YouVersion Logo
Search Icon

လုကာ 19

19
ယေသျှုနှင့်ဇက္ခဲ
1ယေသျှုသည် ယေရိခေါမြို့ကို ဖြတ်၍ ကြွတော်မူ၏။ 2ထိုအရပ်တွင် ဇက္ခဲဟု နာမည်ဟိသော ချမ်းသာကြွယ်ဝသူ အခွန်ခေါင်းတစ်ယောက်ဟိ၏။ 3သူက ယေသျှုသည် ဇာသူဖြစ်ကြောင်းကို တွိ့မြင်လိုသဖြင့် ကြိုးစား၍ ကြည့်၏။ သို့ရာတွင် အရပ်ပုသူဖြစ်သဖြင့် လူထုပရိသတ်ကြောင့် ကိုယ်တော့်ကို မမြင်နိုင်။ 4ထို့ကြောင့် ယေသျှုကို တွိ့မြင်နိုင်ရန် ကြွတော်မူမည့်လမ်းအတိုင်း ရှိ့သို့ ဗြီး၍ သဖန်းပင်တစ်ပင်ထက်သို့ တက်လေ၏။ 5ယေသျှုသည် ထိုနီရာသို့ ရောက်သောအခါ မော်၍ ကြည့်တော်မူပြီးလျှင်၊ “ဇက္ခဲ၊ အယင် ဆင်းလာ၊ ဤနိ့ သင့်အိမ်၌ ငါတည်းခိုမည်” ဟု မိန့်တော်မူ၏။
6ဇက္ခဲသည် အယင်ဆင်းလာပြီးလျှင် ကိုယ်တော့်ကို ဝမ်းမြောက်စွာဖြင့် ကြိုဆိုလေ၏။ 7ဤအခြင်းအရာကို လူတိက မြင်သောအခါ “ဤသူသည် အပြစ်သားတစ်ယောက်၏အိမ်၌ တည်းခိုရန် လားပါသည်တကား” ဟု စတင်၍ ကဲ့ရဲ့ပြစ်တင်ကြ၏။
8ဇက္ခဲသည်ရပ်လျက် သခင်ဘုရားအား၊ “အသျှင်၊ နားထောင်ပါ၊ အကျွန်၏ဥစ္စာတစ်ဝက်ကို ဆင်းရဲသားရို့အား ပီးကမ်းပါမည်။ တဦးတစ်ယောက်ပါးက မတရား တောင်းယူထားမိ့သော ငွီ ဟိပါလျှင် ထို ငွီ၏ လေးဆကို ပြန်ပီးပါမည်” ဟု လျှောက်လေ၏။
9ယေသျှုကလည်း၊ “အာဗြဟံ၏ သားဖြစ်ခြင်းကို သူ၏ အပြုအမူအားဖြင့် ပြသောကြောင့် ကယ်တင်ခြင်းသည် ဤနိ့ပင် ဤအိမ်ထက်သို့ သက်ရောက်လီဗျာယ်။ 10#မ ၁၈.၁၁လူသားသည် ပျောက်ဆုံးသူတိကို ရှာဖို့နန့် ကယ်တင်ဖို့ရန် ကြွလာခြင်းဖြစ်သည်” ဟု ဇက္ခဲအား မိန့်တော်မူ၏။
ရွှီဒင်္ဂါး ပုံဥပမာ
(မဿဲ ၂၅.၁၄–၃၀)
11 # မ ၂၅.၁၄–၃၀ ကိုယ်တော်သည် ဤအကြောင်းအရာတိကို နားထောင်နိန်ကြသော သူရို့အား ပုံဥပမာတစ်ခုကို ထပ်၍ မိန့်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် ယေရုဆလင်မြို့အနားသို့ ရောက်လာတော်မူသဖြင့် ဘုရားသခင်၏ နိုင်ငံတော် ချက်ချင်းပေါ်ထွန်းမည်ဟု ထင်မှတ်ကြသောကြောင့် ဖြစ်၏။ 12ထို့ကြောင့် ကိုယ်တော်က “အမတ်တစ်ယောက်သည် ဝီးသောတိုင်းပြည်တစ်ခုကို ထွက်လားပြီးလျှင် ဘုရင်အရာကိုခံယူပြီး ကိုယ့်တိုင်းပြည်ကို ပြန်လာရန် အကြံဟိ၏။ 13ခရီးမထွက်ခင် မိမိ၏အခိုင်းအစီ ဆယ်ယောက်ကိုခေါ်ပြီး ‘ငါပြန်လာသည့်အချိန်ထိ ကုန်သွယ်မှုကို ပြုပြီးနီကြလော့’ ဟု ဆို၍ ရွှီဒင်္ဂါးတစ်ပြားစီ ပီးလိုက်၏။ 14သို့သော် သူ၏ ပြည်သူပြည်သားရို့သည် သူ့ကို မုန်းကြသဖြင့်၊ ‘ထိုသူသည် ဘုရင်အဖြစ် အုပ်ချုပ်မှုကို ငါရို့မခံလို’ ဟု တမန်တစ်ယောက်ကို ထိုသူနောက်သို့ စီရွှတ်ပြီးလျှင် လျှောက်ထားစီ၏။
