တမန်တော် 3
3
ခြီမသန်စွမ်းသော ယောကျ်ားတစ်ယောက်ကို အကောင်းပကတိ ဖြစ်စီခြင်း
1တစ်နိ့၌ ပေတရုနှင့် ယောဟန်ရို့သည် မွန်းလွဲ သုံးချက်တီး ဆုတောင်းသောအချိန်တွင် ဗိမာန်တော်သို့ လားကြ၏။ 2ထိုစဉ် လူတိက ဝမ်းတွင်းပါ ခြီမသန်စွမ်းသူ ယောကျ်ားတစ်ယောက်ကို ထမ်းလာကြ၏။ ဗိမာန်တော်ထဲသို့ လာကြသောသူတိပါးမှ ငွီကြေးတောင်းခံနိုင်ရန် နိ့စဉ်နိ့တိုင်း ထိုသူကို တင့်တယ်ဟု ခေါ်သော တန်းခါးအနားတွင် ချထားလေ့ဟိကြ၏။ 3ထိုသူသည် ပေတရုနှင့် ယောဟန်ရို့ ဗိမာန်တော်ထဲသို့ ဝင်လာသည်ကို မြင်လျှင် တစ်စုံတစ်ခုကို ပီးကမ်းစွန့်ကြဲရန် သူရို့အား တောင်းခံလေ၏။ 4သူရို့သည် သူ့ကို စိ့စိ့ကြည့်လျက်၊ ပေတရုက “ငါရို့ကို ကြည့်လော့” ဟု ဆိုလျှင်၊ 5ထို့ကြောင့် သူသည် သူရို့ပါးမှ တစ်စုံတစ်ခုရမည်ဟု မျှော်လင့်လျက် သူရို့ကိုကြည့်လေ၏။ 6သို့သော် ပေတရုက “ငါ၌ ငွီကြေးမဟိ၊ ယေဒါလေ့ ဟိသောအရာကို သင့်အား ပီးမည်။ နာဇရက်မြို့သား ယေသျှုခရစ်တော်၏ နာမတော်မြတ်အားဖြင့် ထ၍ လှမ်းလားလော့” ဟု ဆို၏။ 7ထို့နောက် ပေတရုသည် မိမိ၏ ညာဖက်လက်ဖြင့် ဆွဲကိုင်ကာ ထူမလိုက်သည်နှင့်တပြိုင်နက် သူ၏ခြီနှင့် ခြီဆစ်ရို့သည် ချက်ချင်း သန်မာလာသဖြင့်၊ 8ထိုသူသည် ထခုန်လျက် ရပ်ကာ လမ်းလျှောက်လေ၏။ ထို့နောက် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလျက် ခုန်ပေါက်လမ်းလျှောက်ကာ ဗိမာန်တော်ထဲသို့ သူရို့နှင့်အတူ လိုက်လားလေ၏။ 9ထိုသူသည် လျှောက်လှမ်းစဉ် ဘုရားသခင်အား ချီးမွမ်းသည်ကို ထိုနီရာ၌ဟိသော လူအပေါင်းရို့သည် မြင်ကြ၏၊ 10ထိုသူသည် တင့်တယ်တန်းခါးတွင် ထိုင်လေ့ဟိသည့် သူတောင်းစားဖြစ်ကြောင်းကို မှတ်မိကြသဖြင့် သူရို့သည် ထိုသူ၌ ဖြစ်ပျက်သည့် အမှုအရာများကို အလွန်ပင် အံ့သြကြ၏။
ဗိမာန်တော်ထဲ၌ ပေတရုဟောပြောခြင်း
11ထိုသူသည် ပေတရုနှင့် ယောဟန်ရို့ကို ကပ်လျက်နီစဉ် လူအပေါင်းရို့သည် အံ့သြသဖြင့် ထိုသူရို့ဟိရာ သျှောလမုန်မုခ်ဟုခေါ်သော နီရာသို့ ဗြီး၍ လားကြ၏။ 12ပေတရုသည် ထိုသူရို့ကို မြင်သောအခါ “ဣသရေလအမျိုးသားရို့၊ ဇာဖြစ်လို့ ဤအမှုအရာကို အံ့သြနိန်ကြပြီး၊ ဇာကြောင့် ငါရို့ကို စိ့စိ့ကြည့်နိန်ကြသနည်း။ ငါရို့၏ တန်ခိုး၊ ငါရို့၏ အကျင့်သီလအားဖြင့် ဤလူကို လမ်းလျှောက်နိုင်အောင် လုပ်နိုင်သည်ဟု ထင်ကြသလော။ 13ငါရို့အဖိုးအဖီးတိ၏ဘုရား၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်ရို့၏ ဘုရားသခင်သည် မိမိ၏အခိုင်းအစီ ယေသျှုအား ဘုန်းတန်ခိုးတော်ကို ပီးတော်မူခယာ။ သင်ရို့သည် ထိုအသျှင်ကို အာဏာဟိသောသူတိလက်၌ အပ်သော်လည်း သူ့ကို လွှတ်ပီးရန် ဆုံးဖြတ်ထားသော ပိလတ်၏ ရှိ့တော်၌ ငြင်းပယ်ခကြ၏။ 14#မ ၂၇.၁၅–၂၃; မာ ၁၅.၆–၁၄; လု ၂၃.၁၃–၂၃; ယော ၁၉.၁၂–၁၅သင်ရို့သည် သန့်ယှင်းဖြောင့်မတ်သည့် အသျှင်ကို ငြင်းပယ်၍ သင်ရို့အတွက် လူသတ်သမားကို လွှတ်ပီးရန် တောင်းဆိုလေ၏။ 15ထို့ကြောင့် အသက်ကို ပီးပိုင်သောသူကို ကွပ်မျက်လိုက်ကြ၏။ သို့သော် ဘုရားသခင်သည် ထိုသခင်ကို သီခြင်းတရားမှ ရှင်ပြန်ထမြောက်တော်မူ၏။ ငါရို့သည် ထိုအကြောင်းအရာ၏ သက်သီဖြစ်ကြ၏။ 16ယေသျှု၏နာမတော်၌ ယုံကြည်ခြင်းဖြင့် သင်ရို့ မြင်ရ၊ သိရသော ဤသူသည် သန်စွမ်းလားခယာ။ ထိုသို့ ဖြစ်ခြင်းသည် ယေသျှု၏နာမတော်ကို ယုံကြည်ခြင်းသည် ထိုအသျှင်အားဖြင့်လာ၍ သင်ရို့ မြင်သမျှအတိုင်း ထိုသူအား လုံးဝ ကျန်းမာလာစီခြင်းဖြစ်၏။
