တမန်တော် 5
5
အာနနိနှင့် သျှာဖိရေ
1အာနနိဟု နာမည်ဟိသူနှင့် သူ၏မယား သျှာဖိရေရို့သည် မိမိရို့ပိုင်ဆိုင်သည့် ပိုင်ဆိုင်မှုတချို့ကို ရောင်းချကြ၏။ 2သို့ရာတွင် အာနနိသည် မိမိမယားနှင့် သဘောတူညီချက်အရ ရောင်း၍ရသော ငွီထဲမှ တချို့ကို မိမိအဖို့ဖယ်ထားပြီးမှ ကျန်ငွီတိကို တမန်တော်ရို့အား ပီးအပ်လေ၏။ 3ပေတရုက “အာနနိ၊ သင်သည် စာတန်မာရ်နတ်ကို ဇာကြောင့် သင့်စိတ်နှလုံးထဲ၌ အုပ်စိုးခွင့်ပီးပြီးလျှင် သန့်ယှင်းသောဝိညာဉ်တော်ကို လိမ်လည်ပြီး မြီကွက်ရောင်းရသော ငွီထဲက တချို့ကို ဇာကြောင့် ဖယ်ထားသနည်း။ 4ထိုမြီကို မရောင်းခင် သင်ပိုင်သည် မဟုတ်လော။ ရောင်းပြီးလျှင်လည်း မြီကွက်ရောင်းရငွီကို သင်ပိုင်သည် မဟုတ်လော။ ဇာဖြစ်လို့ ထိုအကြံစည်ကို ကြံစည်သနည်း။ သင်သည် လူကို လိမ်လည်ခြင်း မဟုတ်ဘဲ ဘုရားသခင်ကို လိမ်လည်ခြင်းဖြစ်သည်” ဟု ဆို၏။ 5အာနနိသည် ထိုစကားကို ကြားသည်နှင့်တပြိုင်နက် လဲကျ သီဆုံးလေ၏။ ထိုအဖြစ်အပျက်ကို ကြားရသောသူအပေါင်းရို့သည် အလွန်ကြောက်လန့်ကြ၏။ 6လုလင်ရို့သည် ဝင်လာ၍ အာနနိ၏ရုပ်အလောင်းကို အဝတ်နှင့်ပတ်ပြီးလျှင် အပြင်သို့ထုတ်ယူလားပြီး သင်္ဂြိုဟ်ကြ၏။
7သုံးနာရီခန့်ကြာသောအခါ ဖြစ်ပျက်ခသော အကြောင်းအရာကိုမသိဘဲ အာနနိ၏မယားသည် ဝင်ရောက်လာ၏။ 8ထိုအခါ ပေတရုက၊ “ငါ့ကို ပြောလော့၊ သင်ရို့၏မြီကွက်ကို ဤမျှလောက်သောတန်ဖိုးနှင့် ရောင်းသလော” ဟု သူမအား မိန်းလျှင်၊
“ဟုတ်ပါ၏။ ဤမျှလောက်သောတန်ဖိုးနှင့် ရောင်းပါ၏” ဟု ဆို၏။
9ပေတရုကလည်း၊ “သင်ရို့သည်၊ သခင်ဘုရား၏ ဝိညာဉ်တော်ကို လိမ်လည်ရန် ဇာကြောင့် သဘောတူ ကြံစည်ကြသနည်း။ ကြည့်ပါ၊ သင်၏လင် အလောင်းကို သင်္ဂြိုဟ်ခသော လူတိ၏ခြီသည် တန်းခါးဝ၌ အဂုရောက်နီယာ။ သူရို့သည် သင့်ကိုလည်း ဆောင်ယူလားလိမ့်အုံးမည်” ဟု သူမအား ဆို၏။ 10ချက်ချင်းပင် ထိုမိန်းမသည် ပေတရု၏ခြီရင်းတွင် လဲကျ သီဆုံးလေ၏။ လုလင်ရို့သည် ဝင်လာကြသောအခါ ထိုမိန်းမသီဆုံးနီသည်ကို တွိ့ရသဖြင့် အလောင်းကို အပြင်သို့ထုတ်ဆောင်ပြီးလျှင် သူမ၏လင် ဘေးနားတွင် သင်္ဂြိုဟ်ကြ၏။ 11ထိုအဖြစ်ပျက်ကို အသင်းတော်တစ်ခုလုံးနှင့် ကြားရသော အခြားသောသူအပေါင်းရို့သည် အလွန် ကြောက်လန့်ကြကုန်၏။
နိမိတ်လက္ခဏာနှင့် အံ့သြဖွယ်ရာများ