15“ထိုအမတ်သည် ဘုရင်အရာကို ခံယူပြီး ပြန်လာ၏။ သူသည် ချက်ချင်းပင် စီးပွါးရှာရန် ပီးထားခသော ရွှီဒင်္ဂါးဖြင့် ဇာလောက် အမြတ်ရထားသည်ကို သိချင်၍ အခိုင်းအစီတိကို ခေါ်စီ၏။ 16ပထမတစ်ဦးသည် လာ၍ ‘ဆရာ၊ ဆရာပီးခသော ရွှီဒင်္ဂါးတစ်ပြားနှင့် အမြတ်ဆယ်ပြားရပါ၏’ ဟု လျှောက်လေ၏။ 17သခင်က ‘သာဓု၊ သင်သည် ငယ်သားကောင်းဖြစ်၏။ ငယ်သောအမှု၌ သစ္စာဟိသူဖြစ်၍ သင်သည် မြို့ကြီးဆယ်မြို့ကို အုပ်ချုပ်လော့’ ဟု ဆို၏။ 18ဒုတိယ အခိုင်းအစီကလည်း လာပြီးလျှင် ‘အသျှင်၊ အသျှင်ပီးခသော ရွှီဒင်္ဂါးတစ်ပြားနှင့် အမြတ် ငါးပြားရပါ၏’ ဟု လျှောက်လေ၏။ 19အသျှင်က ‘သင်သည်လည်း မြို့ကြီးငါးမြို့ကို အုပ်ချုပ်လော့’ ဟု ဆို၏။ 20အခြားသော အခိုင်းအစီသည် လာပြီးလျှင် ‘အသျှင်၊ အသျှင်ပီးခသော ရွှီဒင်္ဂါး ဤမှာဟိပါ၏။ ထို ရွှီဒင်္ဂါးကို အကျွန်သည် ပုဝါနှင့်ထုပ်၍ သိမ်းထားပါ၏။ 21အသျှင်သည် ပြတ်သားသောသူ ဖြစ်သောကြောင့် အကျွန်ကြောက်ပါ၏။ အသျှင်သည် မိမိမပိုင်သောအရာတိကို သိမ်းယူတတ်ပြီးလျှင်၊ မိမိမစိုက်မပျိုးသော သီးနှံတိကိုလည်း ရိပ်သိမ်းတတ်ပါ၏’ ဟု လျှောက်လေ၏။ 22မင်းကြီးက ‘အခိုင်းအစီဆိုး၊ သင်၏ နှုတ်ထွက်စကားအတိုင်း သင့်ကို ငါစီရင်မည်။ ငါသည် ပြတ်သားသောသူဖြစ်ပြီး ကိုယ်မပိုင်သောအရာတိကို သိမ်းယူတတ်၍ ကိုယ်မစိုက်မပျိုးသော အသီးအနှံတိကို ရိတ်သိမ်းတတ်သည်ကို သိပါလျက်နှင့်၊ 23ငါပီးထားသော ငွီကို ငါပြန်လာသော အချိန်တွင် အတိုးနှင့်တကွ ပြန်ပီးနိုင်ဖို့ ဇာကြောင့် ဘဏ်၌ အပ်မထားသနည်း’ ဟု မိန်း၏။ 24ထို့နောက် မင်းကြီးက အနားတွင် ရပ်နိန်သောသူရို့အား ‘ထိုသူပါးက ရွှီဒင်္ဂါးကိုယူ၍ ရွှီဒင်္ဂါးဆယ်ပြားဟိသူကို ပီးလိုက်လော့’ ဟု မိန့်တော်မူ၏။ 25ယေဒါလည်း လူတိက ‘အသျှင်၊ ထိုသူ၌ ရွှီဒင်္ဂါးဆယ်ပြား ဟိပြီးဖြစ်ပါ၏’ ဟု လျှောက်ကြ၏။ 26#မ ၁၃.၁၂; မာ ၄.၂၅; လု ၈.၁၈မင်းကြီးက ‘သင်ရို့အား ငါဆိုသည်ကား၊ အကြင်သူသည် ရတတ်၏။ သူအား သာ၍ ပီးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ သူ့ထံမှ ဟိသမျှကိုပင် သိမ်းယူခြင်းခံရမည်။ 27ထိုမှတစ်ပါး ဘုရင်အဖြစ် ငါ၏ အုပ်ချုပ်မှုကို မခံလိုသော ငါ၏ရန်သူတိကို ငါ့ရှိ့တွင် ယူလာ၍ အသီသတ်လိုက်ကြလော့’ ဟု စီရင်တော်မူသည်” ဟု မိန့်တော်မူ၏။
