YouVersion Logo
Search Icon

မာကု နိဒါန်း

နိဒါန်း
စာရွီးဆရာ အကြောင်း
စာရွီးဆရာ နာမည် မာကု ဖြစ်ပါရေ။ သူစာ ယုဒလူမျိုး တစ်ယောက် ဖြစ်ပါရေ။ သူ့မာ အခြားတစ်ခု နာမည်စာ ယောဟန် ဖြစ်ပါရေ (တမန်တော် ၁၂:၁၂)။ သူစာ ပေတရုမာ တပည့် ဖြစ်ပါရေ အရာ ပေတရု၏ သက်သေကို ကြားရို့ ဒေ သတင်းကောင်းကို ရွီးလီရေ ဟို့ သမ္မာကျမ်းကို ကျွမ်းကျင်သူရို့အထဲမာ များကာ လူရို့ ထင်ကတ်ပါရေ။ သူစာ ပေါလုန ဗာနဗ တရားဟောဖို့ ခရီးထွက်လီရေခါ သူရို့နအတူ ပါလီပါရေ။
စာရွီးစာ အချိန်န နေရာ
ခရစ်သက္ကရာဇ် ၆၈ နှစ်လှောက်မာ ရောမမြို့ကနီရို့ ရွီးလီစာ ဖြစ်နိုင်ပါရေ။
စာရွီးဆရာ၏ ရွယ်မှတ်ချက်
အသျှင်ယေရှုစာ ဒုက္ခ-ဝေဒနာ ခံရစာ ကျွန်တစ်ယောက် ဖြစ်တေဆိုစာကို၊ အရာ ကိုယ့်အသက်ကို စွန့်ရို့ လူ့သားရို့ကို ပြုဇုဖို့ ကြွလာလီရေဆိုစာကို ဖေါ်ပြဖို့အတွက် သူစာ ဒေ သတင်းကောင်းကို ရောမနိုင်ငံသားရို့တို့ ရွီးလီပါရေ။
စာအုပ် ခွဲခြားမှု
ဒေ သတင်းကောင်းမာ အသျှင်ယေရှုကို အခွင့်အာဏာဟိစာ ကျွန်တစ်ယောက် ဖြစ်တေဆိုစာကို ဂရုစိုက်ရို့ ရွီးလီပါရေ (မာကု ၁၀:၄၅)။ သတင်းကောင်းလေးခုမာ ဒေ စာအုပ်စာ အသျှေဆုံး ဖြစ်ပါရေ။ ဒေ သတင်းကောင်းမာ အသျှင်ယေရှု၏ မွီးဖွားခြင်း အကြောင်း ရွီးရို့ မဟိပါ။ အရာ ဒေ သတင်းကောင်းမာ အသျှင်ယေရှု၏ သွန်သင်ချက်ကိုထက်ပင် အလုပ်ကို အများ ဂရုစိုက်ရို့ ရွီးလီပါရေ။
အဓိက စကားလုံး
ကျွန် အခမရဘိုင်းန အပိုင်သျှင်ဘားမာ အလုပ်လုပ်ပီးသူရို့ကို ခေါ်ပါရေ။ သူရို့စာ ကိုယ်ရို့မာ အပိုင်သျှင် ခိုင်းစာ အလုပ်ကို လုပ်ဖို့ ကျကတ်ပါရေ။
သန့်ရှင်းသောဝိညာဉ်တော် ထာဝရဘုရား၏ ဝိညာဉ်တော် ဖြစ်ပါရေ (မဿဲ ၃:၁၆၊ မာကု ၁:၁၀)။ ထာဝရဘုရားစာ တစ်ပါးတည်း ဖြစ်ပါရေ၊ ယေကေလည်း သူစာ သုံးပါး တစ်ဆူ ထာဝရဘုရား ဖြစ်ပါရေ။ ထိုသုံးပါး ဖြစ်တေကား၊ အဖ ထာဝရဘုရား၊ သားတော် ထာဝရဘုရား အရာ သန့်ရှင်းသောဝိညာဉ်တော် ထာဝရဘုရား ဖြစ်ပါရေ (မဿဲ ၂၈:၁၉၊ ယောဟန် ၁၀:၃၀၊ ၁၄:၉-၁၁၊ ဟေဗြဲ ၁:၈)။ သန့်ရှင်းသောဝိညာဉ်တော်ကို ခရစ်တော်၏ ဝိညာဉ်တော်လည်း ခေါ်ပါရေ (ရောမ ၈:၉၊ ဖိလိပ္ပိ ၁:၁၉၊ ၁ပေတရု ၁:၁၁)။ ဒေ သန့်ရှင်းသောဝိညာဉ်တော်စာ ခရစ်တော်ကို ကျုံသူရို့ စိတ်နှလုံးမာ ကျိန်းဝပ်နီပါရေ (၁ကောရိန္သု ၃:၁၆)။