12တမန်တော်ရို့သည် လူအပေါင်းရို့ရှိ့တွင် များစွာသော အံ့ဖွယ်ရာများနှင့် နိမိတ်လက္ခဏာများကို ပြကြ၏။ ယုံကြည်သူအပေါင်းရို့သည် သျှောလမုန်ကနားပြင်တွင် အတူတကွ စုဝေးကြ၏။ 13လူရို့သည် ထိုသူရို့အား ချီးကျူးပြောဆိုကြသော်လည်း မည်သူတစ်ယောက်မှ ထိုသူရို့ကို မပေါင်းသင်းဝံ့ပေ။ 14သို့သော် သခင်ဘုရားကို သက်ဝင်ယုံကြည်သူ မိန်းမ၊ ယောက်ျား အရေအတွက်သည်လည်း ပို၍ပို၍ များပြားလာကြ၏။ 15တမန်တော်များသည် ထိုသို့ လုပ်ဆောင်မှု၏ အကျိုးရလဒ်ကြောင့် လူရို့သည် နာမကျန်းသောသူများကို လမ်းမထက်သို့ ယူဆောင်လာကြပြီး အိပ်ရာများ၊ ကုတင်များနှင့် ထားကြကာ ပေတရု ဖြတ်လားသောအခါ သူ၏အရိပ်ကိုပင် နာမကျန်းသောသူတချို့၌ ကျရောက်စီရန် ကြိုးစားကြ၏။ 16ထို့ပြင် ယေရုဆလင် ပတ်ဝန်းကျင်မြို့ရွာများမှ လူထုပရိသတ်ရို့သည် ဖျားနာသူများ၊ ဝိညာဉ်ဆိုး ဝင်ပူးနိန်သူများကို ခေါ်ဆောင်လာကြ၍ သူရို့အားလုံးသည်လည်း ကျန်းမာခြင်းသို့ ရောက်ကြ၏။
တမန်တော်တိ ညှဉ်းပန်းနှိပ်စက်ခံရခြင်း
17ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏ အပေါင်းအဖော်များဖြစ်ကြသော ဒေသဆိုင်ရာ ဇဒ္ဒုကဲအဖွဲ့ဝင်များသည် တမန်တော်ရို့ကို အလွန် မနာလိုဖြစ်ကြ၏၊ ထို့ကြောင့် သူရို့ကို အရေးယူရန် ဆုံးဖြတ်ကြ၏။ 18သူရို့သည် တမန်တော်ရို့ကို ဖမ်းဆီးပြီးလျှင် ထောင်၌ အကျဉ်းချထား၏။ 19သို့သော် ထိုည၌ သခင်ဘုရား၏ ကောင်းကင်တမန်သည် ထောင်တန်းခါးကို ဖွင့်၍ တမန်တော်တိကို အပြင်သို့ ခေါ်ထုတ်ပြီးလျှင်၊ 20“သင်ရို့၊ ဗိမာန်တော်သို့ လားပြီးလျှင် လူအပေါင်းရို့အား အသစ်သော အသက်ရှင်ခြင်း အကြောင်းကို ဟောပြောကြလော့” ဟု ဆို၏။ 21တမန်တော်ရို့သည် ကောင်းကင်တမန်စကားကို နာခံ၍ အရုဏ်တက်ချိန်၌ ဗိမာန်တော်ထဲသို့ဝင်ပြီး စတင်၍ သွန်သင်ကြ၏။
ယဇ်ပုရောဟိတ်မင်းနှင့် သူ၏ အပေါင်းအပါရို့သည် စုံညီတရားလွှတ်တော် အစည်းအဝေးကို ပြုလုပ်ရန် ယုဒခေါင်းဆောင်အားလုံး စုရုံးစီကြ၏။ ထို့နောက် တမန်တော်ရို့ကို သူရို့ရှိ့သို့ ခေါ်ထုတ်လာရန် အစောင့်တပ်သားရို့ကို အမိန့်ပီး၍ အကျဉ်းထောင်သို့ စီရွှတ်ကြ၏။ 22သို့သော် ထိုအစောင့်စစ်သည်ရို့သည် အကျဉ်းထောင်သို့ ရောက်ကြသောအခါ တမန်တော်ရို့ကို မတွိ့ကြသဖြင့် တရားလွှတ်တော်သို့ ပြန်လာကြပြီးလျှင်၊ 23“အကျွန်ရို့ အကျဉ်းထောင်သို့ ရောက်ကြသောအခါ၊ အကျဉ်းထောင်တန်းခါးကို သေချာစွာပိတ်ထားလျက် ဟိနိန်ပြီး ထောင်စောင့်တိလည်း