YouVersion Logo
Search Icon

တမန်တော် 7

7
သတေဖန်၏ ဟောပြောချက်
1ယဇ်ပုရောဟိတ်မင်းက သတေဖန်အား၊ “ဤစကား မှန်သလော” ဟု မိန်းသော်၊
2သတေဖန်က “ညီအစ်ကိုရို့နှင့် ဖခင်ရို့၊ နားထောင်ကြလော့။ အကျွန်ရို့၏အဖ အာဗြဟံသည် ခါရန်မြို့သို့ လား၍ နီထိုင်ခြင်းမပြုခင် မေသောပေါတာမိပြည်၌ ဟိနိန်စဉ် ဘုန်းတန်ခိုးတော်နှင့် ပြည့်စုံတော်မူသော ဘုရားသခင်ကို သူ၌ ထင်ရှားလာပြီးလျှင်၊ 3ထိုသူအား၊ ‘သင်၏ပြည်နှင့် ဆွီမျိုးသားချင်း ရို့ထံက ထွက်ပြီးလျှင် ငါ ပြမည့်ပြည်ကို လားလော’ ဟု မိန့်တော်မူ၏။ 4ထို့ကြောင့် အာဗြဟံသည် ခါလဒဲပြည်က ထွက်ပြီးလျှင် ခါရန်ပြည်သို့ လားပြီး နီထိုင်လေ၏။ သူ၏ဖခင် သီဆုံးပြီးနောက် ထိုမြို့မှ အဂု သင်ရို့နီထိုင်သောပြည်ကို ဘုရားသခင်က ရွှိ့ပြောင်းစီခိုင်း၏။ 5ထို့နောက် ကိုယ်တော်က အာဗြဟံအား ထိုပြည်၌ အမွီအဖြစ် ခြီဖဝါးတစ်နီရာစာကိုတောင် ပီးတော်မမူ။ သို့သော်လည်း သူနှင့် သူ၏ သားစဉ်မြီးဆက်အား ထိုပြည်ကို အပိုင်ပီးမည်ဟု သားသမီးတစ်ယောက်မျှ မဟိခင်ကပင် သူ့ကို ကတိပီးတော်မူခ၏။ 6ဘုရားသခင်က အာဗြဟံအား ‘သင်၏မျိုးနွယ်သည် အခြားသောတိုင်းပြည်၌ ကျွန်ဘဝနှင့် နီရပြီးလျှင် အနှစ် ၄၀၀ ပတ်လုံး နှိပ်စက်ခြင်းကို ခံရလိမ့်မည်။ 7သို့သော်လည်း သူရို့ကို ကျွန်ပြုသောလူမျိုးတိအား ငါ စီရင်မည်။ ထို့နောက် သင်၏မျိုးနွယ်သည် ထိုပြည်မှ ထွက်လာပြီးလျှင် ဤအရပ်၌ ငါ့အား ကိုးကွယ်ဝတ်ပြုကြလိမ့်မည်’ ဟု မိန့်တော်မူခ၏။ 8ထို့နောက် ဘုရားသခင်သည် ပဋိညာဉ်တော်၏ အမှတ်လက္ခဏာတစ်ခုအနိန်ဖြင့် အရီဖျားလှီးခြင်းမင်္ဂလာကို အာဗြဟံအား ပီးတော်မူခ၏။ ထို့ကြောင့် အာဗြဟံက သားဣဇာက်ကို ရပြီးနောက် သျှစ်ရက်မြောက်သောနိ့၌ အရီဖျားလှီးခြင်းမင်္ဂလာကို ပီး၏။ ထိုနည်းတူ ဣဇာက်က သားယာကုပ်ကိုလည်းကောင်း၊ ယာကုပ်က သားဆယ့်နှစ်ယောက်ကိုလည်းကောင်း၊ အရီဖျားလှီးခြင်း မင်္ဂလာကို ပီး၏။ ယာကုပ်သား တစ်ဆယ့်နှစ်ယောက်သည်ကား ငါရို့လူမျိုး၏ အဖိုးအဖီး တစ်ဆယ့်နှစ်ပါးဖြစ်သတည်း။
