တမန်တော် 11
11
ယေရုဆလင် အသင်းတော်သို့ ပေတရု၏ အစီရင်ခံစာ
1တခြားလူမျိုးတိလည်း ဘုရားသခင်၏နှုတ်ကပတ်တော် ခံယူကြသည်ကို ယုဒပြည်၌ ဟိကြသော တမန်တော်များနှင့် တခြားသော ယုံကြည်သူများသည်လည်း ကြားသိကြလေ၏။ 2ပေတရုသည် ယေရုဆလင်မြို့သို့ ရောက်သောအခါ အရီဖျားလှီးခြင်း ခံယူထားသော ယုံကြည်သူတိက 3“သင်သည် အရီဖျားလှီးခြင်းကို မခံသော တခြားလူမျိုးတိ အိမ်၌ အဂန္တုတစ်ယောက်အဖြစ်ဖြင့် လည်ပတ်ပြီးလျှင် သူရို့နှင့် အတူ စားသောက်ပါသည်တကား” ဟု ပေတရုအား အပြစ်တင်ဝေဖန်ကြ၏။ 4ထို့ကြောင့် ပေတရုသည် ဖြစ်ပျက်ခသော အကြောင်းအရာ အလုံးစုံကို သူရို့အား တစ်ခုချင်းစီ ယှင်းပြသည်ကား၊
5“ငါသည် ယုပ္ပေမြို့၌ ဆုတောင်းလျက်နိန်စဉ် ဗျာဒိတ်ရူပါရုံ တစ်ခုကို မြင်လေ၏။ ထိုရူပါရုံ၌ လေးထောင့်စပ် ခြုံလွှာကြီးတစ်ခုနှင့်တူသော အရာတစ်ခုသည် ကောင်းကင်မှ ကျဆင်းလာပြီးလျှင် ငါ့ပါးသို့ ရောက်လာ၏။ 6ငါသည် အနီးသို့ ကပ်၍ အတွင်းထဲကို ကြည့်လိုက်သောအခါ မြီကြီးထက်၌ တွား၍လားသည့် သတ္တဝါမှစ၍ ခြီလေးချောင်းသတ္တဝါ၊ သားရဲတိရစ္ဆာန်များ၊ လီထဲမှာ ကျင်လည်ကြသော ငှက်များကို မြင်တွိ့ရ၏။ 7ထိုအခါ ‘ပေတရု၊ ထ၍ သတ်စားလော့’ ဟု ငါ့အား ပြောသော အသံတော်ကို ကြားရ၏။ 8သို့သော် ငါကလည်း ‘မဖြစ်နိုင်ပါ အသျှင်၊ အကျွန်သည် မစင်ကြယ်သောအစာ၊ ညစ်ညူးသောအစာကို အကျွန့် ခံတွင်းထဲသို့ မသွင်းဖူးပါ’ ဟု ပြောလိုက်၏။ 9တဖန်ကောင်းကင်မှ အသံတော် လာသည်ကား ‘ဘုရားသခင်က သန့်ယှင်းသည်ဟု မိန့်တော်မူထားပြီးသော အရာတိကို မသန့်ယှင်းဟု ထင်မှတ်မနိန်ကေ့’ ဟူ၍ ဖြစ်၏။ 10ဤသို့ သုံးကြိမ် သုံးလီ ပေါ်လာပြီး၊ နောက်ဆုံး၌ ထိုအရာသည် ကောင်းကင်သို့ ပြန်၍ ရုတ်သိမ်းလား၏။ 11ထိုအချိန်၌ ကဲသရိမြို့က ငါ့ပါးသို့ ရွှတ်လိုက်သော လူသုံးယောက်သည် ငါတည်းခိုနိန်သည့်#၁၁.၁၁ ငါ၊ အချို့သော မူရင်း လက်ရီးမူကျမ်းများတွင် ငါရို့၊ ဟူ၍ ပါဟိသည်။အိမ်သို့ ရောက်လာကြ၏။ 12ဝိညာဉ်တော်က ငါ့ကို သံသယမဟိဘဲ ထိုသူရို့နှင့် အတူလိုက်လားရန် ပြော၏။ ဤသို့ဖြင့် ငါသည် ယုပ္ပေမြို့မှ ယုံကြည်သူ ညီအစ်ကို ခြောက်ယောက်နှင့်အတူ ကဲသရိမြို့သို့ လိုက်ပါလားကြသဖြင့် ငါရို့အားလုံးသည် ကော်နေလိအိမ်သို့ ရောက်လားကြ၏။ 