တန်းခါးအပြင်ဖက်၌ ရပ်နိန်ကြသည်ကို အကျွန်ရို့ တွိ့ရပါ၏။ သို့သော် အကျွန်ရို့သည် တန်းခါးကို ဖွင့်လိုက်သောခါ အထဲ၌ တစ်ယောက်ကိုမျှ အကျွန်ရို့ မတွိ့ရပါ” ဟု တင်ပြကြ၏။ 24ဗိမာန်တော်မှူးနှင့် ယဇ်ပုရောဟိတ်မင်းရို့သည် ထိုစကားကိုကြားလျှင် ဤအရာကား မည်သို့ ဖြစ်လိမ့်မည်နည်းဟု တမန်တော်ရို့နှင့်ပတ်သတ်၍ အံ့သြနိန်ကြ၏။ 25ထိုအခါ လူတစ်ယောက်သည် ရောက်လာ၍ “နားထောင်ကတ်ပါ၊ အသျှင်ရို့ ထောင်ချထားသော လူရို့သည် ဗိမာန်တော်ထဲ၌ လူတိကို သွန်သင်နိန်ကြပါ၏” ဟု လျှောက်၏။ 26ထို့ကြောင့် ဗိမာန်တော်မှူးသည် မိမိအစောင့်စစ်သည်တိနှင့် လား၍ တမန်တော်တိကို ပြန်၍ခေါ်လာကြ၏။ သို့သော် မိမိရို့အား လူထုက ကျောက်ခဲနှင့် ပစ်မည်ကို ကြောက်သောကြောင့် တမန်တော်တိအား အနိုင်အထက်မပြုဘဲ ခေါ်လာကြ၏။
27သူရို့သည် တမန်တော်တိကို ခေါ်သွင်းလာပြီးလျှင် တရားလွှတ်တော်ရှိ့တွင် ရပ်စီပြီးနောက် ယဇ်ပုရောဟိတ်မင်းက သူရို့ကို စစ်ဆီးလေ၏။ 28ယဇ်ပုရောဟိတ်မင်းက #မ ၂၇.၂၅“ငါရို့သည် သင်ရို့အား ထိုသူ၏နာမကို အမှီပြု၍ ဟောပြောသွန်သင်ခြင်းမပြုရန် တင်းကြပ်စွာ အမိန့်ပီးခ၏။ သို့သော် သင်ရို့သည် ယေရုဆလင်တစ်မြို့လုံး၌ ပြန့်နှံ့စွာ ဟောပြောသွန်သင်ပြီး ထိုသူ သီဆုံးရသည်မှာ ငါရို့ကြောင့်ဖြစ်သည်ဟု အပြစ်တင်လိုပါသည်တကား” ဟု တမန်တော်ရို့အား ပြောကြားကြ၏။
29ပေတရုနှင့် အခြားသောတမန်တော်ရို့က “ငါရို့သည် လူ၏အမိန့်ထက် ဘုရားသခင်၏အမိန့်ကို နားထောင်ရမည်။ 30ငါရို့အဖိုးအဖီးရို့၏ဘုရားသခင်သည် လက်ဝါးကပ်တိုင်ထက်၌ သံမှိုဖြင့်ရိုက်၍ သင်ရို့ သတ်ခသော ယေသျှုကို ရှင်ပြန်ထမြောက်စီတော်မူခယာ။ 31ဘုရားသခင်သည် ဣသရေလလူမျိုးရို့၏ အပြစ်တိကို နောင်တရခြင်းနှင့် အပြစ်ခွင့်ရွှတ်ခြင်းကို ပီးသနားတော်မူရန် ထိုအသျှင်ကို ကယ်တင်သျှင်နှင့် အုပ်စိုးပိုင်သောအသျှင်အဖြစ် မိမိလက်ယာဖက်၌ ချီးမြှောက်တော်မူခယာ။ 32ဤအကြောင်းအရာနှင့် ပတ်သက်၍ ငါရို့သည် သက်သီများဖြစ်ကြပြီး ဘုရားသခင်သည် မိမိ၏စကားကို နာခံသူတိအတွက် ချပီးတော်မူသော သန့်ယှင်းသောဝိညာဉ်တော်ကလည်း သက်သီဖြစ်တော်မူ၏” ဟု ပြန်ဖြေကြ၏။