9“ယာကုပ်၏သား ယောသပ်အား အစ်ကိုဖြစ်သောသူတိက မနာလိုသဖြင့် အဲဂုတ္တုပြည်၌ ကျွန်ခံစီခြင်းငှာ ရောင်းလိုက်ကြ၏။ သို့သော်လည်း ဘုရားသခင်သည် သူနှင့်အတူ ဟိတော်မူသည်ဖြစ်၍၊ 10ဒုက္ခဆင်းရဲအပေါင်းမှ သူ့ကို ကယ်နုတ်တော်မူ၏။ ဘုရားသခင်သည် ယောသပ်ကို အဲဂုတ္တုဘုရင်ရှိ့၌ မျက်နှာပွင့်လန်းစီပြီးလျှင် ဉာဏ်ပညာကိုလည်း ပီးတော်မူ၏။ သျှင်ဘုရင်က သူ့အား အဲဂုတ္တုဘုရင်ခံအဖြစ်နှင့် လည်းကောင်း၊ နန်းတော်ဝန်အဖြစ်နှင့် လည်းကောင်း ခန့်ထားတော်မူလေ၏။ 11အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်တလျှောက်လုံး၌ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကြီးစွာသော ဆင်းရဲဒုက္ခရောက်၍ အကျွန်ရို့အဖိုးအဖီးတိသည် အစာရီစာကို မရနိုင်ကြပေ။ 12သို့သော်လည်း အဲဂုတ္တုပြည်၌ ဆန်စပါးဟိကြောင်းကို ယာကုပ်ကြားသောအခါ ငါရို့ အဖိုးအဖီးတိဖြစ်ကြသော သူ၏သားတိကို ထိုပြည်သို့ ပထမအကြိမ် စီရွှတ်လိုက်၏။ 13ဒုတိယအကြိမ် လာရောက်ကြသောခါ ယောသပ်က မိမိသည် ဇာသူဖြစ်ကြောင်းကို သူ၏အစ်ကိုရို့အား ပြောပြလိုက်၍ ယောသပ်၏ မိသားစုအကြောင်းကို အဲဂုတ္တုဘုရင်က သိလားခလေ၏။ 14ထို့နောက် ယောသပ်သည် မိမိ၏ဖခင်ယာကုပ်နှင့်အတူ စုစုပေါင်း ၇၅ ယောက်သော မိသားစုတိကို အဲဂုတ္တုပြည်သို့ လာစီခြင်းငှာ သတင်းစကား ပါးလိုက်လေ၏။ 15ထို့ကြောင့် ယာကုပ်သည် အဲဂုတ္တုပြည်သို့ လိုက်လားလေ၏။ ထိုပြည်၌ သူနှင့်သူ၏ သားရို့သည် သီဆုံးကြလေ၏။ 16သူရို့၏ ရုပ်အလောင်းတိကို ယှေခင်မြို့သို့ သယ်ယူလားပြီးလျှင် ဟာမော်သားတိပါးမှ အာဗြဟံက အဖိုးခပီး၍ ဝယ်ထားခသော သင်္ချိုင်းဂူ၌ သင်္ဂြိုဟ်ခကြလေ၏။
17“ဘုရားသခင်က အာဗြဟံအား ထားတော်မူခသည့် ကတိတော်ကို ပြည့်စုံစီဖို့ရန် အချိန်နီးလာသောခါ အဲဂုတ္တုပြည်၌ အကျွန်ရို့လူမျိုးများသည် အလွန်တိုးပွားလေ၏။ 18ထို့နောက်တွင် ယောသပ်ကိုမသိသော ဘုရင်တစ်ပါးသည် အဲဂုတ္တုပြည်၌ စတင်၍ အုပ်ချုပ်လေ၏။ 19ထိုဘုရင်က အကျွန်ရို့ အဖိုးအဖီးတိကို လှည့်စားပြီးလျှင် သူရို့တိကို နှိပ်စက်ညှဉ်းဆဲကြ၏။ သူရို့ကို အနိုင်အထက်ပြု၍ အသျှေတိကိုလည်း သီဆုံးစီခြင်းငှာ အိမ်အပြင်၌ ပစ်ထားစီကြ၏။ 20ထိုအချိန်ကာလကား အလွန်လှပသော အချေ မောသျှေကို ဖွားမြင်သော ကာလပင်ဖြစ်၏။ သူ့ကို သုံးလတိုင်အောင် သူ၏အိမ်၌ ပြုစုစောင့်ရှောက်ခြင်းကို ခံရခ၏။ 21သူသည် အိမ်ပြင်၌ ပစ်ထားခြင်းကိုခံရသောအခါ သျှင်ဘုရင်၏သမီးတော်က မိမိ၏သားအဖြစ် မွီးစားလေ၏။ 22မောသျှေအား အဲဂုတ္တုအမျိုးသားတိတတ်အပ်သော အတတ်ပညာအလုံးစုံကို ဆည်းပူးစီပြီးသောအခါ သူသည် နှလုံးရည် လက်ရုံးရည်တိနှင့် ပြည့်စုံသူတစ်ဦး ဖြစ်လာ၏။
23“သူသည် အသက်လေးဆယ် ပြည့်သောအခါ၌ မိမိအမျိုးသားချင်းဖြစ်သော ဣသရေလ ညီအစ်ကိုတိ ပါးသို့ လည်ပတ်ရန် စိတ်ပိုင်းဖြတ်ထားလေ၏။ 24ထိုသို့ လည်ပတ်ချိန်၌ အဲဂုတ္တုအမျိုးသား တစ်ယောက်က ဣသရေလအမျိုးသား တစ်ယောက်အား နှိပ်စက်နိန်သည်ကို မြင်လျှင် မိမိလူဖက်မှ ဝင်ရောက်ကူညီပြီးလျှင် အဲဂုတ္တုလူကို လက်တုန့်ပြန်၍ အသီသတ်လိုက်လေ၏။ 25မောသျှေသည် မိမိလူတိကို ကယ်တင်ရန် မိမိအား ဘုရားသခင်က ရွှတ်လိုက်တော်မူခကြောင်းကို သူရို့နားလည်လိမ့်မည်ဟု ထင်မှတ်ခ၏။ သို့သော်လည်း သူရို့ နားမလည်ကြ။ 26နောက်တစ်နိ့၌ ဣသရေလလူနှစ်ယောက် ရန်ဖြစ်နိန်သည်ကိုမြင်၍ ငြိမ်းချမ်းစီလိုသဖြင့် မောသျှေက၊ ‘နားထောင်ကတ်ပါ။ သင်ရို့သည် ညီအစ်ကိုချင်းဖြစ်လျက်ပင် ဇာဖြစ်လို့ ရန်ဖြစ်နိန်ကြသနည်း’ ဟု သူရို့အား ဖြန်ဖြေရန် ကြိုးစားလေ၏။ 27သို့သော်လည်း အနိုင်ကျင့်သောလူက မောသျှေအား တိုးထုတ်လိုက်ပြီးလျှင် ‘ငါရို့ကို တရားစီရင်အုပ်ချုပ်ရန် သင့်အား ဇာသူက ခန့်ထားသနည်း။’ 28‘တစ်နိ့က အဲဂုတ္တုလူတစ်ယောက်ကို အသီသတ်လိုက်သကဲ့သို့ ငါ့ကိုလည်း အသီသတ်ချင်သလော’ ဟု မိန်းလေ၏။ 29ထိုစကားကို မောသျှေကြားသောအခါ အဲဂုတ္တုပြည်မှ ထွက်ဗြီးလားပြီးလျှင် မိဒျန်ပြည်၌ နီထိုင်လေ၏။ ထိုပြည်၌ သားနှစ်ယောက်ကို ရလေ၏။
30“နှစ် ၄၀ ကြာပြီးနောက် သိနာတောင်အနား တောကန္တာရ၌ ကောင်းကင်တမန်တစ်ပါးသည် မီးလောင်နိန်သော ခြုံပုတ်ထဲမှ မောသျှေကို ထင်ရှားပြလေ၏။ 31ထိုအခြင်းအရာကို မောသျှေမြင်သောအခါ အံ့သြသည်ဖြစ်၍ သေချာစွာကြည့်ရန် အနားသို့ ချဉ်းကပ်လေ၏။ သို့သော် သခင်ဘုရား၏ အသံတော်ကို ကြားရသည်ကား၊ 32‘ငါသည် သင့်အဖိုးအဖီးရို့၏ဘုရား၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်ရို့၏ ဘုရားသခင်ဖြစ်သည်’ ဟု ကြားရသောကြောင့် မောသျှေသည် ကြောက်ရွံ့တုန်လှုပ်ပြီးလျှင် မကြည့်ဝံ့ဘဲနိန်၏။ 33သခင်ဘုရားက မောသျှေအား ‘သင် ရပ်နိန်သော နီရာသည် သန့်ယှင်းသော မြီဖြစ်သောကြောင့် သင့်၏ဖိနပ်ကို ချွတ်လော့။ 34ငါသည် အဲဂုတ္တုပြည်၌ ငါ၏လူမျိုးတိ ခံနိန်ရသော ဒုက္ခဆင်းရဲကို မြင်ယာ။ ငါသည် သူရို့၏ ညည်းတွားသံတိကိုလည်း ကြားရယာ။ ထို့ကြောင့် ငါသည် သူရို့အား ကယ်တင်ရန် ဆင်းလာယာ။ အဂု လာလော့။ ငါသည် သင့်ကို အဲဂုတ္တုပြည်သို့ စီရွှတ်မည်’ ဟု မိန့်တော်မူ၏။
