချက်ချင်း ဖောက်ပြန်လားတတ်ကြ၏။ 22ဆူးပင်များကြား၌ ကျသောမျိုးစိဟူသည်ကား တရားစကားကို ကြားသော်လည်း ဤဘဝအတွက် စိုးရိမ်စိတ်များနှင့် လောကီတပ်မက်မှုများက တရားစကားကို လွှမ်းမိုးကြီးစိုးထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလိုခြင်းဖြစ်၏။ 23ထို့နောက် ကောင်းသောမြီမှာ ကျသောမျိုးစိ တိသည်ကား တရားစကားကို ကြား၍ သဘောပေါက်နားလည်ပြီး အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ၊ စသည်ဖြင့် ပွားများကာ အသီးကို သီးတတ်သောသူတိကို ဆိုလိုခြင်းဖြစ်သည်” ဟု မိန့်တော်မူ၏။
မြက်ရိုင်းမျိုးစိ ပုံဥပမာ
24ယေသျှုသည် သူရို့အား အခြားသောပုံဥမာကို ဆောင်၍ မိန့်တော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်သည် ဤပုံဥပမာနှင့် တူ၏။ လူတစ်ယောက်သည် မိမိလယ်၌ ကောင်းသောမျိုးစိကို ကြဲထားခ၏။ 25တစ်ညတွင် လူတိ အိပ်နိန်ကြသောအခါ ရန်သူတစ်ဦးသည် လာ၍ ဂျုံမျိုးစိများကြားထဲ၌ မြက်ရိုင်းမျိုးစိများကို ကြဲထားခပြီး၊ အဝီးကို ထွက်လားခ၏။ 26အပင်တိကြီးထွားလာပြီး ကောက်နှံထွက်လာချိန်တွင် ဂျုံပင်တိနှင့်အတူ မြက်ရိုင်းပင်တိလည်း ပေါ်ထွက်လာ၏။ 27ယင်းအခါ အခိုင်းအစီတိက ပိုင်သျှင်ပါးသို့ ရောက်လာကာ ‘ဆရာ၊ လယ်ကွက်ထဲ၌ ကောင်းသောဂျုံမျိုးစိများကိုသာ ကြဲခသည်မဟုတ်ပါလား၊ ဤမြက်ရိုင်းပင်တိသည်ကား ဇာက ရောက်လာကတ်ပါလဲ’ ဟု မိန်းကြ၏။ 28ပိုင်သျှင်က ‘ဤသည်ကား ရန်သူတချို့ ကြဲထားခစွာ ဖြစ်တေ’ ဟု ပြန်ပြော၏၊ ‘အကျွန်ရို့သည် ဤမြက်ရိုင်းပင်တိကို လား၍ နုတ်ပစ်ခီရပါဖို့လား’ ဟု သူရို့က မိန်းကြ၏။ 29ပိုင်သျှင်က ‘နုတ်စရာမလို၊ ဇာကြောင့်လဲဆိုကေ မြက်ရိုင်းပင်တိကို နုတ်လိုက်လျှင် ထိုအပင်တိနှင့်အတူ ဂျုံပင်တိပါ ရောပါလားလိမ့်မည်။ 30ရိတ်သိမ်းချိန်ရောက်သည့်တိုင်အောင် မြက်ရိုင်းပင်တိသည် ဂျုံပင်တိနှင့်အတူ ကြီးထွားနိန်ကတ်ပါစီ။ ရိတ်သိမ်းချိန်ရောက်ခါမှသာ မြက်ရိုင်းပင်တိကို ဦးစွာ ရွီးနုတ်ပြီး စုစည်းကာ မီးရှို့ပစ်လိုက်ကတ်၊ ဂျုံနှံတိကိုမူကား ရိတ်သိမ်း၍ ပုတ်ထဲမှာ စုထားလိုက်ကတ်ဟု ကောက်ရိတ်သမားတိကို ငါ မှာထားမည်’ ဟု မိန့်တော်မူ၏။”
