YouVersion Logo
Search Icon

ဇာ~ခ~ရိ~ကျမ်း။ 14

14
1-2ထာ ဝ ရ ဘု ရား သည်၊ လူ မျိုး ခြား ခပ် သိမ်း တို့ ကို၊ သင် ယေ ရု ရှ လင် မြို့ နှင့် တိုက် ခိုက် ရန် စု ရုံး တော် မူ သ ဖြင့်၊ မြို့ အ လယ် တွင်၊ သင့် ပ စ္စည်း ကို လု ယက် ဝေ ဖန် မည့် နေ့ ရက် တော် ရောက် လိမ့် တ ကား။ မြို့ တော် သည် သိမ်း ယူ ခြင်း၊ အိမ် များ သည် လု ယက် ခြင်း၊ မိန်း မ တို့ သည် မု ဒိမ်း ကျင့် ခြင်း၊ မြို့ သူ မြို့ သား တ ဝက် သည် သုံ့ ဘမ်း သိမ်း သွား ခြင်း များ ကို၊ ခံ ရ ကြ သော် လည်း၊ ကျန် တ ဝက် ကား၊ မြို့ တော် မှ ပယ် ရှား မ ခံ ရ သည့် အ တိုင်း။ 3ထာ ဝ ရ ဘု ရား သည်၊ စစ် တိုက် လေ့ ရှိ သည့် နည်း တူ၊ ထို နေ့ ရက် ကာ လ ချီ ထွက်၍ ဆို ခဲ့ သည့် လူ မျိုး ခြား တို့ နှင့် တိုက် ခိုက် ရာ။ 4-5ယေ ရု ရှ လင် မြို့ အ ရှေ့ မျက် နှာ ရင် ဆိုင် သော သံ လွင် တောင် ပေါ် တွင်၊ ခြေ တော် ကို ချ တော် မူ သ ဖြင့်၊ သံ လွင် တောင် သည် အ ရှေ့ အ နောက် ထက် ခြမ်း ကွဲ လျက်၊ တ ခြမ်း ကား မြောက် မျက် နှာ သို့၎င်း၊ တ ခြမ်း ကား တောင် မျက် နှာ သို့၎င်း၊ ရွေ့ သွား သည့် အ လျောက်၊ အာ ဇ လ မြို့ သို့ ပေါက် သော တောင် ကြား ကြီး ရှိ မည် ဖြစ်၍၊ တောင် တော် ကြား လမ်း ဖြင့် ပြေး ကြ သော သင် တို့ သည်၊ ယု ဒ ဘု ရင် ဩ ဇိ မင်း လက် ထက်၊ င လျင် လှုပ် ခြင်း ကြောင့် ပြေး ရ ကြ သည့် နည်း တူ၊ ပြေး လွတ် ခွင့် ရ ကြ ဦး မည်။ ငါ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ သန့် ရှင်း သော အ ခြွေ အ ရံ တို့ ပါ၊ ကြွ လာ တော် မူ မည့် အ လျောက်။ 6-7ထို နေ့ ရက် တော် အ လင်း သည်၊ နေ့ အ ချိန်၊ ညဉ့် အ ချိန် မ ပြောင်း ဘဲ၊ တောက် ပ ခြင်း၊ မှောင် ကျ ခြင်း ကင်း လျက်၊ ထာ ဝ ရ ဘု ရား သိ မှတ် တော် မူ သော တ ရက် တည်း ဖြစ် သည့် အ တိုင်း၊ ညဉ့် ဦး ယံ အ ချိန်၌ ပင် လင်း အံ့ သေး၏။ 8ထို နေ့ ရက် ကာ လ၌၊ ယေ ရု ရှ လင် မြို့ မှ ထွက် သော စမ်း ရေ သည်၊ နွေ ဥ တု၊ မိုဃ်း ဥ တု မ ခြား။ တ ဝက် အ ရှေ့ ပင် လယ်၊ တ ဝက် အ နောက် ပင် လယ် သို့ စီး ဆင်း လိမ့် မည်။ 9ထို နေ့ ရက် ကာ လ၊ ဧ က နာ မ တော် ရှိ လျက်၊ တ ဆူ တည်း သော ထာ ဝ ရ ဘု ရား သည်၊ မြေ တ ပြင် လုံး ကို အုပ် စိုး သော ဘု ရင် မင်း မြတ် ဖြစ် တော် မူ လျက်။ 10-11ဂေ ဘ မြို့ မှ ယေ ရု ရှ လင် မြို့ တောင် ဘက် ရိ မ္မုန် မြို့ အ ထိ၊ ပြည် တ ရှောက် သည် လွင် ပြင် အ ဖြစ် သို့ ရောက် ရာ၊ မြို့ တော် သည် ဗင်္ယာ မိန် တံ ခါး မှ ထောင့် တံ ခါး ဟောင်း အ ထိ၎င်း၊ ဟာ န နေ လ ပြ အိုး မှ စ ပျစ် ကျင်း တော် ထိ၎င်း၊ ရှိ ရင်း အ ရပ်၌ မြေ လှန် မ ခံ ရ ဘဲ၊ အ မောက် အ မာ လုံ ခြုံ စွာ တည် မြဲ စည် ကား လိမ့် မည်။ 12ယေ ရု ရှ လင် မြို့ ကို တိုက် ခိုက် သော လူ အ မျိုး မျိုး တို့၌ ထာ ဝ ရ ဘု ရား သင့် စေ တော် မူ သည့် ဘေး