ရှင်~မဿဲ။ 8
8
1ကိုယ် တော် သည် တောင် ပေါ် မှ ဆင်း သက် တော် မူ သော် ကြီး စွာ သော လူ ပ ရိ သတ် သည် နောက် တော် က လိုက် ကြ၏။ 2ထို အ ခါ လူ နူ တစ် ယောက် သည် ချဥ်း ကပ် ရှိ ခိုး လျက် အ ရှင် ဘု ရား အ လို တော် ရှိ လျှင် ကျွန် တော် ကို သန့် စေ တော် မူ နိုင် ပါ သည် ဟု လျှောက် သော်၊ 3ကိုယ် တော် သည် လက် ဆန့်၍ တို့ တော် မူ လျက် ငါ အ လို ရှိ၏။ သန့် စေ ဟု မိန့် တော် မူ လျှင် မူ ချင်း နူ နာ သန့် ရာ ရောက် လေ၏။ 4ယေ ရှု က လည်း မည် သူ့ ကို မျှ မ ကြား မ ပြော မိ စေ ရန် သ တိ ပြု လော့။ ပ ရော ဟိတ် ထံ သွား၍ ကိုယ် ကို ပြ ပြီး လျှင် မော ရှေ စီ ရင် ခဲ့ သော အ လှူ ကို သက် သေ အ ဖြစ် ဆက် ကပ် လော့ ဟု မိန့် တော် မူ၏။
5ကိုယ် တော် သည် က ပေ ရ နောင် မြို့ သို့ ဝင် ရောက် တော် မူ လျှင် တပ် မှူး တစ် ယောက် ချဉ်း ကပ် လျက် 6အ ရှင် ဘု ရား အ ကျွန်ုပ်၏ လု လင် သည် သွက် ချာ ပါ ဒ ဝေ ဒ နာ ပြင်း စွာ ခံ ရ၍ အိမ် တွင် ပက် လက် နေ ရ ပါ သည် ဟု အ သ နား တော် ခံ သော်၊ 7ကိုယ် တော် က ငါ လာ၍ ပျောက် ကင်း စေ မည် ဟု ပြန် ဆို တော် မူ၏။ 8တပ် မှူး က လည်း အ ရှင် ဘု ရား အ ကျွန်ုပ်၏ အိမ် တွင်း သို့ ကြွ ဝင် တော် မူ ခြင်း ကို မ ခံ ထိုက် ပါ။ အ မိန့် တော် ရှိ ရုံ မျှ ပင် ထို လု လင် ချမ်း သာ ပါ လိမ့် မည်။ 9အ သို့ ဆို သော် အ ကျွန်ုပ် သည် အာ ဏာ အောက် ခံ ရ သူ ဖြစ် သော် လည်း၊ လက် အောက် ရှိ စစ် သည် တို့ အ နက် တစ် ယောက် ကို သွား ဆို သော် သွား ပါ သည်။ တစ် ယောက် ကို လာ ဆို သော် လာ ပါ သည်။ ကျွန် ကို လည်း ဤ အ မှု ကို ဆောင် ဆို သော် ဆောင် ပါ သည် ဟူ၍ လျှောက် ပြန် ၏။ 10ထို စ ကား ကို ယေ ရှု ကြား သော် အံ့ သြ တော် မူ၍ ဤ မျှ လောက် ယုံ ကြည် ခြင်း ကို ဣ သ ရေ လ လူ မျိုး တွင် မ တွေ့ စ ဘူး ငါ အ မှန် ဆို ၏၊ 11အ များ သော သူ တို့ သည် အ ရှေ့ အ နောက် မှ လာ ပြီး လျှင် ကောင်း ကင် နိုင် ငံ တော် တွင် အာ ဗြ ဟံ၊ ဣ ဇက်၊ ယာ ကုပ် တို့ နှင့် အ တူ စံ စား ရ ကြ လ တ္တံ့။ 12နိုင် ငံ တော် သား တို့ မူ ကား ပြင် ပ မှောင် ထဲ သို့ ပစ် ချ ခံ ရ သ ဖြင့် ငို ကြွေး ခြင်း အံ ကြိတ် ခြင်း ရှိ ရ ကြ လ တ္တံ့။ ငါ ဆို သည် ဟူ၍ နောက် တော် ပါ တို့ အား မိန့် တော် မူ ပြီး မှ တပ် မှူး အား သွား လော့။ 13သင် ယုံ ကြည် သည့် အ တိုင်း ဖြစ် စေ ဟု မိန့် တော် မူ၏။ လု လင် လည်း ထို အ ချိန် နာ ရီ တွင် ပင် ကျန်း မာ လေ ၏။
14ယေ ရှု သည် ပေ တ ရု အိမ် သို့ ရောက် တော် မူ ရာ ပေ တ ရု၏ ယော က္ခ မ မိန်း မ သူ ဖျား၍ 15ပက် လက် နေ သည် ကို မြင် သော် လက် ကို ကိုင် တော် မူ သ ဖြင့် ထို မိန်း မ သည် အ ဖျား ပျောက်၍ ထ ပြီး လျှင် လုပ် ကြွေး သ မှု ပြု လေ ၏။
16ည နေ ချမ်း အ ချိန် ရောက် သော် နတ် ပူး သူ အ များ ကို အ ထံ တော် သို့ ခေါ် ခဲ့ ကြ သည့် အ လျောက် နတ် များ ကို အ မိန့် တော် နှင့် နှင် ထုတ်၍ သူ နာ ရှိ သ မျှ ကို လည်း ကျန်း မာ စေ တော် မူ၏။ 17ထို သို့ ပြု တော် မူ သည် မှာ ကိုယ် တော် သည် ငါ တို့ အ နာ ရော ဂါ ငါ တို့ ဝေ ဒ နာ များ ကို ထမ်း ဆောင် သယ် ပိုး တော် မူ သည် ဟူ၍ ပ ရော ဖက် ဟေ ရှာ ယ ဖြင့် ရောက် သော ဗျာ ဒိတ် တော် အ တိုင်း ပြည့် စုံ စေ ခြင်း ငှာ တည်း။ 18ပတ် လည်၌ ကြီး စွာ သော လူ ပ ရိ သတ် ရှိ သည် ကို ယေ ရှု မြင် သော် တစ် ဖက် ကမ်း သို့ ကူး လို ကြောင်း မိန့် တော် မူ လျှင် 19ကျမ်း တတ် ဆ ရာ တစ် ယောက် ချဉ်း ကပ်၍ ဆ ရာ ကြွ တော် မူ ရာ မည် သည့် အ ရပ် သို့ မ ဆို တ ပည့် လိုက် ပါ မည် ဟု လျှောက် သည့် ကာ လ 20ယေ ရှု က မြေ ခွေး များ မှာ တွင်း ရှိ၏။ လေ သ တ္တ ဝါ များ မှာ အ သိုက် ရှိ၏။ လူ့ သား မှာ မူ ခေါင်း ချ ရာ မျှ မ ရှိ ဟု မိန့် တော် မူ ၏။ 21အ ခြား သော တ ပည့် တစ် ယောက် က လည်း အ ရှင် ဘု ရား အ ဘ ကို သင်္ဂြိုဟ် ရန် သွား ခွင့် ပေး ပါ ဦး ဟု လျှောက် သော် ယေ ရှု က ငါ့ နောက် သို့ လိုက် လော့။ 22သူ သေ များ ကို ဆိုင် ရာ သူ သေ တို့ သင်္ဂြိုဟ် ကြ စေ ဟု မိန့် တော် မူ ၏။
