YouVersion Logo
Search Icon

မာ​လ​ခိ နိ​ဒါန်း

နိ​ဒါန်း
မာ​လ​ခိ​အ​နာ​ဂတ္တိ​ကျမ်း​သည်​ယေ​ရု ရှ​လင်​မြို့​အ​တွင်း​ရှိ ဗိ​မာန်​တော်​ပြန်​လည် တည်​ဆောက်​ပြီး​သည့်​အ​ချိန်​ဘီ​စီ ၅ ရာ​စု ခန့်​တွင်​ပေါ်​ပေါက်​လာ​ပါ​သည်။ ပ​ရော​ဖက် မာ​လ​ခိ​၏​အ​ဓိက​လုပ်​ဆောင်​ချက်​မှာ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လူ​မျိုး​တော်​များ အား၊ မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​နှင့်​ပ​ဋိ​ညာဉ် ပြု​ထား​သည့်​သစ္စာ​တ​ရား​ကို​ပြန်​လည်​၍ အ​သစ်​ပြု​ပြင်​ရန်​သ​တိ​ပေး​ခြင်း​ဖြစ်​သည်။ ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​များ​သည် ပေါ့​တန်​သော​အ​သက်​တာ​ဖြင့်​သော်​လည်း ကောင်း၊ ပျက်​စီး​ယုတ်​ညံ့​သော​အ​သက်​တာ ဖြင့်​သော်​လည်း​ကောင်း​အ​သက်​ရှင်​နေ​ကြ သည်။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လူ​မျိုး တော်​များ​သည်​မိ​မိ​တို့​လုပ်​ဆောင်​ရ​မည့် အ​မှု​ဖြစ်​သည့်​ဘု​ရား​သ​ခင်​ကို​တင်​လှူ ပူ​ဇော်​မှု​ပြု​ရ​မည်​ကို​မ​ပြု​ကြ​ဘဲ ဘု​ရား​သ​ခင်​ကို​လိမ်​လည်​လှည့်​ဖြား​ကြ​သည်။ ထို့​အ​ပြင်​ဘု​ရား​သ​ခင်​၏​သွန်​သင်​ချက် အ​တိုင်း​အ​သက်​မ​ရှင်​ကြ​ပါ။ သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည်​လာ​၍ မိ​မိ​၏​လူ​မျိုး တော်​အား​တ​ရား​စီ​ရင်​မှု​ပြု​ပြီး​ပြန်​လည် ၍​သန့်​စင်​အောင်​ပြု​လိမ့်​မည်။ မိ​မိ​၏​ရှေ့ တော်​ပြေး​စေ​တ​မန်​ကို​စေ​လွှတ်​ပြီး​လမ်း ခ​ရီး​ကို​အ​သင့်​ပြင်​စေ​ပြီး​မိ​မိ​၏ က​တိ​တော်​ကို​ဟော​ပြော​စေ​မည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ပြစ်​များ ၁:၁-၂:၁၆
ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​ခြင်း​နှင့်​သ​နား​ခြင်း က​ရု​ဏာ​တော် ၂:၁၇-၄:၆

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in