35“မောသျှေကား ဣသရေလလူမျိုးတိ ပစ်ပယ်ခြင်းကို ခံရသူဖြစ်၏။ သူရို့က ‘ငါရို့ကို အုပ်ချုပ်ဖို့နှင့် တရားစီရင်ဖို့ သင့်ကို ဇာသူခန့်ထားသနည်း’ ဟု မိန်းကြ၏။ သူသည် ခြုံပုတ်ထဲမှ မီးတောက်အားဖြင့် ထင်ရှားပြသော ကောင်းကင်တမန် အကူအညီအားဖြင့် ဣသရေလလူမျိုးတိကို အုပ်ချုပ်ရန်နှင့် လွတ်မြောက်စီရန် ဘုရားသခင် စီရွှတ်တော်မူသောသူဖြစ်၏။ 36သူသည် လူတိကို အဲဂုတ္တုပြည်မှ ခေါ်ထုတ်လာ၍ အဲဂုတ္တုပြည်နှင့် ပင်လယ်နီ၌ လည်းကောင်း၊ အနှစ်လေးဆယ်ပတ်လုံး တောကန္တာရ၌ လည်းကောင်း၊ နိမိတ်လက္ခဏာနှင့် အံ့သြဖွယ်ရာများကို ပြုခ၏။ 37မောသျှေသည် ဣသရေလ လူမျိုးရို့အား ‘ဘုရားသခင်သည် သင်ရို့ထံသို့ ငါ့ကို စီရွှတ်သကဲ့သို့#၇.၃၇ ငါ့ကို စီရွှတ်သကဲ့သို့၊ သို့မဟုတ် ငါ့ကဲ့သို့သော။ ပရောဖက်တစ်ပါးကို စီရွှတ်တော်မူလိမ့်မည်၊ ထိုသူသည် သင်ရို့ လူမျိုးထဲကတစ်ယောက် ဖြစ်လိမ့်မည်’ ဟု ပြောကြားခသူတစ်ယောက်ဖြစ်၏။ 38သူသည် ဣသရေလလူမျိုးတိနှင့် တောကန္တရ၌ စုဝေးခသော သူတစ်ယောက်ဖြစ်၏။ သူသည် သိနာတောင်၌ စကားပြောခသော ကောင်းကင်တမန်တိနှင့် လည်းကောင်း၊ ငါရို့အဖိုးအဖီးနှင့် လည်းကောင်း ထိုနီရာ၌ဟိခသောသူဖြစ်ပြီး ငါရို့အား ပီးအပ်ရန် ဘုရားသခင်၏ အသက်ရှင်သော ဗျာဒိတ်တော်ကို ခံယူခသူဖြစ်၏။
39“သို့သော်လည်း ငါရို့အဖိုးအဖီးတိက သူ၏စကားကို နာမခံကြ။ သူ့ကိုဖယ်ထားပြီးလျှင် အဲဂုတ္တုပြည်ကို ပြန်လိုသောဆန္ဒ ဟိကြ၏။ 40ထို့ကြောင့် သူရို့က ‘ငါရို့ကို အဲဂုတ္တုပြည်မှ ထုတ်ဆောင်ခသော မောသျှေသည် ဇာပိုင် ဖြစ်လားသည်ကို မသိ။ ထို့ကြောင့် ငါရို့ကို ဦးဆောင်တော်မူမည့် ဘုရားတိကို ပြုလုပ်ပီးပါ’ ဟု အာရုန်အား တောင်းဆိုကြ၏။ 41ထို့နောက် သူရို့သည် နွားပုံသဏ္ဌာန် ရုပ်တုကို သွန်းလုပ်ပြီး ပူဇော်သကာကို ယူဆောင်ကာ မိမိရို့လက်ဖြင့် ပြုလုပ်သော ထိုရုပ်တုကို ပူဇော်၍ ပျော်မြူးနိန်ကြ၏။ 42ထို့ကြောင့် ဘုရားသခင်သည် သူရို့ကို မျက်နှာလွှဲတော်မူ၍ ကောင်းကင်မှ ကြယ်တိကို ကိုးကွယ်စီရန် စွန့်ပစ်ထားတော်မူ၏။ ထိုအကြောင်းအရာနှင့်ပတ်သတ်၍ ပရောဖက်ကျမ်းစာ၌ ရီးသားထားသည်ကား၊