13ထိုကော်နေလိက ငါရို့ကို ပြောသည်မှာ ကောင်းကင်တမန်တစ်ပါးသည် သူ့အိမ်ထဲ၌ ရပ်လျက် ပေါ်လာပြီးလျှင် ‘သျှိမုန် ပေတရု ဟု ခေါ်သောသူတစ်ယောက်ကို ပင့်ခေါ်ခြင်းငှာ တစ်စုံတယောက်ကို ယုပ္ပေမြို့သို့ စီရွှတ်လိုက်ပါ’ 14သူသည် သင်နှင့်တကွ သင်၏မိသားစုအားလုံးကို ကယ်တင်ခြင်းရစီခြင်းငှာ သင်ရို့အား နှုတ်ကပတ်တရားတော်ကို ပြောကြားလိမ့်မည် ဟူ၍ ဖြစ်၏။ 15ထို့နောက် ငါသည် ဟောပြောရန် အစပြုစဉ်တွင် သန့်ယှင်းသောဝိညာဉ်တော်သည် အယင်က ငါရို့ပါးသို့ ဆင်းသက်တော်မူသကဲ့သို့ သူရို့ပါးသို့လည်း ဆင်းသက်လာတော်မူလေ၏။ 16#တ ၁.၅ထိုအခါ ‘ယောဟန်သည် ရီနှင့် ဗတ္တိဇံပီးခ၏၊ သို့သော်လည်း သင်ရို့ကို သန့်ယှင်းသောဝိညာဉ်တော်နှင့် ဗတ္တိဇံပီးလိမ့်မည်’ ဟု သခင်ဘုရားက မိန့်မှာခသည်ကို ငါ သတိရလေ၏။ 17ငါရို့သည် အသျှင်ယေသျှုခရစ်တော်၌ ယုံကြည်သောအခါ ဘုရားသခင်သည် ငါရို့အား ဆုကျေးဇူးကို ပီးတော်မူသည့်နည်းတူ တခြားလူမျိုးတိကိုလည်း ပီးတော်မူသည်မှာ ထင်ရှားစွာ တွိ့ရ၏။ ငါသည်ကား ဇာပိုင်လူဖြစ်လို့ ဘုရားသခင်ကို တားဆီးနိုင်အံ့နည်း” ဟု ပေတရုက ပြော၏။
18သူရို့သည် ပေတရု၏စကားကို ကြားကြသောအခါ ပြစ်တင်ဝေဖန်ခြင်းကို ရပ်ကြပြီးလျှင် “ဘုရားသခင်သည် လူမျိုးခြားတိကိုလည်း နောင်တရ၍ အသက်ရှင်ရန် အခွင့်ထူးကို ပီးတော်မူယာ” ဟု ဆို၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြ၏။
အန္တိအုတ်မြို့အသင်းတော်
19 #
တ ၈.၁–၄
သတေဖန်ကို ကွပ်မျက်လိုက်ပြီးနောက် နှိပ်စက်ညှဉ်းပန်းခြင်း ဖြစ်ပေါ်လာသောကြောင့် ကွဲပြားလားကြသော ယုံကြည်သူများထဲက တချို့သည် ယုဒလူမျိုးတိကိုသာ သတင်းကောင်းတရား ဟောပြောလျက်၊ ဖိနိတ်ပြည်၊ ကုပရုကျွန်းနှင့် အန္တိအုတ်မြို့များသို့ ရောက်လားကြ၏။ 20သို့ရာတွင် ထိုယုံကြည်သူများထဲမှ တချို့သည် ကုပရုနှင့် ကုရေနေပြည်သားများ ဖြစ်ကြ၏။ ထိုသူရို့သည် အန္တိအုတ်မြို့သို့ လားပြီး အသျှင်ယေသျှု၏အကြောင်း သတင်းကောင်းကို ထိုသူရို့အား ပြောဆိုယင်း တခြားလူမျိုးတိကိုပါ#၁၁.၂၀ တခြားလူမျိုး၊ အချို့သော မူရင်းလက်ရီးမူ ကျမ်းများတွင် ဟေလသဘာသာစကားကို ပြောသော ယုဒလူတိ၊ သို့မဟုတ် ဟေလသဘာသာစကားကို ပြောသော လူတိ၊ ဟူ၍ ပါဟိသည်။ ထိုသတင်းကောင်းတရားကို ကြေညာကြလေ၏။ 21သခင်ဘုရား၏တန်ခိုးတော်သည် သူရို့နှင့်အတူ ဟိသောကြောင့် များစွာသောသူရို့သည် ယုံကြည်ခြင်းသို့ ရောက်ကြပြီးလျှင် သခင်ဘုရားထံသို့ ပြောင်းလဲလာကြ၏။