အောင်မြင်စွာဖြင့် ယေရုဆလင်မြို့သို့ ဝင်တော်မူခြင်း
(မဿဲ ၂၁.၁–၁၁; မာကု ၁၁.၁–၁၁; ယောဟန် ၁၂.၁၂–၁၉)
28ထိုသို့ မိန့်တော်မူပြီးနောက် ယေသျှုသည် တပည့်တော်တိရှိ့က ကြွတော်မူ၍ ယေရုဆလင်မြို့သို့ တက်ကြွတော်မူ၏။ 29သံလွင်တောင်၌ဟိသော ဗက်ဖာဂေရွာနှင့် ဗေသနိရွာအနားသို့ ရောက်တော်မူသောအခါ တပည့်တော်နှစ်ယောက်ကို အယင် ရွှတ်လိုက်၍၊ 30“သင်ရို့ရှိ့၌ဟိသောရွာသို့ လားကြလော။ ထိုရွာကို ဝင်သောအခါ တစ်ယောက်လေ့ မစီးဖူးသော မြည်းပေါက်ချေတစ်ကောင် ချည်ထားသည်ကို တွိ့လိမ့်မည်။ မြည်းကြိုးကိုဖြီ၍ ဆွဲလာကြလော့။ 31လူတစ်ယောက်က ‘ဇာဖြစ်လို့ ကြိုးကို ဖြီသနည်း’ ဟု သင်ရို့အား မိန်းလျှင် ‘အသျှင်#၁၉.၃၁ အသျှင်၊ သို့မဟုတ် ၎င်း၏ ပိုင်သျှင်။ အလိုဟိသည်’ ဟု ပြန်ပြောကြလော့” ဟူ၍ မှာကြား၍ ရွှတ်လိုက်တော်မူ၏။
32ရွှတ်လိုက်ခြင်းခံရသော သူရို့သည်လည်း ထွက်လားကြသောအခါ ယေသျှု မိန့်တော်မူသည့်အတိုင်း အားလုံးကို တွိ့မြင်ကြ၏။ 33သူရို့သည် မြည်းကြိုးကို ဖြီနိန်စဉ် မြည်းပိုင်သျှင်က “သင်ရို့ဇာကြောင့် မြည်းကြိုးကို ဖြီသနည်း” ဟု မိန်း၏။
34သူရို့ကလည်း “အသျှင် အလိုဟိသည်” ဟု ပြန်ပြောကြ၏။ 35ထို့နောက် သူရို့သည် မြည်းကို ယေသျှုထံပါးသို့ ယူလာကြ၏။ မြည်း၏နောက်ကုန်းထက်တွင် မိမိရို့၏အဝတ်များကို တင်ပြီး ကိုယ်တော့်ကို စီးစီကြ၏။ 36ကိုယ်တော် မြည်းစီး၍ ကြွတော်မူစဉ် လူအပေါင်းရို့သည် မိမိရို့၏အဝတ်ကို လမ်းထက်၌ ဖြန့်ခင်းကြ၏။
37ယေရုဆလင်မြို့အနားသို့ ရောက်လာစဉ် သံလွင်တောင်အဆင်းလမ်းတွင် သူ့၏တပည့်တော် လူအပေါင်းရို့သည် မိမိရို့ တွိ့မြင်ခရသည့် အံ့သြဖွယ်အမှုအရာများအတွက် ဝမ်းမြောက်ရွှင်လန်းလျက် ဘုရားသခင်အား ကျယ်သောအသံနှင့် ချီးမွမ်းကြ၏။ 38“ထာဝရဘုရား၏ နာမတော်နှင့် ကြွလာတော်မူသော ဘုရင်သည် မင်္ဂလာဟိစီသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်း ဟိစီသတည်း။ ဘုရားသခင်သည် ဘုန်းကြီးတော်မူစီသတည်း” ဟု ကြွေးကြော်ကြ၏။