“ ‘ဣသရေလအမျိုးရို့၊ သင်ရို့သည် တောကန္တာရ၌၊
အနှစ်လေးဆယ်ပတ်လုံး ယဇ်ကောင်တိကို သတ်၍ ပူဇော်ခကြ၏။
ထိုပူဇော်ခြင်းသည်ကား ငါ့ကို ပူဇော်သည် မဟုတ်။
43သင်ရို့ သယ်ဆောင်လားသော မောလုတ်ဘုရား၏ တဲတော်နှင့်၊
သင်ရို့၏ ရင်ဖန်ဘုရား၏ ကြယ်ရုပ်တုဖြစ်၏။
ထိုအရာတိသည် သင်ရို့ ဝတ်ပြုကိုးကွယ်ဖို့ ပြုလုပ်ထားသော ရုပ်တုတိသာဖြစ်ကြ၏။
ထို့ကြောင့် ငါသည် သင်ရို့ကို ဗာဗုလုန်မြို့ ကျော်လွန်အောင် ပြည်နှင်ဒဏ် ပီးလိမ့်မည်။’
44“တောကန္တာရ၌ ငါရို့အဖိုးအဖီးတိနှင့်အတူ ဘုရားသခင်ကိန်းဝပ်ရာ တဲတော်ဟိ၏။ မောသျှေသည် သူမြင်ရသည့်ပုံစံနှင့်အညီ တဲတော်ကို ပြုလုပ်ရန် မြွက်ဆိုတော်မူသော ဘုရားသခင်က မှာကြားသည့်အတိုင်း ပြုလုပ်ထားသော တဲတော်ဖြစ်၏။ မောသျှေအား ဖော်ပြထားတော်မူသည့်ပုံနှင့်အညီ သက်သီခံတော်မူရာ တဲတော်ကို တည်ဆောက်ခ၏။ 45ငါရို့ အဖိုးအဖီးရို့သည် မိမိရို့အဖတိထံပါးမှ ထိုတဲတော်ကို ဆက်ခံပြီးလျှင် ဘုရားသခင် နှင်ထုတ်တော်မူသော အခြားလူမျိုးတိပြည်ကို ယောသျှုနှင့်အတူ ချီတက်သိမ်းပိုက်ကြသောခါ ထိုတဲတော်ကို သယ်ဆောင်လားကြ၏။ ထိုတဲတော်ကား ဒါဝိဒ်လက်ထက်တိုင် ဟိလေ၏။ 46သူသည် ဘုရားသခင်၏ရှိ့တော်၌ ကျေးဇူးတော် ခံစားရသူ ဖြစ်ပြီးလျှင် ယာကုပ်၏ဘုရား#၇.၄၆ ယာကုပ်၏ဘုရား၊ တချို့သော လက်ရီးမူရင်းကျမ်းတွင် ဣသရေလလူမျိုး၊ ဟု ဖော်ပြပါဟိသည်။ ကိန်းဝပ်တော်မူရာအရပ်ကို တည်ဆောက်ခွင့်ပြုရန် ဘုရားသခင်ထံတော်သို့ တောင်းလျှောက်လေ၏။ 47သို့သော်လည်း ဘုရားသခင်၏ အိမ်တော်ကို တည်ဆောက်ခွင့်ရသူကား သျှောလမုန် ဖြစ်၏။”
48“သို့သော်လည်း အမြင့်ဆုံးသောဘုရားသခင်သည် လူ့လက်ဖြင့် တည်ဆောက်သည့် အိမ်တိ၌ ကိန်းဝပ်တော်မမူ။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ပရောဖက်က၊
49“ ‘သခင်ဘုရား မိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံသည် ငါ့၏ပလ္လင်ဖြစ်၏၊
မြီကြီးသည်လည်း ငါ့၏ခြီတင်ခုံဖြစ်၏။
သင်သည် ဇာပိုင်မျိုး အိမ်ကို ငါ့အတွက် တည်ဆောက်မည်နည်း။
ငါ ကိန်းဝပ်မည့် အရပ်ကား ဇာမှာနည်း။
50ဤအရာအားလုံးတိကို ငါကိုယ်တိုင် ဖန်ဆင်းသည် မဟုတ်လော’ ဟူ၍ ဆိုထားသည်အတိုင်း ဖြစ်၏။