22ဤအကြောင်းနှင့်ပတ်၍ သတင်းစကားများသည် ယေရုဆလင်မြို့အသင်းတော်သို့ ရောက်လားသောအခါ သူရို့သည် ဗာနဗကို အန္တိအုတ်မြို့သို့ စီရွှတ်ကြ၏။ 23ဗာနဗသည် ထိုမြို့သို့ ရောက်သောအခါ ဘုရားသခင်ပီးထားသော ကျေးဇူးတော်ကို မြင်ရ၍ အားရဝမ်းသာဖြစ်ရလေ၏။ သို့ဖြစ်၍ သခင်ဘုရားအား မိမိ၏စိတ်နှလုံးကို ပုံအပ်၍ ယုံကြည်ကိုးစားပြီး သစ္စာစောင့်ကြရန် သူရို့အားလုံးကို တိုက်တွန်းနှိုးဆော်လေ၏။ 24ဗာနဗသည် သူတော်ကောင်းတစ်ယောက်ဖြစ်၍ ယုံကြည်ခြင်း၌ လည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်နှင့် လည်းကောင်း ပြည့်စုံသောကြောင့် များစွာသောသူတိကို သခင်ဘုရားထံသို့ ပို့ဆောင်လေ၏။
25ထို့နောက် ဗာနဗသည် သျှောလုကို ရှာဖွီခြင်းငှာ တာယှုမြို့သို့ လားလေ၏။ 26သျှောလုကို တွိ့သောအခါ အန္တိအုတ်မြို့သို့ ခေါ်လာပြီး၊ သူရို့နှစ်ယောက်သည် တစ်နှစ်ပတ်လုံး အသင်းတော်နှင့်အတူ နီထိုင်လျက် များစွာသောသူတိကို ဆုံးမသြဝါဒ ပီးကြ၏။ ယုံကြည်သူတိကို ခရစ်ယာန်ဟု အန္တိအုတ်မြို့၌ အစပြု၍ ခေါ်ဝေါ်ကြလေ၏။
27ထိုအချိန်တွင် ပရောဖက်တချို့သည် ယေရုဆလင်မြို့မှ အန္တိအုတ်မြို့သို့ ရောက်လာကြ၏။ 28#တ ၂၁.၁၀သူရို့အထဲက အာဂဗုဟုခေါ်သော သူတစ်ယောက်သည် ထ၍ မြီကြီးတစ်ပြင်လုံးတွင် ကြီးစွာသော ငတ်မွတ်ခေါင်းပါးခြင်း ဖြစ်လာမည်ဟု ဝိညာဉ်တော်တန်ခိုးဖြင့် ကြိုတင်ဟောလေ၏။ ထိုငတ်မွတ်ခေါင်းပါးခြင်းသည်ကား ကဲသာဘုရင် ကလောဒိ လက်ထက်၌ ဖြစ်ခလေ၏။ 29ထိုအချိန်၌ တပည့်တော်ရို့သည် ယုဒပြည်၌ နီထိုင်ကြသော မိမိရို့၏ယုံကြည်သူ ညီအစ်ကိုတိအား တတ်နိုင်သလောက် အကူအညီအထောက်အပံ့ ပို့ပီးရန် ဆုံးဖြတ်ကြ၏။ 30သူရို့သည် ဤသို့ ဆုံးဖြတ်ချက်ချပြီးနောက် သျှောလုနှင့် ဗာနဗအားဖြင့် အသင်းတော်လူကြီးတိပါးသို့ ငွီများကို ပို့ပီးလိုက်ကြ၏။
Currently Selected:
တမန်တော် 11: NTRKB25
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© The Word for the World International, 2025.