17“ညီအစ်ကိုရို့၊ အဂုတွင် သင်ရို့သည် သင်ရို့၏ ခေါင်းဆောင်တိ လုပ်ဆောင်ခသည့်နည်းတူ အသိဉာဏ်မဲ့စွာ ပြုနိန်ကြကြောင်းကို ငါသိ၏။ 18မိမိ၏ မေသျှိယသည် ဒုက္ခဝေဒနာ ခံရမည်ဖြစ်ကြောင်းကို အားလုံးသော ပရောဖက်တိအားဖြင့် ကြိုတင်၍ ဘုရားသခင်က ဗျာဒိတ်ထားတော်မူခသော အရာတိကို ပြည့်စုံစီတော်မူယာ။ 19သို့ဖြစ်၍ ဘုရားသခင်သည် သင်ရို့၏ အပြစ်တိကို လွှတ်ပီးစီရန် နောင်တရ၍ ပြောင်းလဲကြလော့။ ထိုသို့ပြုလျှင်၊ 20ဝိညာဉ်တန်ခိုး သွန်းလောင်းမည့်အချိန်သည် သခင်ဘုရားထံတော်မှ ရောက်လာလိမ့်မည်၊ ကိုယ်တော်သည် သင်ရို့အဖို့ ရွီးချယ်ထားတော်မူသော ကယ်တင်သျှင်ယေသျှုကို သင်ရို့ထံပါးသို့ စီရွှတ်တော်မူလိမ့်မည်။ 21ရှီးကာလက မိမိ၏ သန့်ယှင်းသူ ပရောဖက်တိမှတဆင့် ပီးတော်မူခသော ဘုရားသခင်၏ ဗျာဒိတ်တော်နှင့်အညီ ထိုအသျှင်သည် အရာအားလုံးကို အသစ်ပြုပျင်သောကာလ ရောက်လာသည့်တိုင်အောင် ကောင်းကင်ဘုံ၌ ဟိနိန်တော်မူမည်။ 22မောသျှေက၊ ‘သင်ရို့၏အသျှင် ဘုရားသခင်သည် ငါ့ကို စီရွှတ်တော်မူသည့်နည်းတူ#၃.၂၂ ငါ့ကို စီရွှတ်တော်မူသည့်နည်းတူ၊ သို့မဟုတ် ငါ့ကဲ့သို့။ ပရောဖက်တစ်ပါးကိုလည်း သင်ရို့ပါးသို့ စီရွှတ်တော်မူလိမ့်မည်။ ထိုအသျှင်သည် သင်ရို့၏ လူမျိုးထဲက ဖြစ်လိမ့်မည်။ ထိုအသျှင် ဟောပြောသမျှစကားတိကို သင်ရို့နာခံကြရမည်။ 23ဇာသူမဆို ထိုပရောဖက်စကားကို မနာခံသောသူသည် ဘုရားသခင်၏ လူမျိုးတော်ဖြစ်ခြင်းမှ ဖယ်ယှား၍ ဖျက်ဆီးခြင်းကို ခံရလိမ့်မည်’ ဟု မိန့်မြွက်တော်မူခ၏။ 24သျှာမွေလမှစ၍ နောင်မှာပေါ်ထွန်းလာသည့် ပရောဖက်အားလုံးက ဗျာဒိတ်တော်အားဖြင့် အဂု နိ့ရက်ကာလ၌ ဖြစ်ပျက်နိန်သော အကြောင်းအရာတိကို ဟောပြောကြေညာခ၏။ 25ထိုပရောဖက်တိအားဖြင့် ဘုရားသခင်ပီးတော်မူသော ကတိတော်များသည် သင်ရို့နှင့် ဆိုင်၏။ သင်ရို့အဖိုးအဖီးတိနှင့် ဘုရားသခင်ပြုတော်မူခသော ပဋိညာဉ်တော်ကလည်း သင်ရို့နှင့်ဆိုင်၏။ ဘုရားသခင်က အာဗြဟံအား၊ ‘သင်၏ အမျိုးအနွယ်အားဖြင့် မြီကြီးသားအပေါင်းရို့သည် ကောင်းကြီးမင်္ဂလာကို ခံစားရလိမ့်မည်’ ဟု မိန့်တော်မူခ၏။ 26ထို့ကြောင့် သင်ရို့တစ်ယောက်စီတိုင်းသည် မတရားသောလမ်းမှ နောင်တရခြင်းအားဖြင့် ကောင်းကြီးမင်္ဂလာကို ခံစားကြစီရန် ဘုရားသခင် ရွီးချယ်ထားသော မိမိအခိုင်းအစီအား သင်ရို့ပါးသို့ အဦးဆုံး စီရွှတ်တော်မူသည်” ဟု ဟောပြောလေ၏။
Currently Selected:
တမန်တော် 3: NTRKB25
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© The Word for the World International, 2025.