51“သတေဖန်က သင်ရို့သည် အလွန်ပင် ဂေါင်းမာကြ၏။ သင်ရို့၏ စိတ်နှလုံး၌ ဘုရားတရား ကင်းမဲ့ကြပြီးလျှင် ဘုရားသခင်၏ ဗျာဒိတ်စကားကို ကြားနာရန် နားပင်းနိန်ကြသည်တကား။ သင်ရို့သည် မိမိအဖိုးအဖီးတိကဲ့သို့ သန့်ယှင်းသောဝိညာဉ်တော်ကို အစဉ်အမြဲ ဆန့်ကျင်ဖက်ပြုကြ၏။ 52သင်ရို့အဖိုးအဖီးတိ နှိပ်စက်ခြင်းကို မခံရသော ပရောဖက်ဟူ၍ ဇာသူတစ်ယောက် ဟိခသနည်း။ သူရို့သည် ဘုရားသခင် ကြွလာမည့်အကြောင်းကို ကြိုတင်ဟောကြားမည့် ဖြောင့်မတ်သော အခိုင်းအစီတိကို အယင်ကပင်လျှင် အသီသတ်ခကြ၏။ အဂုလည်း သင်ရို့သည် ထိုအသျှင်ကို သစ္စာဖောက်သောသူနှင့် သတ်ဖြတ်သောသူများဖြစ်ကြပြီ။ 53သင်ရို့သည် ကောင်းကင်တမန်တိ အားဖြင့် ပီးအပ်တော်မူခသော ဘုရားသခင်၏ ပညတ်တော်ကို — ရလျှင်လည်း မလိုက်နာကြပေ” ဟု မြွက်ဆို၏။
သတေဖန်ကို ကျောက်ခဲနှင့် ပစ်ကြခြင်း
54သတေဖန်စကားကို ကြားသောအခါ ယုဒတရားလွှတ်တော် အဖွဲ့ဝင်ရို့သည် အလွန် ဒေါသထွက်ကြ၍ အံကြိတ်နိန်ကြ၏။ 55သို့သော် သတေဖန်သည် သန့်ယှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက် ကောင်းကင်သို့ မော်ကြည့်လိုက်သောအခါ ဘုရားသခင်၏ ဘုန်းတန်ခိုးတော် လည်းကောင်း၊ ဘုရားသခင်၏လက်ယာဖက်တွင် ယေသျှုရပ်နိန်သည်ကိုလည်းကောင်း မြင်လေ၏။ 56သူက “ကြည့်ပါ၊ ကောင်းကင်ပွင့်၍ လူသားသည် ဘုရားသခင်၏ လက်ယာဖက်၌ ရပ်နိန်သည်ကို ငါမြင်ရ၏” ဟု ဆို၏။
57ကောင်စီဝင်အားလုံးသည် ကျယ်လောင်စွာ အော်ဟစ်လျက် နားကို လက်ဖြင့်ပိတ်ထားကြ၏။ ထိုအခါ ချက်ချင်း သတေဖန်ပါးသို့ တဟုန်ထိုး ဗြီးလာကြပြီး၊ 58သူ့ကို မြို့ပြင်သို့ ဆွဲထုတ်ပြီးလျှင် ကျောက်သီးဖြင့် ပစ်ကြ၏။ အသိသက်သီရို့သည် မိမိရို့၏ အဝတ်များကို သျှောလုဟု ဆိုသော လူငယ်တစ်ယောက်ထံ၌ အပ်ထားကြ၏။ 59ဤသို့ သူ့ကိုကျောက်သီးနှင့် ပစ်နိန်ကြစဉ် သတေဖန်က “အို၊ အသျှင်ယေသျှု၊ အကျွန့်ဝိညာဉ်ကို ရုပ်သိမ်းတော်မူပါ” ဟု သခင်ဘုရားကို ဆုတောင်းလေ၏။ 60သူသည် ဒူးထောက်၍ ကျယ်လောင်သော အသံဖြင့် “အသျှင်ဘုရား၊ ဤသူရို့ပြုသော ပြစ်မှားခြင်းတိကို မှတ်တော်မမူပါကေ့” ဟု ဆို၍ ကြွေးကြော်ပြီးလျှင် အသက်ချုပ်လေ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in