ဒဏ် ဟူ မူ ကား၊ ခြေ စုံ ရပ် လျက် ပင် အ သား ကွက် ခြင်း၊ မျက် ကွင်း၌ မျက် လုံး ကွက် ခြင်း၊ ခံ တွင်း၌ လျှာ ကွက် ခြင်း များ တည်း။ 13ထို နေ့ ရက်၌၊ ထာ ဝ ရ ဘု ရား ထံ မှ ထိန့် လန့် သော စိတ် ရောက် လျက်၊ အ သီး သီး တို့ သည် ရဲ မက် ချင်း တို့ ကို ကိုင် ဘမ်း၍ လက် ရောက် ပြု ကြ ရာ။ 14ယု ဒ လူ မျိုး သည် ယေ ရု ရှ လင် မြို့ ဘက်၌ တိုက် ခိုက် သ ဖြင့်၊ ဝန်း ဝိုင်း သော လူ မျိုး ခြား တို့ ရွှေ ငွေ အ ဝတ် တန် ဆာ မှ စ သော စည်း စိမ် အ မြောက် အ မြား ကို စု သိမ်း ကြ လိမ့် မည်။ 15ရန် ဘက် တပ် များ ရှိ မြင်း၊ လား၊ ကု လား အုပ်၊ မြည်း မှ စ သော တိ ရ စ္ဆာန် အ ပေါင်း တို့ ခံ ရ သော ဘေး ဒဏ် သည်၊ ထို အ တိုင်း ဖြစ် လိမ့် သ တည်း။ 16ထို့ နောက်၊ ယေ ရု ရှ လင် မြို့ ကို တိုက် လာ ခဲ့ သော လူ မျိုး ခြား တို့ အ နက် ကြွင်း ကျန် သူ အ ပေါင်း တို့ သည်၊ ဘု ရင် မင်း မြတ် ဖြစ် သော ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ကို ရှိ ခိုး အံ့ သော ငှာ၎င်း၊ တဲ နေ ပွဲ ကျင်း ပ အံ့ သော ငှာ၎င်း၊ ယေ ရု ရှ လင် မြို့ သို့ နှစ် စဉ် မ ပြတ် လာ ရောက် ကြ ရ လိမ့် မည်။ 17ဘု ရင် မင်း မြတ် ဖြစ် သော၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ကို ရှိ ခိုး အံ့ သော ငှာ။ ယေ ရု ရှ လင် မြို့ သို့ မ လာ မ ရောက် ဘဲ နေ သော၊ မြေ တ ပြင် လုံး ရှိ လူ မျိုး ဟူ သ မျှ အ ပေါ် တွင်၊ မိုဃ်း ခေါင် ဘေး သင့် လိမ့် မည်။ 18အိ ဂျစ် လူ မျိုး၌ လည်း၊ မ လာ မ ရောက် မ တိုး မ ဝင် ဘဲ နေ ကြ လျှင်၊ တဲ နေ ပွဲ ကျင်း ပ အံ့ သော ငှာ၊ မ လာ မ ရောက် သော လူ မျိုး ခြား တို့ ကို၊ ထာ ဝ ရ ဘု ရား သင့် စေ တော် မူ သော ထို ဘေး သည်၊ သင့် ရောက် လိမ့် မည်။ 19အိ ဂျစ် လူ မျိုး မှာ စ ၍ တဲ နေ ပွဲ ကျင်း ပ ရန်၊ မ လာ မ ရောက် သော လူ မျိုး ခြား အ ပေါင်း တို့ ခံ ရ သော ပြစ် ဒဏ် ကား၊ ထို သို့ ပင် တည်း။ 20ထို နေ့ ရက် ကာ လ၌၊ မြင်း တန် ဆာ ချူ များ ပေါ် တွင်၊ ထာ ဝ ရ ဘု ရား အ ဘို့ သီး သန့် ထား ပြီ ဟု အ က္ခ ရာ တင် သည့် ပြင်၊ ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် ရှိ အိုး ခွက် များ ပင်၊ ပူ ဇော် ရာ ပ လ္လင် တော် ဆိုင် သော အင် တုံ များ ကဲ့ သို့ ဖြစ် လျက်၊ 21ယေ ရု ရှ လင် မြို့ မှ စ ၍၊ ယု ဒ တ ပြည် လုံး တွင် ရှိ သော အိုး တိုင်း လည်း၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား အ ဘို့ သီး သန့် ရာ ရောက် မည့် အ လျောက်၊ ပူ ဇော် လို သူ တို့ သည်၊ လာ ရောက် ရွေး ကောက် လျက် ချက် ပြုတ် ခွင့် ရ ကြ လ တံ့။ ထို နေ့ ရက် ကာ လ၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် အ တွင်း၊ ရောင်း ဝယ် သူ ရှိ ရ တော့ မည် မ ဟုတ်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for ဇာ~ခ~ရိ~ကျမ်း။ 14