ဘုန်းတန်ခိုး ထာဝရဘုရားမာဟိစာ တစ်ဇတ်သား ရိုသေခြင်းန ပြည့်စုံစာ လှပခြင်း မဟုတ်ကေ ရောင်ခြေတော်ကို ခေါ်ပါရေ။ ထာဝရဘုရား၏ ဟိသမျ အကျင့်ဇာရိတကို တစ်ခုတည်းကနီရို့ ဖေါ်ပြပါရေ။ ထာဝရဘုရားစာ ကိုယ့်ဘုန်းတန်ခိုးကို ဖေါ်ပြချင်ရေအတွက်န ဟိသမျ အလုပ်ကို လုပ်နီပါရေ။
အစားရှောင်ခြင်း ထာဝရဘုရားကို ရွယ်မှတ်ရို့ တစ်ခုလည်း မစားမသောက်ဘိုင်းန နီစာကို ခေါ်ပါရေ။ လူရို့ အစားရှောင်ရေအချိန်မာ ကျမ်းစာကို ဖတ်ရို့ ထာဝရဘုရားဘားမာ ဆုတောင်းနီကတ်ပါရေ။ လူရို့ အစားရှောင်စာ အကြောင်းကား အရာလည်း အများ ရင်းနီးမှုကို ထားရို့ ထာဝရဘုရားန ဆက်ဆံဖို့အတွက် ဖြစ်ပါရေ။ အသျှင်ယေရှု ကိုယ့်တပည့်ရို့ကို ပြောလီပါရေ၊ အစားရှောင်ရို့ ဆုမတောင်းဆိုကေ နတ်ဆိုးကို နှင်ထုတ်ဖို့ မနိုင် (မဿဲ ၁၇:၂၁)။ ယုဒလူမျိုးရို့စာ တစ်ပတ်မာ တစ်ရက် နှစ်ရက်စီ အစားရှောင်ကတ်ပါရေ (လုကာ ၅:၃၃၊ ၁၈:၁၂)။ အသျှင်ယေရှုလည်းသောက် သာသနာပြုဖို့ မစခင်အယင်က သဲကန္တာရတောပြင်မာ လားရို့ ရက်ပေါင်း လေးဆယ်ပတ်လုံး အစားရှောင်လီပါရေ (မဿဲ ၄:၂)။
အကြောင်းအရာ အကျဉ်းချုပ်
(က) ယေရှု သာသနာပြုဖို့ အဆင်သင့် လုပ်ခြင်း ၁:၁-၁၃
(ခ) ဂါလိလဲပြည်နယ်မာ ယေရှု သာသနာပြုခြင်း ၁:၁၄-၃:၁၂
(ဂ) ယေရှု တပည့်ရို့ကို ခေါ်ခြင်းန သွန်သင်ပီးခြင်း ၃:၁၃-၉:၅၀
(ဃ) ဂါလိလဲပြည်နယ်ကနီရို့ ယေရုရှလင်မြို့တို့ ယေရှု ခရီးထွက်ခြင်း ၁၀:၁-၅၂
(င) ယေရုရှလင်မြို့န အပါးနီးဝန်းကျင်မာ ယေရှု သာသနာပြုခြင်း ၁၁:၁-၁၃:၃၇
(စ) ယေရှု ဝေဒနာ ခံရို့ သီခြင်း ၁၄:၁-၁၅:၄၇
(ဆ) ယေရှု ပြန်ရှင်ထမြောင့်ပြီးရေနောက် လူရို့ဘားမာ အမြင်ခံခြင်း ၁၆:၁-၂၀

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in