မုန်ညှင်းစိ ပုံဥပမာ
(မာကု ၄.၃၀–၃၂; လုကာ ၁၃.၁၈–၁၉)
31ယေသျှုသည် အခြားသော ပုံဥပမာတစ်ခုကို သူရို့အား ပြောပြသည်မှာ “ကောင်းကင်နိုင်ငံတော်သည် ဤပုံဥပမာနှင့် တူ၏။ လူတစ်ယောက်သည် မုန်ညှင်းစိ တစ်စိကို ယူ၍ သူ၏လယ်ထဲ၌ ကြဲလိုက်၏။ 32မှန်ညှင်းစိသည် မျိုးစိအားလုံးထဲမှာ အသေးငယ်ဆုံးဖြစ်သော်လည်း အပင်ပေါက်၍ ကြီးလာသောခါ သီးနှံပင်အားလုံးထဲမှာ အကြီးဆုံး အပင်တစ်ပင် ဖြစ်လာ၏။ အပင်ကြီးတစ်ပင် ဖြစ်လာသောအခါတွင် ငှက်တိ လာ၍ ထိုအပင်၏ အကိုင်းအခက်များ၌ မိမိရို့၏အသိုက်များကို တည်ဆောက်တတ်ကြ၏” ဟူ၍ မိန့်တော်မူ၏။
တဆီး ပုံဥပမာ
(လုကာ ၁၃.၂၀–၂၁)
33ယေသျှုသည် တပည့်တော်တိအား အခြားသော ပုံဥမာတစ်ခုဖြင့် မိန့်တော်မူသည်မှာ၊ “ကောင်းကင်နိုင်ငံတော်သည် ဤကဲ့သို့ဖြစ်၏။ မိန်းမတစ်ယောက်သည် တဆီးအချို့ကို ယူ၍ မုန့်ညက်သုံးတောင်းနှင့် ရောနယ်လိုက်သောအခါ ထိုတဆီးသည် မုန့်ညက်အားလုံးကို ဖောင်းပွလားစီတတ်၏” ဟု မိန့်တော်မူ၏။
ယေသျှု၏ ပုံဥပမာများကို အသုံးပြုပုံ
(မာကု ၄.၃၃–၃၄)
34ယေသျှုသည် လူထုပရိသတ်များအား ဟောပြောသောခါတိုင်း၌ ပုံဥမာများကို အသုံးပြုတော်မူ၏၊ ကိုယ်တော်သည် သူရို့အား ပုံဥပမာမသုံးဘဲ ဇာအကြောင်းကိုမျှ ဟောပြောတော်မမူ။ 35ဤသို့ ဟောပြောရသည့်အကြောင်းမှာ ပရောဖက် ဟောထားခသော ကျမ်းစကား ပြည့်စုံလာခြင်းဖြစ်၏။ ထိုကျမ်းစကားများမှာ၊
“သူရို့ကို ငါ ပြောသောအခါ ပုံဥပမာများကိုသာ အသုံးပြုမည်။
ဤလောကကို ဖန်ဆင်းစဉ်ကတည်းကပင် သူရို့မသိယောင် ဝှက်ထားသောအရာများကို ငါသည် ဖော်ထုတ်၍ ပြောရလိမ့်မည်” ဟု ဖြစ်သတည်း။
ယေသျှုက မြက်ရိုင်းပင် ပုံဥပမာကို ယှင်းပြခြင်း
36ယေသျှုသည် လူစုလူဝေးကို ထားခပြီး အိမ်ထဲသို့ ဝင်ရောက်လာ၏။ သူ၏တပည့်တော်ရို့သည်လည်း နောက်တော်သို့ လိုက်လာလျက်၊ “အကျွန်ရို့အား မြက်ရိုင်းပင်၏ ပုံဥပမာအကြောင်းကို ယှင်းပြတော်မူပါ” ဟု လျှောက်ကြ၏။