39ထိုအခါ လူပရိသတ်ထဲမှ ဖာရိယှဲတချို့က “ဆရာ၊ ဆရာ၏တပည့်တော်တိကို တိတ်ဆိတ်စွာနိန်ဖို့ အမိန့်ပီးပါ” ဟု ကိုယ်တော်အား လျှောက်ထားကြ၏။
40ယေသျှုက “သင်ရို့အား ငါဆိုသည်ကား၊ ဤသူရို့သည် တိတ်တိတ်နိန်ကြလျှင် ကျောက်ခဲတိက ကြွေးကြော်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရုဆလင်မြို့အတွက် ယေသျှု ငိုကြွီးတော်မူခြင်း
41ကိုယ်တော်သည် ယေရုဆလင်မြို့အနားသို့ ရောက်တော်မူ၍ ကြည့်တော်မူလျှင် ထိုမြို့အတွက် ငိုကြွီးလျက်၊ 42“သင်သည် ငြိမ်သက်ခြင်းအတွက် လိုအပ်သည့်အရာကို ဤနိ့ သိမြင်စီခြင်းငှာ ငါအလိုဟိ၏။ သို့သော်လည်း သင်သည် ထိုအရာကို မသိမမြင်နိုင်။ 43ရန်သူရို့သည် သင့်ပတ်လည်၌ တပ်ချ၍ အဖက်ဖက်မှ ဝန်းရံပိတ်ဆို့နိန်သည့် အချိန်ရောက်လာလိမ့်မည်။ 44သူရို့သည် သင်နှင့် သင်၏မြို့ရိုးအတွင်း၌ဟိသော လူတိကို ဖျက်ဆီးကြလိမ့်မည်။ ကျောက်တစ်တုံးအထက်မှာ တစ်တုံး တင်ကျန်ရလိမ့်မည် မဟုတ်။ အကြောင်းမူကား သင်ရို့ကို ကယ်တင်ဖို့ ဘုရားသခင်ကြွလာသော အချိန်ကာလကို မသိမမြင်လို့ ဖြစ်၏” ဟု မိန့်တော်မူ၏။
ဗိမာန်တော်သို့ ယေသျှု ကြွတော်မူခြင်း
(မဿဲ ၂၁.၁၂–၁၇; မာကု ၁၁.၁၅–၁၉; ယောဟန် ၂.၁၃–၂၂)
45ထို့နောက် ယေသျှုသည် ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင် ရောင်းဝယ်သောသူရို့ကို နှင်ထုတ်တော်မူပြီး၊ 46ထိုသူရို့အား “ဘုရားသခင်က၊ ‘ငါ၏ဗိမာန်တော်သည် ဆုတောင်းရာအိမ် ဖြစ်၏’ ဟု ကျမ်းစာ၌ ရီးထားသည်ဟု မိန့်တော်မူထားသော်လည်း သင်ရို့က ငါ၏ဗိမာန်တော်ကို သူခိုးတွင်း ဖြစ်စီဗျာယ်” ဟု မိန့်တော်မူ၏။
47 # လု ၂၁.၃၇ ကိုယ်တော်သည် နိ့တိုင်း ဗိမာန်တော်၌ ဟောပြောသွန်သင်တော်မူ၏။ ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများနှင့် လူအကြီးအကဲရို့သည် ကိုယ်တော့်ကို အသီသတ်ရန် အခွင့်ရှာကြသော်လည်း၊ 48လူအပေါင်းရို့သည် တရားစကားများကို အာရုံစိုက်၍ နာယူနိန်ကြသောကြောင့် သူရို့သည် ကိုယ်တော်အား သတ်ရမည့်အခွင့်ကို ရှာ၍ မရနိုင်ကြ။

Currently Selected:

လုကာ 19: NTRKB24

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in