23ထို နောက် ကိုယ် တော် သည် လှေ ပေါ် သို့ တက်၍ တ ပည့် တော် တို့ လိုက် ကြ ရာ 24အိုင် ရေ အ လွန် လှုပ် ရှား သ ဖြင့် လှိုင်း များ သည် လှေ ကို လွှမ်း မိုး၏။ ကိုယ် တော် မူ ကား စက် တော် ခေါ် လျက် နေ တော် မူ၏။ 25တ ပည့် တော် တို့ သည် ချဉ်း ကပ်၍ အ ရှင် ဘု ရား ကယ် တော် မူ ပါ။ သေ ဆုံး ရ ပါ တော့ မည် ဟု လျှောက် ဆို လျက် နှိုး ကြ သော်၊ 26ကိုယ် တော် က ယုံ ကြည် ခြင်း နည်း ပါး သူ တို့၊ အ ဘယ် ကြောင့် ကြောက် ကြ သ နည်း ဟု မိန့် တော် မူ ပြီး လျှင် ထ၍ လေ နှင့် ရေ ကို ဆုံး မ တော် မူ သ ဖြင့် အ လွန် ငြိမ် ဝပ် ရ လေ ၏။ 27တ ပည့် တော် တို့ လည်း အံ့ သြ၍ ဤ သူ ကား မည် သို့ သော သူ နည်း။ လေ နှင့် ရေ ပင် အ မိန့် တော် ကို နား ထောင် ရ ပါ သည် တ ကား ဟု ဆို ကြ ၏။
28တစ် ဖက် ကမ်း ရှိ ဂါ ဒ ရ နယ် သို့ ရောက် တော် မူ သော် မည် သူ မျှ ထို လမ်း ကို မ သွား ဝံ့ အောင် အ လွန် ကြမ်း တမ်း သော နတ် ပူး သူ နှစ် ယောက် သည် သင်္ချိုင်း ဂူ များ မှ ထွက် လာ လျက် ဆီး ကြို ပြီး လျှင်၊ 29အို ဘု ရား သ ခင် ၏ သား တော် ကိုယ် တော် သည် အ ကျွန်ုပ် တို့ နှင့် မည် သို့ ဆိုင် သ နည်း။ အ ချိန် မ တိုင် မီ ညှဥ်း ပန်း ရန် ကြွ လာ တော် မူ ပြီ လော ဟု အော် ဟစ် မေး လျှောက် ကြ၏။ 30ထို အ ခါ ခ ရီး အ တော် ကွာ တွင် ဝက် အုပ် ကြီး ကျက် စား လျက် ရှိ သ ဖြင့် 31နတ် များ က အ ကျွန်ုပ် တို့ ကို နှင် ထုတ် တော် မူ မည် ဖြစ် လျှင် ဝက် အုပ် ထဲ သို့ ဝင် ပါ ရ စေ ဟု တောင်း ပန် ကြ သည့် အ တိုင်း သွား တော့ ဟု မိန့် တော် မူ ၏။ 32နတ် များ လည်း ထွက် ခွာ ပြီး လျှင် ဝက် အုပ် ထဲ သို့ ဝင် ကြ သ ဖြင့် တစ် အုပ် လုံး သည် အိုင် ကမ်း စောက် ကို တစ် ဟုန် တည်း ပြေး ဆင်း၍ ရေ၌ သေ ဆုံး ကြ ၏။ 33ဝက် ကျောင်း တို့ လည်း ထွက် ပြေး ပြီး လျှင် မြို့ တွင်း သို့ ဝင်၍ နတ် ပူး သူ တို့ အ ဖြစ် အ ပျက် မှ စ သော အ ကြောင်း အ ရာ အ လုံး စုံ ကို ကြား ပြော ကြ သည့် ကာ လ၊ 34ယေ ရှု ကို ကြို ဆို ခြင်း ငှာ တစ် မြို့ လုံး ထွက် လာ၍ တွေ့ ကြ သော် နယ် မှ ထွက် ကြွ တော် မူ စေ ရန် တောင်း ပန် ကြ ၏။
Currently Selected:
ရှင်~မဿဲ။ 8: GHB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Garrad Holy Bible © Bible Society of Myanmar, 1928.