37ယေသျှုကလည်း “လူသားသည် ကောင်းသောမျိုးစိကို ကြဲသောသူဖြစ်၏။ 38လယ်ကွက်သည်ကား လောကဖြစ်၏။ ကောင်းသောမျိုးစိ ဟူမူကား နိုင်ငံတော်သားတိ ဖြစ်ကြပြီး၊ မြက်ရိုင်းပင်များမှာ နတ်ဆိုး၏သားများ ဖြစ်ကြ၏။ 39မြက်ရိုင်းမျိုးစိကို ကြဲသောရန်သူမှာ မာရ်နတ်ဖြစ်၏။ ရိတ်သိမ်းသောကာလသည်ကား ကပ်ကမ္ဘာကုန်ဆုံးချိန် ဖြစ်၍ ကောက်ရိတ်သမားများမှာ ကောင်းကင်တမန်များဖြစ်ကြ၏။ 40မြက်ရိုင်းပင်တိကို စုသိမ်း၍ မီးရှို့သကဲ့သို့ ကပ်ကမ္ဘာကုန်ဆုံးချိန်၌ ထိုသို့ ဖြစ်လိမ့်မည်။ 41လူသားသည် မိမိ၏ကောင်းကင်တမန်တိကို စီရွှတ်ပြီး မကောင်းမှုကို ပြုသောသူတိနှင့် အပြစ်သို့ သွီးဆောင်သောသူ အားလုံးကို သူ၏နိုင်ငံတော်ထဲက ရွီးထုတ်ရန် သူ၏ကောင်းကင်တမန်များကို စီရွှတ်လိမ့်မည်၊ 42ထို့နောက် ထိုကောင်းကင်တမန်များသည် ထိုသူရို့ကို မီးအိုင်ထဲသို့ ပစ်ချလိမ့်မည်၊ ထိုသူရို့သည် ထိုမီးအိုင်ထဲ၌ အံသွားခဲကြိတ်ကာ ငိုကျွီးရကြလိမ့်မည်။ 43ထို့နောက် ဘုရားသခင်၏ လူတိသည်ကား သူရို့အဖ၏နိုင်ငံတော်၌ နီကဲ့သို့ ထွန်းလင်းကြလိမ့်မည်။ နားဟိသောသူရို့ ကြားကတ်ပါစီ” ဟု မိန့်တော်မူ၏။
ဝှက်ထားသော ပစ္စည်းဥစ္စာ ပုံဥပမာ
44“ကောင်းကင်နိုင်ငံတော်သည် ဤကဲ့သို့ ဖြစ်၏။ လူတစ်ယောက်သည် လယ်ကွက်တစ်ခု၌ ဝှက်ထားသော ပစ္စည်းဥစ္စာကို တွိ့၏။ ထိုသူသည် ထိုပစ္စည်းဥစ္စာကို တဖန် ဖုံးအုပ်ထားခပြီးလျှင် ဝမ်းမြောက်သောစိတ်ဖြင့် ပြန်လားကာ သူ၌ ဟိသမျှ ပစ္စည်းကို ရောင်း၍ ထိုလယ်ကို ဝယ်၏။
ပုလဲ ပုံဥပမာ
45“ကောင်းကင်နိုင်ငံတော်သည် ဤကဲ့သို့လည်း ဖြစ်၏။ လူတစ်ယောက်သည် ကောင်းသော ပုလဲကို ရှာနိန်၏။ 46ထိုသူသည် ထူးဆန်းသောပုလဲကို တွိ့သောအခါ သူသည် ပြန်လား၍ မိမိ၌ ဟိသမျှကို ရောင်းချပြီးလျှင် ထိုပုလဲကို ဝယ်ယူလေ၏။
ငါးဖမ်းပိုက် ပုံဥပမာ
47“ကောင်းကင်နိုင်ငံတော်သည် ဤကဲ့သို့လည်း ဖြစ်၏။ တံငါသည် တချို့သည် သူရို့၏ငါးဖမ်းပိုက်ကို အိုင်၌ ချကာ ငါးမျိုးစုံတိကို ဖမ်းကြ၏။ 48ငါးမျိုးစုံတိ ပိုက်မှာ ကျနိန်ကြသောအခါ ထိုတံငါများသည် ပိုက်ကို သောင်ပြင်သို့ ဆွဲတင်၍ ငါးရွီးရန် ထိုင်ကြ၏၊ ကောင်းသောငါးများကို