33တရားလွှတ်တော်အဖွဲ့ဝင်ရို့သည် ထိုစကားကို ကြားကြလျှင် အလွန် ဒေါသထွက်သောကြောင့် တမန်တော်ရို့အား အသီသတ်ရန် ကြံစည်ကြ၏။ 34သို့သော်လည်း လူအားလုံးက လေးစားကြသော ကျမ်းတတ်ဆရာတစ်ယောက်ဖြစ်သည့် ဂါမလျေလဟု နာမည်ဟိသော ဖာရိယှဲတစ်ယောက်သည် တရားလွှတ်တော်၌ ထရပ်၍ တမန်တော်ရို့အား တစ်အောင့်ချေလောက် အပြင်သို့ခေါ်ထုတ်လားရန် အမိန့်ပီးပြီးလျှင်၊ 35ထိုသူက တရားလွှတ်တော်အဖွဲ့ဝင်ရို့အား “ဣသရေလအမျိုးသားရို့၊ သင်ရို့သည် ဤသူရို့အား သတိနှင့် ပြုမူကြလော့။ 36အကြောင်းမူကား လွန်ခသောအချိန်က သုဒဟု ဆိုသူက မိမိကိုယ်ကို ကြီးမြတ်သည့်ဟု ဆိုလျက် ပေါ်ပေါက်ခပြီးလျှင် သူ့နောက်ကို လူ ၄၀၀ လောက် လိုက်ကြသည်ကို မှတ်မိကြသလော။ သို့သော် ထိုသူသည် အသီသတ်ခံရပြီးနောက်တွင် သူ၏နောက်လိုက်များသည် တကွဲတပြားစီ ဖြစ်လားပြီးလျှင် သူ၏လှုပ်ယှားမှုတိလည်း ပျောက်ကွယ်လားလေ၏။ 37ထိုသူ၏နောက်တွင် သန်းခေါင်စာရင်းကောက်ချိန်၌ ယုဒဆိုသော ဂါလိလဲလူတစ်ယောက် ပေါ်လာပြီးလျှင် လူထုကို ဆွဲဆောင်စည်းရုံးပြန်၏။ သို့ရာတွင် ထိုသူလည်း အသီသတ်ခံရပြီးလျှင် သူ၏နောက်လိုက် အားလုံးသည်လည်း တကွဲတပြားဖြစ်ကုန်၏။ 38ထို့ကြောင့် ဤကိစ္စနှင့်ပတ်သတ်၍ သင်ရို့ကို ငါပြောမည်။ ထိုသူရို့ကို အရေးမယူကြနှင့်။ ရွှတ်ထားလိုက်။ သူရို့ကြံစည်သော အမှုကိစ္စသည် လူ၏အမှုသာ ဖြစ်သည်ဆိုလျှင် ပျက်စီးရလိမ့်မည်။ 39သို့သော် ဘုရားသခင်က လာသည့် အမှုကိစ္စဖြစ်လျှင် ထိုသူရို့ကို သင်ရို့ မဖျက်ဆီးနိုင်ပေ။ သင်ရို့လည်း ဘုရားသခင်ကို ဆန့်ကျင်ဖက် ပြုရာကျမည်” ဟု ဆို၏။
တရားလွှတ်တော်ကလည်း ဂါမေလေလျ၏ အကြံပီးချက်ကို လက်ခံကြ၏။ 40ထို့နောက် သူရို့သည် တမန်တော်ရို့ကို ခေါ်သွင်း၍ ကြိမ်ဒဏ်ပီးပြီးလျှင် ယေသျှုနာမ၌ နောက်တစ်ခါ ဟောပြောသွန်သင်ခြင်းကို မပြုရန် အမိန့်ပီးကာ ပြန်ရွှတ်လိုက်ကြ၏။ 41တမန်တော်ရို့သည် တရားလွှတ်တော်မှ ထွက်လာကြစဉ် ဝမ်းမြောက်လျက်ဟိကြ၏။ အကြောင်းမူကား ဘုရားသခင်က ထိုသူရို့အား ယေသျှု၏ နာမတော်အဖို့ ဂုဏ်အသရေပျက်ခြင်းကို ခံထိုက်သူဟု မှတ်တော်မူခြင်းခံရသောကြောင့် ဖြစ်၏။ 42ထို့နောက် ထိုသူရို့သည် နိ့စဉ်နိ့တိုင်း ဗိမာန်တော်တွင် လည်းကောင်း၊ လူရို့၏အိမ်များတွင် လည်းကောင်း ယေသျှုသည် မေသျှိယဖြစ်တော်မူကြောင်း သတင်းကောင်းကို အဆက်မပြတ် ဟောပြောသွန်သင်ကြ၏။
Currently Selected:
တမန်တော် 5: NTRKB25
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© The Word for the World International, 2025.