YouVersion Logo
Search Icon

ရှင်~မဿဲ။ 3

3
1-2ထို ကာ လ ဗ တ္တိ ဇံ ဆ ရာ ယော ဟန် သည် ပေါ် ထွန်း၍ နောင် တ ရ ကြ လော့။ ကောင်း ကင် နိုင် ငံ တော် တည် လု ပြီ ဟု ယု ဒ တော၌ ဟော ပြာ၏။ 3ဟော ပြော ခြင်း ကား သဲ တော၌ ကြွေး ကြော် သူ၏ စ ကား သံ မှာ ထာ ဝ ရ ဘု ရား ကြွ တော် မူ ရာ လမ်း ကို ပြု ပြင် ကြ လော့။ လမ်း တော် များ ကို ညီ ညွှတ် စေ ကြ လော့ ဟူ၍ ပ ရော ဖက် ဟေ ရှာ ယ ဖြင့် ရောက် သော ဗျာ ဒိတ် တော် သည် ထို သူ့ ကို ရည် ဆောင် သ တည်း။ 4ထို ယော ဟန် သည် ကု လား အုတ် မွေး သင်္ကန်း ကို ဝတ် လျက် သား ရေ ခါး ပန်း ကို စည်း တတ်၏။ ဘော ဇဉ် မှာ ကျိုင်း ကောင် နှင့် တော ပျား ရည် ဖြစ်၏ 5ထို အ ခါ ယေ ရု ရှ လင် မြို့ မှ စ၍ ယု ဒ ပြည် ယော် ဒန် မြစ် ကမ်း ပြင် တစ် ဝှမ်း လုံး တွင် နေ ထိုင် သူ တို့ သည်၊ 6ယော ဟန့် ထံ သွား ရောက်၍ အ ပြစ် ဝန် ချ လျက် ယော် ဒန် မြစ်၌ သူ့ လက် ဖြင့် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ကြ၏။
7ဗ တ္တိ ဇံ မင်္ဂ လာ ခံ ခြင်း ငှာ ဖာ ရိ ရှဲ နှင့် ဇ ဒ္ဒု ကဲ အ များ လာ ကြ သည် ကို မြင် သော် ယော ဟန် က အ ချင်း မြွေ ဆိုး သား တို့၊ ရောက် လတ္တံ့ သော အ မျက် တော် ဒဏ် မှ ရှောင် ပြေး ကြ ရန် မည် သူ သ တိ ပေး ခဲ့ သ နည်း။ 8နောင် တ ရ ခြင်း နှင့် ထိုက် လျော် သော အ သီး ကို သီး ကြ လော့။ 9ငါ တို့၌ အ ဘ အာ ဗြ ဟံ ရှိ ပြီ ဟု အောက် မေ့၍ မ ဆို ကြ နှင့်။ ဤ ကျောက် ခဲ များ ဖြင့် အာ ဗြ ဟံ အ ဖို့ သား သ မီး တို့ ကို ဘု ရား သ ခင် ဖန် ဆင်း တော် မူ နိုင် သည်။ ငါ ဆို ၏။ 10ယ ခု သစ် ပင် ရင်း များ မှာ ပု ဆိန် ကပ် ထား လျက် ရှိ သ ဖြင့် အ သီး ကောင်း မ သီး သော အ ပင် တိုင်း ကို ခုတ် လှဲ၍ မီး ထဲ သို့ ပစ် ချ ရ၏။ 11ငါ သည် သင် တို့ ကို နောင် တ ရ ခြင်း အ လို့ ငှာ ရေ နှင့် ဗ တ္တိ ဇံ မင်္ဂ လာ ပေး သည် မှန်၏။ ငါ့ နောက် ကြွ လာ မည့် အ ရှင် သည် ငါ့ ထက် တန် ခိုး ကြီး တော် မူ၏။ ဖိ နပ် တော် ကို မျှ ငါ မ ကိုင် ထိုက်။ ကိုယ် တော် သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် လည်း ကောင်း၊ မီး နှင့် လည်း ကောင်း ဗ တ္တိ ဇံ မင်္ဂ လာ ပေး တော် မူ လိမ့် မည်။ 12လက် တော် တွင် ဆန် ကော ပါ၍ စ ပါး တော် ကို ကျီ သွင်း ခြင်း၊ အ ဖျင်း ကို မ ငြိမ်း သော မီး နှင့် ကျွမ်း လောင် ခြင်း ပြု လျက် ကောက် နယ် တ လင်း တော် ကို သန့် စင် စေ တော် မူ လိမ့် မည် ဟု ဟော ပြော၏။
13ထို့ နောက် ယေ ရှု သည် ယော ဟန့် ထံ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ခြင်း ငှာ ဂါ လိ လဲ နယ် မှ ယော် ဒန် မြစ် သို့ ကြွ လာ တော် မူ သော် 14ယော ဟန် က အ ကျွန်ုပ် သည် ကိုယ် တော် ထံ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ရ မည့် အ ကြောင်း ရှိ ပါ လျက် အ ကျွန်ုပ် ထံ ကြွ လာ မူ ရ သ လော ဟု ငြင်း ဆို လျှင်၊ 15ယေ ရှု က ငါ တို့ သည် ဖြောင့် မတ် ခြင်း တ ရား အ လုံး စုံ ကို ပြည့် စုံ စေ ရန် ထို သို့ ပြု သင့် သည် ဖြစ်၍ ယ ခု ခွင့် ပြု ဦး လော့ ဟု ပြန် ဆို တော် မူ သော် ယော ဟန် ခွင့် ပြု လေ ၏။ 16ယေ ရှု သည် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ပြီး လျှင် ပြီး ချင်း၊ ရေ မှ တက် ကြွ တော် မူ ရာ ကောင်း ကင် ပွင့် လျက် ဘု ရား သ ခင်၏ ဝိ ညာဉ် တော် သည် ချိုး ငှက် သ ဏ္ဌာန် ကိုယ့် အ ပေါ် သို့ ဆင်း သက် ကြွ လာ သည် ကို မြင် တော် မူ ၏။ 17ကောင်း ကင် မှ လည်း ဤ သူ ကား ငါ နှစ် သက် မြတ် နိုး ရာ ချစ် သား ပေ တည်း ဟု ဗျာ ဒိတ် တော် သံ ရောက် လာ ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in