ပလိုင်းထဲသို့ ထည့်ကြပြီးလျှင် မကောင်းသောငါးများကိုမူကား ဝေးပစ်လိုက်ကြ၏။ 49ကပ်ကမ္ဘာကုန်ဆုံးချိန်၌ ဤကဲ့သို့ ဖြစ်လာလိမ့်မည်၊ ကောင်းကင်တမန်တိ ဆင်းလာကြပြီးလျှင် ဖြောင့်မတ်သောသူရို့အထဲမှ ဆိုးသောသူတိကို ရွီးထုတ်ကာ 50မီးအိုင်ထဲသို့ ပစ်ချကြလိမ့်မည်၊ ထိုသူရို့သည် ထိုမီးအိုင်ထဲ၌ အံသွားခဲကြိတ်၍ ငိုကျွီးရကြလိမ့်မည်။
သမ္မာတရားအသစ်နှင့် အဟောင်း
51“သင်ရို့သည် ဤအရာများကို နားလည်ကတ်လား” ဟု ယေသျှုက မိန်းတော်မူသောအခါ၊
တပည့်တော်ရို့က “နားလည်ပါရေ” ဟု ပြန်၍လျှောက်ကြ၏။
52ထိုအခါ ကိုယ်တော်ကလည်း “ကောင်းကင်နိုင်ငံတော်၌ တပည့်တော် တစ်ယောက်ဖြစ်လာသော ကျမ်းတတ်ဆရာသည်ကား မိမိအိမ်၏စတိုခန်းထဲက ပစ္စည်းအဟောင်းနှင့် အသစ်များကို ထုတ်ယူသုံးစွဲတတ်သော အိမ်သျှင်နှင့် တူ၏” ဟု မိန့်တော်မူ၏။
ယေသျှုကို နာဇရက်မြို့က ငြင်းပယ်ခြင်း
(မာကု ၆.၁–၆; လုကာ ၄.၁၆–၃၀)
53ယေသျှုသည် ဤပုံဥပမာများကို ပြောပြီးနောက် ထိုအရပ်မှ ထွက်ခွါပြီးလျှင် 54သူ၏ဇာတိမြို့သို့ ပြန်ကြွတော်မူ၏။ တရားဇရပ်၌ ဆုံးမဩဝါဒများကို သွန်သင်တော်မူ၍ ကြားနာသောသူများသည် အလွန်အံ့သြကြ၏။ “ဤသူကား ဤသို့သောပညာကို ဇာနီရာက ရလာစွာလဲ။ သူသည် ဤနိမိတ်လက္ခဏာတိကို ဇာကြောင့် လုပ်နိုင်စွာလဲ။ 55သူသည် လက်သမား၏သားဖြစ်သည် မဟုတ်လား။ သူ့အမိသည် မာရိဖြစ်ပြီး ယာကုပ်၊ ယောဟန်၊ သျှိမုန် နှင့် ယုဒရို့သည် သူ၏ညီအစ်ကိုတိ ဖြစ်ကြသည် မဟုတ်လား။ 56သူ၏ညီမတိလည်း ဤအရပ်၌ နီထိုင်ကြသည် မဟုတ်ပါလား။ သူသည် ဤအရာတိကို ဇာနီရာက ရလာစွာလဲ” ဟု အချင်းချင်း ပုတ်ခတ်ပြောဆိုလျက် 57#ယော ၄.၄၄ကိုယ်တော့်ကို ငြင်းပယ်ကြ၏။
ထို့ကြောင့် ယေသျှုက သူရို့အား “ပရောဖက်တစ်ယောက်သည် မိမိဇာတိမြို့နှင့် မိမိ၏မိသားစု ကလွဲ၍ နီရာတိုင်းမှာ အရိုအသီခံရ၏” ဟူ၍ မိန့်တော် မူ၏။ 58သူရို့သည် မယုံကြည်ကြသောကြောင့် ကိုယ်တော်သည်လည်း ထိုအရပ်၌ နိမိတ်လက္ခဏာများစွာကို ပြတော်မမူခပေ။

Currently Selected:

မဿဲ 13: NTRKB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in